Pages

Saturday, February 11, 2012

အသားကင်ဆိုင်


          ပျင်းလှသည်။  တစ်ညနေလုံး အခန်းထဲမှာ နေရသည်။ ဘလော့ဂ်တွေ လျှောက်ကြည့်ဖြစ်သည်။  သတင်းတွေ လျှောက်ဖတ်သည်။ နောက်ထပ် ဘာမှ လုပ်စရာမရှိ။  ထမင်းဆင်းစားသည်။  ဘာစားလို့ စားရမှန်းမသိ။  စားဖိုမှုး၏ ပါရမီမှာ အလွန့် အလွန်ကို ထူးချွန်လှသည်။  ဘယ်နေ့၊ ဘယ်အချိန်၊ ဘာအစားအစာ မှာစားစား မည်သည့် အရသာမှန်း မသိအောင် ချက်တတ်သည်။  အစားအသောက်မှ ထိုကဲ့သို့ အဆင်ပြေသလို ဘာသာစကား ပြောရတာလည်း အဆင်ပြေလှသည်။  အောာက်က ဓာတ်ပုံနှစ်ပုံကိုသာ ကြည့်တော်မူကြပါ။  အဲ့ဒါ ဟိုတယ်မှ ရေးထားသော စာများကို ရိုက်ထားခြင်းဖြစ်သည်။  ထို့ကြောင့် စကားပြောလျှင် မည်မျှ အပေါက်အလမ်းတည့်မည်ကို စဉ်းစားသာ ကြည့်တော်မူကြပါကုန်။





ဘာလုပ်လို့ လုပ်ရမှန်းမသိတာနဲ့ စီးတော်ယာဉ်ကို ဆွဲကာ ဟိုဟိုဒီဒီ လျှောက်ဖို့ စိတ်ကူးမိသည်။  ဒီ စီးတော်ယာဉ်က တစ်နှစ်ကျော်ကျော်လောက်ကြာပြီ။ ဒီအကောင်လေးက ညင်ကောင်းသည် ဘက်ထရီအားသွင်းထားလိုက် ပြီးရင်တက်စီးလိုက်နှင့် လေနှစ်ခါလားထိုးရသည်။  ကျန်တာ ဘာမှ သိပ်ချူချူချာချာ မဖြစ်လှ။ ယခုထိတော့ ဒေါင် ဒေါင်မည်နေသေးသည်။ 

လမ်းတလျှောက် တောင်ကြည့်မြောက်ကြည့်နှင့် အကင်ဆိုင်သွားတွေ့သည်။  တဲ့ကလေးနှင့် အထဲမှာထိုင်လို့ရသည်။  ဘာကင်တွေမှန်းတော့မသိ စုံတော့ စုံလှသည်။  စားလို့ကောင်းမည်ထင်တာတွေကို ဗန်းထဲလျှောက်ထည့်သည်။  ပင်းဟုန်ချာ (အေးသော အနီရောင် လက်ဖက်ရည် ဟု အဓိပ္ပာယ်ထွက်သည်ဟုပြောသည်) အဲ့ဒါ နှစ်ဘူး မှာလိုက်သည်။  ၀မ်လောင်ကျီး ၀မ်လောင်ကျီးဟု အော်သည်။  ထိုအအေးဘူး၏ အမည်မှာ ၀မ်လောင်ကျီးဖြစ်သည်ဟူ၏။ 


ဆိတ်သားလည်းပါသည်။ အာလူးလည်းပါသည်။ ခရမ်းသီးလည်းပါသည်။  မှိုလည်းပါသည်။  ငါးကတော့ကြိုက်သည်။  ဂျပန်ဆိုင်များတွင် ကြော်ရောင်းသော ငါးမျိုးဖြစ်သည်။  ဆာကေးနှင့် သာလွေးရလျှင်ဟု ချဉ်ခြင်း တက်လာသောကြောင့် ဂေ့ ကနဲ အသံထွက်သွားသည်။  မျက်စောင်းတစ်ချက်လှမ်းထိုးတာ ခံလိုက်ရသည်။  







မန်ယူ က လီဗာပူးကို လောလောဆယ် ၂ လုံးသွင်းထားသည်။  ဘောလုံးပွဲ ဆက်ကြည့်လိုက်ဦးမည်။

13 comments:

  1. ဖဘမှာ ရုတ်တရက်ဖတ်လိုက်တာ AH အသားကင်ဆိုင်ဆိုလို့ ကိုAH ကြီး ဆိုင်ဖွင့်ပြီ ထင်တာ ဟိဟိ

    ReplyDelete
  2. တို့ကတော့နားလည်တယ်ဆရာ။

    ReplyDelete
    Replies
    1. နားလည်မယ်ဆိုတာ ယုံတယ် မမ hik hik :P

      Delete
  3. အိပ်ခါနီးနောက်ဆုံးဖတ်တာမောင်အောင်ထွဋ်ရဲ့ပို့စ် အသားကင်တွေမြင်လို့ဗိုက်ဆာသွားပြီ။
    အောက်ထပ်ဆင်းပြီးခေါက်ဆွဲပြုတ်တယ် စားရင်းနဲ့ဘလော့တွေလည်လိုက်အုံးမယ်း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. The tallest temperature ဆိုတာကို ကြည့်မိတော့ အပူချိန်ဟာ အရပ် အရှည်ဆုံးအချိန်မှာတောင် ၉ ဒီဂရီ စင်တီဂရိတ်ဘဲ ရှိတာကိုး..
    ဒါဆို တော်တော်ပုတဲ့ အပူချိန်ဘဲနော် ဟဟဟ
    ဝမ်းလောင်ကျီအရသာကို တရုတ်တွေ အတော်ကြိုက်ကြတယ်နော်
    မြန်မာ ပါးစပ်နဲ့ကျတော့ ပေါ့ရွှတ်ရွှတ်လို့ ထင်ရတယ်။ သိပ်မကြိုက်လှဘူး ဆေးနံ့လည်း နံသလိုထင်မိတယ်။
    အကင်တွေတော့ ကြိုက်တယ်။။ တော်တော်ကြိုက်တယ်း)

    ReplyDelete
  5. အသားကင်တွေက ချားချင်စရာလေးတွေ ဗိုက်ဆာလိုက်တာ

    ReplyDelete
  6.း)... တရုတ်စကားတွေ ကျွမ်းနေပြီပေါ့... ၀မ်လောင်ကျီးလေး ဒီဘက်တစ်လုံးလောက်.. :P

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  7. ဒုတိယ ဆိုင်းဘုတ်က မှားတော့ မ မှားပါဘူး..
    စကားလုံး အသုံးအနှုန်း နည်းနည်းလေးပဲ လွဲ နေတာပါ..
    မနေခင် အရင် စာရင်းသွင်းပါ တဲ့..(အဆောင် လား၊ မိုတယ် လား တော့ မသိဘူး)

    ReplyDelete
  8. ခေါင်းစဉ်ကိုကြည့်ပြီး စီးပွါးရေး အသစ်စနေပြီလားလို့ပါ

    ReplyDelete
  9. ဟန်ကြည်February 12, 2012 at 1:03 PM

    ကောင်းလိုက်တဲ့ အင်္ဂလိပ်စာ အပူချိန် ဘယ်လောက်ရှည်မလဲ စဉ်းစားပြီး လန့်သွားတယ်...အသားကင်နဲ့ ကော်ဖီနဲ့တော့ ကီးမကိုက်ဘူး ကိုအောင်ထွဋ်ရယ်...ကျန်တာနဲ့ဆို ဟုတ်သေးး)

    ReplyDelete
  10. ပုံမှန်သုံးနေတဲ့ VNP ကျော်တဲ့ခွတဲ့ site က ပိုက်ဆံထပ်မသွင်းမိလို့ ဂန့်သွားသောအခါ၊ Free ရသော ကျော်ခွကို သုံးပြီး ယခု comment ရေးဖို့ ၁ နာရီလောက်ကြိုးစားယူနေရပါသည်။ ယနေ့အဖို့ ပိုစ့်အသစ်နိုင်မယ်မထင် :(

    ReplyDelete
  11. အသားကင်တွေကတော့ စားချင်စရာပါပဲ

    ReplyDelete
  12. ဘာနိုင်ငံပါလိမ့်? အင်္ဂလိပ်စာ တော်တော်ချာတာပဲ။ တရုတ်လိုမတတ်ရင်တော့ ရွာလည်ပြီပဲ။

    ReplyDelete