စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, September 30, 2011

ဒီ တစ်ည ငါမူးအောင်သောက်မယ်


ကျန်တာတွေခေါက်ထား
၂၀၁၂ ကမ္ဘာကြီးပျက်သွားတာ ငါ့တူရှုက ဖန်သာပြင်ကြီးရှေ့မှာ
ဂျူးလိယက်ဆီဇာ ကို ဘရူးတပ်စ်က ဓားနဲ့ထိုးတော့
ကလီယို ပက်ထရာက တစ်ခစ်ခစ် ရယ်ခဲ့လား (၀ါ) ငိုခဲ့လား
ဂျူလိယက်မှ အဆိပ်သောက်မသေရင် ရှိတ်စပီးယားက
ဘာနဲ့ ဇာတ်သိမ်းဦးမှာတုန်း
ခြင်္သေ့နှစ်ကောင် ထိခတ်လိုက်လို့ “ရွှပ်” ခနဲ့ အသံထွက်ရင်
နင်ပျောက်ချင်းမလှ ပျောက်တယ်
ဒီမှာ အမိ နင်အမတန် ပလီလွန်းလှတယ်
ဒီ တစ်ည ငါမူးအောင်သောက်မယ်

by A.H (၃၀၊ စက်တင်ဘာ၊ ၂၀၁၁ ၁၀း၀၀)

ကောက်ရိုးမီး


ပြောတတ်ကြတယ်.....

ကောက်ရိုးမီးတဲ့....
ဒါပေမယ့် ငါ့မှာလဲ အလင်းရှိတယ်...
ငါ့မှာလဲ အပူချိန်ရှိတယ်...

မင်းတို့လိုတော့ ရိုမန်းတစ်မဖြစ်ဘူး..
လူကုံထံတွေ ရဲ့ ညစာစားပွဲအလည်မှာ
တင်ထားတဲ့ ဖရောင်းတိုင်ရဲ့ ခန့်ထည်မှုလိုပေါ့..

မင်းတို့လိုတော့ တည်ငြိမ်မှု့မရှိဘူး..
ညရဲ့ အမှောင်ထုကို ဖြိုခွဲမဲ့..
မီးအိမ်တစ်ခုရဲ့ အလင်းလိုပေါ့...

မင်းတို့လို တောက်ပ ၀ံကြွားမှုလဲ မရှိဘူး...
နေပြည်တော် ကားလမ်းမကြီးပေါ်က..
ထိန်ထိန်ငြီးတဲ့ မာကျူရီမီးတွေလိုပေါ့..

ဒါပေမယ့်.. 
မင်း ဘ၀ တည့်မတ်ဖို့ အတွက်
ငါ့ည နောက်ဆုံး ထွက်သက်ကို..
အစွမ်းကုန် တောက်လောင်ခဲ့ပါတယ်
သူငယ်ချင်း။




 by A.H     [ ၆၊အောက်တိုဘာ၊၂၀၁၀ ၀၁:၄၀ ]

သို့မေမေ (သို့) အပြစ်မဲ့တဲ့ ရင်သွေးငယ်လေးတွေကို မဖျက်ဆီးကြပါနဲ့


          ကျွန်တော်ဟာ မေမေရဲ့ရင်သွေးလေးပါ။  မေမေကတော့ သိဦးမှာမဟုတ်ပါဘူးလေ၊ ကျွန်တော့်အသက်က ရက်သတ္တပတ်အနည်းငယ်လေးပဲ ရှိသေးတာကိုးမေမေရဲ့။  ဒါပေမယ့် ကျွန်တော့်ကိုယ် ကျွန်တော်ဘာလဲဆိုတာကို ရှာဖွေဦးမှာပါ မေမေ၊ သား မေမေ့ကို ကတိပေးပါတယ်။  သားမေ့မေ့ကို တစ်ခုလောက်တော့ပြောပါရစေ။ သားမှာ ချစ်ဖို့ကောင်းတဲ့ မျက်ခုံးမွှေးလေးတွေ ရှိလာမှာ မေမေရဲ့ နောက်ပြီးတော့ ဆံပင်အနက်ရောင်ကလေးနဲ့ပေါ့။ ဒါတွေဟာ အခုတော့ သားမှာ မရှိသေးပါဘူးလေ၊ သားမွေးလာတဲ့အခါကျရင်တော့ မေမေ မြင်ရမှာပေါ့။  သားဟာ မေမေ့ရဲ့ ပထမဦးဆုံး သားဦးရတနာလေးဖြစ်လာမှာလေ မေမေရဲ့။  မေမေက သားကို “မေမေ့ သားလေး” လို့ခေါ်မှာလားဟင်။  ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ကူညီဖေးမရတော့မှာပေါ့နော်။  သားက သားကြီးလာရင် ဆရာဝန်ကြီး ဖြစ်ချင်တာ မေမေရဲ့။

ဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့ ရဲအရာရှိ


          နယူးဂျာစီပြည်နယ် ရဲမှုး က ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိပါဘူး၊ ကျွန်တော့် မိန်းမ အပါအ၀င်ပေါ့လေ လို့ ဆိုသွားပါတယ်။
          ရဲ့မှုးကြီး ဗင်းဆင့်ကရူးဆိုး ရဲ့ မိန်းမဟာ သူတို့ရဲ့ ငါးနှစ်သား သားငယ်လေးကို ကျောင်းသွားအပို့မှာ ယာဉ်နှစ်ထပ် ရပ်နားပြီး ကလေးကို ဆင်းစေခဲ့လို့ ရဲ့မှုးကြီးက ဒဏ်ရိုက်တယ်လို့ ဆိုပါတယ်။ 
          ခရူးဆိုးက The record newspaper (http://bit.ly/pksv9y) ကို ပြောသွားတာကတော့ သူဟာ သူ့ဇနီးဖြစ်သောငြားလည်း ရဲ့မှုးကြီးရဲ့မိန်းမဆိုတဲ့ အရှိန်အ၀ါနဲ့ အခွင့်ထူးယူမှာကို မလိုချင်ဘူးလို့ ဆိုသွားသတဲ့။  ဒီအတွက် ရဲမှုးကြီးဟာ ၅၄ ဒေါ်လာ ဒဏ်ငွေပေးဆောင်ခဲ့ပါတယ်။
          ဒါဟာ ရဲမှု့ကြီးရဲ့ ဇနီး ပေါ်လာ ကရူးဆိုး အတွက် အပထမဆုံးအကြိမ်တော့ မဟုတ်တော့ပါဘူး။  လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလည်း လမ်းသန့်ရှင်းရေးလုပ်နေတုန်း သူမ မေ့ပြီးတော့ ကားကို မရွှေ့မိလို့ ဒဏ်ငွေဆောင်ရပြီးပါပြီ။
          ရဲမှုးကြီးကတော့ သတင်းစာကို ပြောသွားရာမှာ သူဟာ သူရဲ့ ဇနီးကို ချစ်ပါတယ်။ သူမိန်းမဟာ တစ်ကယ်တော့ သူ့မိသားစုရှိ ကလေး ၄ ယောက်နဲ့ကားမောင်းတဲ့အခါမှာ တော်တော်လေးကို အလုပ်ရှုပ်နေတတ်ပါတယ် လို့ ဆိုသွားပါတယ်။
          သူ့ဇနီး ကတော့ ဒီသတင်းကို ထင်မြင်ချက်ပေးဖို့ ဆက်သွယ်လို့မရပါခဲ့ပါဘူးတဲ့။ 


Source : (Link

Thursday, September 29, 2011

ယန်း ၁၀ သန်းကို အိမ်သာထဲထည့်ခဲ့တဲ့ အလှုရှင်

          ပြီးခဲ့တဲ့ ကြာသာပတေးနေ့တုန်းက အမေရိကန် ဒေါ်လာနဲ့ တွက်ရင် ၁သိန်း ၃သောင်း ၁ထောင်လောက် တန်ဖိုးရှိတဲ့ ဂျပန် ယန်းငွေ ၁၀ သန်းကို အမည်မသိအလှုရှင်တစ်ယောက်က ဆူနာမီနှင့် ငလျှင်ဒဏ်ခံစားရသူတွေကို ရည်စူးကာ လှုဒါန်းသွားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
          စက်တင်ဘာ ၂၂ ရက်နေ့က ဂျပန်နိုင်ငံ မြောက်ပိုင်း ဆာကာဒိုးမြို့ကလေးရဲ့ အများသုံးအိမ်သာထဲမှာ ပလက်စတစ်ဈေးဝယ်အိတ်နဲ့ထည့်ထားတဲ့ ဂျပန်ယန်းငွေ ၁၀ သန်းကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။  မြို့ကလူတွေကတော့ အကယ်လို့သာ ဒီငွေတွေကို ပိုင်ရှင်က သုံးလအတွင်းပြန်လာမယူဘူးဆိုရင် ဂျပန် ကြက်ခြေနီကို လှုဒါန်းမယ်လို့ မြိုကလေးရဲ့ ပြောရေးဆိုခွင့်ရှိသူ မဆုမိ ဆက်ကီကူချိ ကဆိုပါတယ်။
          သူမအဆိုအရတော့ ဒီငွေအိတ်လေးထဲမှာ လက်ရေးနှင့်ရေးသားထားသော စာကလေးတစ်စောင်တွေ့ရှိခဲ့ပြီး အဲ့ဒီစာလေးထဲမှာရေးထားတာက “ကျွန်တော်/ကျွန်မဟာ အထီးကျန်တဲ့သူတစ်ယောက်ပါ။ အနာဂါတ်ဆိုတာလည်း မရှိတော့ပါဘူး။ ဒီတော့ ဟော့ဒီငွေတွေကို တိုကိုဟု မှာရှိတဲ့ လူတွေ အသုံးချနိုင်အောင် ပေးလိုက်ပါ” လို့ ရေးထားပါသတဲ့။

ရေလွှာလျှောစီး ချစ်စရာ ပါပီလေးများ


          ဒီတစ်ခါတော့စကိတ်စီးမယ့် တရုတ်ရဲမေများ မဟုတ်တော့ပါဘူး။ ရေလွှာလျှောစီးမယ့် ပါပီတွေရဲ့ ဓာတ်ပုံလေးတွေဖြစ်ပါတယ်။  အမေရိကန် ကာလီဖိုးနီးယားပြည်မှာရှိတဲ့ Huntington Beach (ဟန်တင်တန် ကမ်းခြေ) မှာ တတိယအကြိမ်မြောက် နှစ်ပတ်လည် ခွေးများ ရေလွှာလျှောစီးပြိုင်ပွဲ ကျင်းပတုန်းက ရိုက်ထားတဲ့ ပုံတွေလို့ဆိုပါတယ်။  ခွေးအမျိုးအစားပေါ်မူတည်ပြီးတော့ ရေလွှာလျှောဘုတ် ၄မျိုးရှိပါသတဲ့။  ခွေးသေးသေးလေးတွေ ပေါင် ၂၀ လောက်ကနေပြီးတော့ ခွေးအကြီးကြီးတွေ ပေါင် ၆၀လောက်အထိ ၀င်ပြိုင်ကြပါတယ်။  ဓာတ်ပုံတွေကတော့ အင်တာနက်မှကူးယူဖော်ပြတာဖြစ်ပါတယ်။
ကဲစလိုက်ကြရအောင်……

ဟာသတိုလေးများ - ၎

အကြောင်းကြောင်းကြောင့် စိတ်ရှုတ်နေရင် ဦးနှောက်ဆေးဖို့ပေါ့........

ပြသနာတတ်သွားချင်လား 
          ဘားတစ်ခုတွင်ဖြစ်သည်။  လူတစ်ယောက်ဝင်လာပြီး ဘားတွင်းထိုင်လိုက်ပြီး ဘားကောင်တာရှိ လူကိုလှမ်းပြောလိုက်သည်။
လူကြီး။ ။ဟေ့ ပြသနာမတက်ခင် ငါ့ကို ဘီယာတစ်ခွက်မြန်မြန်ပေးစမ်း
ဘားကောင်တာမှ လူလည်း ထိုသူပြောသည်ကို အူကြောင်ကြောင်နှင့် ဘီယာတစ်ခွက် လှမ်းပေးလိုက်သည်။ နောက်ထပ် ၁၅မိနစ်အကြာ
လူကြီး။ ။ဟေ့ ပြသနာမတက်ခင် ငါ့ကို ဘီယာတစ်ခွက်မြန်မြန်ပေးစမ်း
ဘားကောင်တာမှ လူလည်း အနည်းငယ် စိတ်ရှုပ်သွားသည်။ သို့သော် နောက်ထပ် ဘီယာတစ်ခွက် လှမ်းပေးလိုက်သည်။
တစ်ညလုံး ထိုလူကြီး သည် ထိုအတိုင်းဘီယာမှာသောက်နေသည်။  ၁၅ ခွက်မြောက်ကျတော့ ကောင်တာသမားက နားမလည်စွာဖြင့် ထိုလူကြီးကိုမေးသည် “ပြသနာမတက်ခင် ဆိုတာဘာကိုပြောတာလဲ။ နောက်တစ်ခုက ခုသောက်သောက်နေတဲ့ ဘီယာဖိုးတွေကို ဘယ်တော့ရှင်းမှာလဲ ခင်ဗျ”
လူကြီး။ ။ကဲကြည့်၊ အခု ပြသနာစပြီ

Wednesday, September 28, 2011

သစ်ကြားသီးပေါ်ချိန်


          ဘာရယ်မဟုတ်ပါဘူး။  သူများတွေတင်တာအားကျလို့ လျှောက်ရိုက်ပြီးတင်ကြည့်တာ။  အခု သစ်ကြားသီးတွေ၊ ဗာဒံစေ့လို့ခေါ်လား Almond စေ့လို့ခေါ်လား အဲ့ဒီအစေ့တွေ စပေါ်စဆိုတော့ လမ်းဘေးကနေ၀ယ်လာတယ်။

ဟော့ဒါက သစ်ကြားသီးတွေ ပုံရောင်းနေတာ အလည်က အခွံနွှာပြီးသား

ရှန်ဟိုင်းမှာ နောက်တစ်ခေါက်ထပ်ဖြစ်တဲ့ ရထားတိုက်မှု့


          မနေ့က ရှန်ဟိုင်းမြို့လည်နားမှာ ရထား ၂ စီးတိုက်မိလို့ လူ ၂၇၀ ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။  အယောက် ၂၀ ကတော့ စိုးရိမ်ဖွယ် အခြေအနေရှိပါတယ်။ တရုတ်ပြည်ရဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ ရထားဆက်သွယ်ရေးအပေါ်ကို ပြည်သူတွေ မကျေမနပ် ဒေါသထွက်နေကြပါတယ်။  ပြီးခဲ့တဲ့ ၂ လလောက်ကလဲ ရထားနှစ်စီး ခေါင်းခြင်းဆိုင်တိုက်လို့ လူ ၄၀ လောက် မြေကြီးထဲရောက်ခဲ့ပြီးပါပြီ။
          ဒီရထားတိုက်မှု့ကတော့ ရှန်ဟိုင်း မြို့လည် ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ ယုယွမ်ပန်းခြံ  ရထားဘူတာရုံနားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။  နိုင်ငံပိုင် သတင်းဋ္ဌာနတွေကတော့ ဒီတိုက်ခိုက်မှု့မဖြစ်ခင်မှာ Signal ပေးပို့မှုတွေ ချို့ယွင်းခဲ့ပြီး ရထားမောင်းသမားက တယ်လီဖုန်းနှင့်တစ်ဆင့် ရထားကို ဖြေးဖြေးလေးဘဲ မောင်းခဲ့တယ်လို့ဆိုပါတယ်။ (သြော်… ဒါကြောင့်လည်း တိုက်မိတာ မဆန်းပါဘူး)

သက်တန့်ရဲ့ လေပြေ - အပိုင်း ၁


          “အို….. လှလိုက်တာ” လေပြေ တိုးတိုးလေး တစ်ယောက်ထဲ ပြောနေမိတယ်။  ဒီလို ကောင်းကင်ယံမှာ သက်တန့်တစ်ခုပေါ်လာတိုင်း လေပြေ ဒီလို ပြောနေကျ။  သူ့ကိုလည်း လွမ်းမိသည်။  သူကတော့ သူမကို လွမ်းမည် မလွမ်းမည် လေပြေမသိ။ အိမ်ရှေ့က မြက်ခင်းစိမ်းစိမ်းလေးတွေပေါ်မှာ မိုးစက်ကလေးတွေက တွဲလွဲခိုနေကြသည်။  နေရောင်ခြည်နုနုမှာ ဒီလိုမြင်ခွင်းမျိုးကို လေပြည်သဘောကျသည်။  သက်တန့်ကတော့ သဘောကျမည်မကျမည် သူမ မသိ။ 
          “ဆရာမလေး လူနာလာတယ်” အိမ်က ဒေါ်အေး လာခေါ်တော့မှ တွေးလက်စ အတွေးကို ဖြတ်ပြီး လူနာသွားကြည့်ပေးလိုက်သည်။  လေပြေခုနေတဲ့ ရွာကလေးက ခေါင်လှသည်တော့ မဆိုသာ။  တိုက်နယ်ဆေးရုံဆိုတာက ၃ နာရီလောက် ကားနှင့်သွားရသည်။  ဒါတောင် လမ်းကကောင်းဦးမှ။  မိုးတွင်း လမ်းကြမ်းလျှင် သွားရလာရခက်သည်။  တစ်ရွာလုံးမှာ လေပြေ ဆေးခန်းကလေးတစ်ခုသာရှိသည်။  အအေးမိလျှင်လည်း လေပြေ၊ မြွေကိုက်လည်း လေပြေ၊ ကလေးမွေးလျှင်လည်း လေပြေ အားလုံးလေပြေကိုသာ အားကိုးကြသည်။  လေပြေကိုယ်တိုင်ကလည်း ဆရာဝန်ပေါက်စ။ မည်သို့ပြင်ဖြစ်စေ ဆေးခန်းလာသူအားလုံးကို တတ်နိုင်သလောက် ကုပေးသည်။  ကေ့စ်ကြီးရင်တော့ တိုက်နယ်ဆေးရုံလေးသို့သာ သွားရန် ဖျောင်းဖျရသည်။  ရိုးသားသော တောသူတောင်သားတို့ သဘာဝ ဆေးရုံတက်ရမှာကို ကြောက်တတ်ကြသည်။  သို့သော် လေပြေ ကျေနပ်သည်။  သူတို့ ဘ၀လေးတွေကို တတ်နိုင်သလောက် ကူညီပေးရသည်ကို လေပြေသဘောကျသည်။ 

ငလျှင်လှုပ်၊ မြေပြို ပိတ်မိနေထဲကြားထဲက ၁ လကျော်ကြာ ရုန်းကန်ခဲ့တဲ့ ၀က်


          ၂၀၀၈ ခုနှစ်တုန်းက တရုတ်က စီချွမ်မှာ အင်းအား ရစ်ချက်တာစကေး ၈ လောက်ရှိတဲ့ ငလျှင်လှုပ်တော့ လူပေါင်း ၉ သောင်းလောက် သေဆုံးခဲ့တာကို မှတ်မိမှာပေါ့။  ဒါဟာ သူတို့ နေထိုင်ခဲ့တဲ သက်တမ်းတစ်လျှောက်မှာ အပြင်းထန်ဆုံးသော သဘာဝဘေးအန္တရာယ် တစ်ခုလည်းဖြစ်ပါတယ်။
          ဒီဝက်ကတော့ ထူးထူးခြားခြား ပြိုကျ ပျက်စီးနေတဲ့ အပျက်အစီးတွေကြားထဲမှာ ရက်ပေါင်း ၃၆ ရက်လောက် ပိတ်မိနေရင်းနဲ့ကို အသက်ရှင်လျှက်ပြန်ထွက်လာနိုင်ပါသတဲ့။  ဒီဝက်ရဲ့ နာမည်က ကျူးကျန်းကျင်း လို့ခေါ်ပါသတဲ့။  ဘာသာပြန်လိုက်ရင် Storng-willed (မျှော်လင့်ချက်တွေကို ပြင်းပြစွာ ဆုပ်ကိုင်သူ လို့ဘဲဘာသာပြန်မလား ထားလိုက်ပါတော့)  အဲ့ဒီလို ၀က်ကို နာမည်ပေးထားပါတယ်။  ဒီဝက်ဟာ မြေပိနေတုန်း မီးသွေးနှင့် ကျလာတဲ့ရေတွေကို စားသောက်ရင်း အသက်ဆက်ခဲ့ရတယ်လို့ဆိုပါတယ်။ 

Tuesday, September 27, 2011

သိုးတစ်ကောင်ကို အင်္ဂလန် ပေါင် ၁.၄ သန်းပေးဝယ်တဲ့ တရုတ်တွေ


          လူတစ်ယောက်မှာ အကုန်ပြည့်စုံနေပြီ ဆိုရင်ဘာလုပ်မှာလဲ? တရုတ်မှာတော့ ဒီလိုမျိုး သိုးတစ်ကောင်ကို ပေါင် ၁.၄ သန်းပေးပြီးဝယ်ယူနေတာကို Kashgar က Silk Road City မှာ တွေ့မြင်နေရမှာပါ။
          ခုချိန်မှာ အဲ့ဒီလို သိုးမျိုး အကောင် ၁၀၀၀ လောက်ဘဲ ကမ္ဘာပေါ်မှာ ရှိပါတော့တယ်လို့ ဒီသိုးမွေးတဲ့လူတွေက ဆိုပါတယ်။ ဒီသိုးတွေဟာ Dolan Sheep မျိုးရိုးလို့ဆိုပါသတဲ့။ ဒီသိုးတွေဟာ လောလောဆယ်မှာတော့ ကုဋေကြွယ် ပိုက်ဆံဘယ်နားထားရမှန်းမသိတဲ့ တရုတ်ခေတ်သစ်သဋ္ဌေးတွေအတွက် နောက်ဆုံးပေါ် ရှားပါးအဖိုးတန် ပစ္စည်းတစ်ခုဖြစ်လာပါပြီတဲ့။
          “သဋ္ဌေးကြီးတွေတော့သူတို့ရဲ့ ဇိမ်ခံကားကြီးတွေနှင့် ဒီကိုလာပြီးတော့ ဒီလိုသိုးတွေကို သူတို့ကားနောက်ခန်းထဲ ထည့်ထည့်ပြီးယူသွားတာဘဲ” လို့ အသက် ၄၈နှစ်ရှိပြီဖြစ်တဲ့ ရှင်းကျန်း ပြည်နယ်မှာ သိုးမွေးတဲ့ လျှူဖန်းဟွ ဆိုသူက ပြောပါတယ်။ “များသောအားဖြင့်တော့ အာရှအလည်ပိုင်းကနေပြီး တရုတ်မှာ အခြေချနေထိုင်တဲ့ (Urghur) မွတ်စလင်တွေ က သူတို့ သိုးတွေကို သားဖောက်ဖို့လာဝယ်ကြတယ်။ နောက်တစ်မျိုးကတော့ သိုးတွေကို အိမ်မွေးအဖြစ်မွေးဖို့ပါ” လို့ လျှူက ထပ်ပြောပါ သေးတယ်။
          ဒီ ဒေါ်လန် မျိုးရိုးသိုးတွေဟာ နှာယောင်ကောက်ပြီး အမြီး နှစ်ခွပါပါတယ်တဲ့။  နောက်ထူးခြားချက်တစ်ခုက သူတို့ရဲ့နားရွက်တွေဟာ အလွန် ရှည်လျှားတာပါတဲ့။  ဒီသိုးတွေရဲ့ မူလကတော့ Kashgar ပြည်နယ်ကဖြစ်ပါတယ်။  အရင်တုန်းကတော့ ဒီသိုးတွေကို စားဖို့ရာအတွက် မွေးမြူကြတာဖြစ်ပြီး အခုများတော့ အဖိုးတန် အိမ်မွေး တရိစ္ဆာန်အဖြစ်သို့ရောက်ရှိလာပါပြီ။
          “ဈေးနှုန်းကတော့ သိုးတွေရဲ့ မျိုးရိုးစဉ်ဆက်ပေါ်မူတည်ပါတယ်”လို့ လျှူကပြောပါတယ်။  “သိုးမွှေးကမည်းလေ၊ နားရွက်ကကြီးလေ၊ မျက်နှာကောက်လေ တန်ဖိုးကြီးလေပါတဲ့။  အကောင်းဆုံးကတော့ မည်းနက်နေတဲ့ ကိုယ်ထည်နဲ့ အမြီးက အဖြူရောင်ရှိနေရင် ဈေးကြီးပါသတဲ့”
          ဒီလို သိုးတစ်ကောင် ၁.၄ သန်းပေးဝယ်နိုင်တဲ့ တရုတ်တွေက ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်အမွေအနှစ်တွေကို ပေါချောင်ကောင်းနှိုက်လိုတာတော့ မဆန်းလှပါဘူး။ ချမ်းသာနေပြီဆိုမှာတော့ ရသလောက် ယူလိုတာက လူတို့သဘာဝ ပါဘဲ။  ကာကွယ်ဖို့ကတော့ ကျွန်တော်တို့ တာဝန်ပါ။ မနုံဖို့၊ မ “အ” ဖို့၊ မထူဖို့၊ မထိုင်းဖို့၊ မပိန်းဖို့၊ မဖျင်းဖို့ က ကျွန်တော်တို့တာဝန်ပါ။  ဧရာဝတီဟာ သားဖောက်ပြီးတော့ ပြန်မွေးလို့မရသလို သူကို တည်မှီနေတဲ့လူရဲ့၊ သစ်ပင်တွေ၊ ရေနေသတ္တ၀ါတွေကလည်း ရှိလေတာမို့ စဉ်းစဉ်းစားစားလေး လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
Source : (Link)

World most valuable shipwreck - ကမ္ဘာ့ တန်ဖိုးအကြီးဆုံး သင်္ဘောပျက်


          ဒုတိယကမ္ဘာ့စစ်အတွင်းက နစ်မြုတ်ခဲ့တဲ့ ဒီသင်္ဘောကြီးကို အတ္တလန်းတစ် သမုဒ္ဒယာရဲ့ ရေအောက်ကြမ်းပြင်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။  ထို့အတူ ကမ္ဘာ့ပေါ်မှာ တန်ဖိုးအရှိဆုံးသတ္တုတွေဟာ ဒီသင်္ဘောပျက်ကြီးနှင့်အတူ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
          SS Gairsoppa လို့ခေါ်တဲ့ ဒီနစ်မြုတ်ခဲ့တဲ့ သင်္ဘောဟာ ငွေသတ္တု အောင်စပေါင်း ၇ သန်းကို တင်ဆောင်ခုတ်မောင်းနေရင်းနှင့် နစ်မြုတ်ခဲ့တာဖြစ်ပြီး ကာလပေါက်ဈေးအရဆိုရင် အင်္ဂလန် ပေါင် ၁၅၅ သန်းတန်ကြေးရှိနေပြီဖြစ်ပါတယ်။  ဒီသင်္ဘောပျက်ကြီးကို မြောက်အတ္တလန်းတစ် သမုဒ္ဒယာရဲ့ မီတာပေါင်း ၄၇၀၀ အနက်၊ အိုင်ယာလန်ကျွန်းစုရဲ့ မိုင် ၃၀၀ အကွာ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 
          ဒီသင်္ဘောဟာ ၄၁၂ ပေရှည်လျှားပြီး ဒုတိယကမ္ဘာစစ်တုန်းက တိုပီတို ဒုံကျည်ထိမှန်ပြီး နစ်မြုတ်ခဲ့တာဖြစ်ပါတယ်။  ရှာဖွေရေးကုမ္မဏီရဲ့ အဆိုအရတော့ “ဒီသင်္ဘောမှာ နစ်မြုတ်တဲ့အချိန်က ပေါင် ၆ သိန်းဖိုးတန်ဖိုးရှိတဲ့ ငွေသတ္တု အောင်စ ၇ သန်းတင်ဆောင်ခဲ့ပြီး အဲ့ဒီအထဲက ငွေသတ္တု အောင်စ ၃ သန်းဟာ အင်္ဂလန်နိုင်ငံအတွက် ငွေကြေးသွန်းလောင်းဖို့ အာမခံထားတဲ့ သတ္တုတွေဖြစ်ပါသတဲ့။  ဒါဟာ နစ်မြုတ်သွားတဲ့ သင်္ဘောတွေထဲက တန်ဖိုးအရှိဆုံး ကုန်စည်တစ်ခုလည်းဖြစ်ပါတယ်”

အိမ်သာကွဲလို့ ဆေးရုံရောက်သွားတဲ့ အမျိုးသမီး


          ပြီးခဲ့တဲ့ တင်္နလာနေ့ (၂၆/၉/၂၀၁၁) မှာ ၀ါရှင်တန် ဒီစီက ပြည်နယ်အစိုးရရုံးတစ်ခုမှာ အမျိုးသမီးတစ်ယောက် အိမ်သာတက်ရင်း အိမ်သာကွဲသွားလို့ ဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်တဲ့။  GSA ရုံးက ၀န်းထမ်းတွေကို အဲ့ဒီအဆောက်အဦးရဲ့ အိမ်သာတွေကို လောလောဆယ်မသုံးဖို့ သတိပေးစာပို့ထားတယ်လို့ဆိုပါတယ်။
          အဲ့ဒီ သတိပေးစာထဲမှာတော့ “အိမ်သာတွေကို ရေဆွဲမချပါနှင့်။  လောလောဆယ် ရေပိုက်စနစ်ချို့ယွင်းနေတဲ့အတွက် ပိုက်လိုင်းထဲမှာ ဖိအားမြင့်တက်နေပြီး ဒါဟာ အိမ်သာတွေကို ပျက်စီးစေပါတယ်။  လောလောဆယ်တော့ အင်ဂျင်နီယာအဖွဲတွေက ဒီပြသနာကိုဖြေရှင်းဖို့ ကြိုးစားနေပါတယ်လို့။ ပြင်လို့ပြီးရင် ထပ်မံအကြောင်းကြားပါမယ်။” WUSA က ဆိုထားပါတယ်။
          အဲ့ဒီ ဒါးစာခံအမျိုးသမီးကတော့ တော်တော်လေးပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေမယ့် အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ဆိုပါတယ်။
          သြော်… ရွှေပြည်ကြီးကအိမ်သာတွေကတော့ ဘာဘဲဖြစ်ဖြစ်ပေါ့လေ ဒီလိုမျိုးတော့ ကွဲနိုင်ခြေမရှိသေးဘူးလို့ထင်တာပါဘဲ။  တစ်ခြားနိုင်ငံတွေက အရေးပေါ် ဟိုတယ်သွားချင်တဲ့ ကိုကို၊ မမတွေလည်း အိမ်သာမတက်ခင် ဘာရေးထားလည်းဆိုတာလေးကို တစ်ချက်လောက်ကြည့်ပြီးမှ မိမိတို့ ကိစ္စတွေကို ဖြေရှင်းကြပါလို့။

Source : (Link)
          

Monday, September 26, 2011

တရုတ်ပြည်ရဲ့ ပထမဆုံး ရွှေရောင်းစက်(ATM)


          တရုတ်ပြည် ဘေဂျင်းမြို့က ၀မ်ဖုကျင်းလမ်းဆိုတာက အမြဲတမ်းကို ဈေးဝယ်သူတွေနှင့် စည်စည်ကားကားရှိနေတဲ့ လမ်းတစ်ခုပါ။  ပြီးခဲ့တဲ့စနေနေ့ (၂၄.၉.၂၀၁၁) မှာ အဆိုပါ ၀မ်ဖုကျင်းလမ်းမှာ တရုတ်နိုင်ငံရဲ့ ပထမဆုံး ရွှေဝယ်စက်ကို တပ်ဆင်ရောင်းချပါပြီ။  ရွှေဝယ်ချင်တဲ့လူတွေဟာ ပိုက်ဆံဒါမှမဟုတ် ကဒ်ကို အသုံးပြုကာ အဆိုပါစက်ထဲမှ အလေးချိန်အမျိုးမျိုးရှိတဲ့ ရွှေချောင်းတွေ၊ ဒါမှမဟုတ် ရွှေဒင်္ဂါးပြားတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ၀ယ်ယူနိုင်ပါပြီ။
          တစ်ကြိမ်ဝယ်ယူမယ်ဆိုရင် အများဆုံး ၂.၅ ကီလိုဂရမ် (၅.၅ ပေါင်) ဒါမှမဟုတ် တရုတ်ယွမ်ငွေ ၁ သန်း(အမေရိကန်ဒေါ်လာ ၁၅၆၅၀၀ ၀န်းကျင်) အထိ ၀ယ်ယူနိုင်ပါတယ်လို့ ဆိုပါတယ်။ 
          ဗြိတိန်၊ အမေရိကန်၊ အရှေအလည်ပိုင်းက နိုင်ငံတွေ နှင့် ဥရောပမှာလဲ ရွှေရောင်းပေတဲ့စက်တွေ ရှိပါတယ်။  တရုတ်နိုင်ငံကတော့ လုံခြုံရေးစိတ်ချရတဲ့ နေရာတွေမှာ ဒီလို ရွှေရောင်းပေးတဲ့စက်တွေ ထပ်မံတပ်ဆင်ဦးမယ်လို့ဆိုပါတယ်။  နောက်ထပ်ဘယ်လောက်ထပ်မံတပ်ဆင်မယ်ဆိုတာကိုတော့ အတည်မပြုသေးပါဘူး။  ဒီ ရွှေ ATM စက်ကို ဘေဂျင်းစီးပွားရေးနှင့် စိုက်ပျိုးရေး ဘဏ်နှင့် ရွှေရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုတို့က ပူးတွဲဖွင့်လှစ်ခဲ့တာပါ။

ကမ္ဘာ့ အရှည်ဆုံးကြောင်


          Mymains Stewart Gilligan (Stewie လို့အတိုကောက်ခေါ်တဲ့) ကြောင့်ကြီးဟာ သူနာမည်နှင့် လိုက်အောင်ကို အလျှားရှည်လို့ ကမ္ဘာ့အရှည်ဆုံးကြောင်အဖြစ် ဂင်းနစ်မှတ်တမ်း ၂၀၁၂ မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။  အသက် ၅ နှစ်ရှိပြီဖြစ်တဲ့ အဆိုပါကြောင်ကြီးဟာ ၂၈.၅ လက်မ (၁၂၃ စင်တီမီတာ) ရှည်လျှားပါသတဲ့။
          သူ့သခင် ရောဘင် ဟန်ဒရစ်ဆန် ပြေပြချက်အရတော့ “ဒီကြောင်ကြီးကို စမွေးတုံးက ပုံမှန် ကြောင်တစ်ကောင်အရွယ်ပါဘဲ။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်ကြီးပြီးရှည်လာသလဲဆိုတာကိုတော့ မသိပါဘူး” လို့ ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း အဖွဲ့ကြီးကို ပြောပြသွားပါတယ် အောက်က YouTube မှာတော့ ဒီကြောင်ကြီး ဘယ်လောက်ရှည်သလဲဆိုတာကိုသာ ကြည့်ကြပါတော့။

Source : (Link)

Sunday, September 25, 2011

လံကျုပ် လူသတ်မှု့ကြီး


ပါးစပ်ကို အ၀တ်နှင့်စည်း၊ ဓားတစ်လက်ကိုရင်မှာစိုက်၊ သွေးအလိမ်းလိမ်းနှင့် ဒီဓာတ်ပုံကိုကြည့်ရင် ဒီသူငယ်မလေးဟာ ရက်ရက်စက်စက် ကို အသတ်ခံထားရတယ်လို့ ထင်နိုင်ပါတယ်။  ဒါပေမယ့် အဖြစ်မှန်ကတော့ ဒီလိုမဟုတ်ပါဘူး။  ဒီမိန်းကလေးရဲ့နာမည်က အိုင်ရန်နီဒက်စ် အာရူဂျို (Iranildes Araujo) လို့ခေါ်ပါတယ်။ 
          ဇာတ်လမ်းလေးကဒီလိုခင်ဗျ - မာရီယာ စီမိုး (Maria Simoes) လို့ခေါ်တဲ့ အမျိုးသမီးဟာ သူယောင်္ကျားနှင့် အာရူဂျိုတစ်ယောက် တိတ်တိတ်ပုန်းခုတ်နေတယ်လို့ ထင်တဲ့အတွက် ကားလို့စ် ဒီ ဂျီးဆက်စ်(Carlos de Jesus) ကို ငွေ ၃၄၅ ပေါင် ပေးပြီး သတ်ခိုင်းပါသတဲ့။ ဒီသကောင့်သား ကားလိုစ့်ဟာ အာရူရိုကို သတ်ဖို့အသွား တွေ့တွေ့ခြင်း မေတ္တာသက်ဝင် ချစ်ခင်သွားပါသတဲ့။  ဒါနဲ့ပဲ အသွားစေခိုင်းသူ မာရီယာ၊ ယူထားတဲ့ပိုက်ဆံ ၃၄၅ ပေါင်နှင့် သတ်မည့် ဂျိုးဆက်သည် လံကျုပ် လူသတ်မှု့ကြီးကို ဓာတ်ပုံရိုက်ပြီး မာရီယာ အလုပ်ရှင် မာရီယာကို သတ်ပြီးကြောင်း အစီရင်ခံလိုက်တော်မူပါသတဲ့။
          အာရူဂျိုပြောပုံအရတော့ “ကျွန်မ၀တ်ထားတဲ့ အကျီင်္ကို ဖြဲ၊ နံဘေးမှာ ဓားတစ်ချောင်းစိုက်၊ ကားလိုစ့်က ကျွန်မကို ကြိုးချည်ပေး၊ နောက်တော့ ငရုပ်ဆီ (ခရမ်းချဉ်သီး အချဉ်ရည်) တွေနှင့် သုတ်ပြီးတော့ ဓာတ်ပုံရိုက်လိုက်တာလေ”
          ဒါပေမယ့် ၃ ရက်အကြာ မှာ မာရီယာဟာ ထိုလံကျုပ်စုံတွဲနှစ်ယောက် အနမ်းချွေနေကြတာကို လက်ပူးလက်ကြပ်မိပါသတဲ့။  ဒါနဲ့ဘဲ မကျေမနပ်ဖြစ်ပြီးတော့ ရဲစခန်းကိုသွား သူမပိုက်ဆံကို ပြန်လိုချင်တယ်ဆိုပြီး အမှု့ဖွင့်ပါသတဲ့။
          ဘရာဇီးရဲတပ်ဖွဲ့ရဲ့ အဆိုအရ ကားလိုစ့်နှင့် အာဂျူရိုတို့ အတွဲကို ငွေလိမ်လည်မှု့နှင့်တရားစွဲဆိုထားပြီး မာရီယာကိုတော့ လူသတ်ရန် ညွှန်းကြားမှု့ဖြင့် တရားစွဲဆိုထားတယ်လို့ဆိုပါတယ်။
          သြော်… ကမ္ဘာကြီးလည်း ပျက်စီးလာလိုက်တာ လူတွေလည်း အရူးတွေဖြစ်ဖြစ်လာပါလားနော်။


Source : (Link)

ဈေးအကြီးဆုံး တိုက်လေယဉ်များ


          နည်းပညာတိုးတက်လာသည်နှင့်အမျှ လေတပ်များအတွက် နိုင်ငံများရဲ့ အသုံးစရိတ်တွေဟာလည်း မြင့်တက်လာခဲ့ကြပါတယ်။  ကာကွယ်ရေးအတွက် ပိုမိုအစွမ်းထက်သည်ထက် ထက်မြက်လာစေရန် စစ်သုံးနည်းပညာများဟာလည်း တိုးတက်ခဲ့၊ တိုးတက်ဆဲပါဘဲ။  တစ်ချို့လူတွေက လိုအပ်တယ်လို့ယူဆပေမယ့် တစ်ချို့တွေကတော့ အစိုးရရဲ့ငွေကြေးတွေကို ဖြန်းတီးမှု့သာဖြစ်တယ်လို့ ယူဆကြပြန်ပါတယ်။  မည်သို့ပင်ဖြစ်စေကာမူ အောက်ပါ ဈေးအကြီးဆုံး တိုက်လေယာဉ် ၁၀ စီးကို ဖော်ပြလိုက်ပါတယ်။

၁၀။ F/A-18 Hornet 

          F/A – 18 ဟာ မြေပြင်၊ ဝေဟင် နှစ်မျိုးစလုံးကို တိုက်ခိုက်နိုင်တဲ့ တိုက်လေယာဉ်ဖြစ်ပါတယ်။  လေယာဉ်တင်သင်္ဘောများပေါ်မှာလည်း တင်ဆောင်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားပါတယ်။  ဒီလေယဉ်ကို အမေရိကန် ရေတပ်နှင့် ကမ်းရိုးတမ်း/ပင်လယ် လုံခြုံရေးအတွက် ထုတ်လုပ်ခဲ့တာပါ။  လောလောဆယ်မှာတော့ ကနေဒါ၊ သြစတြေးလျ၊ ဖင်လန်၊ ကူဝိတ်၊ မလေးရှား၊ ကူဝိတ်နှင့် ဆွတ်ဇလန် နိုင်ငံတွေမှာ အသုံးပြုနေကြပါတယ်။  ၁၉၈၆ ခုနှစ်ထဲက ဒီလေယဉ်အမျိုးအစားဟာ Blue Angels တွေအတွက် သရုပ်ပြ တိုက်လေယာဉ်ဖြစ်ပါတယ်။
လေယာဉ်တစ်စီးရဲ့ ကုန်ကျငွေကတော့ US ၉၄ သန်း ဖြစ်ပါတယ်။

Saturday, September 24, 2011

Irish pensioner 'died of spontaneous human combustion' - လူတွေဟာ အလိုအလျှောက်မီးလောင်ကျွမ်းပြီး သေဆုံးနိုင်ပါသလား?


တာရာမင်းဝေရဲ့ အရှေ့ဘက်မြို့ရိုးမှာ မိုးတွေရွာနေသည် ၀တ္တုကို ဖတ်ဖူးပါသလား။  အဲ့ဒီအထဲမှာ ကချေသည်ကလေးဟာ နောက်ဆုံး မိမိကိုယ်ကို လောင်ကျွမ်းစေတဲ့ ပြကွက်နဲ့ အသုံးတော်ခံပြီး သေဆုံးသွားခဲ့ပါတယ်။  ဒါမျိုးတွေကို အပြင်လောကမှာရေ တွေ့မြင်နိုင်မယ်လို့ ထင်ပါသလား။
            ဒီသတင်းကတော့ အိုင်ယာလန်နိုင်ငံက အသက် ၇၆နှစ်အရွယ်ရှိ မိုက်ကယ် ဖဟာတီ လို့ခေါ်တဲ့ လူတစ်ဦးဟာ မည်သည် ပြင်ပမှ မီးလောင်ကျွမ်းမှု့မှ မရှိဘဲ ကိုယ်တိုင် မီးလောင်ကျွမ်းကာ သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။  သူဟာ အိုင်ယာလန်နိုင်ငံ ဂေါဝေးရှိ သူ့အိမ်ရှေ့ခန်းမှာ မီးလောင်ကျွမ်းပြီး သေဆုံးသွားခဲ့တာပါ။  သူ့ကိုယ်မှတစ်ပါး အခြားသော ပစ္စည်း ပစ္စယာတွေကို မီးလောင်ကျွမ်းခြင်းမရှိခဲ့ဘူးလို့ စုံစမ်းသူတွေက ဆိုပါတယ်။
            ဂေါဝေးမှာ နေထိုင်တဲ့ ဒေါက်တာ ကီရာရင် မက် လော့လင်း (Dr. Kieran McLoughlin) ရဲ့အဆိုအရကတော့ သူဆရာဝန်လုပ်သက် ၂၅နှစ်အတွင်း ဒီလိုမျိုး အလိုအလျှောက် ရုတ်တရက် လူတစ်ဦးရဲ့ကိုယ်မှနေ ရုတ်တရက်မီးလောင်ကျွမ်းတာမျိုးကို မတွေ့ဘူးပါဘူးတဲ့။  ဒါဟာ အိုင်ယာလန်နိုင်ငံမှာတော့ ပထမဆုံး အဖြစ်အပျက်လို့ ယုံကြည့်ပါတယ်တဲ့။

Wat Rong Khun - ငွေကျောင်းဆောင်


Wat Rong Khun (၀က်ရောင်ခွန် လို့ အသံထွက်မယ်လို့ထင်ပါတယ်) - ဒီကျောင်းဆောင်ဟာ ထိုင်းနိုင်ငံ၊ ချိုင်းရိုင် (Chiang Rai) မှာတည်ရှိပြီးတော့ ဗုဒ္ဓ ဘာသာ ကျောင်းဆောင်တစ်ခုဖြစ်ပါတယ်။  ထူးခြားချက်ကတော့ ဒီကျောင်းဆောင်ဟာ အဖြူရောင် တစ်မျိုးတည်းနှင့်ဘဲ တည်ဆောက်ထားခြင်းဖြစ်ပြီး မှန်များနှင့်ပါ ရောစပ်တည်ဆောက်ထားခြင်းပါတယ်။  ဒီကျောင်းဆောင်ဟာ ဆောက်လုပ်ဆဲ ကျောင်းဆောင်တစ်ခုဖြစ်ပြီးတော့ ဒီဇိုင်နာ Chalermchai Kositpipat ဆိုသူက ၁၉၉၇ မှာ စတင်တည်ဆောက်ခြင်းဖြစ်ပါတယ်။
အဖြူရောင်ရဲ့ အဓိပ္ပာယ်ကတော့ မြတ်ဗုဒ္ဓ ရဲ့ အတုမရှိ သန့်စင်မှု့ကို ဖော်ညွှန်းတာဖြစ်ပါတယ်။  မှန်သားတွေ ထည့်သွင်းတည်ဆောက်ခြင်းရဲ့ အဓိပ္ပာယ်ကတော့ မြတ်ဗုဒ္ဓ ရဲ့ သစ္စာလေးပါ မြတ်တရားတို့ကို ကိုယ်တော်တိုင်ဖောက်ထွင်းသိမြင် တုမမြင်တဲ့ ဥာဏ်တော်ကို ရည်စူးတယ်လို့ ဆိုပါတယ်။  မှန်တို့ရဲ့ တစ်လက်လက်တစ်ဖိတ်ဖိတ်တောက်ပြောင်သကဲ့သို့ပင် မြတ်ဗုဒ္ဓ ၏ အသိဥာဏ်တို့သည် ကမ္ဘာတစ်ဝှမ်းသာမက စင်္ကြာဝဋ္ဌာ အနန္တအထိပါ ကွန့်မြူးယိုဖိတ် တစ်လက်လက် တောင်ပြောင်စေတဲ့ သဘောကို ရည်ညွှန်းပါတယ်တဲ့။

Friday, September 23, 2011

သက်တန့်ရဲ့ အစွန်းတစ်ဘက်ကို တွေ့ဖူးလား?




ဒါကတော့ Jason Erdkamp ဆိုသူက ကားမောင်းနေရင် သက်တန့်ရဲ့ အစွန်းတစ်ဘက်ကို တွေ့လို့ iPhoneနဲ့ မှတ်တမ်းတင်ခဲ့တာလို့ဆိုပါတယ်။  ကာလီဖိုးနီးယား ပြည်နယ်၊ အော်ရိန့် ကောင်တီက အဝေးပြေးလမ်းမကြီး နံပါတ် ၂၄၁ ကနေ ကားနဲ့ဖြတ်သွားတုန်း တွေ့လို့ ၂၀၀၉ ခုနှစ်က ရိုက်ယူထားတယ်လိုကဆိုပါတယ်။  

ကစဉ်ကလျား ဧရာဝတီ သီအိုရီ


ကျွန်တော် သမိုင်းအကြောင်းကို နားလည်းမလည်သလို သိလည်း တိတိကျကျ ဘာမှမသိပါဘူး။  ဒါလေးကို ရေးမယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကျတော့ ဒီလောက်လေးတော့ ဖတ်ရမယ်ဆိုတဲ့ အသိစိတ်ကလေးနဲ့ ဖတ်လိုက်ပြီး ကျွန်တော် ပေးချင်တဲ့ အရာလေးတစ်ခုကို ပေးဖို့ဘဲ ရည်ရွယ်တာပါပဲ။  ဒါလေးကတော့ စုစည်းညီညာမှု့ တစ်ခုကို ပြချင်လို့ပါ။  ကျွန်တော်တို့ ဘာကို သင်ခန်းစာယူပြီးတော့၊ ဘယ်လို ဆက်လုပ်ကြမလဲ? ဘာကြောင့် ဒီလိုဖြစ်ခဲ့ရတာလည်း?  ဘယ်သူကြောင့် ဘယ်ဝါ့ကြောင့်ကို အတိတ်မှာ ထားခဲ့ပြီးတော့ ယခု ပစ္စုပ္ပန်မှာ ဘာတွေ လုပ်ကြမလဲ? ဘယ်လို ရှေ့ဆက်ကြမလဲ ဆိုတာလေးကို ကျွန်တော်ပြောချင်လို့ပါ။  အနစ်နာခံခဲ့သူတွေ၊ ကျဆုံးခဲ့တဲ့လူတွေ၊ အယူအဆ ကွဲပြားချက်တွေ၊ မိမိတို့ ကောင်းမယ်လို့ယုံကြည့်တဲ့ အရာတွေကို တည်ဆောက်ခဲ့တဲ့လူတွေ၊ တည်ဆောက်နေဆဲလူတွေ၊ အားလုံးအတွက် ဒါတွေကိုရည်ရွယ်ပါတယ်။  ကျွန်တော်ယုံကြည်ချက်တစ်ခုကတော့ လှပတဲ့ သက်တံတစ်ခု ကောင်းကင်မှာ ဖြစ်ပေါ်လာဖို့ အရောင် ၇ ရောင်နဲ့ ပေါင်းစပ်ရပါတယ်။  အနီရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင် စတဲ့ အရောင် ခုနှစ်ရောင်ပါ။  ဒီအရောင်တွေ အားလုံးကို ပေါင်းစပ်လိုက်ရင် အဖြူရောင် ဆိုတဲ့ မိခင်အရောင်ကြီးကို ပြန်ရမှာပါ။  ဒါတွေကို မပေါင်းစပ်နိုင်သရွှေ့ကတော့ ကောင်းကင်မှ လှပတဲ့ သက်တံကြီးကို မြင်ခွင့်ရဦးမှာ မဟုတ်ပါဘူး။

Thursday, September 22, 2011

Nicolas Cage ဟာ သွေးစုတ်ဖုတ်ကောင်လား?


          Face-Off ဇာတ်ကားကို ကြည့်ဖူးကြမှာပါ။  အဲ့ဒီမှာ ကျွန်တော်တို့ နီကိုးလပ်စ် ကေ့ဂ်ျဆိုတဲ့ မင်းသားနဲ့ စတင်ရင်းနှီးခဲ့ကြတာပါ။  ခုသတင်းလေးကတော့ ဒီလိုပါ။  အမေရိကန်ပြည်တွင်းစစ်ဖြစ်နေချိန်ကာလတုန်းက ရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးဟာ နီကိုးလပ်စ် ကေ့ဂ်ျနဲ့ ချွတ်စွပ်တူနေလို့ပါတဲ့။  ဒါနဲ့ဘဲ ဒီမင်းသားဟာ လူစင်စင် မဟုတ်တန်ရာ သွေးစုပ်ဖုတ်ကောင်သာ ဖြစ်လေ၏ လို့ ဆိုပါလေသတဲ့။
          ဒီသတင်းကို စတင်ဖွတဲ့လူကတော့ Jack Mord လို့ခေါ်တဲ့ ရှေးဟောင်းပစ္စည်း ရောင်းတဲ့လူဖြစ်ပါတယ်။  ဒီလူဟာ ebay လို့ခေါ်တဲ့ အွန်လိုင်း ရှော့ပင် ၀ဘ်ဆိုဒ်ကနေပြီးတော့ ၁၈၇၀ ၀န်းကျင်က ဘရစ်စတိုမှာ ရိုက်ထားတယ်ဆိုတဲ့ ဓာတ်ပုံကို ရောင်းဖို့တင်ပြီးတော့ ဒီပုံဟာ နီကိုးလပ်စ် ကေ့ဂ်ျ အစစ်မှ စစ်စစ် ရေမရောဘူးလို့ ဆိုပါတယ်။

Wednesday, September 21, 2011

ဒေါ်လာ ၂သိန်းခွဲ တန် အရက်ပုလင်းကို ၀ယ်တဲ့ တရုတ်


          ချန်ဂီ ဂျူတီ ဖရီးမှာ ဖြတ်တိုင်း ငမ်းနေကျ စင်ကာပူဒေါ်လာ ၂ သိန်းခွဲတန် Dalmore စကော့ဝီစကီ ပုလင်းကတော့ စက်တင်ဘာ ၁၇ ရက်နေ့က ကြိုတင် ဘွတ်ကင်နဲ့ ကိုရွှေတရုတ် လက်ထဲကို ပါသွားပါပြီ။  ဒီ ၆၂ နှစ်သား ၀ီစကီဟာ အလွန်ရှားပါးတဲ့ ၀ီစကီဖြစ်ပါတယ်။  Changi Airport Group (CAG) ကပြောရေးဆိုခွင့်ရတဲ့သူတစ်ယောက်ရဲ့အဆိုအရကတော့ အသက် ၄၀ ၀န်းကျင် တရုတ်စီးပွားရေသမားတစ်ယောက်က ဘွတ်ကင် ၁ သိန်း ထားခဲ့ပြီးတော့ ဒီပုလင်းကို မှာယူသွားကြောင်းဆိုပါသတဲ့။  တစ်ကမ္ဘာလုံးမှာ ဒီလို ၀ီစကီ ၁၂ ပုလင်းသာ ရှိတယ်လို့ အဲ့ဒီပြောရေးဆိုခွင့်ရ တန် ဆိုတဲ့ လူကဆိုပါသတဲ့။  အင်း… ဘယ်နားပိုက်ဆံထားရမှန်းမသိတဲ့လူတွေကတော့ ဒါမျိုးအရည်တွေ ၀ယ်ပြီး သောက်ကြမှာပေါ့လေ။  


Source : 12

အကောင်းမြင် စိတ်ကလေး တစ်ခု


            ဂျယ်ရီ ဆိုတဲ့ သူငယ်လေးဟာ အမြင်ကပ်စရာကောင်းလောက်အောင်ကို အကောင်းမြင်တတ်တဲ့ သူငယ်လေးပါ။  သူဟာ အမြဲတမ်း လန်းဆန်းတက်ကြွနေပြီးတော့ အမြဲတမ်းလည်း အကောင်းမြင်တဲ့ စကားလေးတွေကိုဘဲ ပြောဆိုလေ့ရှိပါတယ်။
          သူဟာ သူမတူအောင် ထူးချွန်တဲ့ မန်နေဂျာကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။  ဘယ်စားသောက်ဆိုင်မှာလုပ်လုပ် နောက်လိုက်စာပွဲထိုးတွေက သူ့နားမှာ ၀ိုင်းဝိုင်းလည်နေပြီး သူ့ကို အပြည့်အ၀ ထောက်ခံကြပါတယ်။  ဘာဖြစ်လို့ ဒီလို ထောက်ခံကြလဲဆိုတော့ သူရဲ့ အကောင်းမြင်တတ်တဲ့ စိတ်ဓာတ်ကလေးကြောင့်ဖြစ်ပါတယ်တဲ့။  သူ့ပင်ကိုယ်စိတ်ထားကိုက လူတွေကို စိတ်ဓာတ်တက်ကြွလာအောင် လုပ်ဆောင်နိုင်စွမ်းရှိနေတာပါ။  တစ်နေ့တော့ ကျွန်တော် ဂျယ်ရီ့ကို မေးဖြစ်ပါတယ်။  “ငါ နားမလည်နိုင်ဘူး ဂျယ်ရီ၊ မင်းဟာ အမြဲတမ်းတော့ အကောင်းမြင်နိုင်တဲ့ စိတ်ရှိမယ်မထင်ဘူး။ ဒါပေမယ့် အမြဲတမ်းကို တက်ကြွနေတာဘဲ။  အဲ့ဒီလို တက်ကြွနေအောင် ဘယ်လိုလုပ်လဲ”

ကမ္ဘာပတ်မယ် စက္ကန့် ၆၀


           ဒါကတော့ ဂျက်ကီချန်းရဲ့ ကမ္ဘာပတ်မယ် ရက်၆၀ မဟုတ်ပါဘူး  ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးကို ၁ မိနစ်အတွင်း ပတ်ကြည့်တာပါ။  ပစိဖိတ် သမုဒ္ဒရာ တောင်ဘက်ပိုင်းကနေ အမေရိကတိုက်ကို ဖြတ်သန်းပြီး အန္တာတိကတိုက်နား နေထွက်လာခါနီးအထိ ရိုက်ထားတဲ့ ၁ မိနစ်စာ ဗီဒီယိုလေးပါ။  ဒီ ဗီဒီယိုလေးကို James Drake          ဆိုသူက ဖန်တီးခဲ့တာဖြစ်ပြီး ဒီ တစ်မိနစ်စာ ဗီဒီယိုကလေးရဖို့အတွက် နိုင်ငံတစ်ကာ အာကာသစခန်းမှ ဓာတ်ပုံပေါင်း ၆၀၀ ကျော်နဲ့ ဖန်တီးခဲ့ရတယ်လို့ဆိုပါတယ်။  ပြီးခဲ့တဲ့ တစ်ပတ်ကမှ တင်ခဲ့တဲ့ ဒီ ဗီဒီယိုလေးကို YouTube မှာ ကြည့်ရှု့သူပေါင်း ၂ သန်း ၆ သိန်းကျော်ရှိသွားပြီ ဖြစ်ပါတယ်။  ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီး တစ်ပတ် အမြန်ဆုံး ခရီးသွားချင်သူတွေ ကြည့်ပါလို့ ညွှန်းလိုက်ပါတယ်။


Source : (Link)

Tuesday, September 20, 2011

အိုစမာဘင်လာဒင် ကို ၀င်စီးတဲ့ ဗီဒီယို

ဒါကတော့ အိုစမာ ဘင်လာဒင်နေတဲ့ အိမ်ကို အမေရိကန် အထူးကွန်မန်ဒိုတွေ ၀င်စီးတဲ့ ဗီဒီယိုပါ။  အမေရိကန်က မှတ်တမ်းအဖြစ် ထုတ်ဝေတယ်လို့ ဆိုပါတယ်။

ဒေါင်းလုပ်လုပ်ဖို့ကတော့ ဟော့ဒီ လင့် လေးကို နှိပ်ပြီး Torrent ကနေတစ်ဆင် ဒေါင်းနိုင်ပါတယ်။  အောက်ကပုံလေးတွေကတော့ အမြည်းအဖြစ်တင်ပေးလိုက်ပါတယ်။

Monday, September 19, 2011

ဟာသတိုကလေးများ - ၃


တစ်နေ့စာအလွဲများ
          ဘား တစ်ခုတွင်ဖြစ်သည်။  လူငယ်လေးတစ်ယောက်သည် သူ၏ အရက်ခွက်ကို တွေတွေကြီးစိုက်ကြည့်နေသည်။  ထိုသို့ကြည့်နေသည်မှာ နာရီဝက်လောက်ကြာသွားပြီဖြစ်သည်။ အဲ့ဒီအချိန်မှာ ကားဒရိုင်ဘာတစ်ယောက် လူငယ်လေးဘေးနားဝင်ထိုင်ပြီးတော့ အဆိုပါလူငယ်လေးရဲ့ ခွက်ကို မော့ပစ်လိုက်ပါတယ်။  လူငယ်လေးက ဒရိုင်ဘာကိုကြည့်ပြီးတော့ ရှိုက်ကြီးတငင်ငိုပါလေရော။ 
ဒရိုင်ဘာ။        ။ “မငိုပါနဲ့ သူငယ်ရယ် ငါကမင်းကိုစတာပါ ရော့အဲ့ဒီမှာ အသစ်တစ်ခွက်၊ ယောင်္ကျားကြီး တန်မယ့် ငိုစရာလားကွ”

စိတ်ရှည်စွာဖြင့် ပညာသင်ပါ


          တစ်ခါတုန်းက မြို့ကြီးတစ်မြို့မှာ ကျောက်မျက်ပညာကို တစ်ဖက်ကမ်းခပ်အောင် တက်မြောက်ကျွမ်းကျင်တဲ့ ဆရာကြီးရှိပါသတဲ့။  တစ်နေ့တော့ ထိုဆရာကြီးဆီကို လူငယ်လေးတစ်ယောက်ကလာပြီးတော့ ပညာသင်ခွင့်တောင်ခံပါသတဲ့။  ဆရာကြီးက သူငယ်ကလေးကို ကြည့်ပြီးတော့ မဖြစ်နိုင်ပါဘူးကွယ် ဒီပညာသင်ဖို့ရာ စိတ်ရှည်ဖို့လိုတယ်ကွဲ့။  သူငယ်လေးကလည်း လေးလေးနက်နက်ကို စိတ်ရှည်စွာနဲ့ ပညာသင်ယူဖို့ ကတိပြုပါသတဲ့။  ကောင်းပြီး ဒါဆိုရင်တော့ မနက်ဖြန်လာခဲ့ပါ။
          နောက်နေ့မနက် လူငယ်လေး ရောက်လာတော့ ဆရာကြီးက လူငယ်လေးလက်ထဲကို ကျောက်စိမ်း အရိုင်းတစ်တုံးထဲ့ပေးပြီးတော့ သူငယ် မင်းဒါလေးကို ကိုင်ထားလို့ပြောပြီး သူလုပ်စရာရှိတဲ့ ကျောက်ဖြတ်ခြင်း၊ ကျောက်အလေးချိန် ချိန်တွယ်ခြင်း၊ ကျောက်များကို စီခြင်း စတာတွေကို လုပ်ကိုင်နေပါသတဲ့။  လူငယ်လေးလဲ ငြိမ်သက်စွာနဲ့ပဲ ထိုင်နေပြီး ကျောက်စိမ်းအရိုင်းတုံးကလေးကို ကိုင်ထားပါသတဲ့။
          နောက်တစ်နေ့ လူငယ်လေးရောက်လာပြန်တော့လဲ ဆရာကြီးက ကျောက်စိမ်းအရိုင်းတုံးကလေးကို လူငယ်လေးလက်ထဲကို ထည့်ပြီး ကိုင်ထားစေပြန်ပါသတဲ့။  ဒီလိုနဲ့ တတိယနေ့၊ စတုတ္ထနေ့၊ ပဉ္စမနေ့၊ တွေမှာလည်း ကျောက်စိမ်းအရိုင်းတုန်းကလေးတွေ ပေးပေးပြီးတော့ ထိုနည်းတူ ကိုင်ထားခိုင်းပါသတဲ့။
          ခြောက်ရက်မြောက်နေ့ကျတော့ ကျောက်စိမ်းအရိုင်းတုံးကိုလေးကို ကိုင်ထားရင်းနဲ့ လူငယ်ကလေးက သည်းမခံနိုင်တော့ဘဲ “ဆရာကြီးရယ်၊  ကျွန်တော့်ကို ဘယ်တော့များ ကျောက်မျက်ပညာသင်ပေးမှာလဲ ဆရာကြီး” လို့မေးပါတဲ့။  ဆရာကြီးက “မင်း မကြာခင်သင်ရမှာပါ” လို့ ပြန်ပြောပြီး သူ့အလုပ်ကိုသာ သူဆက်ပြီးလုပ်နေပါသတဲ့။
          ဒီလိုနဲ့ ရက်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင်အောင် သူငယ်လေးဟာ မနက်တိုင်း ကျောက်စိမ်း အရိုင်းတုံးလေးတွေကိုသာ ကိုင်ရင်းနဲ့ ကုန်လွန်လာခဲ့ပါသတဲ့။  တစ်နေ့တော့ ဆရာကြီးဟာ သူငယ်လေးဆီကိုလာပြီးတော့ သူ့ကို တစ်ခုခုကို ကိုင်ခိုင်းဖို့ လက်ယက်ခေါ်ပါသတဲ့။  သူငယ်လေးဟာ စိတ်မပါတစ်ပါနဲ့ဘဲ ဆရာကြီးဆီကို လာပါသတဲ့။  ဆရာကြီးဟာ ကျောက်အရိုင်းတစ်တုံးကို သူငယ်လေးလက်ထဲကို ထည့်ပေးလိုက်ပါသတဲ့။  အဲ့ဒီမှာ လူငယ်လေးက “ဆရာကြီး ဒါက ကျောက်စိမ်းတုံးနဲ့ မတူဘူး”။
          ဆရာကြီးက ပြန်ဖြေသတဲ့ “အင်း မင်းပညာသင်နေပြီလေ”


Ref: Inspirational Stories

Sunday, September 18, 2011

အီတလီက တက္ကသိုလ်အတု


          အီတလီ ရဲဋ္ဌာနက ပြီးခဲ့တဲ့ သောကြာနေ့က အီတလီနိုင်ငံမြောက်ပိုင်း မှာ တက္ကသိုလ် အတုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်တဲ့။  အဲ့ဒီတက္ကသိုလ်မှာ ကျောင်းသား ၁၀ ယောက်လောက်ဟာ တန်ဖိုးမရှိ အသိအမှတ်မပြုတဲ့ ဘွဲ့လက်မှတ်တွေရဖို့အတွက် ယူရို ၇၀၀၀ (ဒေါ်လာ ၇၆၀၀) လောက်ပေးပြီး ကျောင်းတက်နေကြရပါတယ်။
          ဗီရိုနာရှိ “ကာရိုလက်စ် မဂ်နက်စ်” ဆိုတဲ့ တက္ကသိုလ်ဟာ ၂၀၀၅ ခုနှစ်ကထဲက ရောမမြို့မှာ ဖွင့်လှစ်ခဲပြီးတော့ ဒီတက္ကသိုလ်မှာ ယဉ်ကျေးမှု့နဲ့ဆိုင်တဲ့ အဖွဲ့အစည်းကလူတွေ ပါဝင်ကြပါတယ်။  နောက်ပိုင်းမှတော့ ဗီအိုနာ မြိုကို ရုံးချုပ်အဖြစ်ရွှေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ 

မြို့ပြ မိန်းမတစ်ယောက်ရဲ့ အချစ်အကြောင်း



















ဆာလောင်မွတ်သိပ်နေတဲ့ မျက်လုံးတွေနဲ့
အောက်တန်းကျတဲ့ ဓားသွားတွေနဲ့
ရန်ကုန်မြို့ ကြီးဟာ
ရှင်ခဏခဏဆိုနေကျ သီချင်းထဲကလို
“ ဘဝသံသရာ…..”
တကယ်လို့
ရန်ကုန်မြို့ ကြီးဟာ ဝင်္ကပါဆိုရင်
ကျွန်မတို့ဟာ ဝင်္ကပါထဲက ကြွက်ဖြူလေးတွေပေါ့


Saturday, September 17, 2011

ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား



နေတတ်ဖို့ ကြိုးစားနေပါတယ်...
ပြုတင်းပေါက်တော့ ဖွင့်ထားမိတယ်....
အသံသဲ့သဲ့ကြားတယ်...
ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား...

ကန်က စီးပွားရေး နလန်ထူဖို့...
ကြွေးဆပ်ဖို့ အသည်းအသန် လုံးနေတယ်...
အသံသဲ့သဲ့ကြားတယ်....
ဟိုလိုလုပ်ပါလား..  ဒီလိုလုပ်ပါလားတဲ့....

ဟာသတိုလေးများ - ၂


အဲ့ဒါကြောင့် သိပြီလား
          အာဒမ်တစ်ယောက် ဧဒင်ဥယာဉ်ကြီးထဲမှာ ပျင်းရိစွာ လမ်းလျှောက်နေပါသတဲ့။  အဲ့ဒါနဲ့ ဘုရားသခင်က အာဒမ်ကို မေးပါတယ်
ဘုရား သခင် ။   ။ သင်ဘာဖြစ်နေတာလဲ အဒမ်
အာဒမ်  ။         ။ ကျွန်တော့်မှာ စကားပြောစရာ လူလည်းမရှိဘူး။ အလွန်ပျင်းဖို့ကောင်းပါတယ်
ဘုရားသခင် ။    ။ ကောင်းပြီ။  ငါ မင်းကို အဖော်ပြုဖို့ မိန်းမတစ်ယောက်ကို ဖန်ဆင်းပေးတော်မူမယ်။  ဒီမိန်းမဟာ မင်းစားသောက်ဖို့ ချက်ပြုတ်ကျွေးလိမ့်မယ်၊  မင်း ၀တ်ထားတဲ့ အ၀တ်တွေကို လျှော်ပေးလိမ့်မယ်၊  မင်းဆုံးဖြတ်ချက်ချသမျှကိုလည်း အမြဲတမ်း သဘောတူပေးလိမ့်မယ်၊ မင်းအတွက် ကလေးတွေကိုလည်း မွေးပေးလိမ့်မယ်။  နောက်ပြီး ညတစ်ရေးနိုးမင်းကို နှိုးနှိုးပြီးတော့ အဲ့ဒီကလေးတွေကိုလည်း ထိန်းခိုင်းမှာမဟုတ်ဘူး။  မင်းကို အမြဲတမ်း ဟိုဟာပူဆာ ဒီဟာ ပူဆာလည်း လုပ်မှာမဟုတ်ဘူး။  ဘယ်တော့မှလဲ မင်းကို စိတ်ကောက်မှာ မဟုတ်ဘူး။

Friday, September 16, 2011

ဆင်ထိန်းကြိုး


          တစ်ခါတုန်းက လူရွယ်လေးတစ်ယောက်ဟာ လမ်းလျှောက်လာရင် ဆင်တင်းကုပ်နားကို ရောက်လာပါသတဲ့။  အဲ့ဒီမှာ ဆင်တွေရဲ့ ခြေထောက်မှာ ကြိုးသေးသေးလေးနဲ့ပဲ ချည်နှောင်ထားတာကို တွေ့ရပါသတဲ့။  သူငယ်လေးလည်း အံသြသွားပါတယ်။  ဒီလိုသေးငယ်တဲ့ ကြိုးကလေးတွေနဲ့ ချည်ထားရုံနဲ့ ဒီဆင်တွေကို ထိန်းနိုင်မှာတဲ့လား၊ အချိန်မရွေး ဒီကြိုးတွေကို ဖြတ်ပြီးတော့ သူတို့ သွားနိုင်တာပဲ။  ဒါပေမယ့် ဆင်တွေကတော့ အဲ့ဒီလို ရုန်းဖို့ မကြိုးစားကြပါဘူး။

Thursday, September 15, 2011

ဟာသတိုလေးများ - ၁


အချိန်တိုအတွင်း အောင်မြင်နည်း
အဖေ : “ငါ့သား မင်းကို အဖေ့စိတ်တိုင်းကျ ကောင်မလေးနဲ့ အိမ်ထောင်ချပေးချင်တယ်ကွယ်”
သား : “အဖေ ဒါတော့ မဖြစ်နိုင်ဘူး၊ သားစိတ်တိုင်းကျ မိန်းကလေးကိုဘဲ အိမ်ထောင်ပြုချင်တယ်”
အဖေ : “ငါ့သား ဒါပေမယ့် ငါ့သားနဲ့ အိမ်ထောင်ချထားပေးချင်တာက ဘီလ်ဂိတ်ရဲ့ သမီးနဲ့ သားရဲ့”
သား : “သြော်… ဒါဆိုရင်တော့ အိုကေ အဖေ”

နောက်တစ်နေ့ ဖခင်ဖြစ်သူက ဘီလ်ဂိတ်ထံသို့ သွားသည်
ဖခင်ဖြစ်သူ : “ဘီလ်ဂိတ်ရေ ငါမင်းသမီး သင့်တော်မယ့် သားမက်တစ်ယောက်ကို တွေ့ထားတယ်ကွ”
ဘီလ်ဂိတ် : “ဒါပေမယ့် ကျွန်တော့် သမီးက ငယ်သေးတယ်ဗျ၊ လက်ထပ်ဖို့ စောလွန်းအားကြီးမနေဘူးလား”
ဖခင်ဖြစ်သူ : “စဉ်းစားပါဦးဗျာ ဒီသူငယ်လေးက ကမ္ဘာ့ဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဗျ”
ဘီလ်ဂိတ် : “သြော်.. ဒါဆိုရင်တော့ အိုကေ”

ဖြစ်တည်မှု့ ၃ ခု


          ကျွန်တော်တို့ဟာ လူရယ်လို့ ဖြစ်လာရင် ဖြစ်တည်မှု့ ၃ ခုကို မလွဲမသွေ ကြုံတွေ့ရမှာပါ။  အာဖရိကကလူတွေဖြစ်ဖြစ် တရုတ်ကလူတွေဖြစ်ဖြစ် ကျွန်းပေါ်ကလူတွေဘဲဖြစ်ဖြစ် ဒီ ၃ မျိုးကို ပထမဆုံး တွေ့ကြုံကြရမှာပါ။  ပထမဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပါဘဲ။  ဒါဟာ သင်အသက်ရှင်နေသရွှေ့ သင် နှင့် သင်ဟာ အမြဲတမ်းအတူတစ်ကွ ရှိနေမှာပါ။ သင်နှင့် အတူတကွ အလုပ်လုပ်ရမှာက သင်ကိုယ်တိုင်ဘဲဖြစ်ပါတယ်။  သင်နှင့် အတူတစ်ကွ အကြိမ်အများဆုံး ထမင်းစားမယ့်လူ၊ သင်နှင့် အတူတကွအကြိမ်အများဆုံး အိပ်စက်မယ့်လူ၊ သင်နှင့်အတူတစ်ကွ ရေချိုးမယ့်လူ တစ်နေ့တာ သင်နှင့် အတူတစ်ကွ ရှိနေမယ့်လူဟာ သင်ကိုယ်တိုင်ဘဲဖြစ်ပါတယ်။  အဲ့ဒီတော့ သင်နဲ့ သင်ကိုယ်တိုင်ဟာ သဟဇာတဖြစ်နေဖို့လိုပါတယ်။ သင့်ကိုယ်သင် ယုံကြည်နေဖို့လိုပါတယ်။  သင်ကိုယ်တိုင်ဟာ သင်ရဲ့ သူငယ်ချင်းကောင်းဖြစ်နေဖို့လိုပါတယ်။  ဒုတိယ ဖြစ်တည်မှု့တစ်ခုကတော့ သင်ကိုယ်တိုင်ဟာ လူတစ်ယောက်ဖြစ်နေခြင်းပါ။  ဒါကြောင့် သင်ဟာ အခြားသော လူတစ်ယောက်နဲ့ ဆက်ဆံရေး ရှိဖို့လိုပါတယ်။  တတိယ ဖြစ်တည်မှု့ကတော့ အစုအဖွဲ့ နှင့် အတူတစ်ကွ အလုပ်လုပ်နိုင်ဖို့၊ လူအများနှင့် အတူ မျှဝေခံစားတတ်ဖို့၊ အသင်းအဖွဲ့တွေနှင့်အတူ အလုပ်လုပ်နိုင်ဖို့၊  အဖွဲ့အစည်းအလိုက် အလုပ်လုပ်နိုင်ဖို့ ဒါတွေ လိုအပ်ပါတယ်။

၂၀၁၁ အတွက် ကမ္ဘာ့ လက်သည်းအရှည်ဆုံး အမျိုးသမီး


          ခရစ်(စ်) ၀ယ်လ်တန် ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ လက်သည်းတွေကို မညှပ်ဘဲ ထားခဲ့တာ ၁၈ နှစ်ရှိပြီလို့ဆိုပါတယ်။  အခုတော့ ဒီလိုမညှပ်ဘဲထားခဲ့တဲ့ အတွက် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ ဖော်ပြခံရမှာ ဖြစ်ပါတယ်။  ကမ္ဘာ့ လက်သည်းအရှည်ဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းတင်ခံရမှာဖြစ်ပြီး နယူယော့ခ် မှာ သူမရဲ့ လက်သည်းတွေကို ပြသခဲ့ပါတယ်။  ၂၀၁၂ ဂင်းနစ် ကမ္ဘာ့ စံချိန်စာအုပ်ကို ဒီလကုန်ပိုင်းမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။
          ဘယ်ဘက်လက်စုစုပေါင်း လက်သည်းအရှည်ကတော့ ၁၀ ပေ ၂ လက်မ ဖြစ်ပြီး ညာဘက်လက်စုစုပေါင်း လက်သည်းအရှည်ကတော့ ၈ ပေ ၇ လက်မရှိပါသတဲ့။  သူမအဆိုအရကတော့ သူမရဲ့ လက်သည်းတွေကို အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ခြယ်သရပြီး ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အိမ်အလုပ်တွေကိုလည်း ဒီလက်သည်းအရှည်လိမ်တွန့်တွန့်ကြီးတွေနဲ့ လုပ်ရပါတယ်တဲ့။
          “ဒီလို သန့်ရှင်းရေးတွေလုပ်ရတာကို ကျွန်မအရမ်းမုန်းပါတယ်၊ ဒါပေမယ့် လုပ်ရမှာဘဲလေ။  လက်သည်းအတွက်ကတော့ တော်တော်ကို ဂရုတစိုက် ပြုပြင်ပေးရပါတယ်” လို့ အဆိုပါ လက်သည်းပိုင်ရှင် ဆိုပါသတဲ့။  သူမဟာ သူမရဲ့ မိသားစု စားဝတ်နေရေုး အတွက် အဆိုတော့ ဘ၀နဲ့ အသက်မွေးတယ်လို့ ဆိုပါတယ်။
          အရင် စံချိန်တင်ထားတဲ့ ကမ္ဘာ့လက်သည်းအရှည်ဆုံး အမျိုးသမီးကတော့ Salt Lake City မှာ နေတဲ့ Lee Redmon ဆိုသူဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ သူမရဲ့ လက်သည်းအရှည်က ၂၈ ပေရှိပါသတဲ့။  ဒါပေမယ့် ၂၀၀၉ ခုနှစ်မှာတော့ ကားတိုက်မှု့ကြောင့် သူမရဲ့ လက်သည်းတွေ ကျိုးသွားခဲ့တယ်လို့ ဆိုပါတယ်။
          သြော်…. ဘာမှ မစားရ မသောက်ရ ဘာမှ လုပ်လို့မရတဲ့ ဒီလက်သည်းရှည်တွေကို ဂင်းနစ် စာအုပ်ထဲ ပါဖို့များ ဒုက္ခခံပြီးတော့ အရှည်ထားသတဲ့ မမတို့ရယ်။  ဆင်းရဲခြင်းကို ဆင်းရဲခြင်းလို့ မမြင်တော့လဲ ဆင်းရဲ့ရခြင်းရဲ့ အကြောင့်တရားတွေကို မရှာချင်၊ ဆက်ပြီးတော့ မိုးခါးရေတွေ ချိုကြသေးတာပေါ့လေ။

Link : 1

Wednesday, September 14, 2011

စူပါဟီးရိုးများ အိုသွားသော်.....

ဒီပုံလေးတွေက Marvel ရဲ့ နာမည်ကျော် စူပါဟီးရိုးများ အိုသွားတဲ့အချိန်ကို ကာတွန်းဆရာ Donald Soffritti  က သရုပ်ဖော်ရေးဆွဲထားတာပါ။  ဒီပုံလေးတွေကို ကြည့်ပြီးတော့ သဘောကျတာနဲ့ ပိုစ်တင်ပေးလိုက်ပါတယ်။

Superman တို့ နုစဉ်ကပုံ

ဇရာထောင်းသွားရှာသော စူပါမင်း

First customer in six years completes The Big One fry-up challenge


          ဒါကတော့ ကော်ဘီမြို့ကလေးရဲ့ “Hungry Hossee Café” လို့အမည်ရတဲ့ ဆိုင်ကလေးရဲ့ စားသောက်စာရင် မီနူးမှာ ကြော်ငြာထားတဲ့ ကုန်အောင်စားနိုင်ရင် အလကားစားသွား၊ မကုန်ရင် ၁၂ ပေါင်ပေးဆိုတဲ့ “The Big One fry-up” လို့ခေါ်တဲ့ မနက်စာဖြစ်ပါတယ်။  ဆိုင်သက်တမ်း ၆ နှစ်အတွင်းမှာ “The Big One fry-up” ကို ဘယ်သူမှ ကုန်အောင်မဖြိုနိုင်ခဲ့ပါဘူး။  ဆိုင်ကလေးရဲ့ နံရံတွေမှာ ၆နှစ်တာကာလအတွင်း စားခဲ့တဲ့ လူ ၆၀ ရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲထားပါတယ်။ 
          ဒါပေမယ့် စတိဗ့် မက်ဂီ ဆိုတဲ့ အသက် ၂၉နှစ်အရွယ် လူငယ်တစ်ယောက်ကတော့ ဒီ ၆ နှစ်တာအတွင်းမှာရှိတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။  သူဟာ ဒီ “The Big One fry-up” ကို ကုန်အောင်စားဖို့ ၁နာရီနဲ့ မိနစ် ၂၀ စားသောက်ခဲ့ရပါတယ်လို့ ဆိုပါတယ်။ 

Monday, September 12, 2011

Fly Geyser - သဘာဝ ရေပန်းများ

ဒီတစ်ခါတော့ Fly Geyser လို့ခေါ်တဲ့ ထူးဆန်းတဲ့ နေရာလေးတစ်ခုအကြောင်း ပြောချင်ပါတယ်။  Fly Geyser (ဖလိုင်းဂေးဆာ) ကို Fly Ranch Geyser လို့လဲ ခေါ်ကြပါတယ်။  ဒီနေရာလေးဟာ သဘာဝရဲ့ အံသြဖွယ်ကောင်းတဲ့ နေရာလေး တစ်ခုလည်း ဖြစ်ပါတယ်။  ဒီနေရာလေးဟာ နီဗားဒါးပြည်နယ် ရဲ့ Washoe County နားမှာရှိပါတယ်။  ဒီနေရာလေးကို အခုလောလောဆယ် Todd Jaksick (တော့ဒ် ဂျက်ဆစ်) လို့ ခေါ်တဲ့လူက ပိုင်ဆိုင်တာပါ။  ဒီလိုထူးဆန်းတဲ့ မြေအောက်ကရေတွေဟာ သူ့ဟာသူ ပန်းထွက်လာတာတော့ မဟုတ်ပါဘူး။  တိုက်ဆိုင်မှု့တစ်ခုလို့ ပြောရမလိုပါဘဲ။

Thursday, September 8, 2011

Principal of Management Online Lessons


ဟော့ဒီ Link လေးက Principal Of Management ကို အွန်လိုင်းကနေ အလကားသင်လို့ရတဲ့ website လေးပါ။  ပိုက်ဆံမကုန်ဘူးဆိုတော့ ဗဟုသုတလေး နည်းနည်းပါးပါးရချင်ရင် အပျင်းလေးလည်း ပြေချင်ရင် ၀င်ပြီးတော့ ကလိကြည့်ကြပါ။ ဒါပေမယ့် ဘာ အွန်လိုင်း Certificate တို့ Diploma တို့တော့ ရမှာမဟုတ်ပါဘူး။  စိတ်ဝင်စားသူများ ကလိကြည့်ကြပါလို့ တိုက်တွန်းပါရစေ။  Loading ကတော့ ကွန်မကောင်းရင် တက်မှာမဟုတ်တော့ ကွန်ကောင်းတဲ့ နေရာတွေမှာဘဲ ကြည့်ရတာ အဆင်ပြေပါလိမ့်မယ်။  Link ကတော့ ဒီမှာပါ - http://www.aiu.edu/online/AIUFILES/Principales%20Of%20Management/Index.htm

ကြိုက်ကျတယ်ဆိုရင်တော့ ဟော့ဒီအောက်က လက်မကလေးကို နှိပ်နှိပ်ပြီးတော့ ဘဲဖြစ်ဖြစ် မျက်နှာစာအုပ်မှာ ရှဲပြီးတော့ဘဲဖြစ်ဖြစ်ကျန်တဲ့စိတ်ဝင်စားတဲ့လူတွေ ဖတ်ရအောင် Share ပေးကြပါ။

Bermuda Triangle - ဘာမျူဒါ တြိဂံ


          ဘာမျူဒါ တိတြိဂံ ဆိုတာက မြောက်အန္တလန်တိတ် သမုဒ္ဒရာရဲ့ အနောက်ဘက်ခြမ်းအပိုင်း၊ ဘာမျူဒါကျွန်း၊ ဖလော်ရီဒါ နှင့် ပူရီတို ရီကို ကျွန်း တို့ကို စိတ်မှန်းဖြင့်  မျဉ်းကြောင်းလေးဆွဲကြည့်ရင် မြင်ရမည့် တြိဂံရေပြင်နေရာလေးဖြစ်ပါတယ်။
          လူတိုင်းနီးပါ ဘာမျူဒါ တြိဂံအကြောင်းကြားဖူးမှာပါ။  ကုန်တင်သင်္ဘောတွေကစလို့ လေယာဉ်ပျံတွေ အဆုံး ဒီတြိဂံရပ်ဝန်းထဲမှာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားကြတဲ့ သတင်းတွေက ဒီ တြိဂံဒေသကို နာမည်ကြီးသထက်ပိုမို ကြီးလာစေခဲ့ပါတယ်။  လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်က ဒီတြိဂံဒေသမှာ ပျောက်ဆုံးသွားခဲ့တဲ့ သင်္ဘောတွေ လေယာဉ်ပျံတွေကြောင့် လူ့အသက်ပေါင်း မြောက်များစွာ ဆုံးရှုံးခဲ့ရပါတယ်။  အခု ဒီတြိဂံအကြောင်းလေးကို နည်းနည်း ပြန်ပြီး အစဖော်ရေးပါရစေ။

Wednesday, September 7, 2011

Natsumi Hayashi - လေမှာ ပျံဝဲနေသော မိန်းကလေး


            ဒီဓာတ်ပုံလေးတွေကိုကြည့်ပါ။  ဒီပုံထဲမှာ နာဆုမိ ဆိုတဲ့ မိန်းကလေးတစ်ယောက် လေထဲမှာ ပျံဝဲနေတာကို တွေ့ရပါလိမ့်မယ်။  တစ်ကယ်ကို အသက်ဝင်လှတဲ့ ဒီဓာတ်ပုံတွေထဲမှာ နာဆုမိတစ်ယောက်ဟာ သဘာဝကျကျကို ကမ္ဘာမြေကြီးဆွဲအားနဲ့ ဆန့်ကျင်ပြီး အသက်ဝင်နေအောင် ပျံဝဲပြနေတာပါ။
            ဒီဓာတ်ပုံတွေရဖို့ သူမဟာ သူမကိုယ်ပိုင် Cannon 5D Mark II ကို သုံးပြီး သူမကိုယ်တိုင် ရိုက်ကူးထားတာဖြစ်တယ်လို့ဆိုပါတယ်။  တစ်ခါတစ်လေမှာတော့ ဒီလို သဘာဝကျတဲ့ ပုံတွေရဖို့ အကြိမ် ၃၀၀လောက် ခုန်ရပါတယ်တဲ့။ 
            သူမရဲ့ ဘလော့ဂ်နဲ့ သူမရဲ့ ဓာတ်ပုံတွေဟာ ဂျပန်နိုင်ငံတစ်ဝှမ်း အလွန်ရေးပန်းစားနေတယ်လို့ဆိုပါတယ်။  ၂၀၁၁ ဧပြီ ၂၇ ရက်နေ့မှာတော့ သူမ ဓာတ်ပုံတွေ ထပ်တင်တာကို မတွေ့ရတော့ပါဘူး။  ဒါဟာ သူမ လျှို့ဝှက်ပြီး တစ်ခုခုကို လူတွေ အံအားသင့်အောင် လုပ်ပြနိုင်ဖွယ်ရှိပါတယ်။  

ကျွန်တော်တို့တွေလဲ ၀ါသနာပါရင် ခုန်လို့ရအောင် ဒီပို့စ်လေးကို တင်ပေးလိုက်တာပါ။  ဒါပေမယ့် ဒီလိုပုံထွက်ချင်ရင်တော့ Mark II ဖြစ်ဖြစ် Mark III ဖြစ်ဖြစ် တစ်လုံးတော့ လိုလိမ့်မယ်နော်..။



Source : 1


Tuesday, September 6, 2011

မီတာ ၂၀၀၀ကျော် အမြင့်ရှိမည့် လူအင်အားဖြင့် တည်ဆောက်မည့် တောင်



          ဒီစိတ်ကူးက သတင်းစာက ဂျာနယ်လစ်တစ်ယောက် လျှာရိုးမရှိတိုင်း လျှောက်ပြောခဲ့တာက စတယ်လို့ဆိုပါတယ်။  ဒါပေမယ့် အခုတော့ ဟော်လန်က ဗိသုကာတွေ၊ အင်ဂျင်နီယာတွေ၊ တည်ဆောက်ရေးလုပ်ငန်းရှင်တွေ၊ ရင်းနှီမြှပ်နှံသူတွေဟာ ဒီ မီတာ ၂၀၀၀ ကျော်မြင့်တဲ့ လူလုပ် တောင်ကြီးကို နယ်သာလန်နိုင်ငံမှာ တည်ဆောက်ဖို့ အလေးအနက်ထားပြီး စဉ်းစားလာကြပြီ ဖြစ်ပါတယ်။

Monday, September 5, 2011

First Hybrid Tug in Europe – Port of Rotterdam’s ‘RT Adriaan’




          ဥရောပရဲ့ ပထမဆုံး “Hybrid Energy” သုံး Tug boat ကို ၂၀၁၁ မေလ ၁၇ ရက်နေ့ဘယ်လ်ဂျီယံနိုင်ငံ အန့်ဝပ်မှာ ကျင်းပတဲ့ နိုင်ငံတစ်ကာ တွန်း/ဆွဲ (Tug) များနှင့် သင်္ဘောဆယ်ယူရေး ဆိုင်ရာ အစည်းအဝေးမှာ ကြေငြာခဲ့ပါတယ်။  ကနေဒါအခြေစိုက် အင်ဂျင် တီထွင်တဲ့ ဒီဇိုင်နာများနှင့် Aspin, Kemp and Associates(AKA)လိုခေါ်တဲ့ တည်ဆောက်သူ၊ သင်္ဘောလိုင်းတစ်ခုဖြစ်တဲ့ KOTUG တို့ ပူးပေါင်းဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။  ဟော်လန်နိုင်ငံရဲ့ ရော်တာဒမ် ဆိပ်ကမ်းမှာ အလုပ်လုပ်မယ့် ဒီသင်္ဘော (RT Adriaan) ဟာ AKA’s ရဲ့ “XeroPoint Hybrid Propulsion System” ကို သုံးထားတာပါ။

ဥာဏ်ကြီးရှင်တို့၏ တီထွင်မှု့များ

ကိုပြောင်တို့ အကြိုက်