စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, August 12, 2018

On the Road to Mandalay - Rudyard Kipling


                မန္တလေးကို သွားတဲ့လမ်း ဆိုတဲ့ ကဗျာကို နိုဗယ်ဆုရှင် ကဗျာနှင့် ၀တ္တုတို စာရေးဆရာ Rudyard Kipling ရေးသားထားတဲ့ ကဗျာလေးပါ။  ဒီကဗျာဟာ Kipling ရဲ့ အထင်ရှားဆုံး ကဗျာတွေထဲက တစ်ပုဒ်လည်းဖြစ်ပါတယ်။  ထူးထူးခြားခြား မန္တလေး ဆိုတဲ့နာမည်လေးဖြစ်တဲ့ အတွက် ကျွန်တော်စိတ်ဝင်းစားသွားလို့ ဖတ်ကြည့်မိတာပါ။  Kipling အသက် ၂၄ နှစ်အရွယ် (၁၈၉၀ မတ် သို့ ဧပြီလ) မှာ ရေးခဲ့တဲ့ ကဗျာလေးပါ။  ပျိုမြစ်တဲ့အရွယ်မှာ မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ မိန်းကလေးတစ်ယောာက် အကြောင်းကို လွမ်းလွမ်းဆွေးဆွေးလေး ရေးဖွဲ့ထားတဲ့ ကဗျာလေးပါ။  သီပေါမင်း ပါတော်မူပြီး ၅ နှစ်အကြာ မှာရေးခဲ့တဲ့ ကဗျာတစ်ပုဒ်လို့ ပြောလို့ရပါတယ်။
          ဒီကဗျာကို ဖတ်လိုက်တဲ့အချိန်မှာ ခံစားမှု့ နှစ်ခုကို ကျွန်တော် တစ်ပြိုင်ထဲခံစားလိုက်ရတယ်… တစ်ခုက ကစ်ပလင်ရဲ့ ဆွဲဆောင်အားကောင်းလှတဲ့ ရေးအသားနဲ့ နူးညံတဲ့ ခံစားမှု့။  နောက်တစ်ခုကတော့ ကိုလိုနီပုံစံနဲ့ ရေးထားတဲ့ အရေးအသားကို ကျွန်တော့် စိတ်ထဲမှာ မြန်မာတစ်ယောက်အနေနဲ့ မနှစ်မြို့မှု့ ခံစားရပါတယ်။  မနှစ်မြို့မှု့ခံစားချက် ဖြစ်နေတဲ့ ကဗျာကို ဘာဖြစ်လို့ ရေးတင်လဲဆိုတော့ ဖတ်တဲ့လူတွေ သိစေချင်လို့ပါ။  ၂၀၁၇ စက်တင်ဘာလောက်တုန်းက အင်္ဂလန် နိုင်ငံတကာ ဆက်ဆံရေး အတွင်းရေးမှုး ဘောရစ် ဂျွန်ဆင်မြန်မာပြည်လာသွားတုန်းက ရွှေတိဂုံစေတီပေါ်မှာ ဒီကဗျာကို စရွတ်တော့ သူ့ဘေးက သံမှုး ဂျွန်ဆင်က ၀င်ဟန့်ခဲ့ပါတယ်။  အင်္ဂလန်က ဂျာနယ်တွေမှာ မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီပေါ်မှာ ဒီလိုကဗျာမျိုးရွတ်တာ မသင့်တော်တဲ့အကြောင်း သတင်းတွေ ဖော်ပြကြပေမယ့်… မြန်မာပြည်မှာတော့ သိပ်ပြီး သိလိုက်ပုံမရပါဘူး။ 
          ဘာသာရပ်တစ်ခု ဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုဖြစ်ဖြစ်ကို လေ့လာရင် ကြိုက်လို့ရယ်၊ မကြိုက်လို့ရယ်ဆိုတာထက်.. ကိုယ်နဲ့ပါတ်သတ်ပြီး အကျိုးမယုတ်အောင်၊ အကျိုးရှိအောင် လေ့လာဖို့လိုတယ်ဆိုတဲ့ သဘောလေးကို ပြောချင်တာပါ။  ဒီကဗျာဟာ ၁၈ ရာစုကရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။  ကဗျာထဲမှာပါတဲ့ တစ်ချို့ အယူအဆလေးတွေက လွဲနေတာကိုတွေ့ရမှာပါ။  ဥပမာ မော်လမြိုင်ဆိုရင် ဘင်္ဂလားပင်လယ်အော်ဖက် (အက်ဒမန် ပင်လယ်ဖက်)၊ အနောက်အရပ်ကို မျက်နှာမူထားတာ။  တောင်တရုတ်ပင်လယ်နဲ့ စပ်ဆက်မှု့မရှိပါဘူး။  ဒါပေမယ့် ကစ်ပလင်ရဲ့ ကဗျာထဲမှာတော့ တရုတ်ပင်လယ်အော်လို့ ရေးထားတာကို တွေ့ရမှာပါ။ 
         

          ပထမဆုံး ကဗျာလေးကို မူရင်း အင်္ဂလိပ်လို အတိုင်း ဖတ်ကြည့်လိုက်ပါဦး..
By the old Moulmein Pagoda, lookin' eastward to the sea,
There's a Burma girl a-settin', and I know she thinks o' me;
For the wind is in the palm-trees, and the temple-bells they say:
"Come you back, you British soldier; come you back to Mandalay!"
Come you back to Mandalay,
Where the old Flotilla lay:
Can't you 'ear their paddles chunkin' from Rangoon to Mandalay?
On the road to Mandalay,
Where the flyin'-fishes play,
An' the dawn comes up like thunder outer China 'crost the Bay!

'Er petticoat was yaller an' 'er little cap was green,
An' 'er name was Supi-yaw-lat -- jes' the same as Theebaw's Queen,
An' I seed her first a-smokin' of a whackin' white cheroot,
An' a-wastin' Christian kisses on an 'eathen idol's foot:
Bloomin' idol made o'mud --
Wot they called the Great Gawd Budd --
Plucky lot she cared for idols when I kissed 'er where she stud!
On the road to Mandalay . . .

When the mist was on the rice-fields an' the sun was droppin' slow,
She'd git 'er little banjo an' she'd sing "~Kulla-lo-lo!~"
With 'er arm upon my shoulder an' 'er cheek agin' my cheek
We useter watch the steamers an' the ~hathis~ pilin' teak.
Elephints a-pilin' teak
In the sludgy, squdgy creek,
Where the silence 'ung that 'eavy you was 'arf afraid to speak!
On the road to Mandalay . . .

But that's all shove be'ind me -- long ago an' fur away,
An' there ain't no 'busses runnin' from the Bank to Mandalay;
An' I'm learnin' 'ere in London what the ten-year soldier tells:
"If you've 'eard the East a-callin', you won't never 'eed naught else."
No! you won't 'eed nothin' else
But them spicy garlic smells,
An' the sunshine an' the palm-trees an' the tinkly temple-bells;
On the road to Mandalay . . .

I am sick o' wastin' leather on these gritty pavin'-stones,
An' the blasted Henglish drizzle wakes the fever in my bones;
Tho' I walks with fifty 'ousemaids outer Chelsea to the Strand,
An' they talks a lot o' lovin', but wot do they understand?
Beefy face an' grubby 'and --
Law! wot do they understand?
I've a neater, sweeter maiden in a cleaner, greener land!
On the road to Mandalay . . .

Ship me somewheres east of Suez, where the best is like the worst,
Where there aren't no Ten Commandments an' a man can raise a thirst;
For the temple-bells are callin', an' it's there that I would be --
By the old Moulmein Pagoda, looking lazy at the sea;
On the road to Mandalay,
Where the old Flotilla lay,
With our sick beneath the awnings when we went to Mandalay!
On the road to Mandalay,
Where the flyin'-fishes play,
An' the dawn comes up like thunder outer China 'crost the Bay!


          ဒီကဗျာလေးမှာ အာရှဒေသ အထူးသဖြင့် မြန်မာနိုင်ငံကို လွမ်းဆွတ်နေတဲ့ အင်္ဂလိပ် စစ်သားတစ်ယောက် အနေနဲ့ ဖော်ကျူးထားတဲ့ ကဗျာပါ။ ဒီကဗျာဟာ အရှေ့တိုင်း မိန်းမပျိုလေးတစ်ယောက်ရဲ့ လှပမှု့နဲ့ သိမ်မွေ့မှု့ကို ဖော်ကျူးနေသလို၊ တစ်ချိန်ထဲမှာ လူမျိုးရေးခွဲခြားမှု့၊ ၁၉နဲ့ ၂၀ ရာစု နှစ်တွေတုန်းက ဗြိသျှတွေရဲ့ နယ်ချဲ့စနစ်ကို အသက်ဝင်နေတဲ့ အရိပ်အငွေ့တွေ ပါဝင်နေပါတယ်။
          အဲ့ဒီအချိန်တုန်းက အင်္ဂလိပ်စစ်သားတွေဟာ ဧရာဝတီမြစ်တစ်လျှောက် ဧရာဝတီ ဖလော်ရီတာ သင်္ဘောလိုင်းရဲ့ ရေနွေးငွေ့သုံး ဒလက်သင်္ဘောတွေနဲ့ စုန်-ဆန်ပြီး သွားလာနေတဲ့ အချိန်ပါ။ ကစ်ပလင် စစ်သားဘ၀နဲ့ အန္ဒိယမှာ ၇နှစ်ကြာ စစ်မှု့ထမ်းပြီး အင်္ဂလန်ကို ပြန်လာတဲ့ အချိန် ၁၈၉၀မှာ ဒီကဗျာကို ရေးခဲ့တာပါ။ ကလ္လကတ္တားကနေ ဂျပန်၊ ပြီးတော့ အမေရိကန် ဆန်ဖရန်စစ်စကိုကနေ ပင်လယ်ကို ဖြတ်ပြီး အင်္ဂလန်ကို သူပြန်ခဲ့တာပါ။  ကလ္လကတ္တားပြီးတော့ မြန်မာပြည်ကို မော်လမြိုင်ကတစ်ဆင့် ရန်ကုန်ကို ခဏ အလည်ရောက်ခဲ့တာပါ။
          ကျွန်တော် သူ့ရဲ့ အင်္ဂလိပ်ကဗျာကို ဆီလျှော်အောင် မြန်မာလို ဘာသာပြန်ထားပါတယ်။  ချွတ်ယွင်းချက်၊ လွဲမှားချက်တွေရှိရင် ထောက်ပြပေးကြပါ။ 

မန္တလေးကို သွားတဲ့လမ်း...
----------------------------- 
မော်လမြိုင်က ဘုရားဟောင်းဘေး… အရှေ့အရပ်ပင်လယ်ပြင်ဆီကို ငေးမောရင်း..
မြန်မာလုံမငယ်လေး ငါ့ကြောင်းတွေးနေမလား..
ထန်းပင်တွေကို ဝှေ့တိုက်လိုက်တဲ့လေကလေးရယ်.. စေတီတော်ဆီက ချိုလွင်လွင် ခေါင်းလောင်းသံ
“ပြန်လာခဲ့ပါ.. ပြန်လာခဲ့ပါ အမောင် ဗြိသျှစစ်သည်… မန္တလေးကို ပြန်လာခဲ့ပါ”
မန္တလေးကို ပြန်လာခဲ့ပါ……
ဖလော်တီလာသင်္ဘောရပ်ထားရာ…
ရန်ကုန်-မန္တလေး အဆန်သင်္ဘော ရေရဟတ် ရက်သံလေးတွေကို အမောင် ကြားမိပါစ…
မန္တလေးကို သွားတဲ့ လမ်းမှာပေါ့…
ငါးပျံလေးတွေ ပျော်မြူး ဆော့ကစားလို့…
နေ၀င်ချိန်က တရုတ်ပြည် အပြင်ဖက် ကမ်းရိုးတမ်းမှာ လျှပ်တစ်ပျက်လို …

ဦးထုတ်စိမ်းဆောင်းပြီး ဂါဝန် အ၀ါရောင်နဲ့.. စုဖုရားလတ်ဆိုတဲ့ အမိငယ်…
ဘုရင်သီပေါရဲ့ မိဖုရားနဲ့ အမည်နာမ ဆင်တူချေရဲ့…
သူ့ကို ပြောင်းဖူးဖက်ဆေးလိပ်လေးကို ပထမဆုံးအကြိမ် ကမ်းပေးခဲ့တုန်းကပေါ့..
လုံမငယ်.. ရွံဆင်းတုတော် ခြေတော်မြတ်ရင်းကို ဦးခိုက်နမ်းလင့်….
ကြီးမြတ်တော်မူသော မြတ်စွာဘုရား…လို့ သူတို့ ခေါ်ကြသတဲ့…
အို.. မတော်ပါဘူး အမောင်.. ဒီလိုနေရာမျိုးမယ်လို့..  အမိဆိုတုန်း
သင့်ကို အနမ်းချွေခဲ့တာ…
မန္တလေးကို သွားတဲ့ လမ်းမှာပေါ့…

စပါးခင်းမှာ မြူတွေဆိုင်းလို့.. နေ၀င်လုလုအချိန်မှာ…
ဘင်ဂျိုလေးတီးပြီး “ကုလား လို လို…” ဆိုပြီး မင်း တေးသီခဲ့တာပ
ကိုယ့် ပုခုံးကို လက်ခလေးနဲ့ မှီလို့.. ပါးချင်းအပ်ပြီး…
မြစ်ထဲက ရေနွေးငွေ့သင်္ဘောတွေက ဥဒဟို..  ကျွန်းသစ်သယ်နေတဲ့ ဆင်တွေကို
တူယှဉ်တွဲပြီး ကြည့်ခဲ့ကြတယ်လေ…
ဒီလို ဆိတ်ငြိမ်တဲ့အချိန်လေးတွေမှာ စကားပြောဖို့မင်း ဘာဖြစ်လို့ ကြောက်နေခဲ့တာလဲကွယ်..
မန္တလေးကို သွားတဲ့ လမ်းပေါ်မှာပေါ…

ခုတော့ အားလုံးက ဟိုးအဝေး အတိတ်မှာ ကျန်ခဲ့ပေါ့..
ဘဏ် ကနေ မန္တလေးကို သွားတဲ့ ခရီးသယ်ကားလဲ မရှိဘူးလေ..
ခုတော့ လန်ဒန်မှာ… စစ်သက် ၁၀နှစ်လောက်ရှိတဲ့ စစ်သည်ကပြောရဲ့
“တစ်ကယ်လို့ အရှေ့အရပ်က ခေါ်သံများကြားခဲ့ရင်… မင်းဘာလိုချင်ဆုံးလဲ..”
မဟုတ်တာ… မင်းဘာအလိုချင်ဆုံးဖြစ်မှာလဲ
ကြက်သွန်ဖြူနံသင်းနေတဲ့ ဟင်းခပ်အမွှေးအကြိုင်ရယ်..
ထန်းပင်တွေပေါ်ဖြာကျနေတဲ့ နေခြည်နွေးနွေးရယ်.. ဘုရာကျောင်းက ခေါင်းလောင်းသံချိုချိုရယ်ပေါ့…
မန္တလေးကို သွားတဲ့ လမ်းမှာလေ…

ဒီလို ကျောက်သားလမ်းတွေပေါ်မှာ သားရေပွန်းခံပြီး လမ်းလျှောက်ရတာကို ငြီးငွေ့လှပါပြီ…
အင်္ဂလန်ရဲ့ မိုးငွေ့မှုန်မှုန်တွေ ပက်ဖျန်းတိုင်း ငါ့ရဲ့ အရိုးထဲက ဝေဒနာကို လှုပ်နှိုးနေသလိုပါပဲ…
ချဲလ်ဆီး အစွန်အရပ် ကနေ စထရန်းကို အိမ်အကူ၅၀လောက်နဲ့ လျှောက်ပေမယ့်…
အချစ်အကြောင်းကို သူတို့တွေ ပြောနေကြပေမယ့်၊ သူတို့ ဘာနားလည်လို့လဲ…
ညစ်နွမ်းနွမ်း ခေါက်ရိုးကျိုး မျက်နှာတွေနဲ့…
အိုသခင်.. သူတို့နားလည်တာ ဘာများရှိလို့လဲ…
ငါ့မှာ သပ်ရပ်၊ ချိုသာတဲ့ အဖော်မွန်က သန့်ရှင်းပြီး စိမ်းလန်းတဲ့ မြေမှာ ရှိတယ်..
မန္တလေးကို သွားတဲ့ လမ်းမှာပေါ့…

စူးအက် အရှေ့ပိုင်း ဒေသကို စေလိုက်စမ်းပါလေ…   အဲ့ဒီမှာ အကောင်းဆုံးဆိုတာမျိုးက အဆိုးဆုံးလိုပဲ
ပညတ်တော်၁၀ပါးမရှိတဲ့ နေရာမှာ ယောကျာ်းတစ်ယောက်ရဲ့ ငတ်မွတ်မှု့ကို လောင်မြိုက်လို့ ရတာပေါ့
စေတီဆီက ခေါင်းလောင်းခေါ်သံတိုင်း ငါရောက်ချင်တဲ့နေရာက….
မော်လမြိုင်က ဘုရားဟောင်းတစ်ဆူဘေး ပင်လယ်ပြင်ကို လေးလေးလံလံ တွေငေးကြည့်လို့..
မန္တလေးကို သွားတဲ့လမ်းမှာပေါ့…
ဖလော်တီလာသင်္ဘော ရပ်ထားရာ..
ငါတို့ မန္တလေးကို သွားခဲ့တုန်းက ရွက်ဖျင်အောက်က ဝေဒနာတွေနဲ့အတူ..
မန္တလေးကို သွားတဲ့ လမ်းမှာပေါ့..
ငါးပျံလေးတွေ ပျော်မြူး ဆော့ကစားလို့…
နေ၀င်ချိန်က တရုတ်ပြည် အပြင်ဖက် ကမ်းရိုးတမ်းမှာ လျှပ်တစ်ပျက်လို …

No comments:

Post a Comment