Pages

Sunday, August 28, 2011

ပထမဆုံး ချစ်သူ့ အနမ်းချွေအပြီးမှာသေဆုံးသွားတဲ့ မိန်းမပျို



          ဗြိတိန်နိုင်ငံမှ အသက် ၁၈နှစ်အရွယ်ရှိ ဘင်ဂျာမင်လို့ ခေါ်တယ့် မိန်းမပျိုကလေးဟာ သူမရဲ့ချစ်သူနဲ့ အနမ်းတစ်ပွင့် ချွေယူအပြီးမှာဘဲ သေဆုံးသွားခဲ့ပါတယ်။  ရဲတပ်ဖွဲ့ရဲ့ အဆိုအရတော့ သူမဟာ သူမရဲ့ ကျောင်းနေဖက်ချစ်သူဖြစ်သူ ဒန်နီရန် ရော့စ်နဲ့ ရိုမန်းတစ်ဆန်တဲ့ အချိန်ကာလလေးအတွင်းမှာ ပထမဆုံး အနမ်းတစ်ပွင့်ချွေပြီးနောက် ရုတ်တရက် လဲကျသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
          သူမရဲချစ်သူ အဆိုအရ “ကျွန်တော်တို့ဟာ တစ်ခုခုစားဖို့ ဘားတစ်ခုကိုသွားခဲကြပါတယ်။ ပြီးတော့ ကျွန်တော်မေ့ကျန်ခဲ့တဲ့ အကြွေးဝယ်ကဒ် ကိုယူဖို့ ကျွန်တော့ အိမ်ကို ပြန်ခဲ့ကြတယ်။ စကားတွေပြောရင်းနဲ့ ကျွန်တော်တို့ အိမ်အ၀မှာ အနမ်းချွေခဲ့ကြတယ်။  နောက်ပြီးတော့ မီးဖိုချောင်ထဲ ပြီးတော့ အိမ်ရှေ့ခန်းထဲကို လာခဲ့ပြီး ဂျင်မာက ဆိုဖာပေါ်မှာ ထိုင်နေခဲ့တယ်” လို့ ဆိုပါတယ်။
          နောက်တော့ ဂျင်မာရဲ့ မျက်လုံးတွေဟာ မှေးစင်းလာပြီး သူမ ပါးစပ်မှလဲ အမြှပ်တွေ ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။  ပြီးတော့ သူမ လဲကျသွားခဲ့ပါတယ်တဲ့။  ရော့စ်ဟာ သူမကို ကယ်တင်ဖို့ ကြိုးစားပေမယ့်လဲ ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူးတဲ့။  ဆရာဝန်ရောက်လာခဲ့ချိန်မှာတော့ အရာရာဟာ နောက်ကျသွားခဲ့ပါပြီ။ 




          ရော့စ်က သူနဲ့ သူမဟာ လွန်ခဲ့တဲ့ သုံးလက သူငယ်ချင်းများဖြစ်ခဲ့ကြပြီး အချစ်နယ်လွန်ခြင်းမရှိခဲ့ပါဘူးတဲ့။  ဂျင်မာ သေဆုံးရခြင်းဟာ (SADS) လို့ခေါ်တဲ့ Sudden Adult Death Syndrome လို့ခေါ်တဲ့ ရောဂါ လက္ခဏာ တစ်မျိုးကြောင့် ဖြစ်ပါတယ်တဲ့။ ဒါဟာ ဖြစ်တောင့် ဖြစ်ခဲ ရောဂါ တစ်မျိုးဖြစ်ပြီး ဗြိတိန်နိုင်ငံမှာတော့ တစ်နှစ်ကို အယောက် ၅၀၀ လောက် ထိုရောဂါနဲ့ သေဆုံးလေ့ရှိပါသတဲ့။








Daniel Ross, Jemma Benjamin's Boyfriend

အနမ်းချွေလိုက်တဲ့ ချစ်သူက ခပ်ချောချောလေးဆိုတော့ ရှော့ရိုက်သွားတာ ထင်ပါရဲ့။

အင်း ရွှေပြည်ကြီးက မမလေးများ၊ မမကြီးများ အနမ်းမချွေခင် သတိထားကြဖို့တော့ လိုလိမ့်မယ်ထင်တယ်….

3 comments:

  1. မှန်တယ်..ရှော့ရိုက်သွားတာ.....ဟိ

    ခင်မင်စွာဖြင့်

    ReplyDelete
  2.ွှ်ွှုအင်း..အဲလိုရှော့တော့ရချင်ပေါင်း(

    ReplyDelete
  3. ထူးတော့ထူးဆန်းသား။ သတင်းထူးတွေအတွက် ကျေးဇူးတင်ပါတယ်

    ReplyDelete