Pages

Tuesday, July 31, 2012

Diablo III ဂိမ်းကို နာရီ ၄၀ကြာဆော့ရင်း သေသွားတဲ့ လူငယ်



          တိုင်ဝမ်နိုင်ငံက အသက် ၁၈နှစ်အရွယ် ချောင် ဆိုတဲ့ လူငယ်လေးကတော့ အင်တာနက် ကဖေးဆိုင်တစ်ခုမှာ နာရီပေါင်း ၄၀ကြာ မရပ်မနား (ပ၀ါမကူ ရေမရှု လို့ ဆိုရမလားပဲ) နောက်ဆုံးထွက် Diablo III ကို ကစားရင်းနဲ့ သတိလစ်မေ့မျောကာ နောက်ဆုံး သေဆုံးသွားခဲ့ပါတယ်။  ချောင်ဟာ Blizzard’s ကထုတ်တဲ့ Diablo III game အသစ်ကို ဆော့ဖို့အတွက် အဆိုပါ အင်တာနက် ကဖေးမှာ ဘွတ်ကင်ယူပြီးတော့ကို ဆော့ပါသတဲ့။  ဂိမ်းဆော့တဲ့ အချိန်အတွင်းမှာ ဘယ်လို အာရုံနောက်တာမှ မလိုချင်လို့ အစားတောင်မစားပဲ နာရီ ၄၀ကြာအောင် ဇူလိုင် ၁၃ ရက်နေ့ ကထည်းက ဆက်တိုက်ဆော့လိုက်တာ ဇွန်လိုင် ၁၅ ရက်မနက်မှာတော့ အင်တာနက်ဆိုင်အဖွင့်မှာ ဆိုင်ဝန်ထမ်းက ကွန်ပျူတာရှေ့မှာ မှောက်နေတဲ့ ချောင် ကိုတွေ့ရတယ်လို့ ဆိုပါတယ်။  သူ့ကို လှုပ်နှိုးလိုက်တော့ လမ်းအနည်းငယ်သာလျှောက်နိုင်ပြီး လဲကျသွားခဲ့တယ်လို့ ဆိုပါတယ်။  ဆေးရုံကိုပို့ခဲ့ပေမယ့် မကြာခင်မှာပဲ ချောင်ဟာ သေဆုံးသွားခဲ့ပါတယ်။
          သူဘာဖြစ်လို့ သေသွားသလဲဆိုတာကတော့ စုံစမ်းနေတုန်းပါပဲ။  ဒါပေမယ့် ချောင်ဟာ ဂိမ်းကစားနေ့တဲ့ တစ်လျှောက်လုံး အစာမစားခဲ့ပါဘူး။ ဒါပေမယ့် သူဘာတွေ သောက်ခဲ့လဲဆိုတာကတော့ စုံစမ်းနေဆဲလို့ဆိုပါတယ်။  တစ်ကယ်လို့သာသူဟာ ခွန်အားဖြင့် အချိုရည်လို့ခေါ်တဲ့ Energy Drinks တွေကိုသာ သောက်ခဲ့မယ်ဆိုရင်တော့ ဒါဟာ သူ့ခန္ဓာကိုယ်အလုပ်လုပ်ပုံကို အဓိက ထိခိုက်စေတဲ့ အကြောင်းဖြစ်မှာပါ။  ဘယ်အရာမဆို အလွန်အကျူးလုပ်ရင် ဘေးဖြစ်တာပါပဲလေ။  ဂိမ်းဆော့လဲ နားချိန်လေးတော့ ထားသင့်ပါတယ်။  ဂိမ်းကစားတာကို ခဏရပ်၊ အပြင်လေးဘာလေးထွက်၊ အစားစား၊ ဟိုကြည့်၊ ဒီကြည့်ပေါ့။

Source : (Link)

4 comments:

  1. ဖြစ်မှ ဖြစ်ရလေ ချောင်ရယ်

    ReplyDelete
  2. ကိုယ်တွေ့ဘူးတဲ့ သူ တစ်ချို့လဲ ဂိမ်းကိုတော်တော်လေးစွဲလမ်းကြတာ တွေ့ဘူးတယ်..
    အလွန်အကျွံဆိုတော့ ကျန်းမာရေးထိခိုက်မှာ...ပေါ့လေ..

    ReplyDelete
  3. တန်ဆေးလွန်ဘေး.. :(



    ခင်မင်လျက်

    နေ၀သန်

    ReplyDelete
  4. အင်း.. အသက်သေတဲ့အထိ ဒီကစားပွဲတွေကို ခုံမင်ပြသွားတာပဲ..။

    ReplyDelete