Pages

Thursday, September 1, 2011

အပျိုစင်လေးများကို အခမဲ့ ၀င်ခွင့်ပေးမည့် တရုတ်က အပန်းဖြေဥယျာဉ်


         တရုတ်ပြည်၊ ဟူနန် ပြည်နယ်မှာရှိတဲ့ အပန်းဖြေဥယျာဉ်တစ်ခုကတော့ အသက် ၂၂ နှစ်နှင့် အထက် ယင်ဖိုတောင်မသန်းဖူးသေးတဲ့ အပျိုစင်လေးများကို အခမဲ့ဝင်ခွင့်နှင့်အတူ ဆုတွေပါပေးနေပါပြီတဲ့ဗျား။  ဒါဟာ တစ်ပြည်လုံးကို ဖြန့်ချီနေတဲ့ ဂလိုဗယ် တိုမ်း(စ်) လို့ခေါ်တဲ့ တရုတ်သတင်းစာက ဖော်ပြချက်ဖြစ်ပါတယ်။
          ၁၉၈၉ခုနှစ် စက်တင်ဘာ ၁၇ ရက်ပိုင်းနောက်မှာ မွေးတဲ့ အပျိုစင်ကလေးများကို ဆိုလိုတာပါတဲ့။  ဒီ အပန်းဖြေဥယျာဉ်ကြီးထဲမှာ စူးလောင် သိပ္ပံနှင့်နည်းပညာက ပြသထားတဲ့ ရေတံခွန်ရှု့ခင်းများ၊ ပန်းမျိုးစုံ တွေကို ကြည့်ရှု့နိုင်ပါသတဲ့။ လက်ဖက်နဲ့ သံလွင် ခင်းများ စတဲ့ စတဲ့ သဘာဝရှု့ခင်းတွေကိုလည်း ကြည့်ရှု့နိုင်ပါတယ်တဲ့ဗျား။
          အဓိက မေးခွန်းကတော့ “ ဒီအပန်းဖြေဥယျာဉ်ကြီးထဲကို အခမဲ့ ၀င်ချင်တဲ့ မိန်းကလေးဟာ အပျိုဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲဆိုတာပါဘဲ”
          သတင်းစာရဲ့ပြောပြချက်ကတော့ သူတို့ရဲ့ ရိုးသားဖြူစင်မှု့နဲ့ ဆုံးဖြတ်မှာပါတဲ့

   “ကျွန်တော်တို့ကတော့ သူ့တို့ ရိုးသားစွာနဲ့ လက်မှတ်ဝယ်မှာကို ယုံကြည်ပါတယ်” လို့ အရာရှိတစ်ယောက်ကဆိုပါသတဲ့။


Source : www.news.com.au

အင်း ရွှေပြည်ကြီးက အပျိုကြီး မမများ၊ အပျိုကလေးများ လေယဉ်လက်မှတ် အကုန်ခံနိုင်ရင်တော့ ဒီ အပန်းဖြေဥယျာဉ်ကြီးကို အခမဲ့သွားကြည့်ကြပါတော့ဗျာ….။ 
သူတို့ လုပ်ပုံက ရိုးသားမှု့ကို စမ်းသပ်တာလား၊  လူတွေကို များများလိမ်အောင်လို့ တွန်းပို့နေတာလားတော့မသိဘူး။  ကိုယ်ကျင့်တရားနှင့် မိမိကိုယ်ကို လေးစားတန်ဖိုးထားတဲ့ နိုင်ငံကြီးသားစိတ်တွေဝင်လာအောင်လို့ အခုလောလောဆယ် တရုတ်က အသည်းအသန်ကို ပရောဂျက်တွေနဲ့ကို လုပ်နေတာတွေ့တွေ့နေရတာဘဲ။  ရုပ်သံလိုင်းတွေမှာလဲ တစ်နေ့တစ်နေ့ ဒါတွေဘဲ တွေ့တွေ့နေရတာပဲ။  နိုင်ငံက စီးပွားရေးတက်လာတော့ လူတွေရဲ့ ခံယူချက်နဲ့ နိုင်ငံကြီးသားပီသတဲ့ စိတ်တွေတက်လာအောင် လုပ်နေကြတာနဲ့တူတယ်။
ဒါပေမယ့် ရှန်ဟိုင်းမှာတော့ လမ်းဘေး အမှိုက်ပစ်၊ တံတွေးထွေးနေကျတုန်းပါဘဲ။  အဲ လူကူးမျဉ်းကြားကူးတာတော့ တော်တော်လေးစည်းကမ်းရှိလာတာကိုတွေ့ရတယ်။  ဒါပေမယ့် နယ်မြို့တွေတော့ မပါဘူးနော်။  လူနေမှု့စရိုက်ဆိုတာကလည်း နိုင်ငံရဲ့ စီးပွားရေးနဲ့ အသိပညာကြွယ်လာတော့မှ စရိုက်ကလည်း တဖြည်းဖြည်းတက်လာမှာကိုး။  အာရှက နဂါးကြီးကတော့ ကမူးရှုးတို့တဲ့ နိုးလာပါပြီ။  သတိလေးနဲ့တော့ စောင့်ကြည့်ကြပါစို့ဗျာ။

1 comment:

  1. နည်းနည်းတော့တစ်မျိုးပဲ

    ReplyDelete