Pages

Saturday, November 26, 2011

ဂျပန်က ကန်ဆိုင်း နိုင်ငံတစ်ကာလေဆိပ်


          ဂျပန်ဆိုတာ ကျွန်းနိုင်ငံလေးပါ။  ကျွန်းနိုင်ငံဆိုတော့ မြေရှားပါတယ်။  ဒီတော့ သူတို့ဟာ နိုင်ငံတစ်ကာ အဆင့်မှီလေဆိပ်တစ်ခုကို   ပင်လယ်ပြင်ပေါ်မှာ တည်ဆောက်ခဲ့ပါတယ်။  ဒီလေဆိပ်ဟာ ကန်ဆိုင်းလေဆိပ်ဖြစ်ပြီးတော့ ဂျပန်နိုင်ငံအတွက် ဒုတိယမြောက် အရေးအပါဆုံး နိုင်ငံတစ်ကာ လေဆိပ်ဖြစ်ပါတယ်။  ဒီလေဆိပ်ကြီးကို ၁၉၉၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။  အိုဆာကာလေဆိပ်က လူနေထူထပ်လှတဲ့နေရာမှာလည်းရှိ၊ အလုပ်လည်း အလွန်ရှုပ်နေလေတော့ တိုးချဲ့ဖို့ဆိုတာက မလွယ်တော့ပါဘူး။  အိုဆာကာလေဆိပ်ကတော့ အီတာမီ နဲ့ တိုယိုနာကာ ကြားထဲမှာ ရှိတာပါ။ 
          ဒီ ကန်ဆိုင်းလေဆိပ်ကို ၁၉၈၇ ခုနှစ်ကထည်းက စတင် အုတ်မြတ်ချခဲတာဖြစ်ပြီး ကျောက်တုံးတွေနဲ့ ကွန်ကရစ် အတုံးကြီးတွေပေါင်း ၄၈၀၀၀ ကျော် အသုံးပြုပြီး ပင်လယ်ပြင်ကနေ အကာအရံဖြစ်အောင် တည်ဆောက်ခဲ့ရပါတယ်။  ဒီအပြင် တောင်သုံးတောင်ကို ဖြိုချပြီးတော့ ရလာတဲ့ မြေ ကုဗမီတာ ၂၁ သန်းကျော်ကျော်နဲ့ ဒီလေဆိပ်ကြီး ပင်လယ်ပြင်အထက်ကို ရောက်လာအောင် ဖို့ခဲ့ရပါတယ်။  လူအင်အား ၁၀၀၀၀ ကျော်နဲ့ ၃ နှစ်အတွင်း အလုပ်ချိန်စုစုပေါင်း (လုပ်ငန်း အထွေထွေအတွက်) နာရီပေါင်း ၁၀ သန်းကျော်အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။  ဒီလေဆိပ်ကြီးကို ပြီးစီးဖို့ သင်္ဘော ၈ စင်းအသုံးပြုပြီး မီတာ ၃၀ မြင့်တဲ့ မြေထုဖြစ်လာအောင် တည်ဆောက်ခဲ့တာပါ။  နောက်ပြီးတော့ ၃ ကီလိုမီတာ အကွာအဝေးရှိတဲ့ တံတား ကို လေဆိပ်နဲ့ မြို့ကြားကို ဆက်သွယ်ဖို့ တည်ဆောက်ခဲ့ပါတယ်။

          ဒီလေဆိပ်ကြီးရဲ့ စုစုပေါင်း ကုန်ကျစရိတ်ကတော့ ၅ ဘီလီယံလောက်ရှိတယ်လို့ ခန့်မှန်းရပါသတဲ့။  ဒီအထဲမှာ ကျွန်းဖြစ်လာအောင် ပင်လယ်ကို မြေဖို့တာတွေ၊ လေဆိပ်အဆောက်အဦး နှစ်ခု၊ အခြားသော အရာတွေပါပါ ပါဝင်ပါတယ်။  နောက်ထပ်ကုန်ကျရတဲ့ အကြောင်းအရင်းကတော့ ဒီ ကျွန်းတုကြီးဟာ တည်ဆောက်ပြီးတော့ ပင်လယ်ထဲကို နစ်ဝင်လာတာပါ။  ဒါဟာ အိုဆာကာ ပင်လယ်အော် အောက်ခြေက မြေသားတွေ ပျော့လို့လို့ ကောက်ချက်ဆွဲကြပါတယ်။  ဒီအတွက်လည်း ဒီလေဆိပ်ကြီးဆောက်ပြီးတဲ့အချိန်မှာ ဒီမြေနစ်မြုတ်ရခြင်းအကြောင်းအရင်းကို အုတ်အော်သောင်းနင်းကို ဆွေးနွေးခဲ့ကြရပါတယ်။  ဘူမိဗေဒ အင်ဂျင်နီယာဆိုင်ရာ ကပ်ဆိုးကြီးတစ်ခုလိုပါပဲ။  ဒါပေမယ့်လည်း  ကန်ဆိုင်းလေဆိပ်ကြီးဟာ အင်ဂျင်နီယာပညာရပ် အတွက်တော့ ကြီးကျယ်လှတဲ့ အောင်မြင်မှု့တစ်ခုပါပဲ။  ၂၀၀၁ ခုနှစ်မှာတော့ ကန်ဆိုင်းလေဆိပ်ကို ရာစုနှစ်ရဲ့ မြို့ပြ အင်ဂျင်နီယာ ပညာရပ်ရဲ့ အထင်ကရ အဆောက်အအုံ “Civil Engineering Monument of the Millennium” ဆိုတဲ့ ဆုကို အမေရိကန် မြို့ပြ အင်ဂျင်နီယာ အဖွဲ့အစည်းမှ ချီးမြှင့်ခဲ့ပါတယ်။
          ဒီကန်ဆိုင်း လေဆိပ်ကြီးဟာ အောင်မြင်ခဲ့သလို့ ဖြစ်ပေါ်ခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီးတော့ နောက်ပိုင်းမှာတော့ ကျွန်းအတုတွေ များစွာကို အောင်အောင်မြင်မြင်တည်ဆောက်နိုင်ခဲ့ကြပါပြီ။  ဂျပန်နိုင်ငံမှာတော့ ကျွန်းတုတွေပေါ်မှာ ကီတာကျူးရှုး လေဆိပ်သစ်ကြီး၊ ကိုဘေး လေဆိပ်၊ ချူဘူး ဆန်ထရာရီးယား လေဆိပ် စတဲ့ လေဆိပ်ကြီးတွေ ဖြစ်ပေါ်လို့ လာခဲ့ပါပြီ။

Photo Credit : Wikipedia 

 Photo Credit : Wikipedia




  Photo Credit


 Photo Credit

 Photo Credit

 Photo Credit


Special Credit to Source : (Link)

6 comments:

  1. လူသားသမိုင်းက အောင်မြင်မှုကြီးပါပဲ။ ဂျပန်တွေ တော်ပါပေတယ်။

    ReplyDelete
  2. ခုတော့ ကမ္ဘာမှာဂျပန်တွေ တော်တာ
    လက်ခံရပြီနော်---
    AH လဲတော်တယ်
    ရှာရှာဖွေဖွေ ဖော်ပြပေးတာကိုး
    ခင်ခင်မင်မင် jasmine

    ReplyDelete
  3. ဂျပန်တွေ....တော်တယ်..

    ReplyDelete
  4. ပင်လယ်ပြာပြာနဲ့ ကြည့်ရတဲ့ပုံတွေက လှလိုက်တာ
    သူတို့ဆီမှာတော့ နည်းပညာရှိပြီး မြေမရှိဘူး
    တို့ဆီမှာတော့ မြေရှိပြီး နည်းပညာမရှိဘူး
    ရတာမလို လိုတာမရ..

    ReplyDelete
  5. အခုတော့ ဒီဟာက ပြဿနာဖြစ်နေပြီ ကိုအောင်ထွဋ်ရေ... ထိန်းသိမ်းစရိတ်တွေ ကြီးလွန်းတာကြောင့် လက်ရှိစီးပွားကျနေတဲ့ ဂျပန်အစိုးရ ခေါင်းမီးတောက်နေပြီ... တရုတ်တွေက ဒါကို သင်ခန်းစာမယူတတ်သေးဘူး.. စီးပွားတက်တဲ့အချိန် ဘာမဆိုလုပ်ရင်ဖြစ်တယ်ဆိုပြီး မာန်တက်နေကြတယ်.. အကျဘက်ရောက်မှ အကျနာမယ်...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete