Pages

Monday, October 1, 2012

Novel Coronavirus (SARS မျိုးနွယ်ဝင် ဗိုင်းရပ်(စ်) အသစ်)


          SARS… တုန်းက လူတွေ အလူးအလဲ ခံခဲ့ရတာပဲ။  ခုလည်း လာပြန်ပြီ နောက်တစ်မျိုး Novel Coronavirus တဲ့။  WHO (World Health Organization) ရဲ့ အဆိုအရတော့ လောလောဆယ် ၂ ယောက်တွေ့ထားပါသတဲ့။  ခုထိတော့ အများကြီး ပြန့်သွားတယ် မကြားမိသေးပါဘူး။  SARS ရဲ့ virus အုပ်စုဝင် တစ်မျိုးဖြစ်တဲ့ coronavirus မျိုးစိတ်ကို လောလောဆယ်တော့ Novel Coronavirus လို့ ခေါ်ပါတယ်။ 
ဒီ ဗိုင်းရပ်ဝင်သွားရင် ရုတ်တရက် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အပါအ၀င် ကျောက်ကပ်ရဲ့ အလုပ်လုပ်မှု့စနစ်ကိုပါ ထိခိုက်စေပါသတဲ့။  ဆေးအကြောင်းလဲ နေသိပ်မကောင်းရင် ပါရာစီတမောတစ်လုံးသောက် စောင်ခြုံပြီးကွေး ဆိုတာလောက်ကလွဲလို့ ဘာမှ သိလှတယ်မဟုတ်၊ သြော်.. ဗိုင်းရပ်(စ်) ဆိုတော့လဲ ဗိုင်းရပ်(စ်)ပေါ့လေ။   ဟိုလို ဒီလို ကာကွယ်ပါဆိုတဲ့ လက်ကမ်းစာစောင်ဝေတော့လဲ အဲ့ဒီအတိုင်း လိုက်လုပ်ယုံပေါ့။  ဘယ့်နှယ် တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် အသစ် အသစ်တွေ ထွက်ပဲ ထွက်နိုင်လွန်းတယ်။  စိတ်ဝင်စားသူများကတော့ ဟော့ဒီ အစီရင်ခံစာမှာ အသေးစိတ် ဖတ်လို့ရပါတယ်။  ကျွန်တော်ကတော့ ဖတ်လဲ နားမလည်။
ဒီဗိုင်းရပ်(စ်)က အရှေ့အလည်ပိုင်း(ဆော်ဒီ နဲ့ ကာတာ) ကနေ စပြီးတော့ ပြန့်တယ်လို့ ယူဆပါသတဲ့။  ဒီနေ့တော့ အလုပ်ထဲကို မသွားပဲ တစ်ရက်နားပစ်လိုက်တယ်။  ဒီတော့ ပိုစ့်အသစ်လေးတွေ ရေးဖြစ်တယ်။  အရင်ရက်တွေတုန်းက ပိုစ့်မှန်မှန် မတင်ဖြစ်တဲ့အတွက် စာလာဖတ်သူများကို အထူးပဲ အားနာမိပါတယ်။  ကမ္ဘာကြီးကတော့ တစ်ဖြည်းဖြည်းနဲ့ ယိုယွင်းလာတာပါပဲလေ။  အရေးကြီးတာက ခြေအိတ်တွေ လျှော်ရဦးမယ်။  ပိတ်ရက်လေးရတုန်း။

4 comments:

  1. Novel Coronavirus
    (SARS မျိုးနွယ်ဝင် ဗိုင်းရပ်(စ်) အသစ်)
    ဗိုင်းရပ်စ်အကြောင်းသိကောင်းစရာ
    ဗဟုသုတလေးမှတ်သားသွားပါတယ်

    ReplyDelete
  2. ရောဂါအဆန်းတွေပေါများလာတဲ့
    အို-----လောကကြီးရယ်

    ReplyDelete
  3. တစ်မျိုးပြီးတစ်မျိုးမရိုးနိုင်တဲ့ ရောဂါဆန်းတွေ
    ကမ္ဘာကုန်ကျယ်သရွေ့ပါပဲ မောင်အောင်ထွဋ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4.ိရောဂါတွေက တမျိုးပြီးတမျိုး မရိုးနိုင်ပါလား..

    ReplyDelete