စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Monday, November 13, 2017
Thursday, November 9, 2017
လုံဟိုင်ရဲ့ တိုင့်မေ ရွာကလေး
၂၀၁၇ နှစ်ပိုင်းမှာ ရှမန်ကျွန်းဖက်ပိုင်း
ရောက်နေဖြစ်သည်။ အလုပ်က လွှတ်ထားသောကြောင့်ဖြစ်သည်။ ရှမန်ကျွန်းကတော့ ပန်းမြို့တော်ဖြစ်အောင် အတော်လေး
ကြိုးစားနေသည်။ နေရာတိုင်း ပန်းပင်လေးတွေနှင့်
ရေပန်းလေးတွေ၊ ကမ်းခြေလေးတွေ၊ ပန်းခြံလေးတွေနှင့် အတော်လေးကို လှပသည်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ အလုပ်ပါးတော့ ရုံးမသွားဖြစ်ချေ။ ရုံးက ကောင်ကလေးတစ်ယောက်က သူ့အမျိုးတွေရှိတဲ့ ရွာကလေးကို
အလည်ခေါ်သွားမယ်ဆိုလို့ တိုင့်မေ ရွာကလေးကို ရောက်ဖြစ်သည်။ တိုင့်မေရွာကလေးမှာ လုံဟိုင်ဘက်ခြမ်းမှာရှိသည်။ ရှမန်ကနေ ကျန့်ကျိုးဖက်ကို သင်္ဘောဖြင့်မနက်စောစော
ကူးသွား၊ ဟိုရောက်တော့ ကောင်ကလေးရဲ့ ကားနှင့် တစ်နာရီလောက် မောင်းလျှင် လုံဟိုင်ဖက်ကို
ရောက်လေသည်။
Wednesday, November 8, 2017
Tuesday, November 7, 2017
၇နှစ် - ကွာခြားချက်များ
(ဒီပိုစ့်ကို
ကျွန်တော်တင်တာဟာ တရုတ်နိုင်ငံရဲ့ အကောင်းတွေကိုချည်း ဖော်ပြချင်လို့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့
ပါတ်သတ်လို့ ကျွန်တော်တို့ အမြင်မှာတစ်မျိုး ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်၊ ဒါပေမယ့်
သူ့နိုင်ငံ ဘယ်လိုမျိုး တိုးတက်လာတယ်ဆိုတာကို အမြင်တစ်ခုအနေနဲ့ ရှု့မြင်ပြီး ကျွန်တော်တို့
ဘာတွေ လိုအပ်ချက်ရှိနေတယ်ဆိုတာလေးကို မီးမောင်းထိုးပြချင်တဲ့ ရည်ရွယ်ချက်ပါ။ တစ်ဖက်သတ်ကြီး ကောင်းလှချည်ရဲ့ လို့ ဆိုလိုပြီး
ပိုစ့်တင်လိုက်တဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။)
New
York times မှာ Thomas Friedman ရေးထားတဲ့ ဆောင်းပါးလေးကို သဘောကျလို့ ဘာသာပြန်တင်လိုက်တာပါ။ တရုတ်နှင့် အမေရိကန် ခုနှစ်ပိုင်း ၇နှစ် ဆိုတဲ့
အကြောင်းလေးပါ။
ကျွန်တော် တရုတ်နိုင်ငံရဲ့ ပြဇာတ်ရုံကြီးထဲမှာ
ထိုင်နေတုန်း ထောင်ပေါင်းများစွာသော တရုတ် ကချေသည်တွေ၊ ဗုံတီးတဲ့လူတွေ၊ အဆိုတော်တွေ၊
အံသြစရာကောင်းတဲ့ မျက်လှည့် ပညာရှင်တွေရဲ့ ဖျော်ဖြေမှု့တွေ တွေ့ရပါတယ်။ အဲ့ဒီအချိန် ကျွန်တော့်စိတ်ထဲမှာ လွန်ခဲ့တဲ့ ၇နှစ်ဆိုတဲ့
အချိန်ကာလအတွင်းမှာ တရုတ်နဲ့ အမေရိကန် နိုင်ငံနှစ်ခုကြား ခြားနားတဲ့ အတွေ့အကြုံတွေကို
မတွေးပဲ မနေနိုင်ပါဘူး။
တရုတ်နိုင်ငံဟာ ကုန်စည်ထုတ်လုပ်မှု့ လုပ်ငန်းအမျိုးမျိုးအတွက်
အလုပ်ရှုပ်နေတုန်းမှာ ကျွန်တော်တို့ကတော့ အယ်လ်ကိုင်ဒါ (အကြမ်းဖက်အဖွဲ့) တွေနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။ တရုတ်တွေဟာ ဇာတ်ရုံကြီးတွေ၊ မြေအောက်ရထားလမ်းတွေ၊
လေဆိပ်တွေ၊ လမ်းမကြီးတွေ၊ ပန်းခြံတွေပိုပြီး ကောင်းသထက်ကောင်းအောင် တည်ဆောက်နေတဲ့အချိန်မှာ
ကျွန်တော်တို့တွေကတော့ လုံခြုံရေး အာရုံခံ ကိရိယာတွေ၊ စစ်သုံး ဟမ်းမား ကားတွေ၊ မောင်းသူမဲ့
အဝေးထိန်း လေယာဉ်တွေကို ပိုပြီး ကောင်းသထက်ကောင်းအောင် တည်ဆောက်နေခဲ့တယ်။
ဒီခြားနားမှု့တွေကို အခုစပြီး မြင်နေရပါပြီ။
ခင်ဗျားတို့ နယူးယောက်ရဲ့ ညစ်ပတ်ဟောင်းနွမ်းနေတဲ့
LaGuardia လေဆိပ်နဲ့ ရှန်ဟိုင်းရဲ့ သစ်လွင်နေတဲ့ နိုင်ငံတစ်ကာ လေဆိပ်ကို နှိုင်းယှဉ်ကြည့်ပါ။ ခင်ဗျားတို့ မက်ဟန်တန်လမ်းမှာ ကားမောင်းပြီး ပတ်ဝန်းကျင်ကို
တစ်ချက်လောက်ဝေ့ကြည့်လိုက်၊ အဆောက်အဦးတွေ
ဘယ်လောက် အိုဟောင်းပြီး ခေတ်နောက်ကျ ကျန်ခဲ့ပြီလဲ ဆိုတာကို။ ရှန်ဟိုင်းမှာ သံလိုက်ရထား တစ်နာရီ ကီလို ၂၂၀ နဲ့
မောင်းနေတယ် (အခု ကီလို ၃၀၀)၊ မျက်စေ့ တစ်မှိတ်အတွင်းမှာ လေဆိပ်ကနေ ရှန်ဟိုင်းမြို့ထဲကို
ရောက်ပြီ။ ကိုယ့်ကိုယ်ကို ပြန်ပြီး စဉ်းစားကြည့်ပါ…
ဘယ်သူက တတိယကမ္ဘာထဲမှာ နေထိုင်နေလည်း ဆိုတာကို။
Monday, April 10, 2017
ရန်ကျိုးမြို့ရဲ့ Slender West Lake သို့ တစ်ခေါက်
မြို့ကြီးတွေမှာဆိုရင်တော့
စပေါ်တင်ပြီးရင်၊ မှတ်ပုံတင်၊ Driver လိုင်စင်ပြပြီးရင် ကားမောင်းထွက်ရုံသာ… Qidong
လို မြို့ကလေးမှာတော့ နည်းနည်းလေး စကားပြောရသည်။
စပေါ် ယွမ်၅၀၀၀ တောင်းသည်။ ၁၀ ရက်ကြာမှ
ပြန်ပေးမည်ဟုဆိုသည်.. ဟင် ဆိုပြီး လှည့်ထွက်လာသည်။ နောက်တစ်ဆိုင်ကတော့ အဆင်ပြေသည်.. ယွမ် ၅၀၀၀ စပေါ်တင်၊
တစ်ရက်ကို ယွမ် ၂၅၀ တန်ကားတစ်စီး ကြိုက်သည်။
ဒါပေမယ့် တစ်နေ့ ကီလို ၃၀၀ limit သာဖြစ်သည်။ နောက်တစ်ရက်မှာ ယွမ် ၁၀၀၀ ကလွဲပြီး ကျန်တဲ့ ငွေပြန်ပေးမည်တဲ့။ ရန်ကျိုးက ကျွန်တော်နေတဲ့ ချီဒုံးမြို့နှင့် ကီလို
၂၅၀ ၀န်းကျင်လောက်ဝေးသည်။ အသွားအပြန်ဆိုလျှင်
ကီလို ၅၀၀ လောက်သွားလိမ့်မည်။ ယွမ် ၃၀၀ နှင့်
ဈေးတည့်သည်။ တရုတ်က ကားခပေးမည်၊ ကျွန်တော်က
ဆီ စိုက်မည်။
Tuesday, March 7, 2017
တိုင်ဝမ်၊ Typhoon Nepartak၊ နာဂစ် နှင့် စပ်မိစပ်ရာ
တင်ခဲ့တာတော့ ကြာပါပြီ.. ၂၀၁၆ ၈ လပိုင်းလောက်ကပါ။ .ပြီးတော့ ပြန်ဖျက်လိုက်တယ်.. ခု ပြန်တင်လိုက်ပါတယ်။
ခုလဆန်းပိုင်း
ကျွန်တော်တို့ ကုမ္ပဏီက ထိုင်ဝမ်ကို ရောက်နေတဲ့ သင်္ဘောတွေထဲက သင်္ဘောတစ်စီး ပြဿနာ နည်းနည်းရှိတော့
အဲ့ဒီ သင်္ဘော အလုပ်လုပ်နေတဲ့ တိုင်ဝမ်မြောက်ပိုင်းက ကီလွန်းဆိုတဲ့ မြို့ကလေးကို ခရီးထွက်ဖြစ်ပါတယ်။ ကီလွန်းမြို့ကလေးရောက်တော့ ဘာကို သွားသတိရမိလဲဆိုရင်
မြိတ်မြို့ကလေးကို သွားသတိရမိတယ်။ တိုင်ဝမ်က
ကျွန်းနိုင်ငံဖြစ်သလို တောင်တန်းလေးတွေနဲ့ လမ်းခပ်ကျဉ်းကျဉ်း အကွေ့ အကောက်ကလေးတွေ၊
အိမ်ခပ်စိတ်စိတ်ကလေးတွေ စီစရီ၊ လမ်းဘေးဆိုင်ကလေးတွေ ဟိုနားဒီနား ဆိုတော့ မြိတ်မြို့ကို
တန်းလွမ်းမိတာပဲ။ ကျွန်တော့်သူငယ်ချင်း မြိတ်သားကတော့
ထိုင်ဝမ်ရောက်ရင် သူ့အိမ်ကို သတိရမိတယ်ပြောတာ ခုမှပဲ မျက်စေ့ထဲ တန်းမြင်မိတယ်။ အဲဒီမြို့ကလေး အကြောင်းကိုတော့ အချိန်ရတော့မှ ထပ်ရေးပါဦးမယ်။
ကျွန်တော်
ကီလွန်းမြို့ကို ရောက်ပြီး နောက်တစ်ရက်ကြာတော့ မုန်တိုင်းသတိပေးလာတော့တာပဲ။ ဆိုတော့.. ရှိသမျှ သင်္ဘောနဲ့ ပတ်သတ်တဲ့ ရှိသမျှ
Class၊ အာမခံ တွေနဲ့ တွေ့ဖို့ကိစ္စကို ဖုတ်ပူမီးတိုက်စီစဉ် ပြီးတာနဲ့ မုန်တိုင်းအတွက်
စိတ်ပူရတော့တာပဲ။ အစောပိုင်းတုန်းကတော့ လေဖိအားနည်းရပ်ဝန်း
ဘာညာ အိပဲ့ အိပဲ့နဲ့ သကောင့်သား မုန်တိုင်းက တဖြည်းဖြည်း အားကောင်းလာတာတင်မကဘူး စူပါတိုင်ဖုန်း
ဖြစ်လာပြီဆိုတဲ့ သတင်းရပါတယ်။ ဂျပန်ဖက်က ထုတ်တဲ့
သတင်းကတော့ မုန်တိုင်းကို သူ့ဘက်ကို မ၀င်နိုင်ကြောင်းပြောပြီး တောင်ဖက်ကို အတင်းတွန်းထုတ်၊ ဟောင်ကောင်ဖက်က လာတဲ့သတင်းထဲမှာ မုန်တိုင်းကို မြောက်ဖက်ကို
အတင်းတွန်းထုတ်၊ ကြားထဲက တိုင်ဝမ်သတင်းကတော့ ကျွန်တော်ရောက်နေတဲ့ ကီလွန်းကို တည့်တည့်ဝင်မတဲ့။ ဆိုတော့ လက်ရှိပြသနာ ခဏထား၊ မုန်တိုင်းသတင်းကို
စနည်းနာ၊ ဘယ်နေရာကို ၀င်နိုင်လဲ သေချာအောင် လိုက်မေး၊ ပြီးရင် သင်္ဘော ဘေးကင်းဖို့ အကောင်းဆုံး
ဘယ်ဆိပ်ကမ်းဖြစ်နိုင်လဲ ဆိုတာကို မြေပုံထဲလိုက်ကြည့်။ နောက်ဆုံးတော့ မုန်တိုင်းက တိုင်ဝမ်တောင်ပိုင်း
ကိုဝင်ဖို့သေချာပြီဆိုတော့မှ ကျွန်တော်တို့ သင်္ဘောတွေကို အေးဂျင့်က ကီလွန်း ဆိပ်ကမ်းအတွင်းပိုင်းထဲကို
ပို့ပေးကြပါတယ်။ အဲဒီမှာလဲ ဦးရာလူစနစ်ပဲ၊ နေရာကောင်းတွေက ဦးရာလူစနစ်ဆိုတော့ ခပ်မြန်မြန်လေး
အထဲရောက်ဖို့လိုပါတယ် မဟုတ်ရင် သင်္ဘောတွေ မုန်တိုင်းအတွက် စိတ်မချရပါဘူး။ ထားပါတော့… မုန်တိုင်းအကြောင်းဆက်ပါဦးမယ်။
Subscribe to:
Posts (Atom)