Pages

Monday, July 23, 2012

သွားကြဦးမလား ဖိလစ်ပိုင်က ရေတံခွန် စားသောက်ဆိုင်


               ဖိလစ်ပိုင်နိုင်ငံ ကျူဇွန်ပြည်နယ်က ဗီလာ အက်စ်ကူဒဲရို ဆိုတဲ့ အပန်းဖြေနေရာလေးကတော့ သွားရောက် လည်ချင့်စဖွယ်နေရာလေးပါ။  ကျယ်ဝန်းတဲ့ အိမ်နဲ့ခြံတွေမှာ အေးအေးဆေးဆေး အနားယူနိုင်သလို အဓိကစိတ်ဝင်စားဖို့အကောင်းဆုံး နေရာလေးကတော့ ရေတံခွန် စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။  သစ်ရွက်သစ်ခက်တွေနဲ့ ပြင်ဆင်ထားတဲ့ စားဖိုမှုးတွေရဲ့ ဒေသခံ အစားအသောက် ပြင်ဆင်မှု့၊ ၀ါးထိုင်ခုံလေးတွေနဲ့ ရေတံခွန်းကြီးအောက်မှာ ရေတံက ကျလာတဲ့ စမ်းရေလေးတွေထဲကို ခြေထောက်ချပြီး နေ့လည်စားစားရတဲ့ အရသာဟာ ဘာနဲ့မှ လဲနိုင်မှာမဟုတ်ပါဘူး။ 









အက်စ်ကူဒဲရိုရဲ့ အပန်းဖြေ အိမ်လေးတွေကလည်း သဘာဝအတိုင်းကို ၀ါးတွေနဲ့ ခင်းထားတဲ့ အဖီလေးအောက်မှာ အေးအေးဆေးဆေးအနားယူရင်း သဘာဝရဲ့ ငြိမ်သက်မှု့ကို ခံစားနိုင်ပါသတဲ့။


Source : (Link)

13 comments:

  1. ကျေးဇူးပဲ အေအိတ် ရေ
    အဲ့ နေနရာလေးကို တယောက်ထဲမသွားပဲ
    ချန်ထားရမယ် :)))
    ကျံသကာရည်ဆမ်းးးးးးး အတွက် ပေါ့ :PPPP

    ReplyDelete
  2. အမကျုတီက ကြံသကာဆမ်းတဲ့ ရေအောက်ကနေဒရယ်ကူလာနမ်းမှာတော့ သူမမြင်ဘူးဟိဟိ
    သများကရေကြောက်တဲ့သူဆို့တော့ ဟဲဟဲသွားဘူးး))

    ReplyDelete
  3. ကြည့်ရတာနဲ့ပဲ အရမ်းပျော်နေမိတယ်
    ထီပေါက်ရင်လဲကောင်းသားပဲ အသဲလေးနဲ့တူတူ သွားချင်လို့

    ReplyDelete
  4. ချစ်သူနဲ့သွားလည်ချင်ထှာာာ



    မောင်ဘကြိုင်

    ReplyDelete
  5. သွားလည်ချင်တာပေါ့ မောင်အောင်ထွဋ်ရယ် ဘယ်လိုများမေးလိုက်ပါလိမ့်း)
    ရေတံခွန်တွေမြင်နေရရင် စိတ်ထဲမှာကြည်နူးနေတယ်။ စမ်းရေစိမ့်ရေရဲ့ အေးမြမှုဟာ
    တစ်ခြားဘယ်အရာနဲ့မှမတူဘူး။ ရိုက်ချက်တွေကောင်းပါ့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. အပေါ်က ကြံသကာရည်ဆမ်းချင်တဲ့လူနဲ့ အသဲလေးနဲ့ သွားချင်တဲ့လူတွေကြားထဲမှာ လူပျိုကြီးက ဘယ်နှယ် ချစ်သူနဲ့ သွားချင်ရတာဒုန်း... :P

    ReplyDelete
  7. ဈေးရောင်းတဲ့ သမလေးတွေ လည်ရှည်ဖိနပ်စီးထးရင်ကောင်းမယ်နော် တနေကုန်ဆို မလွယ်ဘူး ခြေပြောင်ကြီးနဲ့

    ReplyDelete
  8. သွားကြတာပေါ့ဗျာ.. :D

    ReplyDelete
  9. အာ့မျိုးသာ စာပွဲထိုးရရင် အအေးမိပြီးဂိမှာ .. စားသောက်ဆိုင်မှာထိုင်စားဖို့ကလွဲပြီး ကျန်တာ အားလုံး သဘောကျ၏။ စာလေးရေး.. ပုံလေးဘာလေး ဆွဲ နဲ့ အေးအေးဆေးဆေး ၁ပတ်လောက် သွားပြီး အနားယူရရင် ဂွတ်မယ်

    ReplyDelete
  10. အင်း... တစ်ယောက်ယောက်က ရေထဲ တံတွေးတွေ သလိပ်တွေ ထွေးချရင် ခြေထောက် ယားကျိကျိ ဖြစ်ချင်စရာ။း)

    ReplyDelete
  11. သားလည်း ဦးအိတ်း)

    ReplyDelete
  12. ကိုမင်းJuly 25, 2012 at 12:21 PM

    အရမ်းမိုက်တယ်ဗျာ နေရာလေးက တကယ်ကိုသွားလည်ချင်စရာကောင်းပါတယ်ဗျာ

    ReplyDelete
  13. အသစ်အဆန်းလေး..သွားလည်ချင်စရာလေး...

    ReplyDelete