Pages

Sunday, September 2, 2012

Lamborghini ပြိုင်ကားကို ကိုယ်တိုင်လုပ်တဲ့ ကိုတရုတ်


          ဒေါ်လာ ၁သန်းခွဲလောက် ဈေးရှိတဲ့ လဘော်ဂီနီပြိုင်ကားမျိုး သင်စီးချင်သလား?  ဒေါ်လာတစ်သန်းခွဲမတတ်နိုင်ရင် ဘာလုပ်မလဲ? တရုတ်နိုင်ငံက အသက် ၂၈နှစ်ရှိတဲ့ ၀မ်ချန်ဆိုတဲ့ လူငယ်ကတော့ သူစီးချင်လှတဲ့ Lamborghini’s 2007 Reventon ကို ကိုယ်တိုင်လုပ်လိုက်ပါသတဲ့။   အဲ့ဒီ Lamborghini's 2007 Reventon ပြိုင်ကားဟာ ကမ္ဘာပေါ်မှာ ၂၁ စီးသာ ထုတ်လုပ်ထားတဲ့ ပြိုင်ကားဖြစ်ပါတယ်။  လောလောဆယ်မှာတော့ သူ့ရဲ့ ကိုယ်တိုင်လုပ် ပြိုင်ကားဟာ မီးခွက်တွေ မှန်တွေ မပြီးစီးသေးပေမယ့် မောင်းလို့တော့ ရနေပါပြီတဲ့။  တစ်နာရီကို ကီလိုမီတာ ၂၅၀ နှုန်းအထိပါ မောင်းလို့ ရပါသတဲ့။  “ကျွန်တော်ဟာ ငယ်ငယ်လေးကထဲက ပြိုင်ကားတွေ လိုချင်ခဲ့တာပါ” လို့ ၀မ်က ပြောသွားပါသေးတယ်။  “ခု အရွယ်ရောက်လာတော့ ကျွန်တော်လိုချင်တဲ့ ပြိုင်ကားကို ကိုယ်တိုင်ဆောက်ဖို့ စိတ်ကူးရပါတယ်။  ဒီလိုနဲ့ အချိန်ရော၊ အခွင့်အရေးပါရလာတဲ့ တစ်နေ့မှာ ကျွန်တော့် အိပ်မက်ထဲက ပြိုင်ကားကို ကိုယ်တိုင် ဆောက်လိုက်တာပါ” လို့ ပြောသွားပါသေးတယ်။  ကဲ… ဘာမှလာမပြောနဲ့ ပါးစပ်ကြီး ဟပြီး ထိုင်တောင် ငိုသွားမယ်…. 
Photo : Reuters/Xihao

Photo : Reuters/Xihao

Photo : Reuters/Xihao

Photo : Source 


Source : (Link)

2 comments:

  1. မျှော်လင့်ချက်ပြင်းတဲ့အိပ်မက်ဆိုတာ တစ်ချိန်ချိန်မှာ အကောင်အထည်ဖော်ခွင့် ရလာတတ်တယ် မောင်အောင်ထွဋ်ရေ။ (ထီပေါက်ဘို့ မျှော်လင့်ချက်ကတော့ ကံနဲ့ပဲဆိုင်တာပေါ့နော်)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ကဲ......ဆားပုလင်းကိုအွတ်ထောင်ရေ......ကျွန်တော်လည်း မြန်မာပြည်ပြန်ပြီး ဆိုက်ကားတစ်စီးလောက် ကိုယ့်ဘာသာလုပ်ဦးမယ်....:)))

    ReplyDelete