Pages

Friday, February 10, 2012

Facebook ပေါ်က သူငယ်ချင်း ၁၅၂ ယောက်ရဲ့ပုံကို Tattoo ထိုးတဲ့ မိန်းကလေး


          လူတွေ Facebook ဆိုတဲ့ လူမှု့ရေးကွန်ယက်ကို အသုံးများလာတာနှင့်အတူ Facebook ကိုစွဲလမ်းလာကြပါတယ်။  တစ်နေ့ကို Facebook တစ်ခါလောက်မှ မ၀င်ရရင် နေမထိထိုင်မသာ ဖြစ်တဲ့ ရောဂါဟာ ကျွန်တော်အပါအ၀င် လူအတော်များများမှာပါ စွဲကပ်နေပြီလို့ ထင်ပါတယ်။ ဒီအမျိုးသမီးကတော့ ထူးထူးခြားခြား သူ့သူငယ်ချင်း ၁၅၂ ယောက်ရဲ့ Profile Picture တွေကို ညာဖက်လက်မောင်းပေါ်မှာ ဆေးမှင်ကြောင် ထိုးပါသတဲ့။  ထိုးပြီးသကာလမှာလည်း သူမရဲ့ Facebook Status မှာ ဟောသလိုရေးသေးသတဲ့









အောက်မှာတော့ သူမ တက်တူးထိုးနေတုန်း ရိုက်ကူးထားတဲ့ YouTube က ဗီဒီယိုပါတဲ့


ဒီလို ဆန်းဆန်းပြားပြား Facebook နဲ့ ပါတ်သတ်ပြီး ဆေးမှင်ကြောင်ထိုးတာ သူမ တစ်ယောက်ထဲတော့မဟုတ်ပါဘူး။  အရင်တုန်းကလည်း ရက်ပါ TPain ဆိုသူဟာ သူ့လက်မောင်းမှာ Facebook က Like ပုံစံလေးကို ထိုးဖူးပါသေးသတဲ့။



ကျွန်တော်တိုက ရွှေပြည်ကြီးမှာလည်း celebrity တွေ တက်တူးထိုးတာ ခေတ်စားနေလေတော့ Facebook ပုံကြီး ထိုးပြီး ထွက်လာချင် လာကြဦးမှာပေါ့လေ။ ခေတ်ရေစီးကြောင်းတွေကလည်း တစ်သွင်သွင်စီးနေတော့ ဘယ်လို မှတ်ချက်ချရမှန်းတောင် မသိတော့ပါဘူး။

Source : (Link)

6 comments:

  1. အံ့သြစရာကြီး.. ပရိုဖိုင်ပုံပြောင်းရင်ရော သူထပ်ထိုးမှာလား ဟိဟိ

    ReplyDelete
  2. ဘယ်လိုများရှာဖွေတွေ့နေတယ်မသိ
    အံ့သြစရာကောင်းလိုက်တာနော်

    ReplyDelete
  3. သူ့အသားမနာဘူးလားဗျာ

    ReplyDelete
  4. အဲလိုတော့ လုပ်ချင်ပါဘူး ပန်းကနုတ်ပုံတွေ ဆို၇င်တော့
    ထိုးချင်မိတယ် ...:P:P

    ReplyDelete
  5. ကိုကိုမောင်(ပန်းရနံ့)February 11, 2012 at 8:31 AM

    မောင်အွတ်ထောင်ရဲ့ ပုံက ဘယ်နားမှာလဲ။ ဂျိုင်းအောက် ရောက်နေလား မသိဘူးနော။း)

    ReplyDelete
  6. ချစ်တော့ချစ်ပါဒယ် အမေဆူလိမ့်မယ်လို့ ဟင့် ထိုးပါဘူးးးးးးးး

    (ဒါနဲ့စကားမစပ် ကိုအားထောင် အဲလိုထိုးပါလားဝေ ငှဲငှဲ ငှဲငှဲး)))

    ReplyDelete