Pages

Thursday, September 15, 2011

၂၀၁၁ အတွက် ကမ္ဘာ့ လက်သည်းအရှည်ဆုံး အမျိုးသမီး


          ခရစ်(စ်) ၀ယ်လ်တန် ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ လက်သည်းတွေကို မညှပ်ဘဲ ထားခဲ့တာ ၁၈ နှစ်ရှိပြီလို့ဆိုပါတယ်။  အခုတော့ ဒီလိုမညှပ်ဘဲထားခဲ့တဲ့ အတွက် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ ဖော်ပြခံရမှာ ဖြစ်ပါတယ်။  ကမ္ဘာ့ လက်သည်းအရှည်ဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းတင်ခံရမှာဖြစ်ပြီး နယူယော့ခ် မှာ သူမရဲ့ လက်သည်းတွေကို ပြသခဲ့ပါတယ်။  ၂၀၁၂ ဂင်းနစ် ကမ္ဘာ့ စံချိန်စာအုပ်ကို ဒီလကုန်ပိုင်းမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။
          ဘယ်ဘက်လက်စုစုပေါင်း လက်သည်းအရှည်ကတော့ ၁၀ ပေ ၂ လက်မ ဖြစ်ပြီး ညာဘက်လက်စုစုပေါင်း လက်သည်းအရှည်ကတော့ ၈ ပေ ၇ လက်မရှိပါသတဲ့။  သူမအဆိုအရကတော့ သူမရဲ့ လက်သည်းတွေကို အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ခြယ်သရပြီး ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အိမ်အလုပ်တွေကိုလည်း ဒီလက်သည်းအရှည်လိမ်တွန့်တွန့်ကြီးတွေနဲ့ လုပ်ရပါတယ်တဲ့။
          “ဒီလို သန့်ရှင်းရေးတွေလုပ်ရတာကို ကျွန်မအရမ်းမုန်းပါတယ်၊ ဒါပေမယ့် လုပ်ရမှာဘဲလေ။  လက်သည်းအတွက်ကတော့ တော်တော်ကို ဂရုတစိုက် ပြုပြင်ပေးရပါတယ်” လို့ အဆိုပါ လက်သည်းပိုင်ရှင် ဆိုပါသတဲ့။  သူမဟာ သူမရဲ့ မိသားစု စားဝတ်နေရေုး အတွက် အဆိုတော့ ဘ၀နဲ့ အသက်မွေးတယ်လို့ ဆိုပါတယ်။
          အရင် စံချိန်တင်ထားတဲ့ ကမ္ဘာ့လက်သည်းအရှည်ဆုံး အမျိုးသမီးကတော့ Salt Lake City မှာ နေတဲ့ Lee Redmon ဆိုသူဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ သူမရဲ့ လက်သည်းအရှည်က ၂၈ ပေရှိပါသတဲ့။  ဒါပေမယ့် ၂၀၀၉ ခုနှစ်မှာတော့ ကားတိုက်မှု့ကြောင့် သူမရဲ့ လက်သည်းတွေ ကျိုးသွားခဲ့တယ်လို့ ဆိုပါတယ်။
          သြော်…. ဘာမှ မစားရ မသောက်ရ ဘာမှ လုပ်လို့မရတဲ့ ဒီလက်သည်းရှည်တွေကို ဂင်းနစ် စာအုပ်ထဲ ပါဖို့များ ဒုက္ခခံပြီးတော့ အရှည်ထားသတဲ့ မမတို့ရယ်။  ဆင်းရဲခြင်းကို ဆင်းရဲခြင်းလို့ မမြင်တော့လဲ ဆင်းရဲ့ရခြင်းရဲ့ အကြောင့်တရားတွေကို မရှာချင်၊ ဆက်ပြီးတော့ မိုးခါးရေတွေ ချိုကြသေးတာပေါ့လေ။

Link : 1

No comments:

Post a Comment