စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, October 22, 2025

ကမ္ဘာ့ဖလား ဆုဖလားမှာ ရွှေဘယ်လောက်ပါလဲ


လက်ရှိ FIFA  ကနေကျင်းပပေးနေတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကတော့ ၁၉၃၀ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီးတော့ ဘောလုံးချစ်သူတို့ အသဲစွဲ အားပေးတဲ့ ပွဲဖြစ်သလို ဗိုလ်စွဲတဲ့အသင်းကလည်း ဂုဏ်သိက္ခာ အရ next level ကို ရောက်ရှိစေတာမို့ တစ်ကမ္ဘာလုံးက စိတ်၀င်စားကြတဲ့ ပွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်


ကျွန်တော်တို့ မြင်နေကျ လက်ရှိ ကမ္ဘာ့ဖလား ဆုကြီးကတော့ FIFA ရဲ့ မူရင်း ဆုဖလား မဟုတ်ပါဘူး။  မူရင်း ဆုဖလားကြီးကတော့ ကမ္ဘာ့ ဖလား သုံးထပ်ကွမ်း ချန်ပီယံ ပထမဆုံးဖြစ်လာတဲ့ ဘရာဇီး နိုင်ငံ ဘောလုံးအသင်းကို ၁၉၇၀ မှာအပိုင်ပေးလိုက်ပါပြီ။  FIFA ကို စတင်တည်ထောင်ခဲ့တဲ့ Jules Rimet ကို ဂုဏ်ပြုတဲ့ အနေနဲ့ အရင်ဆုဖလားကို Jules Rimet ဖလားလို့ နာမည်ပေးခဲ့ ပါတယ်။


Jules Rimet Trophy

၁၉၅၈, ၁၉၆၂ နဲ့ ၁၉၇၀ မှာ ဘရာဇီးက သုံးထပ်ကွမ်း ချန်ပီယံ ဖြစ်ပြီး အဲ့တုန်းက FIFA စည်းကမ်းသတ်မှတ်ချက်အရ သုံးထပ်ကွမ်းချန်ပီယံကို ဖလား အပိုင်ပေး လိုက်ပါတယ်။   

လက်ရှိ ၂၀၂၅ အထိ ဘရာဇီး နိုင်ငံအသင်းဟာ ကမ္ဘာ့ဖလား ဆုကြီးကို ၅ ကြိမ် ရရှိထားပြီး ဖြစ်ပါတယ်။






ဖလားအသစ်ကိုတော့ ပန်းပုပညာရှင် ဆလ်ဗီယို ဂတ်ဇာနီဂါ ရဲ့ ဒီဇိုင်းကို လျှောက်ထားသူ ၅၃ ခုထဲကမှ ‌ရွေးချယ်ပြီးတော့ ၁၉၇၀မှာ ဒီဇိုင်းအသစ် သွန်းလုပ်ခဲ့တာပါ။  သွန်းလုပ်ပေးတဲ့ နေရာကတော့ မီလန်အခြေစိုက် ဘာတိုနီ Design House က သွန်းလုပ်ပေးခဲ့တာပါ။






ခုကမ္ဘာ့ ဖလား ဆုဖလားကြီးမှာ ရွှေဘယ်လောက်ပါလဲ ဆိုတာကို ပြောမှာ ဖြစ်ပါတယ်... ဒါဟာ ဆုဖလားကြီး ဘယ်လောက်တန်လဲလို့ ဆိုလိုတာမဟုတ်ပါဘူး။  ကမ္ဘာ့ဖလားကြီးဟာ တန်ဖိုး မဖြတ်နိုင်တဲ့ သမိုင်း၀င် အမှတ်အသား အထိန်းအမှတ်တစ်ခုပါ။

ဒီ FIFA World Cup ဆုဖလားကြီးဟာ 36.8 cm မြင့်ပြီးတော့ 12.5 cm အောက်ခြေ အချင်းရှိပါတယ်။

ဆုတံဆိပ်ကြီးကိုတော့ ၁၈ ကာရတ် ရွှေရည်ဖြင့် သွန်းလုပ်ခဲ့ပါတယ်။  ၁၈ ကာရတ်ဆိုတာက ရွှေ ၇၅ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ သတ္တု ၆ မျိုး စပ်ထားတာပါ။

ဆုတံဆိပ်ကြီးရဲ့ စုစုပေါင်း အလေးချိန်က ၆၁၇၅.၂၅ ဂရမ် လေးပါတယ်။  မြန်မာ့ အလေးချိန် ၁ ကျပ်သားကို ၁၆.၃၂၉၃ ဂရမ် ရှိတော့ World cup ကြီးဟာ ၃၇၈.၁၇ ကျပ်သား လေးတဲ့ ရွှေတုံးကြီး ဖြစ်ပါတယ်။

ပိဿာချိန် နဲ့ဆိုရင်တော့ တစ်ပိဿာကို ၁၆၀၀ ဂရမ်လေးတာမို့  World Cup ကြီးဟာ ၃.၈၅၉ ပိဿာလေးပါတယ်။
















No comments:

Post a Comment