စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, October 31, 2012

အို..ဘယ့်..ဘယ် တောင်ပေါ်က ခြသေ့င်္ X


          သြော်.. ဘာလိုလိုနဲ့ အောက်တိုဘာလတောင် ကုန်ရောပေါ့။  ပြီးခဲ့တဲ့ တစ်ပတ်က စင်ကျားပေါ ခဏ ပြန်သည်။  ဘာရယ်မဟုတ်… အလုပ်ထဲမှ လွတ်ရာကျွတ်ရာကို ပြေးခြင်းဖြစ်သည်။  အခွန်ကိစ္စတွေ ရှင်းသည်။  ကျန်တဲ့ရက်နားသည်။  နားတော့ ဘယ်မှ လျှောက်မသွားဖြစ်။  ချယ်ရီမြေတစ်ခေါက်ရောက်သည်။  ကျန်တဲ့ ရက်တွေကတော့ အိမ်မှာပဲ ကပ်နေဖြစ်သည်။  ကပ်နေဖြစ်ဆို အိမ်က သူငယ်ချင်းတွေက PS3 ၀ယ်ထားတော့ ဘောလုံး လှိမ့်ကန်နေခြင်းသာဖြစ်သည်။  ကန်သည့်ပွဲတိုင်းက ရှုံးသည်။  PS2 နှင့် အတော်ကွာသည်။ 
          သွားရည်ကျနေသော ပန်းသီးရဲ့ ရက်တီးနား ရုပ်ထွက်နှင့် မက်ဘွတ်ကြီးကို သွားငမ်းသည်။  အို… ပါးပါးလေးပါလား…. ဟာ… ရုပ်ထွက်ကောင်းလိုက်တာ… လိုချင်လိုက်တာ… လိုချင်လိုက်တာ… ရှု့မငြီးက ပါမစ်ပိတ်ထားတော့ တံထွေးမြိုချပြီး ပြန်လာရသည်။  စိတ်ကတော့ မလျှော့ချင်…. တစ်ခုခုတော့ ၀ယ်ရမှဖြစ်မည်။  ဒီတော့ ပန်းသီးရဲ့ အသစ်ထွက်တဲ့ နားကျပ်တစ်ခုနဲ့ Airport Express သာဝယ်ပြီးပြန်လာသည်။  နားကျပ်က နားထဲထိုးထည့်လို့ကောင်းတာကလွဲပြီးတော့ ထူးထူးခြားခြားတော့ ဘာမှမဟုတ်။  ဒီအသံက ဒီအသံသာဖြစ်သည်။  Dr. Dre ကမှ ပိုကောင်းသေးသည်။ Airport Express နဲ့ဆိုရင်တော့ Wifi နဲ့ ဆောင်းဘောက်တွဲပြီး သီချင်းဖွင့်လို့ရမည်။  ဒီလိုနဲ့ ရှန်ဟိုင်းပြန်ဖို့ ချန်ဂီ လေဆိပ်ရောက်တော့ 32G iPod သွားတွေ့သည်။  Duty Free ဆိုတော့ ၃၇၀ လောက်ပဲပေးရသည်။  တန်သည်… ၀ယ်သည်။  ရှု့မငြီး က ဒါကို ၀ယ်မှန်းမသိချေ။  သို့ပေမယ့် နားကျပ်တစ်ခုကတော့ ပိုနေပြီ။
          ဒီလိုနှင့် တရုတ်ပြန်ရောက်လာသည်။  မက်ဘွတ်ကြီးကတော့ လိုချင်တုန်း….။  အို.. ဘာဖြစ်ဖြစ်ပေါ့လေ.. စိတ်ထိန်း စိတ်ထိန်း။  စိတ်ထိန်းလို့မရတော့ ခုသုံးနေတဲ့ ကွန်ပျူတာကို OS X Mountain Lion ပုံစံအတုကို ဟောဒီကနေ 32bit အတွက်ရွေး၊ ဒေါင်းပြီးတော့ သွင်းပစ်လိုက်သည်။  ပေါ်လာတာလေးတွေက ဟို ရက်တီးနားရုပ်ထွက်ဟာကြီးနဲ့ ဆင်တင်တင်ဆိုတော့ ဘာပဲဖြစ်ဖြစ် နေသာထိုင်သာ အတော်ရှိသွားသည်။ 

Thursday, October 25, 2012

ကမ္ဘာ့ အကျဉ်းဆုံးအိမ်ကလေး


          ပိုလန်နိုင် ၀ါဆောမြို့မှာတော့ ကမ္ဘာ့အကျဉ်းဆုံး အိမ်ကလေးကို တည်ဆောက်ပြီးသွားပါပြီ။  ဒီအိမ်ကလေးကတော့ တိုက်နှစ်လုံးကြားထဲမှာ ဆောက်ထားတာဖြစ်ပြီးတော့ အခန်းရဲ့ ဘေးနှစ်ဖက် အကျယ်ဆုံးဟာ ၅ပေပဲ ရှိပါတယ်။  အိမ်လေးကိုတက်သွားရင် မြေညီထပ်မှာတော့ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်နဲ့ ထမင်းစားခန်းတို့ရှိမှာဖြစ်ပြီးတော့၊ အပေါ်ထပ်မှာတော့ အိပ်ယာနဲ့ စားပွဲခုံလေးရှိမှာဖြစ်ပါတယ်။  ဒါဟာ လူတစ်ယောက်နေထိုင်ဖို့အတွက် အနဲဆုံးသော လိုအပ်ချက်နဲ့ ပြည့်စုံအောင် ဆောက်ထားတာဖြစ်ပါတယ်လို့ ဗိသုကာ ပညာရှင် Jakub Szczesny ကဆိုပါတယ်။  



Wednesday, October 24, 2012

အနာဂတ် စွမ်းအင်သစ် (သို့) လေမှထုတ်မည့် ဓာတ်ဆီ


          ရေနံ၊ သဘာဝဓာတ်ငွေ့… ဒါတွေနဲ့ ကမ္ဘာကြီးက လည်ပတ်နေတာ။  လျှပ်စစ်မီး၊ သယ်ယူပို့ဆောင်ရေး၊ နေ့စဉ် လူနေမှု့ဘ၀ ဒါတွေအားလုံးဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပေါ် အများကြီး မှီခိုနေတယ်။  ဒီလောင်စာစွမ်းအင် အရင်းအမြစ်ဆိုတာကလဲ ထပ်ပြီးတော့ အသစ်ဖြစ်ဖို့ နှစ်သန်းပေါင်းများစွာကြာတဲ့ မြေအောက်က ဖိအားများစွာနဲ့ သဘာဝအတိုင်းဖြစ်လာတဲ့ Fossil Fuel တွေ။  ဒါတွေကို တူးဖော်၊ ထုတ်လုပ်ပြီး လူသားတွေ အသုံးချနေကြတာ။  တစ်နေ့ကျရင် ဒီ Fossil Fuel တွေဟာ ဒီနှုန်းအတိုင်း ဆက်လက်ပြီးတော့ တူးဖော်နေရင် ကမ္ဘာမြေပေါ်ကနေ ပျောက်သွားမှာ။  ဒီတော့ ဘာလုပ်မလဲ?  ကြက်ဆူဆီစိုက်မလား?  ဒါမှ မဟုတ် အပေါ်က ဓာတ်ပုံထဲကလို စမ်းသပ်ခန်းထဲမှာ ဒိုင်နိုဆော တွေ မွေး၊ မြေမြှုပ်၊ ပြီးတော့ နှစ်တွေကြာအောင်စောင့် ပြီးတော့ ရေနံတို့၊ သဘာဝဓာတ်ငွေ့တို့ ဖြစ်လာတော့မှ ပြန်တူး။  ဒီနည်းလဲ သိပ်တော့ မဟန်လှဘူး။
          အခု သတင်းတစ်ပုဒ်ဖတ်မိတယ်။  အင်္ဂလန်က Air Fuel Synthesis ဆိုတဲ့ကုမ္ပဏီတစ်ခုက လေထဲကနေ ဟိုက်ဒရိုကာဘွန် လောင်စာကို ထုတ်လုပ်နိုင်ပါပြီတဲ့။  ထုတ်လုပ်တဲ့ concept ကတော့ အောက်ကပုံအတိုင်း လေထုထဲကနေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေကို ကာဘွန် Filter နဲ့စစ်၊ ရလာတဲ့ CO2 ကို ရေထဲကနေ Hydrogen Electrolyser ကနေခွဲထုတ်ပေးလိုက်လို့ ရလာမယ့် H2 နဲ့ပေါင်း၊ Fuel Reactor ထဲထည့် ဟော… ဟိုက်ဒရိုကာဘွန် လောင်စာ စွမ်းအင် အသစ်ရပါပြီတဲ့ဗျား။  ဒီတော့ သူ့မှာ သုံးတာက လေနဲ့ ရေပဲဆိုတော့ ထွေထွေထူးထူး ကမ္ဘာမြေပေါ်မှာ ညစ်ငြမ်းမှု့တွေ၊ ပြုန်းတီးမှု့တွေ မရှိပဲ ကောင်းမွန်လှတဲ့ နည်းလမ်းနဲ့ လောင်စာ စွမ်းအင်ထုတ်ပေးမှာ ဖြစ်ပါသတဲ့။ 

Tuesday, October 23, 2012

ကိုပါပီနှင့် တစ်နေ့တာ


          အရင်တုန်းက ခွေး ဆိုပြီးတော့ တင်ထားသေးတယ်။  ခုလဲ ခွေးပဲ… နဲနဲကွာတာကတော့ ကိုပါပီရဲ့ တစ်နေ့တာ ပုံစံမျိုးလေးကို ရိုက်ပြီး တင်ထားတာလေး။  သဘောကျလို့ ထပ်ပြီးတော့ ရှဲလိုက်ပါကြောင်း……

Wednesday, October 17, 2012

သစ်ကြားသီး၊ စင်ကာပူ၊ အယ်လ်မွန်စေ့ နှင့် ပက်စတာ ချီယို


          အချိန်ကုန်တာ မြန်လှသည်။  တစ်နှစ်အတွင်း တိုးတက်လာသည်မှာ ဗိုက်ဖြစ်သည်။  ဗိုက်ခေါက် အတော်ထူလာပြီ တကား…  မနှစ်က ဒီအချိန်လောက်ပဲ သစ်ကြားသီးပေါ်ချိန်ဆိုပြီး ပိုစ့်တင်ဖြစ်သည်။  ခဏလေးလိုပင် ၂၀၁၂ ကလည်း ကုန်တော့မည်။  သစ်ကြားသီးတွေကတော့ ရာသီအသစ်ရောက်ပြီ ဖြစ်သည်။  မနှစ်က နန်တုန်မှာ တစ်နှစ်၊ ဒီနှစ်ကတော့ ရှန်ဟိုင်းရောက်ပြန်ပြီ… နောက်နှစ် ဘယ်ရောက်ဦးမည်မသိ။  သို့သော် သစ်ကြားသီးတွေကတော့ နှစ်တိုင်း နှစ်တိုင်း ပေါ်လာဦးမည်ဖြစ်သည်။ လမ်းဘေးမှာ သစ်ကြားသီးသည်တွေမှ အများကြီး၊  လျှောက်ရွေးကြည့်သည်၊  တစ်ဆိုင်လျှင် သစ်ကြားသီး တစ်လုံးစားသည်။  ၄၊ ၅ ဆိုင်မြောက်တော့ ၀ယ်လိုက်သည်။  သစ်ကြားသီး၊ အယ်လ်မွန်စေ့၊ ပက်စတာချီယိုလိုခေါ်တဲ့ အစေ့လေးတွေလဲ ၀ယ်သည်။  နောက် ဘာမှန်းမသိသော ရှည်မျောမျော အသီးလဲဝယ်သည်။  ထိုအသီးက ချိုသည်၊  သစ်ကြားသီးက စိမ့်သည်။  အားလုံးကောင်းသည်။  ဘီယာနှင့် လိုက်သည်။
          နောက်တစ်ပတ် စလုံးကို ခဏပြန်ရဦးမည်။  ဘာမှန်းမသိ ညာမှန်းမသိ ၀င်ငွေခွန်ဆိုပြီး ၂၀၀၀ နီပါး အသားလွတ်ကြီး IACS က ထုသည်။  ဒီနှစ် e-filing မတွဲမိ။  တွဲရအောင်လဲ ပါ့စ၀က်က မမှတ်မိ။  ပါ့စ၀က် ရဖို့ကလဲ သူ့ဆိုဒ်ကိုဝင်… apply လုပ်မှ စလုံးက အိမ်ကို စာပို့မည်။  သို့သော် ရောက်မလာ။  မတတ်နိုင်။  အခု စာအိတ်က ပန်းရောင်နှင့် ထပ်ရောက်လာသည်။  ၀င်ငွေခွန်ရှင်းရန် ဘာညာ သရကာတွေ လျှောက်ရေးထားသည်။  အဲ့ဒီ ကိစ္စကိုရှင်းရဦးမည်။

Sunday, October 14, 2012

Free Loop

           ခုရက်ပိုင်း အလုပ်ကပြန်လာလို့နားရင် နားထောင်ဖြစ်နေတဲ့ သီချင်းလေးပါ..... Daniel Powter ရဲ့ ၂၀၀၅ ခုနှစ်ကထည်းက သီချင်းလေး... ဒါပေမယ့် ခုချိန်ထိ လတ်ဆတ်နေတုန်းပဲ....  Lyrics ကို ဗီဒီယိုအောက်မှာ ထည့်ပေးထားပါတယ်....

Thursday, October 11, 2012

ရှန်ဟိုင်း အပိုင်းအစ ၁


                    ဘာမှထွေထွေထူးထူးတော့ မဟုတ်။  ရှန်ဟိုင်းသည် ရှန်ဟိုင်းအတိုင်းသာလျှင်ဖြစ်သည်။  ၅ နှစ်အတွင်း လန်ဒန်ရဲ့ မြေအောက်ရထားစနစ်ထက်ပိုပြီးကြီးသွားအောင် ဆောက်ထားသော Metro မြေအောက်ရထားတွေပေါ်မှာတော့ လူတွေ အစားလဲစားသည်၊ အရည်လဲသောက်သည်၊ အမှိုက်လဲပစ်သည်။  အထုတ်ကြီး အထုတ်ငယ်တွေလည်း တင်သည်။  ထိုအထဲမှာ ယောင်လည်လည်နှင့် ရထားလျှောက်စီးသည်။  သူ့ဟာနှင့်သူတော့ ရမ်သမ်ကိုက်နေသည်၊ ဟာမိုနီစည်းဝါးကျလိုက်တာမှ အချက်ကျကျ၊ ဟန်ချက်ညီညီ။  ဘူတာရုံထဲမှာ မိန်းမချင်းရန်ဖြစ်ပြီးတော့ ဟိုဘက်အမျိုး ဒီဘက်အမျိုးတွေ သတ်ပုတ်နေတာလဲ တွေ့နိုင်သည်။  မကြေနပ်လျှင် ရဲကိုပါ ပါးရိုက်ချင်ရိုက်ကြဦးမည်။  ဘူတာရုံအ၀မှာ သူတောင်းစားတွေလဲ ရှိသည်၊ မှောင်ခိုခွေတွေ ရောင်းသူကရောင်းမည်၊ အတုအစုံ ရောင်းသူက ရောင်းမည်။
မိုးထိမြင့်သော အဆောက်အအုံတွေ အကြီးကြီးမှ အများကြီး…. အာဘန် အာဘန် (Urban) မြို့ကြီးတွေ ထုံးစံအတိုင်း။  မော့ကြည့်လျှင် ဇက်ညောင်းရုံသာ… တစ်နေ့စာ တစ်နေ့ကုန်းရုန်းပြီး ရှာသူကရှာနေမည်။  သုံးမကုန်အောင် လျှံသူကလျှံနေမည်။  တစ်နယ်စီဝေးပြီး လင်နှင့်မယား အလုပ်လုပ်လျှင် လုပ်ကြမည်။  ကတိက၀တ်၊ စည်းတို့သည် စာချုပ်ပေါ်တွင်သာရှိသည်။  အသက်ရှင်ဖို့အတွက်၊ ၀မ်းစာအတွက်၊ ရင်ခုန်ဘက်အသစ်အတွက်၊ စပွန်စာအတွက် ဒီလိုနှင့် Urban မြို့ပြက ရှင်သန်နေမည်။  လူကျင့်ဝတ်ဆိုတာ မိုးခါးရေသောက်သူကြားထဲမှာ ဟာသတစ်ပုဒ်ကို ခပ်ကျယ်ကျယ်ဖတ်ပြလိုက်သလို ဒီလို အသိုက်အမြုံကြားထဲမှာ ကိုယ်သာ သူရူးတစ်ယောက်ဖြစ်ချင်ဖြစ်သွားမည်။

Wednesday, October 10, 2012

3D Works of Yuki Matsueda


          ယူကီ မက်ဆူဒ ရဲ့ သုံးဖက်မြင် ဒီဇိုင်းလေးတွေကို တင်ပေးလိုက်ပါတယ်။  ပုံမှန် သမားရိုးကျ Art Work တွေကနေ ကွဲထွက်ပြီး ဆန်းသစ်တဲ့ စိတ်ကူးလေးတွေနဲ့ ပေါင်းစပ်ထားတာမို့ တစ်မျိုးလေး ထူးခြားနေပါတယ်။ 

Sunday, October 7, 2012

သတို့သား အလိုရှိသည်… သန်းပေါင်း ၆ သောင်း


          ဟောင်ကောင်ရဲ့ အချမ်းသာဆုံး သူဋ္ဌေးကြီး ကျောက်ရှိးစုန် ကတော့ သူ့ရဲ့ သမီးလေး ဂီဂီကျောက် အတွက် သတို့သားရှာပုံတော် ဖွင့်လိုက်ပါပြီ။  သူဋ္ဌေးကြီးရဲ့ ရင်နှစ်သည်းချာ သမီးရတနာလေးကို လက်ထပ်နိုင်တဲ့ သတို့သားကတော့ ဟောင်ကောင်ဒေါ်လာ သန်း ၅၀၀ ကို ဆွတ်ခူးရရှိမှာ ဖြစ်ပါတယ်။  မြန်မာငွေနဲ့ တွက်ရင်တော့ ကျပ် သန်းပေါင်း ၆ သောင်းကျော် လောက်ရှိမယ်ထင်ပ။  သမီးရတနာလေးဟာ မန်ချက်စတာ တက္ကသိုလ်က ဘွဲ့ရထားပြီးတော့ အသက် ၃၃ ရှိပါပြီ။ 
          သူဋ္ဌေးကြီး ကျောက်ကတော့ သူ့သမက်လောင်းဖြစ်သူဟာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ အဓိကကတော့ သဘောထားကြီးပြီးတော့ ကြင်နာတတ်တဲ့ နှလုံးသာရှိသူဖြစ်ရင် ရပြီလို့ ဆိုနေပါတယ်။  သူ့ရဲ့ သမီးရတနာလေးဟာ အလွန်ကို လိမ္မာရေးခြားရှိတဲ့ သမီးလေးဖြစ်ပြီးတော့ အချင်းရော၊ အဆင်းပါ ပြည့်စုံတဲ့ သမီးလေးလို့လည်း ဆိုပါသေးတယ်။  
          သဋ္ဌေးကြီးဟာ ဘာဖြစ်လို့ သတို့သားရှာပုံတော်ဖွင့်ရတယ်လို့ ထင်ပါသလဲ….?  ပြဿနာကတော့ သူ့သမီးလေးဟာ ပြားရာကလုံးလို့ ယောက်ျားလေးတွေကို စိတ်မ၀င်စား မိန်းကလေး အချင်းချင်းသာ စိတ်ဝင်စားလို့ ဖြစ်ပါသတဲ့။  လောလောဆယ်မှာ သူ့နဲ့ ချစ်သက်တမ်းကြာပြီဖြစ်တဲ့ အချစ်တော်လေးက ပြင်သစ်မှာ နေပါသတဲ့။  ကဲ…..  သန်း ၆ သောင်းတန် သတို့သား ဖြစ်လိုသူများ ကံစမ်းနိုင်ကြပါပြီ။  

Revised MARPOL Annex V


A revised MARPOL Annex V will enter into force on 1 January, 2013, and will introduce stricter controls on the disposal of garbage from ships at sea.
The main revisions to the Annex are as follows:
1.     New definitions have been introduced, including for animal carcasses, cooking oil, cargo residue and domestic waste.
2.     All ships of 100 gt and above or certified to carry more than 15 people are required to have on board a garbage management plan (note: there is no requirement for the plan to be approved).
3.     Ships 12 metres in length or more and fixed or floating platforms are to display placards notifying crew and passengers of the MARPOL Annex V requirements.
4.     Ships of 400 gt and above and all fixed or floating platforms are to have on board and maintain a garbage record book in the format specified in MARPOL Annex V.
5.     Discharges of any garbage from fixed or floating platforms and from any ship alongside or within 500 metres of a fixed or floating platform are prohibited. Food waste may be discharged from a fixed or floating platform provided it is more than 12 nm from land and the waste has been passed through a comminuter or grinder so that it can pass through a screen with openings no greater than 25 mm.
6.     The discharge of garbage into the sea is prohibited except under certain circumstances when a ship is en route, as follows:
Outside special areas
  • Food waste may be discharged more than 3 nautical miles (nm) from land if passed through a comminuter or grinder, Such waste is to be capable of passing through a screen no greater than 25 mm or may be discharged more than 12 nm from land if not passed through a comminuter or grinder.
  • Cargo residues that do not contain substances classified as harmful to the marine environment may be discharged more than 12 nm from land.
  • Cleaning agents in cargo hold, deck and external surfaces’ wash water may be discharged to sea provided they are not harmful to the marine environment.
  • Animal carcasses may be discharged as far from land as possible in accordance with IMO guidelines.
Inside special areas
  • Food wastes may be discharged as far as practical from land but not less than 12 nm from land or the nearest ice shelf.
  • Cargo residues may be discharged provided that:
    • cleaning agents in cargo hold, deck and external surface wash water are not harmful to the marine environment
    • both the port of departure and the next port of destination are within the special area and the ship will not transit outside the special area between those ports
    • no adequate reception facilities are available at those ports
    • discharge of cargo hold washing water containing residues is made as far as practicable from the nearest land or ice shelf and not less than 12 nautical miles from the nearest land or the nearest ice shelf.
  • Cleaning agents in cargo hold, deck and external surface wash water may be discharged to sea provided they are not harmful to the marine environment.
Note: the IMO is developing guidelines for determining which cargo residues and cleaning agents are harmful to the marine environment.

Reference : Lloyd's Register Of Shipping

Monday, October 1, 2012

Novel Coronavirus (SARS မျိုးနွယ်ဝင် ဗိုင်းရပ်(စ်) အသစ်)


          SARS… တုန်းက လူတွေ အလူးအလဲ ခံခဲ့ရတာပဲ။  ခုလည်း လာပြန်ပြီ နောက်တစ်မျိုး Novel Coronavirus တဲ့။  WHO (World Health Organization) ရဲ့ အဆိုအရတော့ လောလောဆယ် ၂ ယောက်တွေ့ထားပါသတဲ့။  ခုထိတော့ အများကြီး ပြန့်သွားတယ် မကြားမိသေးပါဘူး။  SARS ရဲ့ virus အုပ်စုဝင် တစ်မျိုးဖြစ်တဲ့ coronavirus မျိုးစိတ်ကို လောလောဆယ်တော့ Novel Coronavirus လို့ ခေါ်ပါတယ်။ 
ဒီ ဗိုင်းရပ်ဝင်သွားရင် ရုတ်တရက် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အပါအ၀င် ကျောက်ကပ်ရဲ့ အလုပ်လုပ်မှု့စနစ်ကိုပါ ထိခိုက်စေပါသတဲ့။  ဆေးအကြောင်းလဲ နေသိပ်မကောင်းရင် ပါရာစီတမောတစ်လုံးသောက် စောင်ခြုံပြီးကွေး ဆိုတာလောက်ကလွဲလို့ ဘာမှ သိလှတယ်မဟုတ်၊ သြော်.. ဗိုင်းရပ်(စ်) ဆိုတော့လဲ ဗိုင်းရပ်(စ်)ပေါ့လေ။   ဟိုလို ဒီလို ကာကွယ်ပါဆိုတဲ့ လက်ကမ်းစာစောင်ဝေတော့လဲ အဲ့ဒီအတိုင်း လိုက်လုပ်ယုံပေါ့။  ဘယ့်နှယ် တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် အသစ် အသစ်တွေ ထွက်ပဲ ထွက်နိုင်လွန်းတယ်။  စိတ်ဝင်စားသူများကတော့ ဟော့ဒီ အစီရင်ခံစာမှာ အသေးစိတ် ဖတ်လို့ရပါတယ်။  ကျွန်တော်ကတော့ ဖတ်လဲ နားမလည်။
ဒီဗိုင်းရပ်(စ်)က အရှေ့အလည်ပိုင်း(ဆော်ဒီ နဲ့ ကာတာ) ကနေ စပြီးတော့ ပြန့်တယ်လို့ ယူဆပါသတဲ့။  ဒီနေ့တော့ အလုပ်ထဲကို မသွားပဲ တစ်ရက်နားပစ်လိုက်တယ်။  ဒီတော့ ပိုစ့်အသစ်လေးတွေ ရေးဖြစ်တယ်။  အရင်ရက်တွေတုန်းက ပိုစ့်မှန်မှန် မတင်ဖြစ်တဲ့အတွက် စာလာဖတ်သူများကို အထူးပဲ အားနာမိပါတယ်။  ကမ္ဘာကြီးကတော့ တစ်ဖြည်းဖြည်းနဲ့ ယိုယွင်းလာတာပါပဲလေ။  အရေးကြီးတာက ခြေအိတ်တွေ လျှော်ရဦးမယ်။  ပိတ်ရက်လေးရတုန်း။

ဂင်းနစ် မှတ်တမ်းဝင်သွားတဲ့ ဂဏန်းစတိုင်လ်

PSY ရဲ့ Gangnam Style ကတော့ ဂင်းနစ်မှတ်တမ်းဝင်သွားပါပြီ။  ဂျက်စတင်ဘီဘာရဲ့ "Baby" သီချင်းကို ကျော်ပြီးတော့ Youtube ပေါ်မှာ လူကြည့်အများဆုံး သီချင်းအဖြစ်နဲ့ ဂင်းနစ်မှတ်တမ်းဝင်သွားတာပါ။  လက်ရှိ ကြည့်ရှု့သူပေါင်း သန်း ၃၀၀ ကျော်ရှိနေပြီးတော့ Like လုပ်သူပေါင်း ၃ သန်းကျော်နေပြီ။  နေ့တိုင်း နေ့တိုင်း လူပေါင်း ၆ သန်းလောက် အဲ့ဒီ သီချင်းကို နားထောင်နေကြသတဲ့။  Beats နဲ့ Lyrics ခပ်မြူးမြူး၊ ပြင်းပြင်း ဖြစ်တာထက် PSY ရဲ့ မြင်းစီးတဲ့ အက ကြောင့် ပိုပြီးတော့ ပေါက်သွားတယ် ထင်ပါ့။  

Reference : (Link)