စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Friday, June 7, 2013

မိန်းမနဲ့ ယောကျာ်း

မိန်းမနဲ့  ယောကျာ်း ဘာကွာသလဲ သိချင်ရင် ဟောဒီ Youtube Video လေးသာကြည့်ပါ...


Monday, March 11, 2013

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁၄

အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏     

ရုပ်ရှင် ကြောက်ဖို့ကောင်းချက်ကတော့ လူတင်မက ခွေးရော၊ ကြောင်ရော၊ ကြွက်ရော အကုန်ကြောက်လေသတည်း...

Friday, February 15, 2013

ဟာသတိုလေးများ ၁၀


ကောင်းမှု့တော့ လုပ်ခဲ့တယ် 
          စိန့်ပီတာသည် ပုလဲတံခါးဝတွင် ရပ်နေသည်။  လူငယ်တစ်ယောက်လျှောက်လာသည်။ 
“သူငယ် သင်လူ့ပြည်မှာတုန်းက ဘာကုသိုလ်ကောင်းမှု့တွေ လုပ်ခဲ့လဲ?”
“အင်း…. ကျွန်တော်တစ်ခုတော့ သတိရတယ်… ကျွန်တော်ခရီးသွားတုန်းကပေါ့။  လမ်းမှာ ကောင်မလေးတစ်ယောကို လူဆိုးတွေ ၀ိုင်ပြီးတော့ နှောက်ယှက်နေကြတာ။  ကျွန်တော်လည်း အဲ့ဒီလူဆိုးတွေဆီလျှောက်သွားတယ်။  ကောင်မလေးကို လွှတ်ဖို့ပြောတယ်။  အံမယ်.. ဒီကောင်တွေက ဂရုတောင် မစိုက်ဘူး။  ဒါနဲ့ အဲ့ဒီ လူဆိုးခေါင်းဆောင်ဆီကိုသွားပြီးတော့ အဲ့ဒီကောင်ရဲ့ မျက်နှာတည့်တည့်ကို လက်သီးနဲ့ထိုးပစ်လိုက်တယ်။  ပြီးတော့ အဲ့ဒီကောင်ရဲ့ ဆိုင်ကယ်ကို ကန်ပြီးတော့ လှဲပစ်လိုက်တယ်။  နောက်ပြီးတော့ အဲ့ဒီကောင်ကို နားရွက်ဆွဲပြီးတော့ ဟေ့ကောင်တွေ မင်းတို့ ကောင်မလေးကို လွှတ်လိုက်လို့ ပြောနေတာ မကြားဘူးလားလို့” ကျွန်တော်ပြောလိုက်တယ်။
စိန့်ပီတာ ထိုသူငယ်ကို အတော်လေးစားသွားသည်
“အင်းပြီးတော့ရော ဘာဖြစ်သေးတုန်း ဆက်ပါဦး”
“အင်း ပြီးတော့ မိနစ်ပိုင်းအတွင်း ကျွန်တော် ဒီကို ရောက်လာတာပဲလေ”

အရှုံးပေးပါပြီ
          သင်္ဘောတစ်စီးပေါ်တွင်ဖြစ်သည်။  မျက်လှည့်သမားတစ်ယောက်သည် မျက်လှည့်ပြကွက် အမျိုးမျိုးကို ခင်းကျင်းပြသနေသည်။  ကြာလာလေသော် ကပ္ပတိန်မွေးထားသော ကြက်တူရွေးမှာ မျက်လှည့်ဆရာ၏ ပြကွက်များကို သိရှိလာ၏။ 
          “ဟော.. ဦးထုပ်က တစ်ခြားဦးထုပ်နဲ့ လဲလိုက်တာ….”
          “အဲဒီ စားပွဲအောက်မှာ ပန်းတွေကို ဖွက်ထားတာ….”
          “ဟော ဟော… ဖဲချပ်တွေကို လက်ထဲကနေ လွှတ်ချလိုက်ပြီ…”
စသည်ဖြင့် မျက်လှည့်ဆရာ၏ လှည့်ကွက်တွေအားလုံးကို ပွဲတိုင်းမှာ ဘေးနားကနေ အော်နေသည်။  ဤသို့နှင့် ပွဲပျက်သည့်နေ့မှာလည်း မနည်းမနော။
          ဒီလိုနှင့် တနေ့တော့ သင်္ဘောမှောက်သည်။  မျက်လှည်ဆရာလဲ ပျဉ်ချပ်ကလေးကို ဖက်ပြီး ပင်လယ်ထဲမျောနေသည်။  ကြက်တူရွေးကတော့ သူ့ဘေးမှာ ပါလာသည်။  ဒီလိုနှင့် ပင်လယ်ထဲမှာ တစ်ရက်ပြီး တစ်ရက်…..။  နောက်ဆုံးတော့ ကြက်တူရွေးက မျက်လှည့်ဆရာကိုပြောသည်….
          “ကဲ.. ကျုပ်အရှုံးပေးပါပြီဗျာ….  သင်္ဘောကို ဘယ်လိုဖွက်လိုက်သလဲဆိုတာ ကျွန်တော့်ကို ပြောပြ”


Sunday, September 9, 2012

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁၃

အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏    

Just do it ဆိုတော့ Just do it လိုက်တာပေါ့

Tuesday, August 21, 2012

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁၂


အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏   

ဖဘ မှ ဖဘ တန်းတန်းစွဲနေတဲ့ ကျွန်တော်တို့ ရေချိုးရင်တောင် ဒီလို လိုက်ကာလေးနဲ့.........

Friday, July 27, 2012

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁၁


အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏    
ကြော်ငြာ.. ကြော်ငြာ

Friday, July 20, 2012

ခွေး


          ခွေးဆိုလေတော့ ခွေးပေါင်းစုံ နဲ့ပါတ်သက်ပြီး YouTube က ဗီဒီယိုလေးတွေ တင်ပေးလိုက်ကြောင်းပါ။ 

ဒီဗီဒီယိုကတော့ ခွေး ထမင်းစားပွဲပါတဲ့.. ရယ်တော့ ရယ်ရသဗျိုး

Monday, July 9, 2012

ဟာသတိုလေးများ ၉


အားတော့ ပေးတယ်၊ ဒါပေမယ့် မဆာသေးဘူး
               လူလေးယောက် သဲကန္တာရထဲမှာ အစာငတ်နေကြတယ်.. ၁ ယောက်လဲကျပြီးတော့ သေသွားတယ်။  ကျန်တဲ့ ၃ ယောက်က သူတို့ အသက်ဆက်ပြီး ဒီ သဲကန္တာရကြီးကို ကျော်ဖြတ်ဖို့ သေသွားတဲ့ တစ်ယောက်ကို စားဖို့ ဆုံးဖြတ်လိုက်တယ်…
ပထမလူကပြောတယ် - “ကျုပ်က လီဗာပူးကို အားပေးတာ.. အဲ့ဒီတော့ အင်္ဂလိပ်လို လီဗာလို့ခေါ်တဲ့ အသည်းကို စားမယ်”
ဒုတိယလူကပြောတယ် - “ကျုပ်ကတော့ မန်ချက်စတာ ပရိတ်သတ်.. အဲ့ဒီတော့ အင်္ဂလိပ်လို ချက်စ်လို့ခေါ်တဲ့ ရင်ပုံပိုင်းကို စားမယ်”
တတိယတစ်ယောက် - “ကျုပ်ကတော့ အာဆင်နယ်ဖန်.. အမြှောက်တပ်သားစစ်စစ်… အဲ့ဒီတော့.. အင်း.. ဒါပေမယ်.. အင်း.. ခုလောလောဆယ် ဗိုက်သိပ်မဆာသေးဘူး”



မျိုးရိုး
          ဆိုးပေက သူ့ ဖေဖေကို မေးသည်
ဆိုးပေ။           ။ ဖေဖေ လူတွေ ဘယ်လိုစဖြစ်လာတာလဲဟင်…
အဖေ။            ။ သြော်… လူဆိုတာက မျောက်ကနေ ဆင်းသက်လာတာကွဲ့။  ဒီလိုနဲ့ တဖြည်းဖြည်း ဆင့်ကဲ ပြောင်းလဲတိုးတက်လာပြီးတော့ ခုဖေဖေတို့၊ သားတို့လို လူတွေဖြစ်လာတော့ပေါ့
          ဆိုးပေ သူ့ မေမေထံ သွားပြန်သည်
ဆိုးပေ။           ။ မေမေ လူတွေ ဘယ်လိုစဖြစ်လာတာလဲဟင်..
အမေ။            ။သြော်.. သားရယ်.. ဘုရားသခင်က အာဒမ်နဲ့ ဧ၀ကို ဖန်ဆင်းခဲ့တယ်လေ။  အဲ့ဒီကနေပြီးတော့ လူသားမျိုးနွယ်တွေ ဆင်းသက်လာကြတာပေါ့။
ဆိုးပေ။           ။ဟင် မေမေကလည်း ဟုတ်လို့လား ဖေဖေကပြောတော့ လူဆိုက မျောက်ကဆင်းသက်လာတာတဲ့
အမေ။            ။ ဒီမှာသား နင့်အဖေက သူ့ဘက်က အမျိုးတွေအကြောင်းပြောတာ။  မေမေက မေမေ့ဘက်က အမျိုးတွေ အကြောင်းပြောတာ။


ကျောင်းနောက်ကျခြင်း အကြောင်း
ဆိုးပေ ကျောင်းနောက်ကျသည်။ ဆရာမက ဆိုးပေကိုမေးသည်
ဆရာမ။          ။ဆိုးပေ ဘာဖြစ်လို့ကျောင်းနောက်ကျရတာလဲ
ဆိုးပေ။           ။ ဆိုင်းဘုတ်ကြောင့်ပါ ဆရာမ
ဆရာမ။          ။ဘာဆိုင်းဘုတ်လဲ
ဆိုးပေ။           ။ ကျောင်းရှိသည် ဖြေးဖြေးဆိုတဲ့ ဆိုင်းဘုတ်ပါ။

Friday, July 6, 2012

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁၀

အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏   


ကြော်ငြာကောင်းချက်ကတော့ သရဲမတောင် အလွတ်မပေးဘူး...

Monday, July 2, 2012

နဲနဲလေးတော့ လွဲနေတယ်... လွဲလွဲလေးလည်း ကောင်းပါတယ်..

လွဲပြီးရင်းလွဲနေတော့ လွဲမယ့်အတူတူ လွဲတာတွေပဲ ထိုင်ကြည့်တာကမှ ကောင်းသေး... ကဲ လွဲလိုက်ကြစို့ဗျာ...


Friday, June 15, 2012

ဟာသတိုလေးများ - ၈


ရှာနေတာ…
မိန်းဖြစ်သူမှ ယောက်ျားကို မေးသည်
“ရှင်ဘာလုပ်နေတာ ဒုန်း…”
“ဘာမှ မလုပ်ပါဘူး မိန်းမရယ်.. ငါ့ဟာ ငါ ဒီမှာထိုင်နေတာ.”
“ဘာမှ မလုပ်ဘူး သာဆိုတယ်.. ရှင် ကျွန်မတို့ရဲ့ လက်ထပ်စာချုပ်ကို ထိုင်ကြည့်နေတာ တစ်နာရီ နီးပါးရှိပြီ”
“သြော်.. ငါက အိတ်စပါယာ ဒိတ်ကို ရှာနေတာ”

အပြန်အလှန်ပေါ့
          တစ်နေ့ မယားလုပ်သူက ယောက်ျားအတွက် မနက်စာ ပြင်ဆင်နေသည်။  ရုတ်တရက် ယောက်ျားဖြစ်သူ မီးဖိုချောင်သို့ဝင်လာသည်။ 
“မိန်းမ သတိထား… ဟင်.. အဲ့ဒီလောက်တောင် ကြော်ရလား၊  ဆီထည့်၊ ဆီထည့်၊ များနေပြီ ဆီတွေ များနေပြီ၊ တော်တော့ ရပ်တော့၊ အမလေးလေး.. အဲ့ဒီလောက်တောင် ဆီများရလား… ဟင်.. ဟိုမှာ တူးနေပြီ.. လှန် လှန် မြန်မြန်ကြော်.. သြော်.. ဆား.. ဆားထည့်ရဦးမယ်လေ.. ထည့်ထည့် ဆားထည့်…”
မိန်းမဖြစ်သူ နဲနဲ တင်းလာသည်… “ရှင်ဘယ်လိုဖြစ်နေလဲ… ဒီမနက်စာကို ကျွန်မ တစ်သက်လုံး ကြော်လာတာရှင့်”
ယောက်ျားဖြစ်သူက ပြန်ပြောသည်… “မဟုတ်ပါဘူးမိန်းမရယ်.. ငါ ကားမောင်းနေတဲ့ အချိန်မှာ ဘယ်လိုခံစားရလဲဆိုတာကို မင်းကို သိစေချင်လို့ပါ”

Wednesday, June 6, 2012

ကျွန်တော်နှင့် စင်ကာပူ အလွဲများ ၂


          စင်ကာပူ အလွဲများလို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် ကျွန်တော်တစ်ယောက်ထဲ လွဲတာတွေတော့ မဟုတ်ဘူး။  ကျွန်တော်တို့ သူငယ်ချင်းတွေ တစ်ယောက် တစ်ပေါက်လွဲကြတာလေးတွေ အမှတ်တရ အဖြစ်ရေးလိုက်တာပါ။

နောက်တစ်ဗူး
          စင်္ကပူကို ပထမဆုံးလာတော့ လေယာဉ်က SilkAir…  ထုံးစံအတိုင်း စတိုင်ဘောင်းဘီလေးနဲ့၊ ရှပ်အင်္ကျီလေးနဲ့၊  Suit case လေးနဲ့ မယောင်မလည၊် အူတူတူနဲ့ ပထမဆုံး လေယာဉ်ပျံစီးဖူးတဲ့ အခေါက်ပေါ့။  လေယာဉ်ကြီးကလည်း အကြီးကြီး။  လူတွေကလည်း အများကြီး။  Flight Attendance လေးတွေကလည်း ဖော်ဖော်ရွေရွေ၊ ဘာတောင်းသောက်သောက်တိုက်သဗျား။  ဘီယာ တစ်ဘူး၊ ဟောကုန်သွား ဟိုအပေါ်လေးနားက ခလုပ်လေးနှိပ်လာ ခဏဆို လေယာဉ်မယ် ရောက်လာ၊ ဟော… နောက်တစ်ဘူး။  တယ်နိပ်သကိုး။ ဘီယာတွေ တ၀ကြီး သောက်လို့ရမှန်း အဲ့ဒီကျမှ သိတော့တယ်။  ဘေးနားကလူ ဘီယာသောက်၊ လူခေါ်တာတွေ့တော့ ကိုလည်း ခေါ်တာပဲ။  သူသောက်သလို ဘီယာလိုက်သောက်တာပဲ။  ဒီလိုနဲ့ ထမင်းစားချိန်ရောက်လာပါလေရော ဆိုပါတော့။  ထမင်းစားချိန် လေယာဉ်ပေါ်မှာ ကျွေးတာက ပါးစပ်ထဲ တယ်ခါးတွင်းတွေ့သိကိုး။  တစ်ဗူးက ခဏလေးပြောင်သွားရော။  ဘယ်ရမလဲ ခပ်တည်တည်နဲ့ Flight Attendance ကိုခေါ် ထမင်းနောက်တစ်ဗူး ထပ်တောင်းတာပေါ့။  အဲ့ဒီမှာတင် ပြသနာက စတော့တာ။  ထမင်းက တစ်ဗူးသာရကြောင်း လေယာဉ်မယ်ကပြောပါတယ်။  ဘေးနားကလူတွေကတော့ ပြုံးစိစိ။  ကျွန်တော်သာ မျက်နှာကြီးနီလို့။

ကာရာအိုကေ
          စင်ကာပူအရင်ရုံးမှာတုန်းက တစ်ခါတစ်လေ(ခဏ ခဏပေါ့လေ) ရုံးနောက်ကျပါတယ်။  ရုံးနောက်ကျရင်တော့ တက္ကစီနဲ့ ပြေးရသကိုး။  အဲ့.. ထူးထူးဆန်းဆန်းအဲ့ဒီနေ့က စီးမိတာက တက္ကစီအနက်ရောင်ကြီး။  လွဲတယ်တော့ မဟုတ်ဘူး။  ထူးထူးခြားခြား အဲ့ဒီ တက္ကစီမှာက ကာရာအိုကေ စက်နဲ့၊ LCD တီဗီနဲ့၊  တစ်ကားလုံး စပီကာ အပြည်ဗျ။  တက္ကစီ ဒရိုင်ဘာကလည်း ကိုမိုက်ခဲ။  ကားပေါ်ရောက်ထဲက စင်ကာပူတစ်ခွင်မှာ သူ့လိုကားမျိုး တစ်စီးထဲသာရှိကြောင်း၊ ကားပေါ်မှာတင် ကာရာအိုကေဆိုနိုင်ကြောင်း ဘာညာနဲ့ ပြောတော့တာပဲ။  ဒါမျိုး ဆိုဘယ်ရလိမ့်မလဲ ကားပေါ်မှာ ဒရိုင်ဘာနဲ့ နှစ်ယောက်သား မိုက်ကိုင်ပြီး ဟဲကြတာပဲ။  ဒရိုင်ဘာကလည်း မခေဘူး၊  အင်္ဂလိပ်၊ စပိန် သီချင်းတော်တော်များများကို ရသဗျ။  ထိုင်းသီချင်းတောင် ဆိုလိုက်သေး။  ပြီးတော့လည်း မေးလိုက်သေးတယ် မြန်မာလို ဆိုတတ်ချင်တယ်တဲ့။  မြန်မာ အခွေတွေ ဘယ်မှာဝယ်ရမလဲ ဆိုပြီးတော့။  ကျွန်တော်လည်း ပန်နီစူးလား ပလာဇာကို ညွှန်းလိုက်သေးတယ်။  အဲ့ဒီနေ့က ရုံးကို တော်တော်နောက်ကြမှရောက်ဖြစ်တယ်။  မိုက်ခဲ သီချင်းဆိုရင်း တက္ကစီကို ပတ်မောင်းခိုင်းနေတာ။ 

Friday, June 1, 2012

ဟာသတိုလေးများ - ၇


ရုပ်ပျိုကိုယ်နုဆေး
          ကိုဘမောင်တို့ မိသားစု မြို့ပေါ်သို့ အလည်လာကြသည်။  ရှော့ပင်းမောကြီးထဲမှာ ရှိသောဆိုင်တိုင်း၊ ဆိုင်တိုင်း ကိုဘမောင်တို့ အတွက် အထူးအဆန်းပင်ဖြစ်သည်။  ကိုဘမောင် မိန်းမကတော့ အ၀တ်အထည်တန်းမှာ ရွေးနေသည်မှာ မပြီးတော့။  သားအဖ နှစ်ယောက် ဟိုဟိုဒီဒီလျှောက်ကြည့်ကြသည်။  ဓာတ်လှေကားကြီးကို သွားတွေ့သည်။
“ဖေဖေ… အဲ့ဒါဘာကြီးတုန်းဟင်….”
“အဖေလည်း တစ်သက်မှာ တစ်ခါမှ မမြင်ဖူးသေးဘူး သားရဲ့”
ထိုစဉ် အသက် ၄၀ ကျော် မိန်းမ ၀၀ ဖိုင့်ဖိုင့်ကြီးတစ်ယောက် ဓာတ်လှေကား ခလုပ်ကိုနှိပ်သည်။  ဓာတ်လှေခါး တံခါး ပွင့်လာသည်။  ထိုမိန်းမကြီး ဓာတ်လှေကားထဲသို့ ၀င်သွားသည်။  ဓာတ်လှေကား တံခါးပိတ်သွားသည်။  ထိုမိန်းမကြီး အပေါ်ထပ်သို့ တပ်သွားသည်။  ကိုဘမောင်တို့ သားအဖ မျက်တောင်မခတ်ကြည့်နေကြသည်။
          ခဏနေသော်… ဓာတ်လှေခါး တံခါး ပြန်ပွင့်လာသည်။  အသက် ၂၄ နှစ်အရွယ် ကောင်မချောချောလေး တစ်ယောက် ဓာတ်လှေကားထဲမှ ထွက်လာသည်။  ကိုဘမောင်တို့ သားအဖ အံအားသင့်သွားသည်။
“ဟ  နိပ်ဟာ.. ဟေ့သားရေ… မင်းအမေကို မြန်မြန်သွားခေါ်”

Monday, May 28, 2012

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၉

အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏   
ဟယ်ရီပေါ်တာကားလဲ ကြော်ငြာသမားတွေ လက်ထဲရောက်ရင် ဟော့ဒီလို ဖြစ်တော့ သကိုး

Sunday, May 27, 2012

ဖေ့စ်ဘွတ်ပေါ်မှ Status များ ၂

       တစ်ခါတစ်လေတော့လည်း ဖေ့စ်ဘွတ်ပေါ်က Status လေးတွေက ရယ်စရာလေးတွေ ဖြစ်ဖြစ်သွားတတ်ပါတယ်။  ဒီတစ်ခါတော့ Status တင်မကပဲ ကာတွန်းလေးတွေပါ ရောပြီးတော့ တင်ပေးလိုက်ပါတယ်။
ဟဲ..ဟဲ  စိတ်ချိုးနဲ့နော် အစ်ကိုနဲ့ အစ်မ ..  ကြိုက်လွန်းလို့ တင်မိတာပါ။

Thursday, May 10, 2012

အင်ဂျင်နီယာတို့ အစွမ်း အံမခန်း

ကမ္ဘာအရပ်ရပ်က အစွမ်းပြထားတဲ့ အင်ဂျင်နီယာတို့ရဲ့ လက်ရာတွေကို စုစည်း တင်ပြလိုက်ပါတယ်။  ရှု့စားတော်မူကြပါလော.......

ဒီဇိုင်းကောင်းချင်ကတော့ ကြည့်ရင်းနဲ့တောင် မူးတယ်... 

Wednesday, May 9, 2012

Mind Your Language

Mind your language ကတော့ ခဏ ခဏကြည့်ဖြစ်သလို ကြည့်လိုက်တိုင်း မရိုးပဲ အမြဲရယ်နေရတာမို့ Season 1 ရဲ့ Episode 1 ကနေ 12 အထိ YouTube ကနေ ရှာပြီးတော့ တင်ပေးလိုက်ပါတယ်.....  အပျင်းပြေကြည့်ရင်း ရယ်မောနိုင်ကြပါစေသော်....

Season 1, Episode 1

Monday, May 7, 2012

ခွေး ဖက်ရှင်

ဝေဟင်မှာ လေယာဉ်စီးကာ ယီးလေးလေးခိုမလို့ ခုမှ သင်တန်းဆင်းလာတာလေ....

Sunday, May 6, 2012

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၈

အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏  


ကြော်ငြာဆိုတာကတော့ ကြော်ငြာပါပဲ....

Sunday, April 22, 2012

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၇

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၂
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၃
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၎
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၅
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၆

အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏ 




အင်္ကျီတစ်ထည် ၉၇ ကျပ်။  အဖေ့ဆီက ၅၀ ချေး၊ အမေ့ဆီက ၅၀ချေး။  ပြန်အမ်းငွေ ၃ ကျပ်။  
အဖေ့ကို ၁ ကျပ်ပေး၊ အမေ့ကို ၁ ကျပ်ပေး၊ လက်ထဲမှာ ၁ ကျပ်ကျန်။
အမေ့ကို ပေးရန် ၄၉ ကျပ်၊ အဖေ့ကို ပေးရန် ၄၉ ကျပ်၊  လက်ထဲမှာက တစ်ကျပ်။  အားလုံးပေါင်းရင် ၉၉ ကျပ်။
ကဲ ပြော ၁ ကျပ်ပျောက်နေပြီ................  အဲ့ဒါရှင်းပြ။