Pages

Wednesday, September 14, 2011

စူပါဟီးရိုးများ အိုသွားသော်.....

ဒီပုံလေးတွေက Marvel ရဲ့ နာမည်ကျော် စူပါဟီးရိုးများ အိုသွားတဲ့အချိန်ကို ကာတွန်းဆရာ Donald Soffritti  က သရုပ်ဖော်ရေးဆွဲထားတာပါ။  ဒီပုံလေးတွေကို ကြည့်ပြီးတော့ သဘောကျတာနဲ့ ပိုစ်တင်ပေးလိုက်ပါတယ်။

Superman တို့ နုစဉ်ကပုံ

ဇရာထောင်းသွားရှာသော စူပါမင်း



ကလေးတို့အကြိုက် Batman

အိုသွားတော့ သူလည်း သူငယ်ပြန်ရှာမှာပေါ့


ကျွန်တော်တို့ ငယ်ငယ်တုန်းကသိပ်ကြိုက်တဲ့ Captain Marvel
ဝင်းသူဇာမှာ တန်းစီပါ။






အစိမ်းရောင်ကောင်ကြီး Hulk
တို့များလည်း အသက်ကြီးလာတော့ ဒါဘဲကြိုက်တော့တယ်




ခုန်ပျံကျော်လွှား ဘုရင်မ Catwoman
အဆီချ အသားကျစ်ပိန်ဆေးမှ မသောက်မိဘဲကိုး


ဇာတ်လိုက်ကျော်ကြီး Wolver Ring


သူငယ်နာကပ်လာတော့ ဒီအတက်တွေကို ဖော့ဆို့စွပ်ထားတာဘဲကောင်းပါတယ်လေ...



Iron Man
တော်ပြီ လူဆိုးတွေက တစ်သက်လုံး သက်လို့ကုန်မှာမဟုတ်ဘူး.. အေးရာအေးကြောင်း ဂေါက်ပဲရိုက်တော့မယ်

လာပြီနော် SpiderMan "ရွှတ်...." (ပင့်ကူမျှင်ထုတ်လိုက်သည်)

ပုလင်း ဇောက်ထိုးချိတ်ပြီး အားသွင်းတာတောင် မရွှတ်နိုင်တော့ပါဘူး အရပ်ကတို့ရေ...

Captain America
သြော်... သူလည်း အိုရှာပြီကိုး......

Source : 1

2 comments:

  1. ဟားဟား... ကြံကြံဖန်ဖန် ဗျာ

    ReplyDelete
  2. သူတို့လည်း ကာတွန်းပေမယ့် အိုတော့ အိုချင်ရှာမှာပေါ့ဗျာ.... :)

    ReplyDelete