Pages

Monday, September 5, 2011

First Hybrid Tug in Europe – Port of Rotterdam’s ‘RT Adriaan’




          ဥရောပရဲ့ ပထမဆုံး “Hybrid Energy” သုံး Tug boat ကို ၂၀၁၁ မေလ ၁၇ ရက်နေ့ဘယ်လ်ဂျီယံနိုင်ငံ အန့်ဝပ်မှာ ကျင်းပတဲ့ နိုင်ငံတစ်ကာ တွန်း/ဆွဲ (Tug) များနှင့် သင်္ဘောဆယ်ယူရေး ဆိုင်ရာ အစည်းအဝေးမှာ ကြေငြာခဲ့ပါတယ်။  ကနေဒါအခြေစိုက် အင်ဂျင် တီထွင်တဲ့ ဒီဇိုင်နာများနှင့် Aspin, Kemp and Associates(AKA)လိုခေါ်တဲ့ တည်ဆောက်သူ၊ သင်္ဘောလိုင်းတစ်ခုဖြစ်တဲ့ KOTUG တို့ ပူးပေါင်းဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။  ဟော်လန်နိုင်ငံရဲ့ ရော်တာဒမ် ဆိပ်ကမ်းမှာ အလုပ်လုပ်မယ့် ဒီသင်္ဘော (RT Adriaan) ဟာ AKA’s ရဲ့ “XeroPoint Hybrid Propulsion System” ကို သုံးထားတာပါ။

          ကမ်းရိုးတမ်းသွား တွန်း/ဆွဲ သင်္ဘောတွေဖြစ်တဲ့ RT Adriaan သကဲ့သို့သော သင်္ဘောတွေဟာ ကမ်းရိုးတမ်းတစ်လျှောက်အတွက်တော့ တော်တော့်ကို အသုံးဝင်တဲ့သင်္ဘောတွေပါ။  ဆိပ်ကမ်းကို ၀င်လာတဲ့ သင်္ဘောကြီးတွေကို “Standby-pilot’s order” အဖြစ်လည်းကောင်း၊ ဆိပ်ကမ်းတစ်လျှောက် သင်္ဘောကြီးတွေကို တွန်း/ဆွဲပေးရန်အတွက်လည်းကောင်း၊  သင်္ဘောတွေ ဆိပ်ကမ်းနှင့် အကပ်/အခွာ ပြုလုပ်နိုင်စေရန်အတွက်လည်းကောင်း အသုံးချကြပါတယ်။  အဲ့ဒီ လုပ်ငန်းစဉ်တွေအထဲမှာ တစ်ကယ့်ကို အင်ဂျင်ပါဝါ များများစားစားလိုအပ်တဲ့အချိန်ဟာ အနည်းငယ်သော အချိန်သာဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာတော့ အင်ဂျင်ရဲ့ ၀န်ပမာဏဟာ အနည်းငယ်ဘဲရှိပါတယ်။

XeroPoint Hybrid Propulsion System
          ဒီစနစ်ဟာ ကွန်ပျူတာမှ ထိန်းချုပ်ထားသော စနစ်တစ်ခုဖြစ်ပြီး သူ့မှာ ဒီဇယ်အင်ဂျင်၊ လျှပ်စစ်မော်တာများနှင့် ဘက်ထရီများ ဆိုပြီး ပါဝင်ပါတယ်။  ဒီပါဝင်တဲ့ ပစ္စည်းတွေကို ကွန်ပျူတာမှ သင်္ဘောရဲ့ အလုပ်လုပ်ရနှုန်းပေါ်မူတည်ပြီး တိုက်ရိုက် ဒီဇယ်အင်ဂျင်ကို သုံးမလား၊ ဒါမမဟုတ် ဒီဇယ်-လျှပ်စစ် ပေါင်းစပ်မှု့ကို သုံးမလား၊ ဒါမှမဟုတ်ရင်တော့ လျှပ်စစ် တစ်မျိုးထဲကို အသုံးချမလားဆိုတာကို ထိန်းချုပ်ပေးပါတယ်။  လျှပ်စစ် အတွက်ကတော့ လျှပ်စစ်စွမ်းအင်တွေကို လစ်သီယမ် ပိုလီမာ ဘက်ထရီတွေနဲ့ သိုလှောင်ထားပြီးတော့ သင်္ဘောက စွမ်းအင် အနည်းငယ်သာလိုအပ်မယ့် အချိန်တွေမှာ အသုံးချမှာ ဖြစ်ပါတယ်။  နောက်တစ်ခုက ဒီဇယ်အင်ဂျင်တွေက အဆင်သင့် မဖြစ်သေးတဲ့အချိန်မှာ အကယ်၍ သင်္ဘောက ပါဝါကို လိုအပ်လာပြီးဆိုပါကလည်း ဒီလျှပ်စစ် ဘက်ထရီတွေကနေ ရယူသုံးစွဲနိုင်ပါတယ်။ 
          XeroPoint လျှပ်စစ် စနစ်ဟာ DC လျှပ်စစ် စနစ်ကို အခြေခံထားပြီး တည်ငြိမ့်တဲ့ ဗို့အားကို ထိန်းပေးနိုင်ပါတယ်။  Resistors တွေ အများအပြားအသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်လွဲပြီး ဒီဇိုင်းလုပ်ထားတဲ့အတွက်ကြောင့် သင်္ဘောတွေမှာ တပ်ဆင်ထားတဲ့ ၀န်ဆွဲစက် (Towing winch) ရဲ့ power ဟာ DC bus bar တွေပေါ်မှာ နှင့် ဘက်ထရီတွေအပေါ်ကို ပြန်လည် သက်ရောက်စေခြင်းမှ ကာကွယ်စေပါတယ်။  

Mode of Operation
          Tug ကဲ့သို့သော သင်္ဘောများအတွက် နေ့စဉ် အလုပ်အမျိုးမျိုးအတွက် ပါဝါလိုအပ်မှုက အမျိုးမျိုးကွဲပြားပါတယ်။  ဒီစနစ်ဟာ ထို့ကဲ့သို့သော လိုအပ်မှု့များကို လိုက်လျှောညီထွေဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

Standby or Idle : ဒီ အချိန်အနေမှာတော့ သင်္ဘောတွေဟာ ပါဝါသိပ်မလိုအပ်ပါဘူး။  ဒါကြောင့် ဒီအခြေအနေမှာ ဘက်ထရီတွေကရရှိတဲ့ လျှပ်စစ်နဲ့ သင်္ဘောကို မောင်းနှင့်မှာဖြစ်ပြီး လေထုထဲသို့ မည်သည့် ဓာတ်ငွေ့မှ လွှတ်ထုတ်စရာမလိုတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေမှာ မဟုတ်ပါဘူး။ 
Slow Transit : ဒီအခြေအနေမှာတော့ အနည်းငယ်သော ပါဝါလိုအပ်မှု့ကို ဒီဇယ်အင်ဂျင်မှရရှိမှာဖြစ်ပြီး၊ သင်္ဘောသွားလာမှု့နဲ့ သင်္ဘောမှာ ရှိတဲ့ အခြားသော ပါဝါလိုအပ်မှု့တွေအတွက် ဒီဇယ်ဂျင်နရေတာများနှင့် ဘက်ထရီရဲ့ လျှပ်စစ်စွမ်းအင်ကနေ ရယူသုံးစွဲမှာ ဖြစ်ပါတယ်။

Mid Range : ဒီအချိန်မှာ သင်္ဘောရဲ့ ပါဝါလိုအပ်ချက်က ဒီဇယ်အင်ဂျင်တွေမှ ရရှိတဲ့ စွမ်းအင်းနဲ့ လုံလောက်နေမှာဖြစ်ပြီး၊ သင်္ဘောရဲ့ ဒီဇယ်အင်ဂျင်များကို ဘဲ အသုံးပြုမှာပါ။  သင်္ဘောရဲ့ ပန်ကာနှင့် အင်ဂျင်ကို ချိတ်ဆက်ပေးတဲ့ ၀န်ရိုးများမှ တပ်ဆင်ထားတဲ့ Shaft Generators/ motors တွေက သင်္ဘောမှာ အခြားလိုအပ်တဲ့ လျှပ်စစ်ပမာဏရရှိအောင် ထုတ်လုပ်ပေးမှာဖြစ်ပြီး ဒီအနစ်မှာ ခေတ်မှီ စွမ်းအင်ပြောင်းနည်းပညာကို အသုံးပြုထားတဲ့အတွက် ၀န်ရိုးရဲ့ လှည့်ပတ်မှု အမြန်နှုန်း မည်သို့ပင်ဖြစ်စေကာမူ တည်ငြိမ်တဲ့ ဗို့အားကို ထုတ်လွှတ်ပေးနိုင်ပါတယ်။

Full Power : ပါဝါ အပြည့်သုံးနေချိန်မှာ ဒီဇယ်အင်ဂျင်ရော၊ ၀န်ရိုးမှာ တပ်ဆင်ထားတဲ့ မော်တာတွေကပါ လျှပ်စစ်ဓာတ်အားကို သင်္ဘော သွားနိုင်ဖို့အတွက် ထုတ်လွှတ်ပေးမှာပါ။  သင်္ဘောရဲ့ ၀န်ရိုးဟာ စဉ်ဆက်မပြတ် လည်ပတ်လာတာနှင့်အမျှ ၀န်းရိုးမှာ တပ်ဆင်ထားတဲ့ မော်တာတွေရဲ့ စွမ်းအင်ထုတ်လုပ်နိုင်စွမ်း ပိုမိုများပြားလာပြီး Low-end torque လို့ခေါ်တဲ့ ၀န်ရိုးရဲ့ (Shaft) ရဲ့ အဆုံးမှာ အင်အားအနည်းငယ်ကို သာ ဖြစ်ပေါ်စေမှာပါ။

XeroPoint စနစ်ကို သုံးခြင်းအားဖြင့်
  • ဆီစားသက်သာလာမယ် - မလိုအပ်တဲ့နေရာတွေမှာ ဆီကို ချွေတာနိုင်လာမယ်
  • ပြုပြင်မှု့ကုန်ကျစရိတ်တွေ သက်သာသွားမယ် - အင်ဂျင်ကို အမြဲတမ်းမောင်းနှင့်ရန် မလိုအပ်တော့ဘူး
  • အင်ဂျင်ကနေထွက်မယ့် ဓာတ်ငွေ့ ပမာဏ လျှော့နည်းစေမယ် - အင်ဂျင်တွေကို အထိရောက်ဆုံး အသုံးချနိုင်တယ် (မလိုရင် မသုံးဘူး၊ လိုမှ သုံးမယ်)
  • ဆူညံမှု့တွေ လျှော့ချနိုင်မယ် - တစ်ချို့ အချိန်တွေမှာ အင်ဂျင်ကို မသုံးဘဲနဲ့ကို သင်္ဘောက အလုပ်လုပ်နိုင်တယ်။


စိတ်ဝင်စားစရာတော့ကောင်းပါတယ်။  အင်္ဂလိပ်ကနေ မြန်မာလို ဘာသာပြန်တဲ့အခါကျတော့ နည်းပညာစလုံးတွေက ကျွန်တော့်အတွက် ဘာသာပြန်ဖို့ တော်တော်ခက်နေပါတယ်။  ဒီအတိုင်းဘဲ ခေါ်နေတာ နှုတ်ကျိုးနေတော့ မြန်မာလိုပြန်တော့ ထောင့်တောင့်တောင့်ကြီးဖြစ်နေပါတယ်။ သည်းခံပြီးတော့ ဖတ်ပေးကြပါ။
စိတ်ဝင်စားတဲ့ သူများတော့ ဒီ   လင့် လေးမှာ မူရင်း အင်္ဂလိပ်လိုရေးထားပါတယ်။

2 comments:

  1. ကိုအောင်ထွဋ်က ပင်လယ်ပျော်လား

    ReplyDelete
  2. မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော်က သင်္ဘောဆောက်တဲ့ အလုပ် လုပ်တယ်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်ခင်ဗျာ

    ReplyDelete