စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Showing posts with label ရေကြောင်းဆိုင်ရာ အထွေထွေ. Show all posts
Showing posts with label ရေကြောင်းဆိုင်ရာ အထွေထွေ. Show all posts

Sunday, October 7, 2012

Revised MARPOL Annex V


A revised MARPOL Annex V will enter into force on 1 January, 2013, and will introduce stricter controls on the disposal of garbage from ships at sea.
The main revisions to the Annex are as follows:
1.     New definitions have been introduced, including for animal carcasses, cooking oil, cargo residue and domestic waste.
2.     All ships of 100 gt and above or certified to carry more than 15 people are required to have on board a garbage management plan (note: there is no requirement for the plan to be approved).
3.     Ships 12 metres in length or more and fixed or floating platforms are to display placards notifying crew and passengers of the MARPOL Annex V requirements.
4.     Ships of 400 gt and above and all fixed or floating platforms are to have on board and maintain a garbage record book in the format specified in MARPOL Annex V.
5.     Discharges of any garbage from fixed or floating platforms and from any ship alongside or within 500 metres of a fixed or floating platform are prohibited. Food waste may be discharged from a fixed or floating platform provided it is more than 12 nm from land and the waste has been passed through a comminuter or grinder so that it can pass through a screen with openings no greater than 25 mm.
6.     The discharge of garbage into the sea is prohibited except under certain circumstances when a ship is en route, as follows:
Outside special areas
  • Food waste may be discharged more than 3 nautical miles (nm) from land if passed through a comminuter or grinder, Such waste is to be capable of passing through a screen no greater than 25 mm or may be discharged more than 12 nm from land if not passed through a comminuter or grinder.
  • Cargo residues that do not contain substances classified as harmful to the marine environment may be discharged more than 12 nm from land.
  • Cleaning agents in cargo hold, deck and external surfaces’ wash water may be discharged to sea provided they are not harmful to the marine environment.
  • Animal carcasses may be discharged as far from land as possible in accordance with IMO guidelines.
Inside special areas
  • Food wastes may be discharged as far as practical from land but not less than 12 nm from land or the nearest ice shelf.
  • Cargo residues may be discharged provided that:
    • cleaning agents in cargo hold, deck and external surface wash water are not harmful to the marine environment
    • both the port of departure and the next port of destination are within the special area and the ship will not transit outside the special area between those ports
    • no adequate reception facilities are available at those ports
    • discharge of cargo hold washing water containing residues is made as far as practicable from the nearest land or ice shelf and not less than 12 nautical miles from the nearest land or the nearest ice shelf.
  • Cleaning agents in cargo hold, deck and external surface wash water may be discharged to sea provided they are not harmful to the marine environment.
Note: the IMO is developing guidelines for determining which cargo residues and cleaning agents are harmful to the marine environment.

Reference : Lloyd's Register Of Shipping

Thursday, August 23, 2012

Inclining Test and Lightship Survey အကြောင်း


          ဒီပိုစ့်မှာတော့ အဓိကအားဖြင့် Inclining Test နဲ့ Lightship Survey အကြောင်းလေးကို ပြောပြသွားချင်ပါတယ်။  သင်္ဘောအသစ်တစ်စီး Launching လုပ်ပြီးသွားရင် Inclining Test ကို ဦးစွာလုပ်ရပါတယ်။  သင်္ဘောတွေ စတင်ဒီဇိုင်းရေးဆွဲချိန်မှာ Preliminary Stability ကိုထည့်သွင်းတွက်ချက်ပါတယ်။  သင်္ဘောပြီးစီးသွားချိန်မှာတော့ Inclining Test လုပ်ပြီးတော့ ရလာတဲ့ အချက်အလက်တွေနဲ့ Intact Stability ဆိုပြီးတော့ ပြီးပြည်စုံတဲ့၊ တိကျတဲ့၊ တကယ့် သင်္ဘောရဲ့ Stability ကိုထပ်မံ တွက်ချက်ပါတယ်။  ဒါကို IMO ရဲ့ Resolution A.749(18) – Code of Intact Stability For AllTypes Of Ships Covered By IMO Instruments ကို ဒေါင်းလုပ်လုပ်ပြီးတော့ အသေးစိတ်ဖတ်နိုင်ပါတယ်။  လောလောဆယ် Inclining Test အကြောင်းကို အဓိကဖော်ပြချင်တာကြောင့် Intact Stability အကြောင်းကို ချန်ထားခဲ့ပါရစေ။  Inclining Test နဲ့ Lightship Survey ဟာ Intact Stability ရဲ့ အစိတ်အပိုင်းတစ်ခုလို့သာ မှတ်ယူထားပါ။
          Inclining Test နဲ့ Light Ship Survey ကိုခွဲခြားမယ်ဆိုရင် SOLAS ရဲ့ Chapter II-1 Regulation 22 အရ (IS ရဲ့ Resolution MSC. 267(85) ထဲက 8.1.1 မှာလည်း ဖော်ပြထားပါတယ်)၂၄ မီတာ (Load Line Convention ရဲ့ ဥပဒေသ အတိုင်း ယူထားတဲ့ အလျှား) ထက်ကျော်လွန်တဲ့ သင်္ဘော အသစ်တိုင်းကို Inclining Test လုပ်ပေးရပါမယ်။  တစ်ခါတစ်လေမှာတော့ သင်္ဘောပုံစံတူတွေ(Sister Vessels)ကို သင်္ဘောကျင်းတွေမှာ အတွဲလိုက်ဆောက်ကျပါတယ်။  ဒီလိုအခါမှာဆိုရင်တော့ Classification တွေဟာ ပထမဆုံး သင်္ဘောကို Inclining test လုပ်ပြီးတော့ သူ့နဲ့ ပုံစံတူ သင်္ဘော လေးစီးအထိကို Lightship survey ခွင့်ပေးပါတယ်။  ဆိုလိုတာက နံပါတ် ၁ တစ်စီးကို Inclining Test လုပ်မယ်ဆိုရင် ၂၊ ၃၊ ၄ အထိကို Lightship survey လုပ်ခွင့်ရှိပါတယ်။  ၅ စီးမြောက် ပုံစံတူသင်္ဘောဆိုရင်တော့ Inclining test ထပ်မံလုပ်ပေးရပါမယ်။  ဒီလို sister vessel တွေကို Lightship survey လုပ်ခွင့်ရှိတဲ့နေရာမှာလည်း IS ရဲ့ Resolution MSC. 267(85) ထဲက 8.1.1 မှာလည်း ဖော်ပြထားတဲ့အတိုင်း sister vessel ရဲ့ lightship mass ဟာ မီတာ ၅၀ အောက် သင်္ဘောဆိုရင် ၂% ထက်မကျော်ရပါဘူး။  LCG ဟာ 0.5% ထက်မကျော်ရပါဘူး။  မီတာ ၁၆၀ အထက် သင်္ဘောဆိုရင် lightship mass ဟာ ၁% ထက်မကျော်ရသလို LCG ဟာလည်း 0.5% ထက် မကျော်ရပါဘူး။  ဒီအချက်အလက်တွေနဲ့ ပြည်စုံမှသာ Lightship survey လုပ်ခွင့်ရမှာဖြစ်ပြီး တစ်ကယ်လို့ အထက်ပါ အချက်အလက်တွေထက် ကျော်လွန်သွားမယ်ဆိုရင်တော့ အဆိုပါ sister vessel ကို inclining test ပြန်လုပ်ရမှာဖြစ်ပါတယ်။  (ဒီအထဲမှာ စကားချပ်အနေနဲ့ Passenger Ship တွေအတွက် SOLAS Chapter II : Construction – structure, stability, installations ထဲက Regulation 22 ရဲ့ နံပါတ် ၃ မှာ သင်္ဘောသက်တမ်း ၅ နှစ်မပြည့်ခင်အချိန်မှာ အဆိုပါ ခရီးသည်တင်သင်္ဘောတွေကို Lightship Survey လုပ်ပါမယ်။  ဒီအချိန်မှာ အဆိုပါ ခရီးသည်တင်သင်္ဘောရဲ့ displacement ဟာ မူလ Intact Stability ထဲကထက် ၂% မကျော်ရသလို၊ LCG (Load Line Length –L အပေါ်မူတည်ပြီး) ၁% မကျော်ရပါဘူး။  ဒီသတ်မှတ်ချက်ထက် ကျော်လွန်ရင်တော့ Inclining Experiment ကို ပြန်လုပ်ပေးရပါမယ်။)
          Inclining Test ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သင်္ဘောရဲ့ Lightship Weight၊ Center of Gravity (LCG, VCG, TCG) တွေကို အတိအကျ သိချင်လို့ဖြစ်ပါတယ်။  Preliminary Stability Booklet မှာ GM ကို ခန့်မှန်းတွက်ချက်ထားတာပါ။  Inclining Test လုပ်တော့မှာသာ GM အတိအကျကို သိရှိနိုင်ပြီးတော့ အဲ့ဒီကနေ GZ-curve ကတစ်ဆင့် Maximum Righting Arm အတိအကျကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။  ဒီအတွက် Inclining Test လုပ်တဲ့အချိန်မှာ သင်္ဘောရဲ့ အခြေအနေကို တတ်နိုင်သလောက် ပြည့်စုံနေအောင် ပြင်ဆင်ထားဖို့လိုပါတယ်။  ပြင်ဆင်မှု့တွေကတော့ အောက်မှာ အပိုဒ်လေးတွေခွဲပြီး ပြောပါရစေ။

Sunday, July 29, 2012

Stability of damaged ships


             ကျွန်ုပ်တို့သည် သင်္ဘောကို ခွက်ပုံစံရေပေါ်ပေါ်နေသော အရာတစ်ခုဟု ယူဆကြည့်ပါ။  လည်းကောင်းသင်္ဘောတွင် အလျှားလိုက်သော်လည်းကောင်း၊ ဒေါင်လိုက်သော်လည်းကောင်း ရေလုံးခန်းစည်းများ မရှိဟုယူဆပါ။  ထိုသင်္ဘော၏၀မ်းတွင်ရှိသော အပေါက်တစ်ခုမှ ရေများဝင်လာသည်ဆိုပါစို့။  လည်းကောင်းသင်္ဘောသည် အရှေ့အနောက် တိမ်းစောင်းခြင်း (Trim)၊ ဘေးဘက်သို့တိမ်းစောင်းခြင်း (List) မရှိဘဲ တည့်မတ်သော အခြေအနေဖြင့် တစ်ဖြည်းဖြည်း နစ်မြုတ်သွားမည်ဖြစ်သည်။  ဤအခြေအနေတွင် ပတ်ဝန်းကျင်မှ ဥပမာ- လှိုင်းကြောင့် သင်္ဘောတိမ်းစောင်းမှု့ စသည် စသည်တို့ကို ထည့်သွင်းစဉ်းစားခြင်းမပြုပါနှင့်။  ထိုအချိန်အတွင်တွင် ခရီးသည်များ သင်္ဘောသားများသည် သင်္ဘောကို စွန့်ခွာပြီး ဘေးကင်းရာသို့ ထွက်ပြေးနိုင်ရန် အချိန်အနည်းငယ်ရသည်။
          သို့သော် ကျွန်ုပ်တို့ လက်တွေ့၌ သင်္ဘောများတွင် ဒေါင်လိုက် နှင့် အလျှားလိုက် ရေလုံခန်းစည်းများဖြင့် (Longitudinal and Transverse Bulkheads) တည်ဆောက်ထားသည်။  ထို့ကြောင့် အဆိုပါ Bulkheads များအကြားရှိ Tanks များသို့ ရေများယိုစိမ့် ၀င်ရောက်ပါက သင်္ဘောသည် ထို ရေ၀င်သော Tanks များရှိရာဘက်သို့ တိမ်းစောင်းသွားသည်။ အကယ်၍ အဆိုပါ Tanks or Compartments (ရေလုံခန်းများ) ၏ ပမာဏသည် သင်္ဘောတစ်စီးကို တိမ်းမှောက်စေသော ပမာဏ အထိကြီးမားပြီး ရေများအလျှင်အမြန်ဝင်ရောက်လာပါက အဆိုပါ သင်္ဘောကို ဆွဲလှဲသကဲ့သို့ဖြစ်စေပြီး မိနစ်အနည်းငယ်အတွင်း တိမ်းမှောက်စေသည်။  ထို့ကြောင့် တည်ဆောက်သော သင်္ဘောများတွင် ရေလုံခန်းများ၏ ပမာဏ Permeability ကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။
          Permeability ဆိုသည်မှာ သင်္ဘောတစ်စီးတွင်ရှိသော ရေလုံခန်းတစ်ခုတွင် အများဆုံးရေ၀င်နိုင်သော ပမာဏကို ဆိုလိုသည်။  Stability တွက်ချက်ရာတွင် ၀င်လာသောရေ၏ ပမာဏပေါ်မူတည်၍ Permeability ကို သုည သို့မဟုတ် ၁ ဟု သတ်မှတ်သည်။  အကယ်၍ အဆိုပါရေလုံခန်းကို ရေလုံးဝ မ၀င်သော အခြေအနေ သို့ အခန်းလွတ်ဟု ယူဆပါက Permeability ကို ၁ ဟုသတ်မှတ်သည်။  ခန်းလုံးပြည့်ရေပြည့်နေသောအခြေအနေကို Permeability တန်ဖိုး သုည ဟု ယူဆသည်။  သင်္ဘောတစ်စီးရှိ အင်ဂျင်ခန်းတစ်ခုအတွက် Permeability၏ တန်ဖိုးကို ကို ယေဘုယအားဖြင့် 0.85 ဟု သတ်မှတ်သည်။  ဆိုလိုသည်မှာ အဆိုပါ အင်ဂျင်ခန်းအတွင်းသို့ ရေ သို့မဟုတ် အခြားသော အရည် 0.15% အထိဝင်ရောက်သော်လည်း ထိုသင်္ဘော၏ Buoyance သည် လုံလောက်နေသေးပြီး မနစ်မြုတ်နိုင်သေးဟု ဆိုလိုသည်။  ထို့ကြောင့် Permeability တန်ဖိုးများပြားသော အခန်းများသည် ထိခိုက်မှု့များကြောင့် ရေယိုစိမ့်မှု့များစွာဖြစ်ပေါ်သော်လည်း Stabitily ကို ထိန်းထားနိုင်သည်။  Permeability ကိန်းညွှန်းတစ်ခု ဖြစ်သော permissible length နှင့် ပတ်သတ်သည့် Freeboard အကြောင်း၊ ပလင်းဆိုး (Plimsoll) mark အကြောင်းကို Load Line အကြောင်းရေးဖြစ်ရင် ဖော်ပြသွားပါမည်။


Saturday, July 28, 2012

Intact Stability


         သင်္ဘောတစ်စီးကို ဒီဇိုင်းရေးဆွဲလျှင် ရေပေါ်တွင် တည့်မတ်စွာ (၉၀ ဒီဂရီ တည့်မတ်စွာ) တည်နေရန် ဒီဇိုင်းရေးဆွဲသည်။  ထို့ကြောင့် သင့် Hull Form ဒီဇိုင်းအပြီးသတ်သောအချိန်နှင့် သင်္ဘော၏ စက်ပစ္စည်းများ ဥပမာ- Engines, Generators, pumps အစရှိသည်တို့ကို ထည့်သွင်းသောအခါတွင် Load Distributionကို ဂရုပြုရန် လိုအပ်သည်။  Tanks arrangement များမှာ Hull form ဖန်တီးစဉ်ကပင် ထည့်သွင်းစဉ်းစားပြီး ဖြစ်သဖြင့် အထူးမဖော်ပြတော့ပေ။
          Stability ဆိုသည်မှာ အကုန်နစ်မြုတ်နေသည်ဖြစ်စေ၊  တစ်ပိုင်းတစ်စနစ်မြုတ်နေသည်ဖြစ်စေ၊ အဆိုပါရေတွင် နစ်မြုတ်နေသော အရာဝတ္တုကို တည့်မတ်သော အခြေအနေတွင် တည်ရှိနေစေခြင်းဖြစ်သည်။  အကယ်၍  အကြောင်းအမျိုးမျိုးကြောင့် အဆိုပါ တည်ငြိမ်မှု့ (Stability) ပျက်ယွင်းသွားသောအခါတွင်လည်း မူလ တည်ငြိမ်သော အခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းဖြစ်သည်။ 
          Stability ဟုဆိုရာတွင် သင်္ဘောကို အလျှားလိုက် (Longitudinal Stability)နှင့် ကန့်လက်ဖြတ် (Transverse Stability)ဟူ၍  နှစ်မျိုး သတ်မှတ်နိုင်သည်။  ပုံမှန်အားဖြင့် သင်္ဘောများတွင် Longitudinal Stability သည် လုံလောက်လေ့ရှိသည်။  သင်္ဘောသည် အနံထက် အလျှားသည် ပိုမိုရှည်လျှားသည်။  ထို့ကြောင့် ယခုအခန်းတွင် Transverse Stability အကြောင်းကိုသာ အဓိက ဆွေးနွေးသွားမည် ဖြစ်ပါသည်။  ထို့ကြောင့် ယခုအခန်းတွင် Stability ဟုသုံးနှုန်းပါက Transverse Stability ဟုသာ ယူဆကြပါရန်။
          သင်္ဘောတစ်စီးတွင် ၆ ဒီဂရီမျှသော အနည်းငယ်တိမ်းစောင်းသည့် ဒီဂရီ ပမာဏကို Initial Stability ဟုခေါ်သည်။

Sunday, July 22, 2012

PSPC – Performance Standard for Protective Coating အကြောင်း



          ဒီပိုစ့်က သင်္ဘောတည်ဆောက်မှု့နဲ့ သက်ဆိုင်တဲ့ ပိုစ့်ဖြစ်လို့ သင်္ဘောတည်ဆောက်မှု့ လိုင်းက မဟုတ်သော စာဖတ်သူတွေအတွက် ပျင်းစရာကောင်းမှာပါ။  PSPC စတော့ သင်္ဘောကျင်းတွေ ကျယ်ကျယ်လောင်လောင် အသံထွက်လာသည်။  အထူးသဖြင့် Ballast Tank တွေနဲ့ ပါတ်သတ်ပြီးတော့ ပိုမိုတင်းကျပ်လာသည်။  သင်္ဘောစတင်တည်ဆောက်ချိန်မှစပြီးတော့ Ballast Tank တွေမှာ ပိုမိုပြီးတော့ အလုပ်တွေများလာမည်၊ စသည်၊ စသည်ဖြင့်။ ဒီတော့ PSPC နဲ့ပါတ်သတ်ပြီးတော့ အနည်းငယ်လေး တင်ပြပါရစေ။

PSPC ရဲ့ သတ်မှတ်မှု့များ
          နံပါတ်တစ်အနေနဲ့ PSPC ကို ဘယ်သင်္ဘောတွေမှာ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမလဲဆိုတာပါ။  ၁) International Maritime Organization (IMO) က resolution MSC. 215(82) အနေနဲ့ ၂၀၀၈ ခုနှစ် ဇူလိုင် ၁ရက်နေ့မှာ စတင်ပြီးတော့ သင်္ဘောအသစ်ဆောက်ဖို့ စာချုပ်ချုပ်တဲ့ သင်္ဘောတွေအတွက် လိုက်နာရမည်လို့ ပြဋ္ဌာန်းပါတယ်။  ဒါပေမယ့် သင်္ဘောအားလုံးကိုတော့မဟုတ်ပါဘူး။  Gross Tonnage ၅၀၀ အထက်သင်္ဘောတွေနဲ့ Double-side skin ပုံစံနဲ့ ဆောက်တဲ့ Bulk Carrier သင်္ဘော (မီတာ ၁၅၀ အထက်) ဆိုရင်  PSPC ကို မဖြစ်မနေ လိုက်နာရမှာပါ။  (ဆိုလိုတာက Gross Tonnage ၅၀၀ အထက် သင်္ဘောတွေရဲ့ Ballast Tanks တွေရယ်၊ မီတာ ၁၅၀ အထက်ရှိတဲ့ Double skin Bulk Carrier သင်္ဘောတွေရဲ့ Ballast Tanks တွေနဲ့ Double Bottom Tanks တွေရယ် မှာ PSPC ကို မဖြစ်မနေ လိုက်နာရမယ် ဆိုတာပါ။)

၂) ဒါ့အပြင် ၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့မှာ နောက်ထပ် အကျုံးဝင်လာမည့် သင်္ဘောတွေလည်း ရှိပါသေးတယ်။  ဒီသင်္ဘောတွေအတွက် IMO က resolution MSC. 288(87) အနေနဲ့ ထပ်မံ ပြဋ္ဌာန်းထားပါတယ်။  MSC. 288(87) မှာ အကျုံးဝင်လာမည့် သင်္ဘောတွေကတော့ တန် ၅၀၀၀ deadweight အထက်ရှိတဲ့ Oil Tanker တွေထဲက Crude Oil Tanker တွေ ပဲဖြစ်ပါတယ်။

ခုလောလောဆယ်မှာတော့ International Maritime Organization (IMO) က Safety of Life At Sea (SOLAS) regulations တွေထဲမှာ resolution MSC.216(82) နှင့် MSC.291(87) တို့ကို ထပ်မံထည့်သွင်းပြီး PSPC စနစ်နဲ့ သင်္ဘောတွေကို တည်ဆောက်ဖို့ အတည်ပြု ပြဋ္ဌာန်းထားပါတယ်။  ဒါ့ကြောင့် SOLAS II-1/3-2 regulation မှာ IMOရဲ့ MSC.215(82) အကျုံးဝင်နေတာကို တွေ့ရမှာပါ။ ဒါ့အပြင် နံပါတ် ၂ မှာပြောခဲ့တဲ့ resolution MSC.288(87) ဟာလည်း SOLAS ရဲ့ Chapter II-3-2 regulation တွေထဲမှာ ၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့ကစပြီးတော့ သက်ရောက်လာမှာပါ။ 

Friday, February 24, 2012

FLIP သို့မဟုတ် Floating Instrument Platform


          ဒီသင်္ဘောအမျိုးအစားကို FLIP လို့ နာမည်ပေးထားပါတယ်။  ရေပေါ်မှာ အလျှားလိုက် သွားနိုင်သလို သုတေသန ပြုလုပ်တဲ့အချိန်မှာတော့ ၉၀ ဒီဂရီ ဒေါင့်မတ်ပုံစံ သင်္ဘောကို ထောင်လိုက်ပုံစံ ထားလို့ရပါတယ်။  လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်လောက်က Drs. Fred Fisher နဲ့ Fred Spiess တို့ဟာ ဒီလို သင်္ဘောမျိုးကို စတင် တီထွင်ခဲ့တာပါ။  ဒီသင်္ဘောကိုတော့ ပင်လယ်ပြင်သုတေသန အတွက် အသုံးပြုတာပါ။  ပင်လယ်ရေစီးကြောင်းတွေ ဘယ်လို စီးဆင်းတယ်၊ ဘယ်လိုမျိုး ကြီးမားတဲ့ လှိုင်းကြီးတွေ ဖြစ်ပေါ်လာရတယ်၊ လှိုင်းတွေ ဘယ်လိုရွှေ့လျှားတယ်၊ လေထုနဲ့ ပင်လယ်ကြားမှာ အပူတွေ ဘယ်လိုပုံစံနဲ့ ဖလှယ်နေကြတယ်၊  ပင်လယ်ရေအောက်က သတ္တ၀ါတွေဟာ ဘယ်လိုမျိုး အသံလှိုင်းတွေကို ထုတ်လွှတ်ကြတယ် စတဲ့ စမ်းသပ်မှု့များစွာကို ဒီသင်္ဘောကို အသုံးပြုပြီး လေ့လာနိုင်ခဲ့ကြပါတယ်။ 

          ဒေါင်လိုက်ပုံစံအတွက် အထူးဒီဇိုင်းထုတ်ရတာကတော့ ပင်လယ်ပြင်မှာ ပိုမို တည်ငြိမ်တဲ့ အခြေအနေလိုချင်တဲ့အတွက်ပါ။  အလျှားလိုက်ပုံစံထက်၊ ဒေါင်လိုက်ပုံစံဟာ ပိုမိုတည်ငြိမ်စေပြီး လှိုင်းကြောင့် သင်္ဘော လူးခြင်းကိုလည်း သက်သာစေပါတယ်။

Monday, September 5, 2011

First Hybrid Tug in Europe – Port of Rotterdam’s ‘RT Adriaan’




          ဥရောပရဲ့ ပထမဆုံး “Hybrid Energy” သုံး Tug boat ကို ၂၀၁၁ မေလ ၁၇ ရက်နေ့ဘယ်လ်ဂျီယံနိုင်ငံ အန့်ဝပ်မှာ ကျင်းပတဲ့ နိုင်ငံတစ်ကာ တွန်း/ဆွဲ (Tug) များနှင့် သင်္ဘောဆယ်ယူရေး ဆိုင်ရာ အစည်းအဝေးမှာ ကြေငြာခဲ့ပါတယ်။  ကနေဒါအခြေစိုက် အင်ဂျင် တီထွင်တဲ့ ဒီဇိုင်နာများနှင့် Aspin, Kemp and Associates(AKA)လိုခေါ်တဲ့ တည်ဆောက်သူ၊ သင်္ဘောလိုင်းတစ်ခုဖြစ်တဲ့ KOTUG တို့ ပူးပေါင်းဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။  ဟော်လန်နိုင်ငံရဲ့ ရော်တာဒမ် ဆိပ်ကမ်းမှာ အလုပ်လုပ်မယ့် ဒီသင်္ဘော (RT Adriaan) ဟာ AKA’s ရဲ့ “XeroPoint Hybrid Propulsion System” ကို သုံးထားတာပါ။

Wednesday, August 31, 2011

သဘောင်္များ၏ Fi-Fi အကြောင်း တစ်စေ့တစ်စောင်း



          Fi-Fi (Fire Fighting) ဆိုတာ သင်္ဘောများပေါ်မှ တပ်ဆင်လေ့ရှိတဲ့ မီးသတ် စနစ်တစ်ခုပါ။  အချို့နိုင်ငံများမှာ မီးသတ်ကားဆိုတာရှိသလို မီးသတ်သင်္ဘောများလည်း ထားရှိပါတယ်။  FIFI ကိုတော့ မီးသတ်သင်္ဘောများ (Fire Boats)၊ တွန်းသင်္ဘော (Tugs)များ၊  AHT (Anchor Handling Tugs)များ၊ OSV(Offshore supply veseel) များမှာ အဓိက တပ်ဆင်လေ့ရှိပါတယ်။
          သင်္ဘောများမှာ တပ်ဆင်တဲ့အခါ သက်ဆိုင်ရာ သင်္ဘောရဲ့ Classification Society ကိုမူတည်ပြီး Fi-Fi စနစ်တွေ့ရဲ့ လိုက်နာရမည့် လိုအပ်ချက်တွေရှိပါတယ်။  အဓိကအားဖြင့်စဉ်းစားကမှာကတော့

  • သက်ဆိုင်ရာသင်္ဘောရဲ့ မီးသတ်နိုင်မှု့ စွမ်းဆောင်ရည်
  • သင်္ဘောရဲ့ Stability နှင့် မီးသတ်နေစဉ်အတွင်းမှာ သင်္ဘောကို ထိန်းကျောင်းနိုင်မှု့
  • မီးသတ်နေတဲ့ သင်္ဘောကိုယ်တိုင် မီးမလောင်နိုင်စေရန် ကာကွယ်နိုင်မှု့ အစရှိတာတွေနဲ့ ပတ်သတ်ပြီးတော့ Fi-Fi ရဲ့ အမျိုးအစားတွေဟာ Classifcation Societies များရဲ့ လိုအပ်ချပ်ပေါ်မူတည်ပြီးတော့ ကွဲပြားသွားပါတယ်။

Tuesday, August 16, 2011

Duel-Fuel Engines သို့မဟုတ် LNG ရွှေခတ် ရောက်ပြီလား ?


အဓိက တင်ပြချင်တာက LNG ကို သင်္ဘောများတွင် အစားထိုးလောင်စာအဖြစ် အသုံးပြုလာနိုင်ခြေ များလာမှု့ကို ဖြစ်သည်။ ယခုလောလောဆယ်တွင်လည်း သင်္ဘောလိုင်းတော်တော်များများ LNG နှင့် ဒီဇယ်တွဲဖက်သုံးသော Duel-Fuel Engines စနစ်ကို အသုံးပြုရန် စဉ်းစားလာသောကြောင့် ယခုပို့စ် လေးကို တင်ဖြစ်သွားတာပါ။
LNG (Liquefied Natural Gas) ဆိုသည်မှာ မီသိန်းအထိကပါဝင်သော (CH4) ဓာတ်ငွေ့ကို သိုလှောင်ရာတွင်လည်းကောင်း၊ သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း လွယ်ကူစေရန် အရည်အဖြစ်သို့ အသွင်ပြောင်းထားသော ဓာတ်ငွေ့ ဖြစ်သည်။ ဓာတ်ငွေ့၏ ထုထည့်ကို အပုံ ၆၀၀ ပုံ ၁ ပုံ ခန့်ဖိနှပ်သောအခါ အရည်ဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုဓာတ်ငွေ့သည် အရောင်မရှိ၊ အနံမရှိ၊ ဘေးမဖြစ် သည့်အပြင် သံချေးတက်ခြင်းကိုလည်း မဖြစ်စေပေ။ သို့သော် မီးလောင်လွယ်၊ အေးခဲ ပြီး ရှုရှိက်မိပါက အသက်ရှုကျပ် (asphyxia) စေသည်။



ထိုသို့ အရည်အဖြစ်သို့ပြောင်းလဲခြင်း လုပ်ငန်းစဉ်တွင် အချို့သော ပါဝင် ပစ္စည်းများကို ဖယ်ထုတ်ခြင်းအဆင့်လည်းပါဝင်သည်။ အမှုန်များ၊ အက်ဆစ်ပါသော ဓာတ်ငွေ့များ၊ ဟီလီယမ်၊ ရေ၊ လေးလံသော ဟိုက်ဒရိုကာဗွန်များ စသည် စသည်တို့ကို ဖယ်ထုတ်ရသောကြောင့် ထုတ်လုပ်ရာတွင် ခက်ခဲမှု့များရှိသည်။ သယ်ယူပို့ဆောင်ရာတွင် အများဆုံးသော ပမာဏ ရရှိစေရန်အတွက်လဲ အရည်အဖြစ်သို့ ပြောင်းလဲစေရန် (3.6 psi) အထိရောက်ရှိစေရန် -၁၆၂ ဒီဂရီ စင်တီဂရိတ်အထိ အအေးခံရသည်။ LNG အဖြစ်သို့ရောက်ရှိချိန်တွင် ဓာတ်ငွေ့သည် မီသိန်း ၁၀၀% ပါဝင်ပြီး အခြားသော ဓာတ်ငွေ့များ သန့်စင်ပြီးသား ဖြစ်သည်။ LNG ရဲ့ energy density သည် CNG ထက် ၂.၄ဆ ပိုမိုများပြားသည်။ သို့သော် ဒီဇယ် ၏ ၆၀% ခန့်သာရှိသည်။
LNG ထုတ်စက်ရုံများ၏ ထုတ်လုပ်နိုင်စွမ်းရည်ကို million metric ton per annum (mmtpa) ဖြင့် ဖော်ပြလေ့ရှိသည်။ 1 mmtpa ထုတ်လုပ်နိုင်သော စက်ရုံတစ်ရုံ တည်ဆောက်မှု့ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံခန့်ကုန်ကျသည်။ 1 cbf/day လက်ခံပေးနိုင်သော LNG ဆိပ်ကမ်းတစ်ခု၏ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ကုန်ကျသည်။ LNG သင်္ဘောတစ်စီး၏ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၀.၂-၀.၃ ဘီလီယံခန့် ကုန်ကျသည်။

Monday, August 15, 2011

Ballast Water Management (BWM)

ခုနောက်ပိုင်းမှာ လူပြောများလာတဲ့ Ballast Water Management (BWM) အကြောင်းလေးကို အနည်းငယ်တင်ပြလိုပါသည်။ အဓိက အချက်ကတော့ သင်္ဘောများမှာ ပင်လယ်ရေကို အသုံးပြုပြီး သင်္ဘော တည်ငြိမ်မှု့အတွက်သောလည်းကောင်း၊ ကုန်စည်တင်ဆောင်ရာတွင် သင်္ဘော၏ ဟန်ချက်ကို ထိန်းပေးနိုင်ရန်အတွက်သောလည်းကောင်း အသုံးပြုသော Ballast Water များကို စွန့်ပစ်ရာမှ စတင်ပါသည်။ သင်္ဘောများသည် ဆိပ်ကမ်းတစ်ခုမှ တစ်ခုသို့ ခုတ်မောင်းနေသောကြောင့် ဒေသတစ်ခုမှ ပင်လယ်ရေများကို တင်ဆောင်လာပြီး အခြားဒေသတစ်ခုတွင် စွန့်ပစ်ကြသည်။
တင်ဆောင်လာသော ပင်လယ်ရေထဲတွင် ဒေသတစ်ခုမှ သက်ရှိ မျိုးစိတ်များ၊ အပင်များ၊ ပင်လယ်နေ အကောင်ငယ်များသည် ရက်သတ္တပတ်ပေါင်းများစွာ သင်္ဘောထဲရှိ Tank များထဲတွင် ရှင်သန်နေထိုင်နိုင်သည်။ သင်္ဘောများသည် အခြားဒေသ သို့မဟုတ် ဆိပ်ကမ်းတွင် ပင်လယ်ရေများကို စွန့်ထုတ်သောအခါ အဆိုပါ အကောင်များ၊ အပင်များ၊ မျိုးစိတ်များလည်း ရောပါသွားသည်။ အကျိုးဆက်ရလဒ်မှာ စွန့်ထုတ်လိုက်သော ရေထဲရှိ အန္တရာယ်ပေးနိုင်သော မျိုးစိတ်များသည် စွန့်ထုတ်လိုက်ရာ ဒေသရှိ ဒေသခံမျိုးစိတ်များအပေါ် လွှမ်းမိုးသွားပြီ သဘာဝ ပတ်ဝန်းကျင် တည်ငြိမ်နေမှု့ကို ပျက်ပြားစေသည်။

Sunday, August 14, 2011

Gyroscopic Stabilization






သင်္ဘောများတွင် rolling ခေါ် ဘယ်ညာတိမ်းစောင်းမှု့ကို ထိန်းညှိပေးနိုင်ရန် တပ်ဆင်သည့် Gyroscopic Stabilizer အကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။ စစ်သင်္ဘောများတွင် လည်းကောင်း၊ မြန်နှုန်းမြင့် သင်္ဘောငယ်များ(Speed boat) တွင်လည်းကောင်း၊ ကြီးမားသော ခရီးသည်တင် သင်္ဘောကြီးများတွင် လည်းကောင်း တပ်ဆင်ကြသည်။
Gyroscopic stabilizer အကြောင်းကို မစခင် Gyroscopic Precession အကြောင်းကို အနည်းငယ် ပြောပြလိုပါသည်။ သင်္ဘောများ၏ Gyroscopic Stabilizers များ၏ သဘောသဘာဝမှာ Gyroscopic Precession ကို အခြေခံထားသောကြောင့် ဖြစ်သည်။