Pages

Monday, January 16, 2012

ဒီဇိုင်းချို့ယွင်းမှု့ကြောင့် လေယာဉ်တင်သင်္ဘောပေါ် မဆင်းနိုင်တဲ့ F35 Lightning II


          F35 Lightning II ဟာ ကမ္ဘာပေါ်မှာတော့ ဈေးအကြီးဆုံး လေယာဉ်ပျံတွေထဲမှာ အပါအ၀င်ပါ။  ဒါကို အရင်ရေးခဲ့တဲ့ ပိုစ့် ဈေးအကြီးဆုံး တိုက်လေယာဉ်များမှာ ကြည့်နိုင်ပါတယ်။  ဒီလေယာဉ်ဟာ မဟာဗျူဟာမြောက် စစ်ဆင်ရေးတွေအတွက် ဒီဇိုင်းထုတ်လုပ်တာဖြစ်ပြီးတော့ လေယာဉ် အတက်အဆင်းအတွက် ဒီဇိုင်း ၃မျိုး ထုတ်လုပ်ထားပါတယ်။  ပထမ အမျိုးအစားကတော့ သမရိုးကျ လေယာဉ် အတက်အဆင်းပြုလုပ်နိုင်ပါတယ်။  ဒုတိယ အမျိုးအစားကတော့ လေယာဉ်ပြေးလမ်းတိုမှာလည်း လေယာဉ်ပျံသန်းထွက်ခွာနိုင်ပြီး ဒေါင်လိုက်ပုံစံနဲ့ လေယာဉ်ပျံ ဆင်းသက်နိုင်တာပါ။  တတိယတစ်မျိုးကတော့ လေယာဉ်တင်သင်္ဘောတွေမှာ တင်ဆောင်နိုင်စေရန် ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်ခဲ့တာပါ။ ဒီလေယာဉ်တစ်စီးရဲ့ ကုန်ကျစရိတ်ဟာ ပျမ်းမျှ ဒေါ်လာ ၁၂၂ သန်းရှိပါတယ်။          ခုတော့ ပင်တဂွန်ကနေ ပေါက်ကြားလာတဲ့ သတင်းတစ်ရပ်အရတော့ ဒီလေယာဉ်ဟာ ဆင်းသက်ပုံ ရှစ်မျိုးကို စမ်းသပ်ကြည့်ရာမှာ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။  အဓိက အကြောင်းအရင်းကတော့ လေယာဉ်တင်သင်္ဘောပေါ်ဆင်းသက်ရာမှာ လေယာဉ်ရဲ့ အရှိန်ကို အလျှင်အမြန်လျှော့ချစေဖို့နဲ့၊ လေယာဉ်ပျံ ဆင်းသက်နေတုန်းမှာ အရှိန်လွန်ပြီး ပြေးလမ်းကြောင်းမှကျော်ကာ ပင်လယ်ထဲ ထိုးကျမသွားအောင် ထိန်းတဲ့ ချိတ် “arrestor hook” က ပြသနာဖြစ်နေတယ်လို့ဆိုပါတယ်။  အဲ့ဒီလေယာဉ်ရဲ့ ချိတ်ကို သင်္ဘောရဲ့ ကြိုးနဲ့ ဆင်းသက်ချိန်မှာ အံဝင်ခွင်ကျ ချိတ်မိမှ လေယာဉ်ဟာ လေယာဉ်တင်သင်္ဘောပေါ်ကို ဆင်းသက်နိုင်မှာပါ။ ခုတော့ဒီ ချိတ်ဟာ လေယာဉ်ပျံရဲ့ ဘီးနဲ့ အလွန်ကို နီးကပ်နေတယ်လို့ ဆိုပါတယ်။ 

          နောက်ထပ်ပြသနာတစ်ခုကတော့ လေယာဉ်ဟာ ဗြိတိန်ရဲ့ ATA(air-to-air) ဝေဟင်-ဝေဟင်ပစ်တဲ့ ဒုံးကျည် Asraam ကို ထည့်ပြီး ပစ်လွှတ်လို့မရဘူးလို့ ဆိုပါတယ်။  တစ်ကယ်လို့သာ ဒီယခု ပြဿနာဖြစ်နေတဲ့ ဒီဇိုင်းကို ပြန်လည် မပြုပြင်ပဲ လေယာဉ်ပျံတွေ ဆက်လက်ထုတ်လုပ်မယ်ဆိုရင်တော့ အန္တရယ်များတယ်လို့ ဆိုနေပါတယ်။  ဒီလို ဒီဇိုင်းကို ပြန်လည် ပြင်ဆင်မယ်ဆိုရင်လည်း အလွန်အကုန်အကျများမှာဖြစ်ပါတယ်။  အင်္ဂလန်ကတော့ ဒီလေယာဉ်ပေါင်း အစီး ၅၀ကိုမှာယူထားပြီး စုစုပေါင်း အင်္ဂလန်ပေါင် သန်း ၅၀၀ ရောက်သုံးထားပါတယ်။  ခုတော့ JSF စီမံကိန်းမှာ ပါဝင်ထားတဲ့ အမေရိကန်နဲ့ အင်္ဂလန်အပါအ၀င် အခြားသောနိုင်ငံများဟာ ဘီလျှံပေါင်းများစွာသော ပိုက်ဆံတွေ အကုန်ခံထားတဲ့ ဒီစီမံကိန်းအတွက် အကျပ်ရိုက်နေကြပါတယ်။
          ဒီလိုပြသနာဖြစ်လာတဲ့ ဂယက်ဟာ ဗြိတိန်တို့ရဲ့ တော်ဝင်လေတပ်ရဲ့ စီမံကိန်းတွေကို ကြီးမားစွာ ဂယက်ရိုက်ခတ်စေမှာပါ။  ဗြိတိန်ရဲ့ ကာကွယ်ရေး အတွင်းရေးမှုး ဂျင်မာဖီကတော့ “ကျွန်တော်တို့လို ကျွန်းနိုင်ငံအတွက်တော့ လေယာဉ်တင်သင်္ဘောတွေကနေ တိုက်လေယာဉ်နဲ့ ကာကွယ်ရေးဟာ အရေးကြီးလှပါတယ်” လို့ဆိုသွားပါတယ်။  သို့ပေမယ့်လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာကွယ်ရေး ၀န်ကြီးဋ္ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီလို ပေါက်ကြားလာတဲ့ သတင်းအတွက် ဘာမှ ထင်မြင်ချက်ပေးဖို့ ငြင်းဆန်သွားပါတယ်။  လူမှန်ရင်တော့ အမှားနဲ့ မကင်းတတ်ကြပေမယ့် ငွေတွေပုံသြော်ပြီးသုံးထားတဲ့ ဒီလို စီမံကိန်းကြီးမှာ ဒီလိုအမှားတွေဖြစ်လာပြီဆိုတော့ ဒီဇိုင်း အင်ဂျင်နီယာတွေလည်း မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်နေကြပြီ ထင်ပါတယ်။  သို့ပေမယ့်လည်း သူ့ဆန်စားပြီး ရဲရတဲ့ အင်ဂျင်နီယာတွေ ဘ၀ ဘယ်တတ်နိုင်မလည်းလေ။

Source : (Link)

3 comments:

  1. ဘိလိုဖျစ်တာယဲ ညစ်တယ် ညစ်တယ် Ah ပို့စ်တင်ထားတာကို ကိုယ့်ဘလော့မှ မတက်လာဖူး ချိုချဉ် ဘလော့ကို အလည်သွားမှ သိလိုက်ရတာ :( :(

    ReplyDelete
    Replies
    1. ဘယ်လိုဖြစ်တာတူန်းကိုအားထောင်ရေ ကွန်းမန့်လဲရှာမတွေ့ဘူး ရီပလိုင်းကြီးဘဲတွေ့တယ်
      လူပ်ပါဦးး(

      ခေါင်းမူးသွားတဲ့

      ဒိုးကန်

      Delete
  2. ရပါတယ် မဒမ်ရယ်..... ကျွန်တော့်ဟာ ကျွန်တော်ပြန်ပြီး ကွန်မန့်ပေးတာ။

    ReplyDelete