Pages

Thursday, November 17, 2011

ကမ္ဘာ့အကြီးဆုံး ဆန်မုန့်ကျွပ်


                     ဂျပန်နိုင်ငံကတော့ ဆန်နဲ့လုပ်ထားတဲ့ မုန့်ကျွပ်ကို ကမ္ဘာ့အကြီးဆုံးဖြစ်အောင်လုပ်ပြီး ဂင်းနစ်မှတ်တမ်းဝင်သွားပါပြီ။  အချင်း ၅ ပေ ၃ လက်မရှိတဲ့ ဒီ ဆန်မုန့်ကျွပ်ကြီးဟာ ဂျပန်မှာတော့ လူကြိုက်များတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။  ဒီမုန့်ကြီးကို ရာမာဂူချီ ဆိုတဲ့ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ကီယိုရိုရှီက ကမ္ဘာ့အကြီးဆုံး မုန့်ကျွပ် ကော်မတီဝင်အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တယ်လို့ဆိုပါတယ်။  လွန်ခဲ့တဲ့ လတုန်းကထဲက ကမ္ဘာ့အကြီးဆုံးမှတ်တမ်းဝင်အောင် ကြိုးစားခဲ့ပေမယ့် ၃ စီတီမီတာ ငယ်သွားလို့ ကမ္ဘာ့အကြီးဆုံး မုန့်ကျွပ်ဖြစ်ရမယ့် မှတ်တမ်းနဲ့ လွဲခဲ့ရတာ အခုတော့ အမှန်တကယ်ကို ကမ္ဘာ့အကြီးဆုံး မုန့်ကျွပ်ဖြစ်လာပါပြီ။  ဒီမုန့်ကို လုပ်ဖို့ ဆန်မှုန့် ၃၃ ပေါင်နဲ့ တစ်နာရီလောက်ကြာအောင် မီးဖုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။  ဒီလိုမီးဖုတ်နေတုန်းမှာလည်း မိနစ်အနည်းငယ်ကြာတိုင်း မုန့်ကြီးကို လှည့်လှည့်ပေးရပါသေးတယ်။
               ဒီ မုန့်ကျွပ်ကြီးကို ဂင်းနစ်မှတ်တမ်းဝင်ဖို့ တိုင်းတာ၊ ဓာတ်ပုံတွေဘာတွေ ရိုက်ပြီးတာနဲ့ မြို့ခံလူတွေ စားဖို့ ခွဲဝေပေးခဲ့ပါတယ်တဲ့။  “ခုတော့ တကမ္ဘာလုံးကလူတွေဟာ ကျွန်တော်တို့ မြို့လေးအကြောင်းကို ဒီမုန့်ကျွပ်ကြီးကြောင့် သိရှိတော့မှာ ဖြစ်ပါတယ်” လို့ ရာမာဂူချီက ပြောသွားပါတယ်။


Source : (Link)

8 comments:

  1. ရွာပြန်ရောက်ရင်
    ကမ္ဘာအကြီးဆုံး မုန့်ဟင်းခါးဟင်းရည်အိုးကို အညာကကျူတီက ဂင်းနစ်စံချိန်ချိုးပြီး ချက်ပြလေသတည်းးးးး ဆိုပြီး လုပ်အုံးမှ အဟ့

    ReplyDelete
  2. ဗဟုသုတလေးအတွက် ကျေးဇူးပါ မောင်အောင်ထွဋ်ရေ။
    လွတ်သွားတဲ့ ပို့စ်လေးတွေ အကြွေးဆပ်သွားတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. လူဆယ်ယောက်လောက်စားလို့ရမယ် အေးဆေး ခစ်ခစ်။ သူတို့မှာ ကျိုးကျမှာစိုးနေကြပုံပဲ။း)

    ReplyDelete
  4. ကျူးတီ မလုပ်ပြရင် အသိပဲ.. :P

    ReplyDelete
  5. ဘိန်းမုန်းအကြီးစားလုပ်ပြမယ်...

    နံပြာအကြီးစား..ပလာတာ အကြီးစား..အီကြာကွေးအကြီးစားတွေလုပ်ပြီး သွားပြိုင်မယ်...
    ငထွဋ်တဲ့ကွ

    ReplyDelete
  6. တောင်ကြီးပြန်ရောက်ရင် ကမ္ဘာအကြီးဆုံးပဲပုတ်ဆိုပြီးနာလဲ
    လုပ်ပြမယ်ဘယ်ရမလဲ
    ခင်ခင်မင်မင် jasmine

    ReplyDelete
  7. တစ်ခုလောက်ဝယ်ပြီး မဒမ်လွင်ပြင်ကို ပေးထားရင် တလလောက်စားရမယ်
    အပိုင်ပဲ တလစာမုန့်ဖိုးပေးစရာမလိုတော့ဘူး

    ReplyDelete
  8. မန်မာပြည်ပြန်ကြရင် သံချောင်းလေးခေါက်လိုက်ကြပါခင်ဗျာ... အိမ်တိုင်ရွာရောက် လာအားပေး မလို့ :)

    ReplyDelete