Pages

Wednesday, September 21, 2011

ကမ္ဘာပတ်မယ် စက္ကန့် ၆၀


           ဒါကတော့ ဂျက်ကီချန်းရဲ့ ကမ္ဘာပတ်မယ် ရက်၆၀ မဟုတ်ပါဘူး  ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးကို ၁ မိနစ်အတွင်း ပတ်ကြည့်တာပါ။  ပစိဖိတ် သမုဒ္ဒရာ တောင်ဘက်ပိုင်းကနေ အမေရိကတိုက်ကို ဖြတ်သန်းပြီး အန္တာတိကတိုက်နား နေထွက်လာခါနီးအထိ ရိုက်ထားတဲ့ ၁ မိနစ်စာ ဗီဒီယိုလေးပါ။  ဒီ ဗီဒီယိုလေးကို James Drake          ဆိုသူက ဖန်တီးခဲ့တာဖြစ်ပြီး ဒီ တစ်မိနစ်စာ ဗီဒီယိုကလေးရဖို့အတွက် နိုင်ငံတစ်ကာ အာကာသစခန်းမှ ဓာတ်ပုံပေါင်း ၆၀၀ ကျော်နဲ့ ဖန်တီးခဲ့ရတယ်လို့ဆိုပါတယ်။  ပြီးခဲ့တဲ့ တစ်ပတ်ကမှ တင်ခဲ့တဲ့ ဒီ ဗီဒီယိုလေးကို YouTube မှာ ကြည့်ရှု့သူပေါင်း ၂ သန်း ၆ သိန်းကျော်ရှိသွားပြီ ဖြစ်ပါတယ်။  ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီး တစ်ပတ် အမြန်ဆုံး ခရီးသွားချင်သူတွေ ကြည့်ပါလို့ ညွှန်းလိုက်ပါတယ်။


Source : (Link)

5 comments:

  1. ကမ္ဘာတပတ်လျောက်လို့လည်း ဒုံပျံကြီးစီးလို့ရယ် ကိုကိုအေအိတ် ပြောပြတဲ့ youtube ထဲမှာကွယ် ဟဲ ဟဲ :P

    ReplyDelete
  2. ဟမ် နေ့လည်တုန်းက ကွန့်မန့် ရေးထားတာ ဒီပိုစ့်မှာ ဘယ်ပျောက်သွားလဲဟင်

    ReplyDelete
  3. အဲလိုပဲ ခင်လွန်လွန်းလွန့်လွန်းလို့သာ မန့်မန့်နေတာ နှစ်ထာ ကျန်ကျန်ရေးရလယ် :(

    ReplyDelete
  4. ၀တို့ ဆီမှာက ဘလော့ကာ တိုက်ရိုက် ဖွင့်လို့ မရ၀ူး လေ..... ဖေ့ဘုတ်၊ ယူကျု တွေလဲ ဖွင့်လို့ မရ၀ူး လကွယ်.... ၀လဲ ကြံဖန်ပြီးလော့ ဟို တန်နယ် ဒီ တန်နယ်တွေနဲ့ ကျော်ခွထားလေတော့... တီခါတီလေတော့ ကွန်မန့်တွေခြီမာ တန်နယ်တွေ ကြားထဲ မျက်စေ့လေး ကလယ် ကလယ်နဲ့ လမ်းပျောက်ရှာတယ်နဲ့ တူပါလယ်ကွယ်.......

    ReplyDelete
  5. တစ်မိနစ်ထဲနဲ့ ကမ္ဘာပတ်ပြီး သွားပြီကွာ...။ မိုက်တာပဲ....။

    ReplyDelete