Pages

Wednesday, May 16, 2012

သံလိုက်ကို လက်ထဲဖောက်စိုက်လို့ iPod နာရီဖြစ်အောင်ထွင်တဲ့ Tattoo Artist


          iPod nano ကတော့ လေးထောင့်လေးမို့လို့ နာရီလိုပတ်လဲရသလို၊ သီချင်းလည်းနားထောင်လို့ရပါတယ်။  နာရီလိုပတ်ချင်ရင်တော့ လက်ပတ်ကလေး ထပ်ဝယ်ချင်ရင်ဝယ်၊ ဒါမှမဟုတ်ရင်တော့ ဒေ့ဗ်ဟာဗင်လို လက်ကို ဖောက်ပြီးတော့ သံလိုက် ၄ခုကို လက်ထဲကိုစိုက်လိုက်ရင် iPod  nano ကို လက်ပတ်နာရီလို ပတ်လို့ရပါပြီတဲ့။  ဒေ့ဗ်ကတော့ ဒီသံလိုက်တုံးလေးတွေဟာ micro-dermal anchors လို့ခေါ်ပြီးတော့ ခန္ဓာကိုယ်မှာ အလှဆင်ဖောက်တဲ့ အသုံးများတဲ့ ပစ္စည်းဖြစ်ပါသတဲ့။ ဒီလို သံလိုက်လက်ထဲသွင်းပြီးတော့ iPod တပ်ဆင်တဲ့ project ကိုတော့ iDermal လို့ နာမည်ပေးထားပါသတဲ့။
          ကျွန်တော် အပြေးကျင့်တဲ့အခါ၊ အားကစားလုပ်တဲ့အခါတွေမှာလည်း ဒီ iPod ကိုတပ်ဆင်ပြီးတော့ စမ်းကြည့်ပြီးပါပြီ။  အဆင်ပြေတယ် လို့ ဒေ့ဗ်ကပြောသွားပါတယ်။  သြော်… ဒီတိုင်းပတ်လည်း ရတဲ့ဟာကို အသားနာခံပြီးတော့ စမ်းကြသေးတယ်။  မည်သို့ပင်ဆိုစေ အင်တာနက်မှာတော့ ဒီ ဗီဒီယိုက ပျံနှံလို့သွားလို့ ဒီတက်တူးဆရာတော့ အလုပ်ဖြစ်ဦးမယ့် ပုံပါပဲ။ အောက်မှာတော့ မည်သို့မည်ပုံ ဖောက်ပြီး တပ်ဆင်တယ်ဆိုတာကို YouTube ဗီဒီယိုလေး ကြည့်နိုင်ကြပါတယ်။



Source : (Link)

No comments:

Post a Comment