Pages

Tuesday, August 13, 2013

Noose

      စင်ကာပူ ပြန်ရောက်နေတုန်း The Noose ရဲ့ series လေးတွေကို YouTube ကနေပြန်ကြည့်ဖြစ်သည်။  Noose ဆိုတာ Mediacorp channel 5 ကနေ လာလေ့ရှိတဲ့ စင်ကာပူနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်လေးတွေကို လှောင်ထားတဲ့ သတင်းလေးတွေ တင်ဆက်ပေးတဲ့ အစီအစဉ်ပါ။  ရယ်လဲ ရယ်ရသလို အပျင်းလဲ ပြေလို့  ဒီနေ့ည ထိုင်ကြည့်နေဖြစ်တယ်။  တစ်ချို့အပိုင်းကလေးတွေကို အမြည်းအဖြစ် တင်ပေးလိုက်ပါတယ်.......









ဒီအောက်က ဗီဒီယိုလေးကတော့ စင်ကာပူနိုင်ငံရဲ့ကလေးမွေဖွားနှုန်းကျဆင်းနေတာကို ပြောင်ထားတဲ့ သတင်းလေးပါ။  တရုတ်နိုင်ငံက လာတဲ့ လုလုဆိုတဲ့ မိန်းကလေးပုံစံနဲ့အင်တာဗျူးလုပ်ထားတာပါ။  တရုတ်က ပန်ဒါတွေ တစ်နေ့ကို ၀ါးရွက် ၁၅ကီလိုလောက်စားပြီးတော့ တစ်နှစ်ကိုတော့ တစ်သားပေါက်ကြောင်း၊  စင်ကာပူက စုံတွဲတွေကတော့ တစ်နှစ်ကို ထမင်း ၃ ကီလိုလောက်စားတာတောင်မှ ၅ နှစ်တစ်ကြိမ်လောက်သာ ကလေးမွေးကြောင်း၊  ဒါကြောင့် စင်ကာပူ ကလေးမွေးဖွားနှုန်းတက်လာဖို့  ပန်ဒါ တွေ ကလေးမွေနှုန်းတိုးလာအောင် ပြတဲ့ ပန်ဒါရုပ်ရှင်ကို ကြည့်သင့်ကြောင်းပြောင်ထားတဲ့ အပိုင်းလေးပါ......

ဒီအပိုင်းလေးကတော့ စလုံးတွေ သုံးတဲ့ Singlish ကို စလုံးအစိုးရက English ပီပီသသပြောသင့်ကြောင်း ဝေဖန်မှု့ထွက်လာလို့ ပြောင်ထားတဲ့ အပိုင်းလေးပါ.....


ဒီအပိုင်းကတော့ မိုးလေ၀သ သတင်းလေးကို ဟာသဖောက်ထားတာပါ...


စင်ကာပူနိုင်ငံသားတွေ complain များတယ်ဆိုတဲ့ အကြောင်းလေးပါ...


ဒါကတော့ စင်ကာပူ ကွန်ဒိုအသစ်တွေမှာ ပြင်သစ်နာမည်တွေများလာလို့ တက္ကစီသမားတွေ အခက်အခဲတွေ့ရတဲ့ အကြောင်းလေးပါ...


Noose ကတော့ Series တွေအများကြီးရှိတော့ ကြိုက်သောသူများ YouTube မှာ မွှေနှောက်ရှာကြည့်ကြပါခင်ဗျား...









2 comments:

  1. တော်တော်နောက်တဲ့ လုလု။း)

    ReplyDelete
  2. ဟန်ကြည်August 14, 2013 at 6:25 PM

    ကိုအောင်ထွဋ်ရေ ဖြစ်ပုံများကတော့ flash player အဆင်သင့်မရှိတာနဲ့ပဲ မြင်ငတ်ကြီးဖြစ်ပါလေရော...အားတဲ့တစ်နေ့လောက်မှ လိုက်ကြည့်ဦးမယ်...

    ReplyDelete