Pages

Thursday, October 13, 2011

စားကြဦးမလား အိုဘားမား ကြက်ကြော် (OFC - Obama Fried Chicken)

           ဘေဂျင်းက အိုဘားမားကြက်ကြော်ဆိုင် "OFC" ပါတဲ့။  KFC နဲ့ မတူ တစ်မူထူးခြားတဲ့ နာမည်နဲ့ကို ဖွင့်လှစ်လိုက်တာပါ။  ဟိုက သမ္မတကြီးတော့ လျှာတွေဘာတွေ ကိုက်မိသွားနိုင်ပါတယ်။  ဒါတင်ဘာဟုတ်သေးလည်း KFC ကိုယ်တိုင်တောင် အိုဘားမားပုံစံနဲ့ သူ့ KFC ကို ဟောင်ကောင်မှာ ကြော်ငြာသေးတာ Obama Fried Chicken (OFC) ပေါ်လာတာ အဆန်းမဟုတ်ပါဘူးနော့်။  ကဲ ရွှေပြည်ကြီးမှာ ဖွင့်ချင်တဲ့လူများရှိရင်လည်း အိုဘားမားကြက်ကြော်ဆိုင် ဖွင့်သာရောင်းကြပါတော့ ခင်ဗျား။  အောက်ကလင့်ကတော့ KFC ရဲ့ အိုဘားမား ဟမ်ဘာကာ ကြော်ငြာလေးပါ။

Source : (Link)


9 comments:

  1. ဘာအလုပ်မှမရှိလို့ပျင်းနေတာနဲ့ JFC ဆိုပြီးထလုပ်လိုက်ရရင်တော့
    သူတို့တွေငိုတော့မှာပဲ....ငြိမ်နေတာ အကောင်းမှတ်လို့ဟွန်း...

    ReplyDelete
  2. ဟုတ်ပ ဟုတ်ပ၊ မဂျက်စ်သာ JFC လုပ်လိုက်ရင် KFC ကြက်ကြော်တွေ ၀ယ်စားမယ့်လူမရှိလို့ ဆိုင်တောင်ပိတ်ပစ်ရမှာ.. :)

    ReplyDelete
  3. ဟော တွေ့လား ကော်ပီတွေလာပြီး .. ကော်ပီဖြန့်တာ ကိုအားထိုင်ပဲ (j/k) :D

    ReplyDelete
  4. ဟဲဟဲ JFK ကတော့ မူပိုင်ဖြစ်မှာပါ မဂျက်စ်ပုံနဲ့ ကြော်ငြာလို့ကတော့ လူတွေကို ကြိတ်ကြိတ်တိုး စားကြမှ ကိုမောင်သန့် ခင်ဗျ :P

    ReplyDelete
  5. သူများလည်း PFC လို့လုပ်လိုက်ရမလား
    pig fried chicken ဆိုပြီးတော့
    မကောင်းပါဘူးလေ..တော်ကြာလာစားတဲ့သူတွေက
    ဝက်သားလား ကြက်သားလားမကွဲပြားဘဲနေပါဦးမယ်..
    စိတ်လျော့လိုက်ပါတယ်

    ReplyDelete
  6. ကြက်ကြော်အပြင် ကွန်မန့်တွေကြောင့် ပြုံးသွားတယ်လို့......:):)

    ReplyDelete
  7. တစ်ပွဲလောက် ပါဆယ်ပို့ပေးလို့ရမလား
    OFC ဆိုတော့ စိတ်ဝင်စားလို့ပါလေ
    တော်သေးတာပေါ့ FOC မဟုတ်လို့ ။
    FOC ဆိုရင်တော့ ပိုက်ဆံပေးစရာမလိုတော့ဘူး
    ရှယ်ဘဲး)

    ReplyDelete
  8. များတို့က မအိုသေးလို့ အိုအက်ဖ်စီ ကိုမစားသေးဘူး
    အိုတဲ့သူများသွားစားကြ..မီးကငယ်သေးတယ် ..
    မီးကတော့ MFC ( MARRIED FRIED CHICKEN ဆိုင်ဖွင့်ဦးမှား)
    လာစားကြနော် အန်မဲရစ်တွေလဲလာလို့ရတယ်း)ဟီးးးးးးးးးး

    ReplyDelete
  9. ဟား ဟား မပစ်ပစ်နဲ့ မဂျက်စ်နဲကတော့ စီပွားပြိုင်ဖက်တွေ ဖြစ်တော့မှာပဲ

    မချောရေ.... ဆိုင်က ကောင်းမယ့်ပုံတော့မရှိလှဘူး

    မဒမ်ဆိုင်ဖွင့်ရင် လက်တို့နော်... ဒစ်စကောင့်ပေးရင် လာစားမှာပေါ့

    ReplyDelete