Pages

Thursday, March 29, 2012

အနာဂတ်အတွက် ပို့ဆောင်ရေး နည်းသစ် (သို့) Evacuated Tube


လေလက်ရှိအချိန်မှာ လူတွေဟာ ကားတွေ၊ ရထားတွေ၊ သင်္ဘောတွေ၊ လေယာဉ်ပျံတွေနဲ့ တစ်နေရာကနေ တစ်နေရာကို သွားလာဖို့၊ ကုန်စည်တွေ သယ်ယူ၊ ပို့ဆောင်ဖို့ အသုံးချနေကြပါတယ်။ အခု Daryl Osler ဆိုသူကတော့ သယ်ယူပို့ဆောင်ရေးအတွက် နည်းပညာတစ်ခုကို ဖန်တီးဖို့ ကြိုးစားနေပါတယ်။  ဒါကတော့ လေဟာနယ် ပြွန်စနစ် (Evacuated Tube Travel [ETT] )  ပဲဖြစ်ပါတယ်။ 
          Daryl Osler အဆိုပြုထားတာကတော့ ကားအရွယ်အစားလောက်ရှိတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ် (Capsules) တွေကို ကြီးမားတဲ့ လေဟာနယ် ပြွန်ကနေတစ်ဆင့် သံလိုက်စွမ်းအားကို အသုံးချပြီး ပို့ဆောင်ဖို့ပဲ ဖြစ်ပါတယ်။  ခရီးသည်တွေအတွက် ဒီယာဉ်ထဲမှာ ပြင်ပ လေဖိအားနဲ့ တူညီတဲ့လေဖိအား အခြေအနေရရှိအောင်  လေဖိအား ထည့်သွင်းထားမှာဖြစ်ပေမယ်၊ ဒီပြွန်ကြီးကတော့ လေလုံးဝမရှိပဲ သံလိုက်ပြေးလမ်းပေါ်ကနေ ခရီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။  ဒီလိုယာဉ်နဲ့သွားမယ်ဆိုရင် မိုင် ၈၀၀၀ ကွာဝေးတဲ့ ၀ါရှင်တန် ဒီ စီမြို့ကနေ  ဘေဂျင်းကို ၂ နာရီသာ အချိန်ယူရတော့မယ်လို့ဆိုပါတယ်။  လောလောဆယ် အမြန်ဆုံး သွားလာရတဲ့ အချိန်ကတော့ ၁၈ နာရီပါ။  Daryl အဆိုအရ ဒီခရီးအတွက် ကျသင့်ငွေဟာ ဒေါ်လာ ၁၀၀ ၀န်းကျင်သာ ရှိလိမ့်မယ်လို့ ဆိုပါတယ်။

          ဒီလို လေဟာနယ် ပြွန်တွေမှာလည်း အကယ်၍အရေးပေါ်အခြေအနေဖြစ်လာပါက အသုံးပြုရန် အရေးပေါ် ထွက်ပေါက်တွေ ထည့်သွင်းတည်ဆောက်မှာဖြစ်ပါတယ်။  ဘရိတ်စနစ်ကတော့ အလိုအလျှောက်စနစ်ဖြစ်ပြီးတော့ တစ်ခုခုချို့ယွင်းပါက အရန်အသုံးပြုစရာ ဘရိတ်စနစ်တွေလည်း ထည့်သွင်းမယ်လို့ ဆိုပါတယ်။
          
အောက်က YouTube မှာတော့ ETT နဲ့ပါတ်သတ်ပြီး ကြံဆနေကြတဲ့ ဗီဒီယိုဖိုင်လေးပါ.


Source : (Link)

3 comments:

  1. ဗဟုသုတလေး ဖတ်သွားတယ် မောင်အောင်ထွဋ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဗဟုသုတရပါတယ်.. ကိုအောင်ထွဋ်ရေ...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  3. ဘာမှမသိတဲ့ မဂျက်လာပြီး ဗဟုသုတတွေယူသွားပါတယ်

    ReplyDelete