စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, October 13, 2013

ငါ လွှတ်ချကြည့်လိုက်တယ်..

သက္ကရာဇ်တွေ… အထွေးလိုက် အထွေးလိုက်…
မြင်ရက်စရာမရှိတဲ့……… အိုမင်းခြင်းတွေ…
သင်္ဘောတွေ အပုံလိုက် အပုံလိုက်….
လေထဲမှာမျောလွင့်သွားတဲ့ အိတ်စပီးရန့်ဆိုသော အရာများ…
ငါလွှတ်ချကြည့်လိုက်တယ်…

မသတီစရာကောင်းတဲ့ လုပ်ပြုံးပြုံးထားတဲ့.. အပြုံးများ..
မချိသွားဖြဲ..ရွေးချယ်စရာမရှိခဲ့တဲ့ ရွေးချယ်ခွင့်များ….
မှားမှန်းသိရက်နဲ့… compromise လုပ်ခဲ့ရတဲ့ အကြောင်းအရာများ…
ဘာတဲ့ Naval Architect ဆိုတာ Science or Art တဲ့…
တကယ်တော့ Naval Architect ဆိုတာ၊ “Art of compromise…”
အို….. ငါလွှတ်ချကြည့်လိုက်တယ်….

အကောင်းဆုံးဆိုတာ စာရွက်ထဲမှာပဲရှိတယ်လေ…
လုပ်ပိုင်ခွင့်၊ အတိုင်းအတာ၊  ငွေကြေး၊ အချိန် ဒါတွေအားလုံးကြားထဲမှာ…
ငါတို့တွေဟာ စစ်မြေပြင် ရှေ့တန်း က ပွန်းရုပ်ကလေးတွေပဲ…
သိရက်နဲ့ ထမင်းတစ်လုပ်က ကျန်တာတွေထက် ပိုအရေးကြီးလား…
Commitment ဆိုတာ ဘာလဲ?  Ethic ဆိုတာဘာလဲ?  ခဏလေးတော့ ငါ… အားလုံးကို…
လွှတ်ချကြည့်လိုက်တယ်…..

Saturday, October 12, 2013

Note 3 or 5s

         လွန်ခဲ့တဲ့ ၇ လလောက်တုန်းက ပိုစ့်တစ်ခု တင်ဖြစ်သည်။  ဘာ ဖုန်းဝယ်ရင်ကောင်းမလဲဟုဖြစ်သည်။  S4 or HTC 1 or iPhone 5 သို့သော် မ၀ယ်ဖြစ်။  ခု ဖုန်းဝယ်ဖို့ ရောဂါ ထနေပြန်ပြီ။  ဘာဝယ်ရမှန်းမသိပေ။  အချိန်ဆိုသည်မှာ ဖြိုက်ကနဲကုန်သွားသည်။  ဖုန်းအသစ်တွေ ထပ်ထွက်နေပြန်ပြီ။     အရင်တုန်းကတော့ ဖုန်းတစ်လုံးဝယ်လိုက်လျှင် ၂ နှစ်လောက် ခေတ်မီမီ သုံးနေလို့ရသည်။  ခုကတော့ ၆ လ လောက်ဆိုလျှင် ကိုယ်ကိုင်နေတဲ့ ဖုန်းက မော်ဒယ်အောက်သွားပြီဖြစ်သည်။  ခက်လှချေတကား။
         ခု ရောဂါထနေသည်မှာ iPhone 5s နှင့် Note 3 ဘယ်ဟာရွေးရရင် ကောင်းမလဲ ဟူသော အရာပင်ဖြစ်သည်။ အင်တာနက်ထဲမှာ လျှောက်မွှေပြီး review တွေ ဖတ်ကြည့်သည်။  သူ့ဟာနှင့် သူတော့ အားလုံး ကောင်းနေသည်ချည်းသာဖြစ်သည်။  မည်သို့ပင်ဆိုစေကာမူ ဖုန်းတစ်လုံး ၀ယ်လိုက်လျှင် အနည်းဆုံး ၂ နှစ်တော့ မဖြစ်မနေသုံးရမည်ဖြစ်သည်။  ထို့ကြောင့် ၂ နှစ် လက်ထဲရောက်နေမည့် ဖုန်းအတွက် ကျွန်တော့်ဟာ ကျွန်တော် review လုပ်ကြည့်သည်။  5s နှင့် Note 3 ကို ယှဉ်ကြည့်ခြင်းဖြစ်သည်။

ကြံခိုင်မှု့
Samsung သည် ကော်ခွံထဲက မထွက်သေးချေ။  Leather casing ဟု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ထားသော ကော်ခွံသည်သာ ဖြစ်သည်။  Hard ware အားလုံး ဈေးပေါသော အရာများကို သုံးထားသည်။  အရင် S4 သုံးသူများကို လိုက်ကြည့်လေသော်… screen ကွဲသူများလေသည်။  ပြုတ်ကျသည်နှင့် Screen ကွဲလေသည်။  screen ဘေးနားမှ ကာထားသော လိုင်းကလေးမှာ ဟောင်းလောင်းပေါက် ပိုက်ကလေးဖြစ်သည်။  ပြုတ်ကျလျှင် ပိန်သွားလေသတည်း။  ထို ဟောင်းလောင်းပေါက် ပိုက်ကလေးပြီးလျှင် သံမဏိဟု ထင်ယောင် ထင်မှာ ဖြစ်စရာရှိသော မည်သည့်အရာမှန်းမသိသည့် သတ္တုတစ်ခုဖြင့် ကာထားကာ ၃ လလောက်ကြာရင် ကွာထွက်ကုန်လေ၏။  ထို့ကြောင့် အတွင်းကလီစာများသည် iPhone 5s ထက် Spec မြင့်ပြီး သုံးလို့ကောင်းသော်လည်း အကြမ်းပတမ်း သုံးသူများအတွက် iPhone 5s သည် ပိုမို သင့်လျှော်သည်ဟု ကောက်ချက် ချမိလေသည်။  အဘယ်ကြောင့်ဆိုသော်… မည်သည့်ဖုန်းကို လက်ထဲ ထဲ့ပေး ထဲ့ပေး ပျက်အောင် ကိုင်သော ကျွန်တော်၏ ရှုမငြီးသည် iPhone 5 လက်ထဲထည့်ပေးလိုက်သော် အချိန်အတော်အတန် ငြိမ်ပြီး complain မတက်ဘဲ နေသည်မှာ iPhone ၏ durability သည် ပိုမိုကောင်းသည်ဟု သက်သေ ပြခြင်းပင်ဖြစ်သည်။