စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, July 25, 2011

Marine Knowledge

ဖတ်ရှု့ရန် Click here : http://marineknowledges.blogspot.com
INTRODUCTION
ဤဘလော့သည် ဟော်လန်နိုင်ငံမှ စာရေးသူ Klaas van Dokkum မှ ၂၀၀၃ခုနှစ်တွင် ရေးသားထုတ်သော SHIP KNOWLEDGE (A Modern Encyclopedia) - ခေတ်သစ် သင်္ဘောစွယ်စုံကျမ်း ကိုကျွန်တော် မှီငြမ်း၊ ဘာသာပြန် ထားခြင်းဖြစ်ပါသည်။ အချို့နေရာများတွင် ပိုမိုပြည့်စုံအောင် ထည့်သွင်းဖော်ပြထားပါသည်။ အဆိုပါ ဘလော့ရှိ အခန်းများမှာ သူ၏ မူလစာအုပ်ရှိ အခန်းများကိုပင် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် တင်ပြထားခြင်းဖြစ်သည်။ ဓာတ်ပုံများမှာ အင်တာနက်မှသော်လည်းကောင်း၊ မူလစာရေးသူ၏ စာအုပ်မှသော်လည်းကောင်း ကူးယူဖော်ပြထားခြင်းဖြစ်သည်။
ဤဘလော့သည် မြန်မာများ၊ ရေကြောင်းပညာကို လေ့လာလိုသူများ၊ ရေကြောင်းပညာရပ်ကို သင်ယူနေသူများ၊ ရေကြောင်းပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများအတွက် တစ်ဖက်တစ်လမ်းမှ အသိပညာပေးစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်။ အခြားသော နိုင်ငံများတွင် ရေကြောင်းနှင့်ပတ်သက်၍ အသိပညာဗဟုသုတဆိုင်ရာ စာအုပ်များ၊ မှီငြမ်းနိုင်သော web site များလွယ်လင့်တစ်ကူရှိနေပြီးဖြစ်သော်လည်း ကျွန်တော်တို့ မြန်မာလူမျိုးများနှင့် မြန်မာနိုင်ငံအတွက် အဆိုပါ အခွင့်အရေးမှာ အတန်အသင့် ရှားပါးနေသည်ဟု ယူဆသောကြောင့် ယခု ဘလော့ကို ဖန်တီးဖြစ်ခြင်းဖြစ်ပါသည်။
ဤဘလော့အတွက် ပါဝင်ကူညီဘာသာပြန်ပေးသော၊ အကြံဥာဏ်ပေးသော ကျွန်တော့် သူငယ်ချင်း ကိုသူရအား အထူးကျေးဇူးတင်ရှိပါသည်။


**This blog is under progress. Thanks for your visit.**