Pages

Sunday, November 13, 2011

သီချင်းရေးတာ ၀ါသနာထုံတဲ့ အင်ဒိုနီးရှား သမ္မတကြီး


      နိုင်ငံခေါင်းဆောင်တွေတော်တော်များများဟာ သူတို့ရဲ့ အပန်းဖြေမှု့ကို ဂေါက်ရိုက်ခြင်း၊ မြင်းစီးခြင်းတို့နဲ့ အပန်းဖြေတတ်ပေမယ့် အင်ဒိုနီးရှားသမ္မတကြီး စူစီလို ဘမ်ဘန်း ယူဟိုယိုနို ကတော့ ထူးထူးခြားခြား သီချင်းစပ်တာကိုမှ ၀ါသနာထုံပါလေသတဲ့။
          သူ့ရဲ့ သဘာဝ ပတ်ဝန်းကျင်အကြောင်း ရေးစပ်သီကုံးထားတဲ့ သီချင်းတစ်ပုဒ်ကို အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု့ [aisa-pacific economic cooperation (APEC) ] အစည်းအဝေးမှာ သမ္မတကြီးက စီးပွားရေး ခေါင်းဆောင်တွေကို မိန့်ခွန်းမခြွေခင်လေးမှာ ဖွင့်လှစ် နားဆင်ခဲ့ကြပါတယ်တဲ့။ 
          အသက် ၆၂နှစ် ရှိပြီဖြစ်တဲ့ သမ္မတကြီးကတော့ “ခေါင်းဆောင်တိုင်းမှာ ၀ါသနာ တစ်ခုခုတော့ ရှိကြပါတယ်။ တစ်ချို့က မြင်းစီးတာကို ၀ါသနာပါတယ်၊ တစ်ချို့က ဂေါက်သမားတွေ၊ တစ်ချို့က ငါးဖမ်းထွက်ကြတာကို ကြိုက်ကြတယ်ပေါ့လေ။  ကျွန်တော်ကတော့ သီချင်းရေးရတာကို ၀ါသနာပါတယ်ဗျ။  အမြဲတမ်းတော့ မရေးဘူးပေါ့လေ ဒါပေမယ့် ကျွန်တော့် စိတ်က ကြည်လင်လာတဲ့အခါမျိုး၊  ကျွန်တော့် စိတ်က သီချင်းရေးချင်လာတဲ့ အခါမျိုးကျရင်တော့ တစ်ချင်းတစ်ပုဒ်လောက် ရေးမိပါတယ်” လို့ ပြောသွားပါတယ်။

          သူက ၃ လ ၄ လ လောက် တစ်ပုဒ်လောက်တော့ ရေးတတ်ပါတယ်တဲ့။ “ဒါဟာ ကျွန်တော် လူတွေနဲ့ ဆက်ဆံဖို့ နည်းလမ်းတစ်ခုပါပဲ။  ကျွန်တော်က နိုင်ငံရေး အကြောင်းတွေချည်းပဲ ပြောနေရင် တစ်ခါတစ်လေကျတော့ အဓိပ္ပာယ်အကောက်လွဲတာမျိုးလေးတွေ ဖြစ်တတ်ပါတယ်” လို့ သမ္မတကြီးက ပြောသွားပါတယ်။
          APEC အစည်းအဝေ မစခင်မှာ ဖွင့်သွားတဲ့ သူရေးစပ်ထားတဲ့ သီချင်းကတော့ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ပေးလိုတဲ့ သမ္မတကြီးရဲ့ စိတ်ခံစားမှု့လေးကို ရောင်ပြန်ဟပ်နေသလိုပါပဲ။

ငါနဲ့ အတူ လိုက်ခဲ့ပြီး အမိမြေကို ကယ်တင်ကြပါစို့
တောအုပ်ကြီးတွေမှသည် ပင်လယ်ပြင်ကြီးဆီသို့၊ ကောင်းကင်ဆီသို့
တစ်ကယ်လို့သာ ငါတို့ အရာရာကို ပြောင်းလည်းနိုင်တဲ့ ယုံကြည်ချက်ရှိရင်ပေါ့
ဒါဟာ ငါတို့ရဲ့ အနာဂတ် မျိုးဆက်ကလေးတွေ အတွက်” ဆိုတဲ့ စာသား ပါဝင်ပါသတဲ့။

Source : (Link)

3 comments:

  1. ဆီဂိမ်းအတွက်လည်း သီချင်းရေးသေးတယ်နော်... Together we'll rise ဆိုလား သေချာတော့ မမှတ်မိလို့...

    ReplyDelete
  2. ဟုတ်လား ကိုမောင်သန့်ရေ သတင်းလေးအတွက် ကျေးဇူးပါခင်ဗျာ၊ သူ သီချင်းရေး ၀ါသနာပါတာ အခုမှ သိတာ :)

    ReplyDelete
  3. အာရို့ အာရို့ အာရို့

    ဆိုတာလေးတော့ နားထဲမှာစွဲနေတယ်ဗျာ။ "Indonesia got talents" ဆိုပဲ။

    ReplyDelete