မြောက်ကိုရီးယားရဲ့
တရားဝင် မှတ်တမ်းမှာတော့ သွားလေသူ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီးဟာ အမိဝမ်းက ကျွတ်လို့
၃ ပတ်သားအရွယ်မှာတင် လမ်းလျှောက်နိုင်ပါသတဲ့။
၈ ပတ်သားအရွယ်မှာ စကားစတင်ပြောနိုင်ပါသတဲ့။ သူ ကင်မ်အီလ်ဆုံ တက္ကသိုလ်မှာ ၃ နှစ်ကျောင်းနေခဲ့စဉ်အတွင်း
စာအုပ်ပေါင်း ၁၅၀၀ လောက် ရေးသားခဲ့ပြီး အော်ပရာပြဇာတ် ၆ ပုဒ်ပါ ရေးပါသတဲ့။ သူ့ရဲ့ အတ္တုပတ္တိ စာအုပ်ထဲမှာတော့ သူရေးခဲ့တဲ့ အော်ပရာ
ပြဇာတ်တွေဟာ ဂီတ သမိုင်းအဆက်ဆက်က ဇာတ်ထုပ်တွေထက်တောင် ပိုကောင်းပါသတဲ့။ သူ့ရဲ့ အားကစားထူးချွန်ပုံကလည်း အံမခန်းပါတဲ့ဗျာ။ ၁၉၉၄ မြောက်ကိုရီးယားရဲ့ တစ်ခုတည်းသောရှိတဲ့ ဂေါက်ကျင်းမှာ ဂေါက်ရိုက်သင်ပြီးပြီးချင် ၃၈ ကျင်းရိုက်တော့ ၁၁ ကျင်းမှာ hole-in-one ရတယ်လို့ ပြုံယမ်း မီဒီယာတွေမှာ ဖော်ပြသွားပါတယ်။ သူ့ရဲ့ ကိုယ်ရံတော် ၁၇ယောက်က ဒီလိုမျိုး စံချိန်တွေချိုးတာကို
မှတ်တမ်းတင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး
လက်စွမ်းပြပြီးကထဲက ကင်မ်ဂျုံအီးတစ်ယောက် ဂေါက်လောကကို လက်ပြနှုတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။