Pages

Tuesday, September 27, 2011

World most valuable shipwreck - ကမ္ဘာ့ တန်ဖိုးအကြီးဆုံး သင်္ဘောပျက်


          ဒုတိယကမ္ဘာ့စစ်အတွင်းက နစ်မြုတ်ခဲ့တဲ့ ဒီသင်္ဘောကြီးကို အတ္တလန်းတစ် သမုဒ္ဒယာရဲ့ ရေအောက်ကြမ်းပြင်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။  ထို့အတူ ကမ္ဘာ့ပေါ်မှာ တန်ဖိုးအရှိဆုံးသတ္တုတွေဟာ ဒီသင်္ဘောပျက်ကြီးနှင့်အတူ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
          SS Gairsoppa လို့ခေါ်တဲ့ ဒီနစ်မြုတ်ခဲ့တဲ့ သင်္ဘောဟာ ငွေသတ္တု အောင်စပေါင်း ၇ သန်းကို တင်ဆောင်ခုတ်မောင်းနေရင်းနှင့် နစ်မြုတ်ခဲ့တာဖြစ်ပြီး ကာလပေါက်ဈေးအရဆိုရင် အင်္ဂလန် ပေါင် ၁၅၅ သန်းတန်ကြေးရှိနေပြီဖြစ်ပါတယ်။  ဒီသင်္ဘောပျက်ကြီးကို မြောက်အတ္တလန်းတစ် သမုဒ္ဒယာရဲ့ မီတာပေါင်း ၄၇၀၀ အနက်၊ အိုင်ယာလန်ကျွန်းစုရဲ့ မိုင် ၃၀၀ အကွာ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 
          ဒီသင်္ဘောဟာ ၄၁၂ ပေရှည်လျှားပြီး ဒုတိယကမ္ဘာစစ်တုန်းက တိုပီတို ဒုံကျည်ထိမှန်ပြီး နစ်မြုတ်ခဲ့တာဖြစ်ပါတယ်။  ရှာဖွေရေးကုမ္မဏီရဲ့ အဆိုအရတော့ “ဒီသင်္ဘောမှာ နစ်မြုတ်တဲ့အချိန်က ပေါင် ၆ သိန်းဖိုးတန်ဖိုးရှိတဲ့ ငွေသတ္တု အောင်စ ၇ သန်းတင်ဆောင်ခဲ့ပြီး အဲ့ဒီအထဲက ငွေသတ္တု အောင်စ ၃ သန်းဟာ အင်္ဂလန်နိုင်ငံအတွက် ငွေကြေးသွန်းလောင်းဖို့ အာမခံထားတဲ့ သတ္တုတွေဖြစ်ပါသတဲ့။  ဒါဟာ နစ်မြုတ်သွားတဲ့ သင်္ဘောတွေထဲက တန်ဖိုးအရှိဆုံး ကုန်စည်တစ်ခုလည်းဖြစ်ပါတယ်”

          ၂၀၁၀ခုနှစ်မှာ ဗြိတိန် ပို့ဆောင်ရေး ဋ္ဌာန ကနေပြီးတော့ အဆိုပါ Odyssey Marine Exploration ကုမ္မဏီကို ဒီသင်္ဘောပျက်ရှာဖွေရန်အတွက် ငှားရမ်းခဲ့တာပါ။  စာချုပ်အရတော့ ဒီ Odyssey ကုမ္မဏီဟာ ၈၀%နှုန်းသော ငွေသတ္တုတွေကို ဗြိတိန်ကို ပြန်ပေးရမှာဖြစ်ပါတယ်။
          ကုမ္မဏီဟာ (ROV – Remotely operated vehicle) တွေကို သုံးပြီးတော့ ဒီသင်္ဘောပျက်ရှိနိုင်တဲ့နေရာတွေကို လေ့လာစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။  ကုမ္မဏီရဲ့ အကြီးအကဲ Mark Gordon က “ကျွန်တော်တို့ဟာ Side-scan sonar (အသံဖြင့် ထောက်လှမ်းနိုင်သော ကိရိယာ) ကို အရင်သုံးပြီးတော့ သင်္ဘောရဲ့ တည်နေရာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ လလောက်ထဲက ROV တွေသုံးပြီး သင်္ဘောကို အနီးကပ် စစ်ဆေးခဲ့တာပါ” လို့ ဆိုပါတယ်။  အောက်က ဗီဒီယိုကတော့ သင်္ဘောပျက်ကိုအနီးကပ် ရိုက်ထားတဲ့ ဗီဒီယိုလေးပါ။  http://www.telegraph.co.uk ကနေပြီးတော့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source : (The Telegraph  1)

5 comments:

  1. အားတို့များ ဘယ်ကနေရှာရှာတင်ပါ့လိမ့် ကောင်းထှာ
    ဒိုးကန်တို့ကလဲ လစ်တာနဲ့လာဖတ်တာပဲး)

    ReplyDelete
  2. စင်ကာပူရောက်မြန်မာSeptember 27, 2011 at 5:13 PM

    အနော် တို့လဲ လာဖတ်ပါတယ် AH... ဗဟုတုတ တွေ တော်တော် များများ ရပါတယ်...

    ReplyDelete
  3. ဟဲဟဲဟဲ... ရုံးမှာ အလုပ်များချင်ယောင်ဆောင်၊ ခေါင်းလေးကုပ်လိုက်၊ စာရွက်လေးတွေ ဖြန့်လိုက်၊ ပြန်ခေါက်လိုက်၊ တောင်ခြစ်မြောက်ခြစ်လုပ်လိုက်၊ အီးမေးတွေလာရင် Yes/no ၂ လုံးလောက်ပြောပြီး ပြန်ပို့လိုက်နဲ့ မန်နေဂျာသိလို့ကတော့ တစ်ခါထဲ ဖနှောင့်နဲ ကန်ပြီး အလုပ်ထုတ်ပစ်လိုက်မှာ။ ဒီလိုခိုးချောင်ခိုးဝှက် တောင်ကရှာ မြောက်ကရှာနှင့် တစ်နေ့တစ်နေ့ တောင်တင် မြောက်တင် ဘလော့မှာ မဟုတ်သုတ်ခတွေ တင်ပါသည်ခင်ဗျာ :)

    ReplyDelete
  4. အံ့သြဖွယ်ကောင်းလောက်အောင်အရှာအဖွေ
    တော်ပါပေတယ်နော်.....
    ဒုတိယကမ္ဘာစစ်ဆိုတော့နှစ်တွေကြာနေပြီနော်...

    ReplyDelete
  5. ကြာပြီခင်ဗျ.... လွန်ခဲ့တဲ့ ၂ လလောက်ကမှ ပြန်ဖော်ကြတယ်ဆိုဘဲ။

    ReplyDelete