စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, October 13, 2013

ငါ လွှတ်ချကြည့်လိုက်တယ်..

သက္ကရာဇ်တွေ… အထွေးလိုက် အထွေးလိုက်…
မြင်ရက်စရာမရှိတဲ့……… အိုမင်းခြင်းတွေ…
သင်္ဘောတွေ အပုံလိုက် အပုံလိုက်….
လေထဲမှာမျောလွင့်သွားတဲ့ အိတ်စပီးရန့်ဆိုသော အရာများ…
ငါလွှတ်ချကြည့်လိုက်တယ်…

မသတီစရာကောင်းတဲ့ လုပ်ပြုံးပြုံးထားတဲ့.. အပြုံးများ..
မချိသွားဖြဲ..ရွေးချယ်စရာမရှိခဲ့တဲ့ ရွေးချယ်ခွင့်များ….
မှားမှန်းသိရက်နဲ့… compromise လုပ်ခဲ့ရတဲ့ အကြောင်းအရာများ…
ဘာတဲ့ Naval Architect ဆိုတာ Science or Art တဲ့…
တကယ်တော့ Naval Architect ဆိုတာ၊ “Art of compromise…”
အို….. ငါလွှတ်ချကြည့်လိုက်တယ်….

အကောင်းဆုံးဆိုတာ စာရွက်ထဲမှာပဲရှိတယ်လေ…
လုပ်ပိုင်ခွင့်၊ အတိုင်းအတာ၊  ငွေကြေး၊ အချိန် ဒါတွေအားလုံးကြားထဲမှာ…
ငါတို့တွေဟာ စစ်မြေပြင် ရှေ့တန်း က ပွန်းရုပ်ကလေးတွေပဲ…
သိရက်နဲ့ ထမင်းတစ်လုပ်က ကျန်တာတွေထက် ပိုအရေးကြီးလား…
Commitment ဆိုတာ ဘာလဲ?  Ethic ဆိုတာဘာလဲ?  ခဏလေးတော့ ငါ… အားလုံးကို…
လွှတ်ချကြည့်လိုက်တယ်…..

Monday, July 2, 2012

ပျောက်ဆုံးခြင်း

ခပ်သောသောလေး ရယ်ရရင်တော့ ဒါဟာ ဟာသဇာတ်ပေါ့လေ
ခပ်အုပ်အုပ်လေး လူမသိအောင် ငိုတော့ ဒါဟာ အလွမ်းဇာတ်
ခပ်တည်တည်ကြီးနေတော့ ငါ့ကို ဘာပြောကြမလဲ
မရယ်တော့ဘူးလား၊ မငိုတော့ဘူးလား
ငါဟာ ငါဘာလည်းဆိုတာကို ငါကိုယ်တိုင်တောင် မသိဘူး

အမေရိကန် အိပ်မက်တွေ လူတိုင်းမက်ကြသပေါ့လေ
လုပ်သလောက် အကျိုးရှိမယ်၊ ယောက်ျားတံခွန်အောင်လံထူလို့
ဒါပေမယ့် ငါဘာလုပ်နေမှန်း ငါ့ကိုယ်ငါ မသိဘူးဖြစ်နေတာ
အင်း…  လုပ်တော့လုပ်နေတာပဲ…
ဒါပေမယ့် ပျောက်ဆုံးခြင်းတွေက အရိပ်လိုလိုက်လာတော့
သဲပြင်ပေါ်မှာရေးတဲ့ စာလုံးလိုပဲ လှိုင်းတစ်ချက်စာပဲရှိတယ်

ဘာမှ မလုပ်ဘဲ ထိုင်စားလို့ရတဲ့နေရာဟာ အမေ့အိမ်ပဲလို့
သိလိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော်ဟာ ဟိုးအဝေးကြီးကို
ရောက်ရှိနေခဲ့ပါပြီ ဆိုတာမျိုးကတော့ မဖြစ်ချင်လှ
အတောင်စုံတဲ့ ငှက်ဟာ မပျံရင် ငှက်ဘ၀ ဆုံးမယ်
ဒါပေမယ့် ဦးတည်ချက်မရှိ ပျံသန်းနေတော့ ခက်သား

ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက်၊ တစ်မနက်ပြီး တစ်မနက်
ပျံလိုက် နားလိုက်၊ ဆောင်းခိုလိုက်ပေါ့
ဒါပေမယ့် ဦးတည်ချက်မှ မရှိလေတော့
ပျံလေတဲ့ ငှက်ခါး ဘယ်နား သွားနားရမှန်းကို မသိတာ။
ဒီလိုနဲ့ ငါဟာ ပျောက်ဆုံးလို့ ကောင်းနေတုန်း…….

Friday, June 8, 2012

ညီကြစို့ရဲ့... တွဲလက်တွေ


ထမင်းရေ ချောင်းစီး မောင်းတီးလှုမကွဲ့
ဖြူတဲ့ သဒ္ဒါ၊ တို့မြန်မာတို့
သည်မြေပေါ်မွေး၊ သည်ရေသောက်လို့
တွဲလက်တွေမြဲ ဆောက်ခဲ့ကြသည်
တို့တိုင်းပြည်။

စိတ်ရင်းမမှန်၊ စိတ်ယုတ်ကြံလို့
ဘင်္ဂါလီ ခေါ်၊ ခေါ်တောတသိုက်
တို့မြေကိုနင်း၊ တို့ရေကိုသောက်
တို့သွေးကိုပါဖောက်လို့ တို့တွေကို ချေတော်တင်တော့မည်
တို့တိုင်းပြည်။

မျိုးမမှန် အသီး၊ လောင်းရိပ်မှီလို့
ဒေါ်လာကိုစား၊ ကုလားဖြူကိုဘုရားထူးလို့
ဟစ်အော်ကြသည် သမိုင်းကိုလှန်
ရိုဟင်ဂျာကိုမှ သွေးနှောချင်ကြသတဲ့၊ ရာဇ၀င်ရိုင်းလှသည်
တို့တိုင်းပြည်။

ဖြူလှ သဒ္ဒါ၊ လူမျိုးမခွဲ ဘာသာကွဲလဲ
ပေးသည်အလှူ၊ ထားသည်နေရပ်
သားရေပေါ်အိပ်၊ သားရေနားစား ထိုခွေးများက
တို့လည်ကိုနင်း စစ်တလင်းဖြစ်ကာနေရော့မည်
တို့တိုင်းပြည်

တို့မြေကိုကျူး၊ တို့သွေးကိုဖောက်
ခေတ်သစ် ကျွန်ဇာတ်၊ သွင်းတော့မည်ဟန် သူတို့ကြံ
လည်စင်းခံရင်ဖြင့် သမိုင်းမှာပါ အမည်းစက်တွင်ပေလိမ့်မပေါ့
နိုးထကြလော့ အိုအဆွေတို့၊ ငါ့တို့ပြည်သည်
တို့တိုင်းပြည်

ဒါတို့တိုင်းပြည်၊ တို့တိုင်းပြည်မို့
ထလော့ မြန်မာ၊ အို….မြန်မာတို့
တို့ တိုင်းပြည် ထည်ထည်ဝင့်အောင်
တွဲလက်မြဲညီ၊ တို့စုစည်းရင်ဖြင့်
ဘယ်ရန်တွေမမှု့ပါဘူး၊ အောင်ပန်းတွေဆွတ်ကာလှမ်းမယ်
ဇွဲမလျှော့ ကြစတမ်း။

Saturday, February 25, 2012

ဒီပန်းသီး ဘယ်လောက်လဲ။ ၄၅၀။ ကားပေါ်မြန်မြန်တက်ပါ။


ဟိုးအဝေးကတိမ်တောင်တွေပေါ်မှာ အန္တရာယ်များတဲ့ အိုင်ဒီယာတွေပါသွားသလားလို့ ကြည့်မိ တခဏမှာ
ခင်ဗျားက bulb သီကို လက်နဲကထွန်းညှိလိုက်ပါတယ်
သူမဟာ တစ်ကိုယ်လုံးလှုပ်ရှားမှု့ကို ပရိသတ်ကိုပြချင်လို့ အ၀တ်နက်ခြုံပြီး
၁ က ၅၀ အထိ ရေတွက် လိပ်ပြာကိုလှုပ်လိုက်ပါတယ်

ကျွန်တော်တို့နေထိုင်တဲ့ ပြည်ထောင်စုမှာ တောင်တန်းတွေ လှိုင်းတွေနဲ့ ရှေးရိုးယဉ်ကျေးမှု့
ဓလေ့စရိုက်တွေ ဟာမိုနီဖြစ်မဖြစ် စီစစ်ပြီး ကော်ပီလုပ်ရမယ်
အားလုံးဟာ ဗလာတွေပါပဲ အားလုံးဟာ ဗလာတွေပါပဲ ဘယ်လိုပဲပြောပြော
အားလုံးဗလာမဲပေါက်ကြတာ

အရှေတီမောရဲ့ နုနုငယ်ငယ်လွတ်လပ်ရေးနဲ့အင်းဒိုနီးရှားရဲ့ ဒီမိုကရေစီ စိမ်ခေါ်ပွဲ
မြန်မာပြည်မှာ ရွေးကောက်ပွဲတွေ စတော့မတဲ့

လူတစ်ယောက်ရဲ့ ခြေ၊ လက်၊ ခန္ဓာနဲ့ ပုဂ္ဂိုလ်တစ်ပါးရဲ့ ခြေလက်ခန္ဓာဘာကွာသလဲ
အမှန်လွန်သစ်သီးကို အပ်ချည်ကြိုးနဲ့ ဆွဲချမိတဲ့ ဖြစ်ရပ်
အမှည့်လွန်သစ်သီးကို ဈေးကွက်တင်တဲ့ ကိစ္စ
ဖြစ်သမျှဇာတ်ကြောင်းတိုင်းမှာ လွတ်လပ်တဲ့ ဇာတ်အကျိုးရှိသလား

ဘ၀မှာခဏခဏ ဒီရေတက်နေရတယ်
          (၁) မေးခွန်း
          (၂) အသံ
          (၃) ဟန်ကိုယ့်ဖို့လား သူ့ဖို့လား မသိခြင်းတရား
ခင်ဗျားနံဘေးနားမှာ မြစ်စီးနေသမျှပေါ့

ငြိမ်းဝေ၏ ဂဃနဏ စာအုပ်မှ

Wednesday, February 22, 2012

ဖြိုက်ကနဲ


ဖြိုက်ကနဲ…
မိုးက တစ်ပြိုက်ရွာ
ခိုကိုးရာမဲ့ ခိုက်ခိုက်တုန်လို့

ဖြိုက်ကနဲ…
သိမ့်သိမ့်တုန်ကျန်ခဲ့
နင်နင်းခဲ့တဲ့ သစ်ကိုင်း

ဖြိုက်ကနဲ….
လွင့်သွားတဲ့ကြယ်တွေ
ငိုသူက ငို၊ ဆွေးသူကဆွေး

ဖြိုက်ကနဲ….
အလင်းရောင်တွေ
မျက်စိတွေတောင် ကျိန်းစက်လို့

ဖြိုက်ကနဲ…..
ဆေးဆိုးပန်းရိုက်မျက်နှာနဲ့
ညငှက်တို့ အစာရှာချိန်


ဖြိုက်ကနဲ….
တေလေတစ်သိုက်
ရောက်တက်ရာရာတွေပြော

ဖြိုက်ကနဲ…..
မျှော်လင့်ချက်တွေ
တစ်ရှိုက်မက်မက် တပ်မက်ရင်း

ဖြိုက်ကနဲ….
ငါ…
မဲလို့...
မှောင်လို့.....
ပျောက်ဆုံးလို့ ကောင်းတုန်း

Monday, November 7, 2011

စင်္ကာပူ


၁။ ဟိုးတစ်ချိန်ကတော့
 ငါတို့ကို တူအောင် တုမယ် ဆိုတဲ့မြို့
လေဆိပ်မှာထဲက စည်းကမ်းကျတဲ့ အလှကိုငေး
နေစရာတွေငေး၊ နားစရာတွေငေး
မလိုသူတွေက ပွဲစားမြို့ လေးတဲ့
ဒါပေမယ့် သူဟာ ကမ္ဘာလေးတစ်ခုပါ
ဒီကမ္ဘာလေးကို အစစ်အတု ခွဲပြီး အလှရှာမဲ့
မြန်မာအဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့။

၂။ရန်ကုန်ရေ  နင်ဘယ်လောက်ဖြတ်ကျန်ခဲ့ပြီလည်း
ငါတို့ မပြောရဲတော့ဘူး…
တနေ့တစ်လံပေါ့ စင်္ကာပူရယ်
သစ်ပင်တွေ ပန်းတွေက စနစ်တကျပွင့်ပြီး
စနစ်တကျ ကြွေရတယ်
လူတွေရော ဒီလိုပဲလား?
တို့ အမျိုးတွေအတွက် စိတ်ပူလိုက်တာ။

Monday, October 31, 2011

နေ























နေ…ရယ်
မင်းကိုယုံလိုက်မိလို့
ငါ့ညတွေ
မှောင်အတိကျခဲ့ရတာ…

နေ.. ရယ်
မင်းဘ၀ကို မင်းပုံမှန်ဖြတ်သန်းနေပေမယ့်
ငါ့ယုံကြည်ချက်က
မဖြစ်နိုင်ခြင်းတွေကိုဘဲ
ထပ်ခါ ထပ်ခါ အသက်သွင်းနေတယ်

Tuesday, October 25, 2011

ဝိရောဓိ


ယဉ်ကျေးမှု့တွေ တိုးတိုက်ကုန်ကြတယ်….
ငပိရေနဲ့ တို့စရာ၊  မက်ဒေါနယ် နဲ့ ကေအဖ်စီ
၃ နှစ် ၃မိုးလေ့လာချစ်ကြိုက်မှု့
Living Together ယဉ်ကျေးမှု့…
ဂျိုးသိန်းဆေးလိပ် နဲ့ Marlboro
အရေခွံလဲချင်လား …….မိုက်ကယ်ဂျက်ဆင်လို….
အတွေးအခေါ်ကျတော့ အဟက် ဒုံရင်းက ဒုံရင်း

အရေခွံကို ကြည့်ယုံနဲ့တော့ အနှစ်သာရ က ရလာမှာလား
ဒီမို ဒီမို လူတိုင်း ဒီမို …. အားလုံးကဒီမို
ကြက်ဥကို အစရှာနေသလို ငါဟာပျောက်ဆုံးနေတယ်….
အသွေးတွေ အသားတွေကို ပြောင်းလဲမှု့တွေက
ရက်ရက်စက်စက် သောက်သုံး…
တစ်နေ့ ၈ နာရီ အလုပ်လုပ်ပေမယ့်…. ငါ ပရောဖက်ရှင်နယ်ဖြစ်ရဲ့လား
ရှက်တဲ့စိတ်က ဦးနှောက်ကို ခွာချနေတယ်…
မိတ်ကပ်တွေ လိမ်းပြီးတော့ လူတွေက ပြုံးပြနေတယ်

Tuesday, October 4, 2011

ချစ်ခဲ့သည်... ချစ်နေသည်… ချစ်ဦးမည်


















မိုးတွေရွာနေတုန်း မင်းကိုတွေ့ခဲ့တာပေါ့…
ဆန့်ကျင်ဘက်လိင်၊ ပျော်ရွှင်မှု့
ဒါတွေကို ဖယ်လိုက်လည်း မင်းကိုငါ ချစ်ခဲ့တယ်…
မင်းကို ဖန်ဆင်းခဲ့တယ်ဆိုရင် ဖန်ဆင်းရှင်ကို  ငါ ကျေးဇူးတင်တယ်….
ဒါဝင်သီအိုရီအရဆိုရင် မင်းရဲ့ ဘိုးဘေး မျောက်တွေကို ကျေးဇူးတင်တယ်….
ငါ့ကို ချစ်ခဲတဲ့ အတွက်လည်း ငါမင်းကို ကျေးဇူးတင်တယ်……

Saturday, October 1, 2011

ကင်း



ကင်းဆိုတာ ကင်းမလက်မဲ မဟုတ်ဘူး
စပိတ်နဲ့ကင်းတဲ့ “ကင်း”
ဗီလိန်ဖြစ်ဖူးသလို သူရဲကောင်းလည်းဖြစ်ခဲ့ဖူးတယ်
အော်တိုရန်းနဲ့ နှစ်ဆ “ဒေါင်း” တော့ ကျုပ်က နောက်ဆုံးတက်ခဲ့တာ…..
ဟောလီးဝုဒ်မှာ တစ်ဘက်လူ သွေးထွက်အောင် ကင်းနှစ်ကောင်ညှပ်ပြီး “ဥ” ခဲ့တာက ကျုပ်
အပယ်ချင်းယှဉ်ရင်တောင် ကျုပ်ကြောင့် စားခဲ့ရတဲ့ “ရှိုး”
တစ် နဲ့ကိုး ပြီးမှ ကျုပ်တက်ခဲ့ရတာကိုများ ဗီလိန်လို့ သမုတ်သတဲ့လား
ခင်ဗျားတို့ ကိုးခံနဲ့ ကျုပ်ကို ပွတ်ပြီး ပေါက်ခဲ့တဲ့ “ရှမ်း”ပွဲကိုကျတော့ ဘာပြောဦးမလဲ…
ငါးချပ်ဝိုင်းမှာ ကျုပ်ကြောင့် “ဘူ” ခဲ့ရတာ ခင်ဗျားတို့…
ဝမ်းနည်းတာတစ်ခုဘဲရှိတယ်….
ဟိုကောင် “တစ်” နောက်ကို ကောက်ကောက်ပါအောင်လိုက်သွားတဲ့
ဖိုးသိုးဖတ်သတ် ဘုရင်မ
၂၁ ဆိုတဲ့ တစ်ချိန်တုန်းကပေါ့

by AH (၁၊ အောက်တိုဘာ၊ ၂၀၁၁။ ၁၅:၄၂)

Friday, September 30, 2011

ဒီ တစ်ည ငါမူးအောင်သောက်မယ်


ကျန်တာတွေခေါက်ထား
၂၀၁၂ ကမ္ဘာကြီးပျက်သွားတာ ငါ့တူရှုက ဖန်သာပြင်ကြီးရှေ့မှာ
ဂျူးလိယက်ဆီဇာ ကို ဘရူးတပ်စ်က ဓားနဲ့ထိုးတော့
ကလီယို ပက်ထရာက တစ်ခစ်ခစ် ရယ်ခဲ့လား (၀ါ) ငိုခဲ့လား
ဂျူလိယက်မှ အဆိပ်သောက်မသေရင် ရှိတ်စပီးယားက
ဘာနဲ့ ဇာတ်သိမ်းဦးမှာတုန်း
ခြင်္သေ့နှစ်ကောင် ထိခတ်လိုက်လို့ “ရွှပ်” ခနဲ့ အသံထွက်ရင်
နင်ပျောက်ချင်းမလှ ပျောက်တယ်
ဒီမှာ အမိ နင်အမတန် ပလီလွန်းလှတယ်
ဒီ တစ်ည ငါမူးအောင်သောက်မယ်

by A.H (၃၀၊ စက်တင်ဘာ၊ ၂၀၁၁ ၁၀း၀၀)

ကောက်ရိုးမီး


ပြောတတ်ကြတယ်.....

ကောက်ရိုးမီးတဲ့....
ဒါပေမယ့် ငါ့မှာလဲ အလင်းရှိတယ်...
ငါ့မှာလဲ အပူချိန်ရှိတယ်...

မင်းတို့လိုတော့ ရိုမန်းတစ်မဖြစ်ဘူး..
လူကုံထံတွေ ရဲ့ ညစာစားပွဲအလည်မှာ
တင်ထားတဲ့ ဖရောင်းတိုင်ရဲ့ ခန့်ထည်မှုလိုပေါ့..

မင်းတို့လိုတော့ တည်ငြိမ်မှု့မရှိဘူး..
ညရဲ့ အမှောင်ထုကို ဖြိုခွဲမဲ့..
မီးအိမ်တစ်ခုရဲ့ အလင်းလိုပေါ့...

မင်းတို့လို တောက်ပ ၀ံကြွားမှုလဲ မရှိဘူး...
နေပြည်တော် ကားလမ်းမကြီးပေါ်က..
ထိန်ထိန်ငြီးတဲ့ မာကျူရီမီးတွေလိုပေါ့..

ဒါပေမယ့်.. 
မင်း ဘ၀ တည့်မတ်ဖို့ အတွက်
ငါ့ည နောက်ဆုံး ထွက်သက်ကို..
အစွမ်းကုန် တောက်လောင်ခဲ့ပါတယ်
သူငယ်ချင်း။




 by A.H     [ ၆၊အောက်တိုဘာ၊၂၀၁၀ ၀၁:၄၀ ]

Sunday, September 18, 2011

မြို့ပြ မိန်းမတစ်ယောက်ရဲ့ အချစ်အကြောင်း



















ဆာလောင်မွတ်သိပ်နေတဲ့ မျက်လုံးတွေနဲ့
အောက်တန်းကျတဲ့ ဓားသွားတွေနဲ့
ရန်ကုန်မြို့ ကြီးဟာ
ရှင်ခဏခဏဆိုနေကျ သီချင်းထဲကလို
“ ဘဝသံသရာ…..”
တကယ်လို့
ရန်ကုန်မြို့ ကြီးဟာ ဝင်္ကပါဆိုရင်
ကျွန်မတို့ဟာ ဝင်္ကပါထဲက ကြွက်ဖြူလေးတွေပေါ့


Saturday, September 17, 2011

ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား



နေတတ်ဖို့ ကြိုးစားနေပါတယ်...
ပြုတင်းပေါက်တော့ ဖွင့်ထားမိတယ်....
အသံသဲ့သဲ့ကြားတယ်...
ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား...

ကန်က စီးပွားရေး နလန်ထူဖို့...
ကြွေးဆပ်ဖို့ အသည်းအသန် လုံးနေတယ်...
အသံသဲ့သဲ့ကြားတယ်....
ဟိုလိုလုပ်ပါလား..  ဒီလိုလုပ်ပါလားတဲ့....