Pages

Monday, July 16, 2012

မြေမြိုသွားတဲ့ လမ်းမကြီး



          တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က လမ်းမကြီးတစ်ခုမှာတော့ ရုတ်တရက် တွင်းကြီးတစ်ခုဖြစ်သွားပြီး မနက်စောစောမောင်းလာတဲ့ BMW ကားကို မြိုလိုက်ပါသတဲ့။  မီတာ ၃၀ ပတ်လည်လောက်ကျယ်တဲ့ အဆိုပါတွင်းကြီးထဲကို ကျသွားတဲ့ ကားပေါ်မှာ ခရီးသည် ၃ ယောက်ပါလာပြီးတော့ ၁ ယောက်ကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ဆိုပါတယ်။ ချန်ရှားမြို့ရဲ့ ရှန်ကျန်းအဝေးပြေးလမ်းမကြီးမှာ ဒီလိုမျိုးကြီးမတဲ့ အပေါက်ကြီး မနက်စောစောပိုင်းမှ ဖြစ်လာတယ်လို့ ဆိုပါတယ်။  ယန်ဇီမြစ်ကမ်းဘေးမှာ ရှိတဲ့ အဆိုပါလမ်းမကြီးဟာ ဘာအတွက်ကြောင့် ဒီလိုမျိုး အပေါက်ကြီး ဖြစ်သွားရတယ်ဆိုတာကိုတော့ စုံစမ်းဆဲ ဖြစ်ပါသတဲ့။  ဒီလိုမျိုး ကမ္ဘာ့မြေမျက်နှာပြင်မှာ အပေါက်ကြီးတွေ ဖြစ်ပေါ်တတ်တာကတော့ ကမ္ဘာအ၀ှမ်းမှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။  အရွယ်အစားကလည်း ၁ မီတာကနေ ၆၀၀ မီတာအထိ ကျယ်နိုင်သလို၊ နက်လည်း နက်နိုင်ပါတယ်။  မြေအောက် မြေသားလွှာတွေ ရေတိုက်စားသွားတဲ့အခါမျိုး၊ မြေသားပျော့တဲ့နေရာတွေကို ရေတိုက်စားသွားတဲ့အခါမျိုးမှာတော့ ဒီလိုမျိုး အပေါက်ကြီးတွေ ဖြစ်လာနိုင်ပါတယ်။  ကဲ.. ကားစီးရင်း ဘုရားစာလေး ဘာလေး ရွတ်ကြစို့ရယ်..



Source : (Link)

7 comments:

  1. မောင်မျိုးJuly 16, 2012 at 1:26 PM

    ၀ တွေကတော့ ဖြစ်လိုက်ရင် အထူးဆန်းကြီးပဲရယ် မထွင်ကြတော့ဘူးလားမသိး)

    ReplyDelete
  2. မျက်စိတစ်မှိတ်အတွင်းမှာ မထင်မှတ်တာတွေ ဖြစ်နေကြတာ ဒုနဲ့ဒေးပါလားနော်။
    တစ်နေ့ထက်တစ်နေ့ သတင်းဆန်းတွေပိုပြီးကြားလာရတယ် မောင်အောင်ထွဋ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ကားစီးရင်တော့သတိထားရတော့မယ်
    တော်ပါပြီဘယ်သွားသွား ဖလက်ဖောင်းပေါ်ကနေပဲ
    လမ်းလျှောက်သွားတော့မယ် အေးရော

    ReplyDelete
  4. အနော် အိပ်ရင်
    ကုတင်ပေါ်က ပြုတ်ကျတာ ခဏခဏ
    မဖြစ်ဖူး မဖြစ်ဖူး
    မြေမြိုတာလား ပြုတ်ကျတာလား ကွဲကွဲပြားပြားကိအောင် .သတိထားမှ.... :PPPPP

    ReplyDelete
  5. တို့များတော့ တောကြားတောင်ကြားလျှောက်သွားနေတာဆိုတော့ မြေပြိုတာရော မြေမျိုတာရော မထူးတော့ပေါင်ကွယ်း)း)

    ReplyDelete
  6. ဘာကြောင့်လဲဆိုတာ သိချင်မိတယ်..

    ReplyDelete