Pages

Friday, August 19, 2011

ဟော်လန်နိုင်ငံ အမ်စတာဒမ်တွင် ကုန်း/ရေ နှစ်မျိုးသွား ဘက်စ်ကားသစ် ဖွင့်လှစ်ပြေးဆွဲ



ပြီးခဲ့တဲ ဗုဒ္ဓဟူးနေ့က ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့တွင် Floating Dutchman လို့ခေါ်တဲ့ ကုန်း-ရေ နှစ်မျိုးသွား ဘက်စ်ကား ကို ပထမဦးဆုံးအကြိမ် ခရီးသည် တင်ဆောင်ပြေးဆွဲခြင်းဖြင့် ဖွင့်လှစ်လိုက်ပါတယ်။ ဒီဘက်စ်ကားရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမ်စတာဒမ်လေဆိပ် (Amsterdam’s Schiphol Airport)မှာ နောက်ထပ်ခရီးစဉ်တစ်ခုကို ကူးမည့်ခရီးသည်များ လေယဉ်တစ်စီးနှင့် တစ်စီးကြား စောင့်ရသည့်အချိန်ကို အပန်းဖြေမှု့ဖြင့် ကုန်လွန်စေရန် ရည်ရွယ်ပါတယ်။ သမားရိုးကျ လေဆိပ်အတွင်း စားသောက်ဆိုင်များတွင် စားသောက်ခြင်း၊ ဈေးဝယ်ထွက်ခြင်း စသည့်တို့ထက် ပိုမိုသစ်ဆန်းတဲ့ ဆွဲဆောင်မှု့တစ်ခုလည်းဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ လေဆိပ်မှနေပြီးတော့ အမ်စတာဒမ်မြို့ထဲကို ၀င်ပြီးတော့ “Splash Zone” လို့ခေါ်တဲ့ အထူးတည်ဆောက်ထားတဲ့ တူးမြောင်းထဲမှာ လှည့်လည်မောင်းနှင်မှာဖြစ်ပြီး အဝေးပြေးလမ်းမှကြီးမှ တစ်ဆင့် လေဆိပ်ကို ပြန်လည်ဝင်ရောက်မှာဖြစ်ပါတယ်။
ခရီးသည် Annette Fatael ရဲ့ပြောပြချက်ကတော့ “ကြာသာပတေးနေ့ ကျွန်တော်တို့ တိုရွန်တို ကနေ တဲလ်အဗစ် ကို ခရီးဆက်ဖို့ လေဆိပ်မှာ ၉နာရီလောက်ထိုင်စောင့်နေရမယ့်တူတူ အခြားသော လေဆိပ်က စီစဉ်ပေးထားတဲ့ ခရီးစဉ်တွေထဲက ဒီ ကုန်း-ရေ နှစ်မျိုးသွား ဘက်စ်ကား အစီအစဉ်ကို ရွေးဖြစ်လိုက်တာပါ။ မယုံကြည်နိုင်လောက်အောင်ကိုဘဲ ဒီကြီးမားတဲ့ ဘက်စ်ကားကြီးဟာ ရေထဲကို ဆင်းသွားပါတယ်” လို့ အထူးအဆန်းအနေနဲ့ ပြောခဲ့ပါတယ်။
ဒီကုန်းရေနှစ်မျိုးသွား ဘက်စ်ကားဟာ ရေပေါ်မှာ ဘက်ထရီနှင့် မောင်းနှင်သွားလာနိုင်ပါတယ်။ ဒီခရီးစဉ်ကို လေဆိပ်၊ မြို့တော်နှင့် ဒေသတွင်း အပန်းဖြေ သင်္ဘောသွားလာရေး လုပ်ငန်းတစ်ခုတို့က ပူးတွဲ ဖော်ဆောင်ခဲ့တာပါ။

ဒီရေထဲကို သွားလာနိုင်တဲ့ ဘက်စ်ကားက အမေရိကန်နိုင်ငံရှိ မြို့တော်တော်များများမှာ ရှိတဲ့ Duck Tour လို့ခေါ်တဲ့ အပန်းဖြေ ခရီးစဉ်များရဲ့ အယူအဆကို ယူထားတာဖြစ်ပါတယ်။ “ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကားကတော့ တစ်မူထူးခြားပါတယ်။ သူ့မှာ ဇိမ်ခံပစ္စည်း အပြည့်အစုံတပ်ဆင်ထားတဲ့ ကားကြီးဖြစ်ပြီး ရေထဲကိုလည်း လှေတစ်စီးလို သွားလာနိုင်ပါတယ်။ “
ကျွန်တော်တို့မှာ ဘက်စ်ကားအတွက် လိုင်စင်နံပါတ်ရှိသလို၊ ရေထဲမှာ မောင်းနှင်နိုင်ရန် အတွက်လည်း အသိအမှတ်ပြု လက်မှတ်ရှိပါတယ် ဒါကြောင့် ကျွန်တော်တို့ရဲ့ ကားဟာ ကြိုက်တဲ့နေရာကို မောင်းနှင်လို့ရပါတယ်။ အမေရိကန်က Duck Tore တွေမှာက များသောအားဖြင့် စစ်သုံးကားအဟောင်းကြီးတွေကို အသုံးပြုထားတာကြောင့် အလွန်ကို ဆူညံပါတယ်။ ဒါအပြင်သူတို့ဟာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းသာ မောင်းနှင့်ခွင့်ရှိတာပါ” လို့ Great Amsterdam Excursion မှ မန်နေဂျင်း ဒါရိုက်တာ Freek Vermeulen ကပြောကြားပါတယ်။
၂နာရီနှင့် ၄၅ မိနစ်ခန့်ကြာနိုင်သော အဆိုပါခရီးစဉ်ကို တစ်နေ့လျှင် သုံးကြိမ်ပြေးဆွဲပေးနေပါတယ်။ ကျသင့်ငွေကတော့ လူကြီးတစ်ယောက်အတွက် ၃၉ ယူရိုဖြစ်ပြီး ကလေးငယ်များအတွက်ကတော့ ယူရို ၁၉.၅ ကျသင့်မှာဖြစ်ပါတယ်။
တောင်ကိုးရီယားမှာရှိတဲ့ Incheon လေဆိပ်၊ ဟောင်ကောင်နိုင်ငံတစ်ကာလေဆိပ်ကဲ့သို့သော အချို့လေဆိပ်များမှာတော့ ခရီးသည်တွေအတွက် မြို့တော်ရဲ့ ထင်ရှားတဲ့နေရာတွေကိုလည်ပတ်နိုင်တဲ့ အစီအစဉ်များရှိပါတယ်။ စင်ကာပူနိုင်ငံရဲ့ Changi လေဆိပ်မှာတော့ စင်ကာပူမြို့တစ်ခွင်လုံးကို လည်ပတ်နိုင်တဲ့ အစီအစဉ်များရှိပါတယ်။ တူရကီလေကြောင်းလိုင်းမှာ လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေအတွက်လည်း တူရကီမြို့တော် အစ်စတန်ဘူးမှာ ခရီးစဉ်ပြောင်းရင် အခမဲ့ လည်ပတ်နိုင်တဲ့ အစီအစဉ်များလဲ ရှိပါတယ်။
ဘာဘဲပြောပြော ရွှေပြည်ကြီးက နိုင်ငံတစ်ကာလေဆိပ်ကြီးမှာရှိတဲ့ တစ်ခုထဲသော ရေခဲမုန့်ဆိုင်ကလေးမှာ တန်းစီရင်း စားခဲ့ရတဲ့ ရေခဲမုန့်ကိုတော့ အကြိုက်ဆုံးပါဘဲ။
မူရင်းလင့်ကတော့ ဒီမှာပါ - http://overheadbin.msnbc.msn.com/_news/2011/08/18/7408832-floating-tour-bus-launches-in-amsterdam

No comments:

Post a Comment