Pages

Wednesday, May 23, 2012

သတိ ယင်နှစ်ကောင်ထက် မပိုရ..


          တရုတ်နိုင်ငံရဲ့ မြို့တော် ပီကင်းခေါ် ဘေဂျင်းမြို့တော်ကြီးမှာတော့ အများသုံးအိမ်သာများမှာ လိုက်နာရမယ့် စည်းကမ်းအသစ်ထုတ်လိုက်ပါတယ်။  ဒါကတော့ “အများသုံး အိမ်သာထဲမှာ ယင်နှစ်ကောင်ထက်ပိုပြီးတော့ မရှိရ” ပါတဲ့။
          မြို့တော် စီမံခန့်ခွဲရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရဲ့ ဘေဂျင်း စည်ပင်သာယာရေး ကော်မရှင် (BMCCAE – Beijing Municipal Commission of City Administration and Environment) က ပြီးခဲ့တဲ့ တင်္နလာနေ့မှာ စည်းကမ်းအသစ်ကို ထုတ်ပြန်လိုက်တာပါ။  မြေအောက်ရထား ဘူတာရုံတွေ၊ ကမ္ဘာလှည့်ခရီးသည် အသွားအလာများတဲ့နေရာတွေ၊ ဆေးရုံတွေ၊ ရှော့ပင်းမောတွေရဲ့ အများသုံးအိမ်သာများ သန့်ရှင်းရေးအတွက် ဒီလိုထုတ်ပြန်လိုက်တယ်လို့ဆိုပါတယ်။
          ဒီ စည်းကမ်းတွေထဲမှာတော့ အများသုံးအိမ်သာတွေမှာ ယင်နှစ်ကောင်ထက် ပိုမရှိရ၊ အမှိုက် နှစ်စထက်ပိုမရှိရ၊ ရှိတဲ့အမှိုက်ကိုလည်း နာရီဝက်အတွင်း သိမ်းဆည်းရမယ်လို့ ဆိုထားပါတယ်။  အတိအကျ လိုက်နာဖို့ မလိုအပ်ပေမယ့် ဒါဟာ အများသုံးအိမ်သာတွေ သန့်ရှင်းစေဖို့ ရည်ရွယ်ပါတယ်လို့ BMCCAE ရဲ့ ထိပ်တန်းအရာရှိတစ်ယောက်က ဘေဂျင်းညနေခင်းသတင်းစာမှာ ပြောသွားပါသတဲ့။ 
          အင်း.. တစ်ခုခက်တာက ယင် ဘယ်နှစ်ကောင်ရှိသလဲကို ဘယ်သူတွေ အိမ်သာထဲသွားပြီး လိုက်ရေတွက်မလဲဆိုတာကိုပါ။

Source : (Link)

4 comments:

  1. ယာဉ်နှစ်ကောင်ထက် ပိုမရှိရဆိုတော့...
    လူကတော့ နှစ်ယောက်ထက် ပိုရှိနိုင်ခွင့်ရှိတယ် ဆိုတဲ့ သဘောလား။
    လင်းစမ်းပါဦး မောင်အွတ်ထောင်ရဲ့။း)

    ReplyDelete
  2. လင်းလို့မရဘူး အစ်ကိုရေ.. ဖယောင်းတိုင်ဈေးက ကြီးပါဘိသနဲ့...

    ReplyDelete
  3. ဟန်ကြည်May 24, 2012 at 3:32 AM

    အင်း တွေ့လည်းတွေ့တတ်ပါပေ့ ကိုအောင်ထွဋ်ရယ်...သူလုပ်ပုံအတိုင်းဆိုရင် ယင်ကောင်တောင် သန်းခေါင်စာရင်း ထုတ်ပေးထားရမယ်ထင်ရဲ့...

    ReplyDelete