Pages
▼
COVID 19
နဲ့ပါတ်သတ်ပြီးတော့ အမြင်လေးတွေ ပြောချင်ပါတယ်။
လောလောဆယ် ကိုယ်တွေမြန်မာပြည်မှာတော့ အလူးအလဲ ခံစားနေရတော့ ဖတ်ရင်း စာရှည်သွားမယ်ဆိုရင် ခွင့်လွှတ်ပါ။ COIVD-19 ရောဂါကြီးဆိုပြီး အရမ်း
ကြေက်စရာမလိုပါဘူး။ ဖြစ်ပွားမှု့ရဲ့ ၈၀% နှုန်းဟာ
ပြင်းပြင်းထန်ထန် မဖြစ်ကြပါဘူး (အဲ့ဒီအထဲက ၄၀% နှုန်းလောက်က (asymptomatic) ရောဂါ လက္ခဏာ
မပြပဲ ပိုးသယ်ဆောင်နိုင်သူတွေဖြစ်ပြီး)၊ ၂၀% နှုန်းက ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ်။ ၅% နှုန်းကတော့ အလွန်ပြင်းထန်စွာ ခံစားရနိုင်ပြီး
၂.၂% ၀န်းကျင် လောက်ကတော့ သေဆုံးနှုန်းရှိပါတယ်။ ကျွန်တော် COVID 19 ကို အကြောင်းအရာ ခေါင်းစဉ်လေးတွေနဲ့
ခွဲပြီး တင်ပြချင်ပါတယ်။ လက်ရှိလဲ လူတော်တော်များများ
ကူးစက် ခံစားနေရတာ၊ သိပြီးတွေလဲ များနေပြီ၊ ခုမှ ဘာထပြီး COVID 19 ကို ရေးတာလဲပြောရင်လဲ
ခံရမှာပဲ။ ဒါပေမယ့် လက်ရှိဖြစ်နေတာထက် ဘယ်လောက်အထိ
ပေရှည်နိုင်သလဲဆိုတာကိုပါ ပြောချင်လို့ပါ။
အင်တာနက်မှာ ဟိုရှာဒီရှာလို့ ရတဲ့ဟာလေးတွေကို မြန်မာမှု့ပြုလိုက်ပါတယ်။