စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, June 30, 2012

Work Smarter, Not Harder


          တစ်ခါတစ်လေကျတော့ တွေးမိတယ်.. ငါ ဘာတွေလုပ်နေတာလဲ ဆိုပြီးတော့ပေါ့။  တစ်နေ့ အလုပ်ဘယ်လောက်ပြီးခဲ့သလဲ?  ရှေ့ဆက်လုပ်ဖို့ ဘယ်လောက်ကျန်သေးလဲ။  ဒီအခါကတော့ Work Smarter, Not Harder ဆိုတဲ့ ဟာလေးကို ပြေးပြေးမြင်မိတယ်။  ရုံးဝန်ထမ်းတစ်ယောက်ဆိုပါတော့ ကွန်ပျူတာဖွင့်လိုက်လို့ Desktop ပေါ်မှာတင်ထားတဲ့ ဖိုင်တွေမှာ ဒီနေ့ အပြီးလုပ်ရမယ့် အလုပ်တွေအတွက် ဘယ်နှစ်ဖိုင်ရှိလဲ? ဒီတစ်ပတ် အပြီးလုပ်ရမယ့် ဖိုင်တွေ ဘယ်နှစ်ဖိုင်ရှိလဲ? ဒါမှမဟုတ် အသုံးမ၀င်တဲ့ ဖိုင်တွေ များနေပြီးတော့ တွေ့ကရာကို ပြီးအောင် လျှောက်လုပ်နေလား? 

လူဝင်ဆန့်နိုင်မှု့
          ခက်တာက ကျွန်တော်တို့ရဲ့ ကြက်တူရွေးပညာရေးစနစ်။  ကျောင်းမှာသင်တော့လည်း သင်ရိုးကုန်ကို အလွတ်ကျက် အလွတ်ဖြေခဲ့တယ်။  တက္ကသိုလ်မှာလည်း သင်ရိုးတွေ တော်တော်များများကို အလွတ်ကျက်ရအောင်ကျက်ပြီးတော့ ဖြေခဲ့တယ်။  ဒါပေမယ့် ဒီလိုဖြတ်သန်းခဲ့တဲ့ သူငယ်တန်းကနေ တက္ကသိုလ်ပြီးတဲ့ ၁၅ နှစ်လောက်ကာလမှာ လူမှု့ရေးအသိုင်းအ၀ိုင်းနဲ့ အတော့်ကို ကင်းကွာနေအောင် တက္ကသိုလ်တွေထဲမှာ တက္ကသိုလ်ကျောင်းသားဘ၀က ပျောက်ဆုံးနေတယ်။  ဆိုလိုတာက ကျွန်တော်တို့ လူငယ်တော်တော်များများဟာ လူမှု့ရေးပိုင်းမှာ တော်တော့်ကို အားနည်းနေတယ်လို့ မြင်မိတယ်။  ကျွန်တော်ပြောချင်တာက သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှု့မျိုးကို ဆိုလိုတာမဟုတ်ဘူး။  လူကြီးတွေနဲ့ စကားပြောတဲ့အခါမှာ ပိုင်ပိုင်နိုင်နိုင်နဲ့ ချက်ကျ လက်ကျ ပြောနိုင်တဲ့ လူမှု့ရေးစွမ်းရည် ကျွန်တော်တို့မှာ တော်တော့်ကို အားနည်းတယ်။  ကျွန်တော်တို့ မန်နေဂျာတွေနဲ့ စကားပြောတဲ့အခါမှာ Yes, No နှစ်လုံးလောက်သာ ပါးစပ်က ထွက်နိုင်လောက်အောင် အာစေးမိနေသလိုဖြစ်နေတတ်တယ်။  တက္ကသိုလ်ကျောင်းသာဘ၀မှာ စာအုပ်ထဲတွေမှာ မရနိုင်တဲ့ အပေါင်းအသင်း ၀င်ဆန့်တဲ့ အသိုက်အ၀န်းမျိုးကို ကျွန်တော်တို့ မရခဲ့ကြဘူး။  တစ်နည်းအားဖြင့် Social ကျတယ်လို့ တစ်ချို့တွေ ခေါ်တဲ့ဟာပေါ့။  ဆိုရှယ်ကျတယ်ဆိုတာက ဘီယာဆိုင်သွား၊ ဘီယာသောက်၊ မိန်းကလေးတွေနဲ့ အီစီကလီလုပ်၊ ဆေးချ ဒါမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။  အပေါင်းအသင်း ၀င်ဆန့်နိုင်အောင် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်သွေး ထက်မြက်လာအောင် ပြောနိုင်တဲ့ စွမ်းရည်ကို ဆိုလိုတာပါ။  ဒါမျိုးတွေဟာ ကျောင်းသင်ခန်းစာတွေထဲမှာ ရှာလို့မတွေ့နိုင်တဲ့ အရာတွေပါ။  ဒါပေမယ့် ဒီအရည်အသွေးဟာ ကိုယ့်ရည်မှန်းချက်အောင်မြင်ရေးအတွက် အရမ်းကို အထောက်အကူဖြစ်စေမယ့် ကိုယ်ရည်ကိုယ်သွေးပါပဲ။  ဟားဗတ်၊ ပရင်စတန်၊ အောက်စ်စဖိုဒ့်နဲ့ ပါတ်သတ်တဲ့ ၀တ္တုတွေဖတ်လိုက်တိုင်း သူတို့ တက္ကသိုလ်တွေဟာ တက္ကသိုလ်ကျောင်းသားတွေကို မိတ္တဗလ စွမ်းရည်ထက်မြက်လာအောင်၊ လူဝင်ဆန့်လာအောင် တော်တော့်ကို ပြုစုပျိုးထောင်ပေးကြတာပဲလို့ စိတ်ထဲမှာတွေးမိတယ်။

သမီးငယ်လေးအတွက် အဖေ့ရဲ့ အမှတ်တရ လက်ဆောင်..


          ဒီနေ့ သတင်းလေး တစ်ပုဒ်ကို ဖတ်လိုက်ရတော့ တော်တော်လေး သဘောကျသွားတယ်။  ဒါကတော့ သမီးငယ်လေးတစ်ယောက်ရဲ့ ဘွဲ့ယူတဲ့နေ့မှာ သူမရဲ့ ဖခင်က လက်ဆောင်လေးတစ်ခုပေးခဲ့ပါတယ်။  သမီးငယ်လေးအတွက် အကောင်းဆုံးလက်ဆောင်လေးပါ။  ဖခင် တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေ အထပ်ထပ်သွန်းလောင်းလို့ပေါ့။  အချိန်တွေအများကြီး ရင်းလို့ ဒီလိုလက်ဆောင်လေးကို ပေးခဲ့ပါတယ်။  ဒီလက်ဆောင်လေးကို ရလိုက်တဲ့အချိန်မှာ သမီးငယ်လေးကလည်း ပြောမပြတတ်အောင် ၀မ်းသာလွန်းလို့ မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ပါတယ်။  ဒါဟာ ဘယ်လိုလက်ဆောင်မျိုးဖြစ်မယ်ထင်လဲ?  ကဲ အောက်က အကြောင်းအရာလေးကို ဆက်မဖတ်ခင် ဒီမှာတင်ရပ်ပြီးတော့ စဉ်းစားကြည့်ပါ။  ကိုယ်ဆိုရင်ရော ဘယ်လိုလက်ဆောင်မျိုးကို သား၊ သမီးတွေရဲ့ ဘွဲ့ရတဲ့နေ့မှာ ပေးမယ်လို့ စိတ်ကူးထားလဲ?

Friday, June 29, 2012

ဇွန် ၂၉


အသက်ကြီးလာလေ ကိုယ့်ကိုယ်ကို အသုံးမကျမှန်း ပိုပိုသိလာလေပဲ။  ပြီးခဲ့တဲ့ တစ်နှစ်လုံးလုံး ဘာ နည်းပညာ အသစ်မှ မလေ့လာခဲ့ဘူး။  အတွေ့အကြုံဆိုတာကလည်း အသစ် အသစ်မှတွေမှ အများကြီးမရလေတော့ တယောဟောင်းကြီး ပြန်ပြန်ထိုးရတာလည်း အချိန်ကုန်လာကလွဲလို့ တိုးတက်လာတာ ဘာမှမရှိဘူး။  ငွေနောက်ကိုလိုက်ရင်း လိုက်ရင်းနဲ့ အချိန်တွေက ပဲ့ပဲ့ပြီးတော့ ပါသွားပြန်ပြီ။  CV ထဲက အိတ်ပရီယန့်ဆိုတဲ့ အထဲမှာ ဆောက်ခဲ့တဲ့ သင်္ဘောတွေ ချချရေးဖို့လောက်သာ သုံးလို့ရသည်။

          ဒီနှစ်လည်း ဘလော့ဂ်လေးရေးလိုက်၊ ဖဘ လေးသုံးလိုက်နဲ့ တစ်ခါ တစ်ခါ ပြန်စဉ်းစားလိုက်တော့ အိပ်၊ စား၊ ကာမ ဆိုတဲ့ တိရိစ္ဆာန်ထက် ခပ်သာသာ ဘ၀ပဲ ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန်တွေ့တယ်။  ခုကြည့် ၂၀၁၂ အတွက် ၆ လကုန်သွားပြီ။  အလုပ်က မနက် ၆ နာရီခွဲ ဟိုတယ်ကထွက်လိုက်ရင် ည ၇ နာရီမှ ဟိုတယ်ပြန်ရောက်တယ်။  အလုပ်ထဲမှာ နေရတဲ့အချိန်က ၁၂ နာရီခွဲ (၁၂ နာရီခွဲလုံးတော့ အလုပ်လုပ်ရတာမဟုတ်) ပင်ပန်းတယ်မဆိုသာပေမယ့် ဒီသင်္ဘောတွေကိုပဲ၊ ဒီသံပြားတွေ၊ ဒီအင်ဂျင်တွေ၊ ဒီပန့်တွေ၊ ဒီမော်တာတွေ၊ ဒီပိုက်တွေ၊ ဒီလျှပ်စစ်ဘုတ်တွေ ဒါတွေကိုပဲ နိစ္စဒူဝ မြင်ရတော့ အတန်ငယ် ငြီးချင်လာတယ်။  ကိုယ်ဝါသနာပါတဲ့ အလုပ်လုပ်နေရပေမယ့် စနေ၊ တနင်္ဂနွေပါ မနားပဲလုပ်ရင် လူတွေ ကြောင်တောင်တောင် ဖြစ်လာတတ်တယ်ဆိုတာ ဟုတ်လားတော့မသိ။ မှန်သလိုလိုတော့ ရှိမယ်ထင်၏။ 

          လူဆိုတာလည်း ပတ်ဝန်းကျင်တွင်နေထိုင်သည်။  သို့သော် ပတ်ဝန်းကျင်က ကိုယ့်ကို လူကောင်းဟု သတ်မှတ်သလား၊ လူဆိုးဟု သတ်မှတ်သလားတော့ မသိ။  ဆိုပါစို့ အကြမ်းဖက်သမားများကို နှိမ်နင်းသည့် စစ်ဆင်ရေး… အကြမ်းဖက်သမားလို့ ဘာနဲ့ တိုင်းတာပြီး ခွဲခြားမလဲ… သေနတ်ကိုင်ထားတဲ့ လူတိုင်းကို အကြမ်းဖက်သမားလို့ ဆိုပြီးပစ်လိုက်၊  သေနတ်မကိုင်ပဲ ခေါင်းပေါ်လက်တင်ပြီး ဒူးတုပ်ထိုင်နေသူတွေကိုပါ ပစ်လိုက်။  နောက်နေ့ ဂျာနယ်တွေမှာတော့ အကြမ်းဖက်သမား ဘယ်နှစ်ယောက်ကို နှိမ်နှင်းနိုင်လိုက်ကြောင်း၊ အပြစ်မဲ့ ပြည်သူ ဘယ်နှစ်ယောက်ဖြင့် သေသွားကြောင်း ဒါနဲ့ ပါတ်သတ်ပြီး ဖဘတို့၊ ဘာတို့ ဆိုရှယ်ဆိုဒ်တွေမှာ ကွန်မန့်တွေ တသီကြီး တက်လာပြန်ရော။  ဒါပေမယ့် အကြမ်းဖက်သမားဆိုတာ သေနတ်ကိုင်ရုံနဲ့ အကြမ်းဖက်သမားဖြစ်ရောလား.. ရော့ သူငယ်ချင်း ဒီသေနတ်လေး ခဏကိုင်ထားစွာဆိုပြီး ဘုမသိ ဘမသိ ကိုင်ထားတဲ့ ကောင်ကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့အခါ အပစ်ခံရတဲ့လူက အကြမ်းဖက်သမား အမည်ပေါက်ပြီးတော့ တစ်ကယ့် အကြမ်းဖက်သမားက ခေါင်းပေါ်လက်တင်ပြီး ဒူးတုပ်နေရင်ရော.. အပြစ်မယ့် ပြည်သူဖြစ်ရောလား?  တစ်ခါတစ်လေတော့ ဘာပေတံနဲ့ တိုင်းတာမှန်းတော့မသိ။  ဇစ်မြစ်ကိုလိုက်လို့ ဒါကတော့ဖြင့် ဒါကြောင့် ဒါဖြစ်တယ်လို့ အခြေခံကျကျ စဉ်းစားရင်တော့ တစ်မျိုး။ 

Thursday, June 28, 2012

နားထောင်ကြမလား ပါပီရဲ့ အပြင်းစား ဒရမ်သံစဉ်များ

           ခွေးလေးတစ်ကောင်က ဒရမ်ကို တီးတယ်ဆိုရင်ယုံမှာလား?  ဟောဒီက ပါပီလေးကတော့ သူ့သခင်နဲ့အတူတူလိုက်လို့ ဒရမ်တီးသွားပါတယ်... ရှု့စားကြပါကုန်..


Wednesday, June 27, 2012

သြော်.. ဆိုင်းဘုတ် ဆိုင်းဘုတ်

ဂူဂဲလ်မှာ တွေ့သမျှ ဆိုင်းဘုတ်လေးတွေ တင်ပေးလိုက်ပါတယ်။  ရယ်မော ပျော်ရွှင်နိုင်ကြပါစေသောဝ်...    မူရင်း ဓာတ်ပုံ ရိုက်သူတွေကိုတော့ ဒီနေရာကနေပဲ ခရက်ဒစ်ပေးပါရစေခင်ဗျာ။  ဘယ်သူတွေရိုက်လို့ ဘယ်သူတွေက တင်ပြီး ဘယ်လိုများ ပြန့်ပွားသွားလည်းဆိုတာ မသိတဲ့အတွက်.. မူရင်း ဓာတ်ပုံပိုင်ရှင်တွေကို အထူးပဲ ကျေးဇူးတင်ကြောင်းပါ။


ဒါကိုကြည့်လို့ ဒါကိုမြင်... ဒါသာလျှင် ဖြစ်ရော့သတည်း

အင်း... လွဲလွဲလေးလည်းကောင်းတာပဲလေ.. တစ်ခါတစ်လေတော့

Tuesday, June 26, 2012

ထာဝရ ရှင်သန်နေတဲ့ ဆဲလ် (သို့မဟုတ်) Hela’s immortal cell

          သက်ရှိသတ္တ၀ါတွေမှာတော့ ဖြစ်ခြင်း၊ ပျက်ခြင်းနဲ့ ကင်းကွာနေတာမဟုတ်ပါဘူး။  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှု့ကစလို့ ခန္ဓာကိုယ်ထဲမှာ ရှင်သန်နေတဲ့ ဆဲလ်တွေပါ အချိန်တိုင်း စက္ကန့်မလပ် အသစ် အသစ်တွေဖြစ်ပေါ်လာလိုက်၊ ချုပ်ငြိမ်းသွားလိုက်နဲ့ ကျွန်တော်တို့ မသိလိုက်တဲ့၊ သတိမထားလိုက်မိတဲ့ အချိန်တွေမှာပဲ ဖြစ်၊ပျက်တွေ မြောက်မြားစွာဖြစ်ပေါ်ခဲ့ ဖြစ်ပေါ်နေဆဲပါပဲ။  အဘိဓမ္မာတရားနဲ့ ယှဉ်ထိုးပြီး ကြည့်ရင် စက္ကန့်မလပ် ဖြစ်ပျက်တာတွေ မြင်နိုင်ပေမယ့် ပုထုဇဉ်ဖြစ်တဲ့ ကျွန်တော်တို့ကတော့ အ၀ိဇ္ဇာဆိုတဲ့ မသိမှု့၊ တဏှာဆိုတဲ့ စွဲလမ်းမှု့တွေ အောက်မှာ နစ်မြုပ်နေကြဆဲပေါ့လေ။  ဒီတော့ ကျွန်တော်တို့တွေဟာ အိုကြ၊ နာကြ၊ သေကြ။  အိုခြင်းဆိုတာကလည်း အသစ် အသစ်ဖြစ်လာတဲ့ ဆဲလ်တွေဟာ အရင့် အရင်ဖြစ်ခဲ့တဲ့ ဆဲလ်တွေရဲ့ အရည်အတွက်နောက်ကို မလိုက်နိုင်တော့တဲ့ အချိန်မှာ လူတွေဟာ အိုမင်းလာကြတယ်။ 
          နောက်ပိုင်း ခေတ်သစ် သိပ္ပံပညာ၊ ဆေးပညာတွေ တိုးတက်လာတဲ့ အခါမှာတော့ သိပ္ပံပညာရှင်တွေဟာ ဓာတ်ခွဲခန်းတွေမှာ ဆဲလ်တွေရဲ့ သဘောသဘာဝကို လေ့လာခဲ့ကြပါတယ်။  ဆဲလ်တွေ ဘယ်လို အလုပ်လုပ်လဲ? ဒီကနေပြီးတော့ ရောဂါတွေကို ဘယ်လိုပုံစံနဲ့ ကုသနိုင်သလည်း ဒါတွေကို လေ့လာခဲ့ကြပါတယ်။  ဒီအတွက် သူတို့လိုအပ်တာဟာ အသစ် အသစ် အဖြစ်ထပ်မံရှင်သန်ပေါက်ဖွားနိုင်တဲ့ ဆဲလ် တစ်နည်းအားဖြင့် (Immortalized Cell line) ကိုလိုအပ်တာပါ။  ဒါမှလည်း ဆဲလ်တန်းတစ်ခုရဲ့ တည်ရှိမှု့၊ ပြောင်းလဲမှု့ ဒါတွေကို စဉ်ဆက်မပြတ် လေ့လာနိုင်မှာပါ။  ဒီအတွက် သိပ္ပံပညာရှင်တွေဟာ Immortalized cell line ကို ရှာဖွေကြတယ်၊ ဖန်တီးကြတယ် ဒါပေမယ့် ၁၉၅၁ ခုနှစ်အထိ မအောင်မြင်ခဲ့ကြပါဘူး။  ဒါပေမယ့် ၁၉၅၁ ခုနှစ်မှာတော့ ထာဝရရှင်သန်နိုင်တဲ့ ဆဲလ်တစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့ကြပါတယ်။  ဒါဟာ HeLa ရဲ့ ထာဝရ ရှင်သန်နေမယ့် ဆဲလ် ဖြစ်ပါတယ်။

သူတို့အစွမ်း အံမခန်း...

သူ့အစွမ်းနဲ့သူ... ဟိုကင်းမြီးကောက်ထောင်နေတဲ့လူကတော့ သူ့ရဲ့ အားသာချက်နေရာက တစ်မျိုး

Monday, June 25, 2012

ယူရို ၂၀၁၂ မဒီလေးများ

        ကဲ ယူရိုပွဲကြီး ချိမ့်ချိမ့်သည်းလို့ အားပေးနေကြတဲ့ အကိုများ... ညတိုင်း အိပ်ရေးပျက်လို့ ပွဲပန်းနေကြရော့မယ်။  ဟော့ဒီမှာတော့ ယူရို ၂၀၁၂ကို ကျွန်တော်တို့ နည်းတူ အားပေးနေကြတဲ့ နိုင်ငံအသီးသီးက မဒီကညာလှတွေရဲ့ ပုံလေးတွေကို အင်တာနက်မှာတွေ့သမျှ တင်ပေးလိုက်ပါတယ်ဗျား... ပွဲပန်းနေတဲ့လူတွေ အမောအပန်းပြေလို့ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်ပွဲတွေ လန်းဆန်းစွာ ကြည့်နိုင်ကြပါစေဗျား။

ခရိုအေးရှား

ဘောပွဲကိုက်လို့ သေသွားသတဲ့


                ယူရို ၂၀၁၂ ဘောလုံးပွဲဆိုတာက ၄ နှစ်မှ တစ်ကြိမ် ကြုံရတာကလား....  လူ့သက်တမ်းကို အနှစ် ၇၀ လောက်နဲ့တွက်လိုက်ဦး။  အသက် ၁၅ နှစ်လောက်အထိက ဘောလုံးပွဲဆိုတာ သေသေချာချာ သိတာမဟုတ်။  ဟော.. အသက် ၆၀ ကျော်သွားပြန်ရင်လည်း ဘောလုံးပွဲက ကြည့်ရတာ မျက်စိက မှုန်မှုန်နဲ့ဆိုတော့ ကြည့်လို့ကောင်းမယ်မထင်။  ဒီတော့ လူ့သက်တမ်း ၇၀ ဆိုရင် ၄၅ နှစ်လောက်ပဲ ဘောလုံးပွဲကို ကောင်းကောင်းအားပေးလို့ရသကိုး။  ဒီကြားထဲ ယူရိုပွဲက ၄ နှစ်တစ်ကြိမ်ဆိုတော့ သက်တမ်းတစ်လျှောက်လုံးမှာ ၁၁ ကြိမ်လောက်သာ ကြည့်ခွင့်ရှိလေတော့ ဘောလုံးဝါသနာရှင်တွေကတော့ ဘောကိုခုံမင်တယ်... ဘောကို ရူးသွပ်တယ်၊ ဘောကို အားပေးကြတယ်။  ခက်တာက ယူရိုပွဲဆိုတာကလည်း ဥရောပအချိန်နဲ့ ကျင်းပလေတော့ အာရှက ဘောလုံးချစ်သူတွေကတော့ သန်းခေါင်ကျော်လည်း ထအားပေးရတာပဲလေ..
               ဟူနန်ပြည်နယ်၊ ချန်ရှားမြို့က ကိုရွှေတရုတ်ဆိုရင် ယူရိုလာသမျှပွဲတွေ မလွတ်တမ်းအား ၁၁ ညတိုင်တိုင် အားပေးရင်းနဲ့ သူ့အိမ်ကလေးမှာ သေဆုံးသွားပါသတဲ့။  အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ ထိုဘောချစ်သူဟာ အင်္ဂလန်နဲ့ ပြင်သစ်အသင်းကို ခုံမင်စွာအားပေးသူဖြစ်ပါသတဲ့။  ခမျာမှာတော့ အီတလီနဲ့ အိုင်ယာလန်ပွဲကို ဘားမှာ အရက်တွေ တော်တော်သောက်ပြီး ကြည့်ခဲ့တယ်လို့ဆိုပါတယ်။ ကြည့်အပြီးနောက်တစ်နေ့မှာပဲ သူ့အိမ်မှာ သေဆုံးသွားပါသတဲ့။ ဟူနန်ပြည်နယ်ဆေးရုံက ဆရာဝန်ကတော့ ဒီလိုသေဆုံးရတဲ့ အကြောင်းတရားကတော့ အိပ်ရေးပျက်တာများလွန်းပြီးတော့ ကိုယ်ခံစွမ်းအား မရှိတော့လို့ဖြစ်တယ်လို့ ဆိုပါတယ်။  နောက်တစ်ချက်ကတော့ အရက်တွေသောက်ပြီးပြီးချင်း ရေကို အလျှင်အမြန်ချိုးတတ်လို့ပါတဲ့။  ဒီအတွက် သူ့ခန္ဓာကိုယ်ထဲက သကြားဓာတ်တွေဟာ အလျှင်အမြန် ကျဆင်းသွားပြီးတော့ ဦးနှောက်ထဲကို သွေးမရောက်တော့လို့လို့ ဆိုပါတယ်။  
              ပြီးခဲ့တဲ့ ၆ နှစ်တုန်းကလည်း ကမ္ဘာ့ဖလားကို အားပေးရင်းနဲ့ အသက် ၂၄ နှစ်ရှိတဲ့ကောင်လေးတစ်ယောက်ဟာ ဘား မှာတင် သေသွားဖူးပါသတဲ့။  ကဲ... ဘောလုံးကို ရူးသွပ်သူများ ကြည့်လည်းကြည့်၊ သောက်လည်းသောက်၊ ၀၀ လေးလည်းအိပ်၊ မအိပ်ခင် ရေမချိုးကြနဲ့ပေါ့ဗျာ။  ကဲ... ယူရိုပွဲလေး ဆက်ကြည့်လိုက်ကြစို့လားဗျာ။

Source: (Link)

Sunday, June 24, 2012

ထီးသူခိုး..


          သူခိုးမှ ရိုးရိုးသူခိုးမဟုတ်ဘူး။  ထီးသူခိုး… မက်ဒါကားစကားကျွန်းမှာပဲ တွေ့နိုင်တဲ့ အဖြူနဲ့ အမည်းကြားစပ်ထားတဲ့ Lemur ဆိုတဲ့ အကောင်လေးက ထီးကိုခိုးတာ။  West Midlands ကDudley Zoological Garden မှာတော့ အဲ့ဒီနေ့ကမိုးရွာပြီး စိုထိုင်းထိုင်းဖြစ်နေတော့ တိရိစ္ဆာန်ရုံလာလည်တဲ့လူတွေဟာ ထီးလေးတွေ ကိုယ်စီဆောင်းလာကြပါတယ်။  အဲ့ဒီမှာ Leon လို့ခေါ်တဲ့ Lemur လေးက ပုရိတ်သတ်တွေထဲက ထီးကိုယူပြီးတော့ ဆောင်းနေတဲ့ ဓာတ်ပုံလေးပါ။  Leon ဟာ မိုးကြီးပြီးလေတိုကလို့ ခေါက်ထီး လေထဲပါမသွားခင်အချိန်အထိ ထီးကလေးကို သဘောကျစွာ ဆောင်းခဲ့လို့ သူ့ကို ၀ိုင်းကြည့်နေကြတဲ့လူတွေ ပွဲကျခဲ့ရတယ်လို့ ဆိုပါတယ်။

Saturday, June 23, 2012

ရှန်ဟိုင်းရဲ့ The Bund သို့ တစ်ခေါက်

     ဒီနေ့ အလုပ်ပိနေတဲ့ ကျွန်တော်တို့ အဖွဲ့ ရှန်ဟိုင်းရဲ့ The Bund ကို တစ်ခေါက် စိတ်ထွက်ပေါက်လေးအနေနဲ့ ညစာသွားစားဖြစ်တယ်။  The Bund ကတော့ ရန်ကုန်က ကမ်းနားလမ်းလိုမျိုး၊  စင်ကာပူရဲ့ မာရီနာဘေး လိုမျိုး မြစ်ကမ်းဘေးက နေရာလေးပါ။  ကိုလိုနီခေတ်က အဆောက် အဦးတွေနဲ့ ခေတ်သစ် မိုးပျံ အဆောက်အဦးတွေ ကမ်းနဖူးမှာ စီစရီရှိနေတဲ့ နေရာလေးပေါ့။ နေသာတဲ့ နေ့မျိုးဆိုရင်တော့ လေညှင်းခံရင်း၊ ထွေလာသောင်းပြောင်းလေးတွေ ပြောရင်းနဲ့ အတော်လေး နေလို့ကောင်းမယ့်နေရာလေး။  ဒါပေမယ့် ရှန်ဟိုင်းမှာတော့ ခုရက်ပိုင်း မိုးအရွာစိပ်နေလေတော့ ဒီနေ့လည်း မိုးဖွဲဖွဲလေးကျနေပါတယ်။  

မူးရင် မမောင်းနဲ့ဆိုလို့

    
       ဟောဒီက ကိုတရုတ်ရဲ့ ယာဉ်စီးကမ်းလိုက်နာပုံလေးက တော့အဆန်းသာလား?  မူးရင် မမောင်းရဆိုတဲ့ ဥပဒေကြောင့် အဆိုပါ ကိုတရုတ်ဟာ နေ့လည်စာစားရင်း ဘီယာရှိန်လေးကလည်း တက်လာလေတော့ ဆိုင်ကယ်မောင်းပြီးတော့ အိမ်ပြန်ဖို့ မဖြစ်နိုင်တော့ပါဘူး။  ဒီတော့ ကိုတရုတ် အကြံထုတ်ပုံကဖြင့် စက်ဘီးတစ်စီးကိုငှား၊ စက်ဘီးကယ်ရီယာပေါ်ကို ဆိုင်ကယ်ကို တင်ကြိုးတုပ်ပြီးတော့ တင်ပြီးတော့  ဟူနန်ပြည်နယ် ချန်ရှားဒေသ လမ်းပေါ်မှာ နင်းသွားပါသတဲ့။  မူးရင် မမောင်းနဲ့ ဆိုတဲ့ စည်းကမ်းကို လိုက်နာသော်လည်းပဲ ထိုငနဲ့တော့ ၀န်မတန်တစ်ဆ တင်ဆောင်မှု့၊ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်မှု့မရှိခြင်း စတဲ့ ဥပဒေတွေကိုတော့ ချိုးဖောက်ရာ ခဲ့တဲ့လို့ ဆိုပါတယ်။

Source: (Link)

Lake Retba သို့မဟုတ် ဆီနီဂေါက ပန်းရောင်ရေကန်လေး


          ဒီရေကန်လေးကတော့ ထူးထူးခြားခြားကို နွားနို့နဲ့ စတော်ဘယ်ရီသီး ဖျော်ထားသလိုမျိုး ပန်းရောင်အဖြစ် သဘာဝအတိုင်း တည်ရှိနေတာပါ။  ဒါပေမယ့် ဒီရေတွေကိုတော့ ချိုလှတယ် မထင်ပါနဲ့ ဆား ပါဝင်မှု့ ၄၀%ကျော် ပါဝင်ပါတယ်။  ဆား ပါဝင်မှု့နှုန်းမြင့်မားလွန်းလို ရေကူးစရာကိုမလိုပဲ ရေပေါ်မှာတင် ကိုယ်ဖော့နေလို့ရပါတယ်။ 
          ရေကန်ဟာ အနီရောင်သမ်းနေရတဲ့ အကြောင်းအရင်းကတော့ ဒီရေကန်ထဲမှာ ပေါက်ဖွားရှင်သန်နေတဲ့ ဆားငန်ရေကို နှစ်သက်တဲ့ Dunaliella salina ဆိုတဲ့ ဇီဝသက်ရှိတွေကြောင့်ဖြစ်ပါတယ်။  နေရောင်ခြည်ကို စုပ်ယူပြီးတော့ အနီရောင်ခြယ်တွေကို ထုတ်ပေးတဲ့ ဒီသက်ရှိလေးတွေကြောင့် ရေကန်ဟာ ပန်းရောင် သမ်းနေရခြင်းဖြစ်ပါသတဲ့။

Friday, June 22, 2012

သင်ကြစို့ရဲ့ တရုတ်စာ


          တရုတ်စာလို့ အလွယ်ခေါ်လိုက်ပေမယ့် တရုတ်ပြည်များ အများသုံးစာဖြစ်တဲ့ တရုတ်လို ပုထုံးဟွ လို့ခေါ်တဲ့ အင်္ဂလိပ်လို Mandarin ကို ဆိုလိုပါတယ်။  တရုတ်စာသင်မယ်ဆိုတော့ တုတ်ချောင်းလေးတွေကို အပေါ်ထောင်လိုက်၊ ဘေးတိုက်ဆွဲလိုက်နဲ့ ပျင်းစရာကြီးပေါ့နော့… နောက်ပြီးတော့ အသံထွက်တေကလည်း ရွှိ ရွှိ ရှ ရှ တွေဆိုတော့ အသံထွက်ကလည်း ခက်…  ဒီတိုင်းကြီး သင်ရရင် ပျင်းရချည့်ရဲ့လို့ ထင်နေတဲ ပုရိသများ အတွက် ဟောဒီမှာ မဒီဆရာမ လေးတွေက တရုတ်စာ သင်ပေးနေသတဲ့ဗျား။  http://www.sexymandarin.com မှာတော့ တရုတ် မဒီကညာအလှတို့က အသံချိုချိုလေးတွေနဲ့ တရုတ်စာသင်ပေးလေတော့ ဒီလိုသာ သူလေးတို့ ဖိဖိစီးစီး သင်ပေးမယ်ဆိုရင်ဖြင့် တရုတ်စာ ဂျောင်းဂျောင်းပြေးလို့ ဂုဏ်ထူးတွေ ဘာတွေတောင် ထွက်နိုင်သေးရဲ့။  အဲ့… ဒီ ကလေးမလေးတွေက အနည်းငယ် “ဟော့”လေတော့ မိန်းကလေးများ မကြည့်ပါနဲ့လို့ ပဏာမ စကားချပ်ပါရစေဗျာ…  ကဲ.. ပြုံးပြုံး ပျော်ပျော် တရုတ်စာ သင်နိုင်ကြပါစေဗျား….

ကြည့်ကြဦးမလား လူသား မိုးမျှော်တိုက်


          နယူးယောက်မှာတော့ Casteller de Vilafranca ဆိုတဲ့ လူပေါင်း ၁၅၀ ပါဝင်တဲ့ အဖွဲ့ကနေပြီးတော့ လူသား မိုးမျှော်တိုက်ကို ငါးမိနစ်ကြာမျှ တည်ဆောက်ပြခဲ့ပါတယ်။  တိုက်ရဲ့ အပေါ်ဆုံးအဖြစ် ကလေးငယ်လေး ရောက်ရှိအပြီးမှာတော့ သူတို့ဟာ ဂင်းနစ်စံချိန် အသစ်ကို ချိုးနိုင်ခဲ့ကြပါတယ်။  ဒီ ပြကွက်ကတော့ ၂၀၀၁ ခုနှစ်မှာ အကြမ်းဖက်သူတွေကြောင့် ပြိုကြခဲ့ရတဲ့ ကမ္ဘာ့ကုန်စည်ကူးသန်းရေး အဆောက်အဦး (Worl Trade Centre) ပြိုကြခဲ့ခြင်းကို ညွှန်းဆိုတဲ့အနေနဲ့ ပြသခဲ့တဲ့ ပထမ ပြကွက်ဖြစ်ပါသတဲ့။  သူတို့ ဘယ်လိုမျိုး လူသားတံတိုင်း တည်ဆောက်သလဲဆိုကြ ကြည့်လိုက်ကြရအောင်လား…..

Source : (Link)

Thursday, June 21, 2012

ရာဇ၀င်ထဲက ခွေးသူရဲကောင်းများ ၂


Chips
          ချစ်(ပ်)(စ်) ဆိုတဲ့ ခွေးကလေးကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ထူးထူခြားခြား စွမ်းဆောင်နိုင်ခဲ့တဲ့ ခွေးကလေးပါ။  Chips ဟာ ဂျာမန်ခွေးမျိုး (German Shepherd)၊ Collie နဲ့ Husky ခွေးမျိုးစပ်ထားတဲ့ ခွေးကလေးတစ်ကောင်ပါ။  ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်တော့ အမေရိကန်က ခွေးပိုင်ရှင်တော်တော်များများဟာ သူတို့ရဲ့ခွေးတွေကို စစ်အတွင်းမှာ အသုံးပြုနိုင်စေဖို့ စစ်ထဲကို လှူဒါန်းခဲ့ကြပါတယ်။  ဒီလိုပါပဲ Chips ရဲ့ သခင်ဖြစ်သူ အက်ဝဒ် ဂျေ၊ ၀ါရန် ဟာ သူ့ရဲ့ ခွေးကလေး Chips ကို ဒုတိယ ကမ္ဘာစစ်အတွင်းမှာ အသုံးပြုဖို့ဆိုပြီးတော့ လှူဒါန်းခဲ့ပါတယ်။  ၁၉၄၂ ခုနှစ်မှာ Chips ကို ဗာဂျီးနီယားပြည်နယ်၊ ခွေးလေ့ကျင့်ရေးကျောင်း (Front Royal) မှာ လေ့ကျင့်ပေးခဲ့ပါတယ်။  နောက်တော့ Chips ကို ခြေမြန်တပ်မ ၃အောက်မှာ အမှု့ထမ်းစေပြီးတော့ အာဖရိက မြောက်ပိုင်း၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီနဲ့ စစ်စလီကျွန်းတို့ကို စေလွှတ်ပြီးတော့ စစ်မှု့ထမ်းစေခဲ့ပါတယ်။
          Chips ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ပထမဦးဆုံး နိုင်ငံရပ်ခြားကို စေလွှတ်ပြီး စစ်မှု့ထမ်းဖို့စေခိုင်းခြင်းခံရတဲ့ ပထမဆုံး ခွေးစစ်သည်ပါပဲ။  သူ့ကိုထိန်းတဲ့ သူကတော့ ဂျွန် ပီ ရိုဝဲလ်ဆိုသူဖြစ်ပါတယ်။  ဥရောပတစ်ခွင် စစ်ပွဲတွေ ၈ ပွဲလောက်နွှဲပြီးတဲ့ အချိန်မှာတော့ Chips ဟာ စစ်ပွဲက အကျဉ်းသားတွေကို ခေါ်ဆောင်တဲ့ နေရာတွေရော၊ သံချပ်ကာတပ်မရဲ့ အစောင့်အဖြစ်ရော အမှု့ထမ်းခဲ့ပါတယ်။
          Chips ရဲ့ ကျော်ကြားခဲ့တဲ့ ဖြစ်ရပ်ကတော့ စစ်စလီကျွန်းကို သိမ်းပိုက်တဲ့ အချိန်မှာဖြစ်ပါတယ်။  အမေရိကန်စစ်တပ်ဟာ ရန်သူရဲ့ ကတုတ်ကျင်းကို ၀ိုင်းရံထားပြီးတော့ လက်နက်ချခိုင်းနေတဲ့ အချိန်ပေါ့။ Chips ဟာ သူ့သခင်လက်ကနေထွက်ပြေးပြီးတော့ ကတုတ်ကျင်းထဲကနေ ခံပစ်နေတဲ့ ရန်သူတွေဆီကို ခုန်ဝင်သွားခဲ့ပါတယ်။  ကတုတ်ကျင်းထဲက စစ်သည်တွေဟာ Chips ကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။  Chips ဟာ ရန်သူတွေကို အရှုံးမပေးပဲ ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။  နောက်ဆုံးမှာ Chips ရဲ့စွမ်းဆောင်ရေကြောင့် စစ်သည်တွေဟာ လက်နက်ချပြီး အဖမ်းခံခဲ့ကြရပါတယ်။  အဲ့ဒီနေ့မှပဲ Chips ကြောင့် စစ်သည် ၁၀ ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။  ကတုတ်ကျင်းထဲကို ၀င်ပြီး ရန်သူတွေကို တိုက်ခိုက်ချိန်မှာ Chips ရဲ့ ဦးခေါင်းမှာ ဒဏ်ရာရခဲ့သလို၊ ယမ်းလောင်တဲ့ ဒဏ်ရာတွေလည်းရခဲ့ပါတယ်။  သူ့ရဲ့ စစ်အတွင်းက စွမ်းဆောင်ရည်တွေကြောင့် ရဲရင့်တဲ့ စစ်သည်ဝန်ထမ်းကောင်း ငွေကြယ်တံဆိပ်နဲ့ Purple Heart လို့ခေါ်တဲ့ စစ်ပွဲအတွင်းမှာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ရင်း ဒဏ်ရာရတဲ့ သူတွေကို ပေးလေ့ရှိတဲ့ ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။

Monday, June 18, 2012

ရာဇ၀င်ထဲက ခွေးသူရဲကောင်းများ


          သခင့်ကို သစ္စာစောင့်သိတာ၊ သခင်ကို ဘယ်တော့မှ သစ္စာမဖောက်တာ၊ အနွံအတာခံတာ ဘယ်သူလဲလို့ လက်ညှိုးထိုးပြရမယ်ဆိုရင် သုနက္ခော ခွေးကလေးတွေကိုသာ လက်ညှိုးထိုးရမှာပါ။  ရာဇ၀င်ထဲမှာလည်း သူတို့လေးတွေရဲ့ ကြီးမားတဲ့ စွမ်းဆောင်ရည်တွေကြောင့် ဂုဏ်ပြုခံခဲ့ရတဲ့ ခွေးလေးတွေ မနည်းလှပါဘူး။  ဒီထဲက တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တပ်ကြပ်ကြီး စတက်ဘီ 
          စတက်ဘီကတော့ သမိုင်းတစ်လျှောက်လုံးမှာ ဂုဏ်ပြုတံဆိပ်တွေ အများဆုံးရရှိခဲ့တဲ့ ခွေးစစ်သားလေးပါ။  ဂုဏ်ပြုခံရတာမှ တပ်ကြပ်ကြီးရာထူးအထိကို သူ့ကို ချီးမြှင့်ခဲ့တာ။  ဒီလိုမျိုး ခွေးထဲမှာ တပ်ကြပ်ကြီး ရာထူး ရခဲ့တာ သူတစ်ကောင်ပဲ ရှိတယ်။  စတက်ဘီဟာ ခွေးဘီလူးနဲ့ တယ်ရီယာ စပ်ထားတဲ့ခွေးကလေးပါ။  အသံကျယ်ကျယ်နဲ့ ဟောင်တတ်တဲ့ ခွေးကလေးပေါ့။  စတက်ဘီ ခွေးစစ်သားဖြစ်လာပုံကလည်း အဆန်းသား။  သူ့ သခင်ဘယ်သူလည်း၊ သူဘယ်ကလာသလဲ ဘယ်သူမှ မသိပါဘူး။  တစ်နေ့တော့ New Haven က ယေးလ်စစ်လေ့ကျင့်ကွင်းမှာ စစ်သားတွေ စစ်ရေးလေ့ကျင့်နေတုန်း စတက်ဘီတစ်ကောင် လေ့ကျင့်ရေးကွင်းထဲဝင်လာပြီးတော့ ဟိုစပ်စပ်၊  ဒီစပ်စပ်နဲ့ လေ့ကျင့်ရေးကွင်းထဲက ရာထူးအဆင့်မရွေး စစ်သည်တွေအားလုံးနဲ့ မိတ်ဖွဲ့ပြီး နောက်ပိုင်းတော့ စစ်သည်တွေရဲ့ အချစ်တော် ဖြစ်လာပါတယ်။  ဒီလိုနဲ့ စစ်သည်တွေ စစ်မြေပြင်ထွက်တော့ ရောဘတ် ကွန်ရွိုင်း ဆိုတဲ့ တပ်ကြပ်တစ်ယောက်က စတက်ဘီကို သင်္ဘောပေါ်ကို ၀ှက်ပြီး တင်ဆောင်ခဲ့တာပါ။  ဒီလိုနဲ့ စတက်ဘီဟာ အမေရိကန်ရဲ့ ပထမဆုံး ခွေးစစ်သည် ဖြစ်လာခဲ့ပါတယ်။ 
          စတပ်ဘီဟာ အမေရိကန်စစ်တပ်ရဲ့ ခြေမြန်တပ်ရင် ၁၀၂ မှာ စစ်မှု့ထမ်းခဲ့တာပါ။  သူဟာ စစ်ပွဲပေါင်း ၁၇ ပွဲကို ၁၈ လာတာ ဆင်နွဲခဲ့တဲ့ အာဂခွေးပါ။  သူ့ရဲ့ ပထမဆုံး စစ်ပွဲကတော့ ၁၉၁၈ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ ပြင်သစ်စစ်မြေပြင် Chemin des Dames စစ်ပွဲဖြစ်ပါတယ်။  စစ်ပွဲဟာ နေ့ရော၊ ညရော မနားပဲ တစ်လကျော်ကြာဖြစ်ခဲ့တဲ့ စစ်ပွဲတစ်ပွဲဖြစ်ပါတယ်။  စစ်ပွဲတွေနဲ့ ရင်းနှီလာခဲ့တဲ့ စတက်ဘီဟာ သူ့စစ်သည်တွေကို အဆိပ်ဓာတ်ငွေ့တွေနဲ့ တိုက်ခိုက်မှု့တွေရှိခဲ့ရင် အချက်ပေးခဲ့ပါတယ်။  စစ်မြေပြင် စစ်ပွဲပြီးသွားရင်လည်း ဒဏ်ရာရပြီး လဲကျနေတဲ့ စစ်သည်တွေကို စတက်ဘီက နေရာရှာဖွေပေးခဲ့ပါတယ်။  နောက်ပြီးတော့ ရန်သူ စစ်တပ်ကြီး ရွှေ့လျှားလာတာကိုလည်း စစ်သည်တွေ မကြားခင်မှာပဲ စတက်ဘီက ကြားနိုင်ပါတယ်။  အာဂွန်နီစစ်ပွဲမှာတော့ စတက်ဘီဟာ ဂျာမနီ စပိုင်တွေကို အထိက ဖမ်းဆီးပေးနိုင်ခဲ့တဲ့ ခွေးကလေးပါ။ 

Sunday, June 17, 2012

အဖေ…


          ဒီနေ့ အဖေများနေ့.. အဖေများနေ့ စတင်ပုံလေးကတော့ ၁၉၁၀ ခုနှစ်မှာစတင်ပါတယ်။  Sonora Smart Dodd ဆိုသူလေးက သူမရဲ့ဖခင်အတွက် ၁၉၁၀၊ ဇွန်လ ၁၀ ရက်နေမှာ ၀ါရှင်တန်က စပိုကိန်းမြို့ကလေးမှာ စတင်ပြီးတော့ သူမရဲ့ဖခင် အတွက် အထိန်းအမှတ်လုပ်ခဲ့တာဖြစ်ပါတယ်။  အဲ့ဒီအချိန်ကစပြီးတော့ နိုင်ငံတော်တော်များများမှာ ဇွန်လရဲ့ တတိယပတ် တနင်္ဂနွေနေ့ မှာ အဖေများနေ့ကို ကျင်းပခဲ့ကြပါတယ်။  ဆိုတော့ ဒီနေ့ဟာ ဇွန်လရဲ့ တတိယပတ် တနင်္ဂနွေနေ့။  အဖေများနေ့။  မြင့်မိုရ်တောင်ဦး  မကကျူးသာ ကျေးဇူးကြီးလှ မိနှင့်ဖတို့ထဲက မွေးသဖခင် ကျေးဇူးရှင် ဖခင်တို့ကို ဂုဏ်ပြုတဲ့နေ့ တစ်နေ့။  ဒီလိုနေ့မှာတော့ ဒီပိုစ့်လေးကို ရေးဖြစ်လိုက်တယ်။  “အဖေ…” ဆိုပြီးတော့ပေါ့။
          အဖေဟာ ကျွန်တော့်ဘ၀ရဲ့ သူရဲကောင်း၊  ကျွန်တော်လေးစားအားကျရတဲ့ အင်ဂျင်နီယာတစ်ယောက်။  ကျွန်တော့်ရဲ့ ဘ၀တစ်လျှောက်လုံးကို လွှမ်းမိုးခဲ့တဲ့ လူတွေထဲကတစ်ယောက်။  ကျွန်တော် ငယ်ငယ်ကထည်းက အဖေ့လို အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ခဲ့တာ။  အမေကတော့ ပြောဖူးပါရဲ့… နင် ငယ်ငယ်တုန်းက ညတစ်ရေးနိုးလို့ အင့် ကနဲ ညည်းလိုက်တာနဲ့ နင့်အဖေပဲ နင့်ကို ချီပြီး သိပ်ခဲ့ရတာတဲ့။  အဲ့ဒီတုန်းက အဖေက ရွာထောင် ဒီဇယ်စက်ခေါင်းရုံမှာ အင်ဂျင်နီယာ။  အမေက ယောင်နောက် ဆံထုံးပါဆိုသလို အဖေ တာဝန်ကျတဲ့ ရွာထောင် စက်ခေါင်းရုံရှိရာ ရွာထောင်မြို့မှာ ဆေးခန်းလိုက်ဖွင့်တယ်။  ဒီလိုနဲ့ သူတို့နှစ်ယောက် ဘ၀ကို စခဲ့ကြတယ်။  ဒါပေမယ့် အဖေ့ရုပ်သွင်ကိုတော့ ကျွန်တော် မမှတ်မိပါဘူး။  ဘာဖြစ်လို့လဲ ဆိုတော့ အဖေဟာ ကျွန်တော်နဲ့ အမေကို့ ကျွန်တော့် အသက် ၃ နှစ်အရွယ်မှာပဲ ခွဲခွာသွားလို့ဖြစ်ပါတယ်။  အဖေဟာ ရထားနဲ့ ကားနဲ့ တိုက်မိရာမှာ ပွဲချင်းပြီး ဆုံးသွားခဲ့တာပါ။ 
          အဲ့ဒီနေ့က ကားပေါ်မှာ ရုံးက အဖွဲ့တွေနဲ့ပေါ့.. ရွာထောင်စက်ခေါင်းရုံကို အသွား.. လမ်းမှာ ကားဘရိတ်ပေါက်သွားခဲ့ပါတယ်။  ကံဆိုးချင်တော့ ကားဘရိတ်ပေါက်တဲ့နေရာက မီးရထားလမ်းတည့်တည့်မှာပါ။  ရထားလမ်းဘေးမှာက ကျူးကျော်ရပ်ကွက်တွေရှိတော့ ကားကို ဒရိုင်ဘာက လမ်းဘေးကို ဆွဲချလို့မရပါဘူး။  ဆိုက်ဆိုက်မြိုက်မြိုက်ကို.. မီးရထားလမ်းနဲ့ ကားလမ်းကို တားထားတဲ့ တံခါးကို တိုက်ပြီး ရထားလမ်း တည့်တည့်မှာ ရပ်သွားခဲ့ပါတယ်။  အဲ့ဒီအချိန်မှာ ရထားက လာနေပါပြီ။  အဖေ ကားခေါင်းခန်းမှာ တူတူထိုင်နေတဲ့ သူ့သူငယ်ချင်းကို ဆွဲချခဲ့ပါတယ်။  နောက်ပြီး ရထားအလံကို ကိုင်ပြီးတော့ လာနေတဲ့ ရထားကို ရပ်ဖို့ အချက်ပြခဲ့ပါတယ်။ နောက် ကားနောက်ကလူတွေအတွက် ပူပင်တဲ့ စိတ်နဲ့ ကားနောက်ဖက်ကို ပတ်ပြီးတော့ အပြေးကလေးအသွားမှာ ရထားက ကားကို တိုက်ခဲ့ပါတယ်။  ဒီအရှိန်နဲ့အတူ ရထားလမ်းပိတ်ထားတဲ့ တံခါးက အဖေ့ ဦးခေါင်းနောက်ပိုင်းကို ရိုက်မိပြီးတော့ အဖေ အဲ့ဒီအချိန်ကထည်းက ကျွန်တော့်ကို ခွဲသွားခဲ့တာပါ။ 

အင်ဒိုနီးရှားက ဖားပြုတ်လူသား

          လောကကြီးဟာ တစ်ခါတစ်လေတော့ တော်တော်လေးကို ဆန်းကြယ်ပါတယ်။  ဟောဒီ အင်ဒိုနီရှားက ချန်ဒရာ ၀စ်(စ)နု ကိုတော့ သတင်းတွေထဲမှာ Bubble man ခေါ်ဆိုနေကြပါတယ်။ ကျွန်တော်ကတော့ ဖားပြုတ်လူသားလို့  ကင်ပွန်းတပ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၃၃ နှစ်အချိန်တုန်းကတော့ ချန်ဒရာအတွက် အပျော်ဆုံးအချိန်ပေါ့။  အင်ဒိုနီးရှားနိုင်ငံက တောရွာကလေးမှာ ချစ်စရာကောင်းလှတဲ့ ဇနီးသည်နဲ့အတူ ဘ၀သစ်အတူစခဲ့ကြတယ်။ ချန်ဒရာရဲ့ ဘ၀မှာ ဒီလိုအိပ်မက်ဆိုးတွေ စပေးတာကတော့ အသက် ၁၉ နှစ်အရွယ်မှာပါ။  ရှားပါးလှတဲ့ ဖြစ်တောင့်ဖြစ်ခဲရောဂါတစ်ခု အဖြစ် သူ့အရည်ပြားပေါ်မှာ ပန်းရောင် အဖုလေးတွေ စထွက်လာခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်မှာတော့ သူ့ ကျောပြင်ပေါ်ကို ပြန့်နှံလာခဲ့ပြီး အသက် ၃၂ နှစ်အရွယ်မှာတော့ သူ့တစ်ကိုယ်လုံးကို အဖုအပိန့်တွေ လွှမ်းခြုံသွားခဲ့ပါတယ်။  အခု အသက် ၅၇နှစ်ရှိပြီဖြစ်တဲ့ ချန်ဒရာဟာ အိမ်အပြင်ကို ထွက်ခွာခဲပါတယ်။  သူ့ကိုလူတွေ တွေ့မြင်သွားရင် ကြောက်လန့်နေမှာစိုးလို့ အိမ်အပြင်ကို တောင်မထွက်နိုင်ပါဘူး။  သူ့သမီးကို ကျောင်းပို့၊ကျောင်းကြိုအတွက်တော့ အိမ်ကနေထွက်ဖြစ်ပါသတဲ့။  ဒီလို ထွက်တဲ့အခါမှာလည်း အကျီင်္တွေ အထပ်ထပ်ဝတ်ဆင်၊ မျက်မှန်တပ်ပြီးမှ အိမ်ကနေ ထွက်ရပါတယ်။  သူ့သမီးရဲ့ သူငယ်ချင်းတွေက သူ့လိုအဖေမျိုးရှိရလားဆိုပြီး သူ့သမီးကို မလှောင်ပြောင်စေချင်လို့ ဖြစ်ပါတယ်။ 

Saturday, June 16, 2012

ဝယ်ကြဦးမလား Steve Jobs ဖဲထုတ်များ


          တရုတ်နိုင်ငံမှာတော့ သွားလေသူကြီး Steve Jobs ပုံရိပ်များနဲ့ ဖဲထုတ် ထုတ်ဝေလိုက်ပါပြီ။  မူပိုင်ခွင့်တွေ ဘာတွေလာမပြောနဲ့… ရွှေပြည်ကြီးမှာလိုပဲ မှတ်ပုံတင်ပြီးသား ဖြစ်ချင်ဖြစ်နေမှာပေါ့လေ…။  သွားလေသူကြီး သိရင်တော့ ငုတ်တုတ်ထထိုင်လေမလားပဲ။  ညွှန်းထားတာကတော့ ရှယ်ပါဗျား… ဟော့ဒီမှာသာ ဖတ်ကြည့်
“စတိဗ်ဟာ အိုင်ပေါ့ အလုံးပေါင်း သန်း ၁၀၀၊ အိုင်ပတ် ၁၀ သန်း၊ စတော့ရှယ်ယာတွေကို တက်စေခဲ့သူ၊ ကင်ဆာရောဂါ ကို ကြံကြံခံနိုင်ခဲ့တဲ့သူ၊ နှစ်ခါ ခွဲစိတ်ခံခဲ့ရသူ။  သမိုင်းမှာ တစ်ယောက်ဆို တစ်ယောက် ထွန်းထွန်းပေါက်ပေါက်။  သူ့လိုမျိုး ကမ္ဘာကြီးကို အံသြသွားအောင် လုပ်နိုင်ခဲ့တဲ့ လူ မရှိဘူး။  ၀တ်စုံတစ်မျိုး ထဲသာ ၀တ်ခဲ့တဲ့လူ။  သူ့ရဲ့ တီထွင်မှု့တွေနဲ့ ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့တဲ့လူ။  သူဟာ ကမ္ဘာကြီးကို ဘယ်လို စကားလုံးတွေနဲ့ ညှို့ယူဖမ်းစားရမယ်ဆိုတာ သိခဲ့တဲ့လူ။  ဟော့ဒီ ဖဲ ၅၄ ချပ်မှာတော့ စတိဗ်ဂျော့ဘ်(စ်)ရဲ့ ဓာတ်ပုံတွေပါဝင်ပြီးတော့ ကိုယ်ရေးအကျဉ်းတွေလည်း ပါပါတယ်။  စတဲ့ ဘာညာသတကာတွေရေးထားပါတယ်။  အဲ့ဒီအထဲမှာတောင်မှ ဘုရားသခင်က စတိဗ်ဂျော့ဘ်(စ်)ကိုတောင် မနာလိုဖြစ်ရတယ်ဆိုပဲ။  ဒီတော့ သူ့ကို တစ်သက်လုံး သတိရနေသူများ ဒီဖဲထုတ်ကို ၀ယ်ခြင်းအားဖြင့် သူ့ရဲ့ ကိုယ်ရေးအကျဉ်းကို ဖတ်နိုင်မှာ ဖြစ်ပါ သတဲ့”

Friday, June 15, 2012

ဟာသတိုလေးများ - ၈


ရှာနေတာ…
မိန်းဖြစ်သူမှ ယောက်ျားကို မေးသည်
“ရှင်ဘာလုပ်နေတာ ဒုန်း…”
“ဘာမှ မလုပ်ပါဘူး မိန်းမရယ်.. ငါ့ဟာ ငါ ဒီမှာထိုင်နေတာ.”
“ဘာမှ မလုပ်ဘူး သာဆိုတယ်.. ရှင် ကျွန်မတို့ရဲ့ လက်ထပ်စာချုပ်ကို ထိုင်ကြည့်နေတာ တစ်နာရီ နီးပါးရှိပြီ”
“သြော်.. ငါက အိတ်စပါယာ ဒိတ်ကို ရှာနေတာ”

အပြန်အလှန်ပေါ့
          တစ်နေ့ မယားလုပ်သူက ယောက်ျားအတွက် မနက်စာ ပြင်ဆင်နေသည်။  ရုတ်တရက် ယောက်ျားဖြစ်သူ မီးဖိုချောင်သို့ဝင်လာသည်။ 
“မိန်းမ သတိထား… ဟင်.. အဲ့ဒီလောက်တောင် ကြော်ရလား၊  ဆီထည့်၊ ဆီထည့်၊ များနေပြီ ဆီတွေ များနေပြီ၊ တော်တော့ ရပ်တော့၊ အမလေးလေး.. အဲ့ဒီလောက်တောင် ဆီများရလား… ဟင်.. ဟိုမှာ တူးနေပြီ.. လှန် လှန် မြန်မြန်ကြော်.. သြော်.. ဆား.. ဆားထည့်ရဦးမယ်လေ.. ထည့်ထည့် ဆားထည့်…”
မိန်းမဖြစ်သူ နဲနဲ တင်းလာသည်… “ရှင်ဘယ်လိုဖြစ်နေလဲ… ဒီမနက်စာကို ကျွန်မ တစ်သက်လုံး ကြော်လာတာရှင့်”
ယောက်ျားဖြစ်သူက ပြန်ပြောသည်… “မဟုတ်ပါဘူးမိန်းမရယ်.. ငါ ကားမောင်းနေတဲ့ အချိန်မှာ ဘယ်လိုခံစားရလဲဆိုတာကို မင်းကို သိစေချင်လို့ပါ”

Thursday, June 14, 2012

ကျွန်တော်နှင့် ချယ်ရီသီးခူးသူ


          တစ်ခါတစ်လေ လွဲလွဲလေးတွေလည်း ဖြစ်တတ်ပါတယ်။  ဒါပေမယ့် တစ်ခါတစ်လေ လွဲတာကျတော့ တော်တော်လေး ကသိကအောက်ရောက်တယ်။  ဒီတော့ ကိုငှက်ကြီး သီချင်းပဲ ဆိုရတာ ကောင်းသလိုလို “နည်းနည်းလေးတော့ လွဲနေတယ်… လွဲလွဲလေးပဲ ကောင်းပါတယ်” ပေါ့။  ခုတလော ရခိုင်ပြည်နယ်က အဖြစ်အပျက်အဖြစ် တွေကြောင့် ဘာမှ ရေးချင်စိတ်မရှိတာက တစ်ကြောင်း၊ အလုပ်ပိနေတာက တစ်ကြောင်း ဘာပိုစ့်မှ မတင်ဖြစ်ပါဘူး။  ပိုစ့်မတင်ဖြစ်ပေမယ့် လာလည်ကြတဲ့ ဘလော့ဂ်ဂါများ၊ စာဖတ်သူများကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ 
           “ငါဟာ မိုးတိမ်ထဲဝဲ….” ဆိုတဲ့ လေးဖြူသီချင်းလိုမျိုး….  လေဟုန်ကိုဆန်… အဝေးဆုံးကိုပျံ ဆိုတဲ့ သီချင်းစာသားလိုဆိုဆို… အမြင့်ကြီးကနေ မြေပြင်ပေါ်ကို ၀ဲပျံပြီးကြည့်ရတာ တယ်ကောင်းတဲ့ အရသာကိုး…၊  သို့ပေမယ့် ဇော်ကန့်လန့်လို အပေါ်လည်း မရောက်၊ မြေပေါ်ကို လည်း ပြန်ဆင်းလို့ မရတဲ့ အခြေအနေဆိုရင်တော့ ဘာမြင်ရ မြင်ရ သိပ်တော့ မနိပ်လှပါဘူး။
          ချယ်ရီသီးခူးသူ “Cherry Picker” ကိုတော့ တွေ့ဖူးကြမှာပါ။  ခြင်းလေးတစ်လုံးထဲမှာ လူက ၀င်ထိုင်၊ ပြီးရင် ဟိုက်ဒရောလစ်မောင်းတံကြီးနဲ့ အပေါ်ကိုတက်သွား…..  အသီးတွေဘာတွေခူးရလွယ်တဲ့ စက်ပေါ့။  နောက်ပိုင်းတော့ ဒီစက်ကို ဓာတ်တိုင်တွေ ပြင်တာ၊ အိမ်၊ အဆောက်အဦးတွေ ဆေးသုတ်တာ၊ အသေးစားပြင်တာ၊ ဟိုဟာ ဒီဟာ စသည်ဖြင့် အမြင့်တက်ရတဲ့ အပိုင်းတွေမှာ တွင်တွင်ကျယ်ကျယ်သုံးလာကြသပေါ့။   ဒီလိုပဲ ကျွန်တော် အခုလုပ်နေတဲ့ သင်္ဘောကျင်းမှာလည်း ချယ်ရီပစ်ကာတွေကို တွင်တွင်ကျယ်ကျယ်သုံးသပေါ့။  သင်္ဘောကို ဆေးသုတ်တာ၊ သင်္ဘော စစ်ဆေးရေး၊ အသေးစား ပြုပြင်မှု့ စတာတွေမှာ ချယ်ရီပစ်ကာတွေ ကို တွင်တွင်ကျယ်ကျယ်သုံးတာပါ့။ 

Saturday, June 9, 2012

ကျွန်တော်နှင့် ယမကာလုလင်များ


          ယမကာလုလင်များဆိုတာက တစ်ခြားလူတွေမဟုတ်ဘူး။  ကျောင်းတုန်းက သူငယ်ချင်းတွေ။  ကျောင်းသားဘ၀တုန်းက စားမေးပွဲနီးရင် ကျွန်တော်တို့ငှားထားတဲ့ စမ်းချောင်းက အခန်းလေးမှာ သူငယ်ချင်းတွေကို စုံလို…  စာတွေစုပြီးတော့ ကျက်ကြ။  စာမေးပွဲတွေ ဖြေကြ၊  အဲ.. စာမေးပွဲပြီးလို့ကတော့ မမေးနဲ့.. ၀ိုင်းပြီးသား။  အဆောင်မှာက ကျွန်တော်ရယ် ကျွန်တော့် သူငယ်ချင်း ဘိတ်သားရယ်က စားဖိုမှုး။ စာမေးပွဲပြီးတဲ့ရက်ဆိုရင် အစိမ်းကြော်၊ ကုန်းဘောင်ကြီးကြော်၊ တုန်ယွမ်ချဉ်စပ် ဒါမျိုးလေတွေ အဆောင်မှာ ချက်ကြတယ်။  ပြီးရင်တော့ လာသမျှ သူငယ်ချင်းတွေနဲ့ ၀ိုင်းကြတာပေါ့။
          အဲ့ဒီတစ်ခေါက်က မှတ်မိသေးတယ်..  စာမေးပွဲပြီးတော့ လီတာ ၂၀ ၀င်တဲ့ ရေသန့်ဘူးကိုထမ်းပြီးတော့ လမ်းထိပ်က ဘီယာဆိုင်မှာ ABC ၁၀ ဂျား၊  မြန်မာဘီယာ ၁၅ ဂျားလားမသိဘူး အဲ့ဒီ ရေသန့်ဘူးထဲကိုထည့်။  ရေခဲ ၃ထုပ်လောက်ဝယ်။  အိမ်ပြန်ရောက်တော့ ဂရန်း ၂ လုံးကို အဲ့ဒီ ရေသန့်ဘူးထဲကိုထည့်။  ပြီးတော့ ရေခဲတွေထည့်။  ပိုက်ခေါင်းလေးက ဖွင့်လိုက်ရင် ဟော… ခွက်ထဲကို ၃ ပင်လိမ်လေးက အသင့်။  ဘာပြောကောင်းမလဲ သောက်ကြတာပေါ့ဗျာ။  သောက်တော့ ထုံးစံအတိုင်း အချိန်တန်ရင် ကွဲတဲ့လူတွေကတော့ ကွဲကြပေါ့။
          ကျွန်တော်တို့ သူငယ်ချင်းတွေက လူညီတော့ သောက်ရတာကောင်းပါတယ်။  သိပ်ပြီး မူးလာရင် ရမ်းရမ်းကားကားမရှိကြပါဘူး။  အဲ.. ကြိုးတစ်ကြိုးကတော့ ဆောင်ထားရတယ်။  ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က မူးလာရင်..အတော်သွေးဆိုး။  ဒီတော့ သူ့မျက်လုံးကို ကြည့်ထားရတယ်။  ရေချိန်ကိုက်လို့ ကျော်လာပြီဆိုရင် မျက်လုံးကိုကြည့်လိုက် မျက်ထောက်နီကြီးနေကြည့်နေပြီဆိုရင်တော့ ဘာမှမပြောနဲ့ ကြိုးတုပ်ပြီးတော့ ခုတင်ပေါ်တင်ထားလိုက်ပေတော့။  အဲ့ဒါဆိုရင် အိပ်ပျော်သွားရော။  မဟုတ်ရင်တော့ ဂစ်တာတွေခွဲ၊ တီဗီတွေခွဲနဲ့ မနက်ကျရင် အိမ်က မနည်းပြန်ရှင်းယူရလွန်းလို့။  ပြီးရင်တော့ အေးအေးဆေးဆေးပြန်သောက်ကြပေါ့လေ။
          အဲ့ဒီညက ၃ ပင်လိမ်ကို တော်တော်များများ ထိသွားကြတယ်။  ကျွန်တော့်သူငယ်ချင်း ပြောင်ကြီးဆိုတဲ့ အကောင်ကတော့ အိမ်သာသွားမယ်ဆိုသွားလိုက်တာ မီးဖိုချောင်က လျှပ်စစ်မီးဖိုတင်ထားတဲ့ စဉ်အောက်ကို လေးဖက်ထောက်ပြီး ၀င်သွားတာ ပြန်ထွက်မလာတော့ဘူး။  ဒီလိုနဲ့ ည ၁၂ နာရီကျော်တော့ ၃ ပင်လိမ်လဲ ကုန်ပြီ။  ကျန်တဲ့လူတွေကလည်း ရေချိန်မကိုက်သေးတော့ နောက်ထပ် ဂရန်းတစ်လုံးဖွင့်ပြီးတော့ ထပ်တင်ကြပါတယ်။  ဒီမှာတင် ပြသနာက စတာ။  မျိုးလွင်ဆိုတဲ့အကောင်က ဘာမပြောညာမပြောနဲ့ ပြုတင်းပေါက်ထွက်ပြီး ဥသြောအရှည်ကြီး ဆွဲတော့သကိုး။  ကျွန်တော်တို့နေတာက ၇ ထပ်တိုက်ရဲ့ အပေါ်ဆုံးထပ်။  ဆိုလေတော့ မျိုးလွင်ရဲ့ ဥသြဖတ်တွေဟာ အောက်ထပ်တိုက်ကအခန်းတွေကို မျက်နှာမလိုက်ပဲနဲ့ အခန်းတိုင်းကို ဝေပုံကျ ဝေပြီးသားဖြစ်ပါတယ်။  နောက်ဆုံး ကျန်တော့ ကျွန်တော်ရယ် ဘိတ်သားရယ် နှစ်ယောက်ပဲကျန်တော့တယ်။  ကျန်တော့ နောက်ဆုံးလက်ကျန် ဂရန်းတစ်ပြားကို ဟိုကောင်က သူ့လွယ်အိတ်ထဲက ထုတ်လာတယ်။  ဒါနဲ့ပဲ ကျွန်တော်နဲ့ ဒီကောင်ဆက်သောက်ကြတယ်။  ကျွန်တော်ကတော့ နည်းနည်းပဲ သောက်နိုင်တော့တယ်။  ကျန်တာကို ဒီကောင်က ဂရန်းပြားလေး လက်မှာကိုင်လို့ ၀ရန်တာထွက်ပြီး သောက်ပါတယ်။  ခဏနေတော့ သူလည်းပြန်ဝင်လာတယ်။  ဘာဖြစ်လို့လဲမေးတော့ ရွှေတိဂုံစေတီကို ၃ ဆူမြင်နေရလို့တဲ့။  အဲ့ဒီလိုနဲ့ ကျွန်တော်တို့လည်း မှောက်ခြင်းအဖြစ်သို့ ရောက်ပါတော့တယ်။
          မနက်ကျတော့ ဘာပြောကောင်းမလဲ သူငယ်ချင်းနှစ်ယောက်က ရေပုံးလေးတွေဆွဲ၊  အ၀တ်စုတ်လေးတွေကိုင်ပြီးတော့ တစ်ခန်းချင်းစီကို တံခါးခေါက်ရတာပေါ့လေ။  အောက်ထပ်က အဖိုးနဲ့အဖွားနေ့တဲ့ အခန်းကျတော့ အရက်မကောင်းကြောင်းတရားဟောတာကို ၁၅ မိနစ်လောက်နာ၊ ဟုတ်ကဲ့ခင်ဗျ။ နောက် မဖြစ်စေရပါဘူး အဘနဲ့ အဘွား ဘာညာနဲ့ အံဖတ်တွေ သုတ်၊ ၅ ထပ်ကိုဆင်း.. လင်မယားနှစ်ယောက်နေတဲ့အခန်း၊  သူတို့ ပြောသမျှကို ဟုတ်ကဲ့ပါခင်ဗျ၊ မှားပါတယ်ခင်ဗျ၊ နောင်ဒီလို မဖြစ်စေရပါဘူးခင်ဗျ ဆိုပြီး အံဖတ်လေးတွေကို စင်အောင်သုတ်။  အဲ့ ၄ ထပ်ကျတော့ သင်္ဘောသားတွေ၊ ရတယ်ညီလေး ထားခဲ့ အကိုတို့ သုတ်မယ်။ ဒီလိုပါပဲ ဖြစ်တတ်ပါတယ် ဘာရယ်နဲ့ ဆိုတော့ သိပ်များများစားစား မပြောရပါဘူး။  ဒီလိုနဲ့ တစ်ခန်းပြီး တစ်ခန်း လိုက်ပြီး အံဖတ်သုတ်ပေးရတော့ပေါ့လေ။  အောက်ဆုံးထပ်ကတော့ အိမ်ရှင်ခင်ဗျ။  ဘယ်ပြောကောင်းလိုက်မလဲ ကျွန်တော်တို့ကို စာချုပ်ပြည့်တော့ အခန်းဆက်မငှားတော့ဘူး။

Friday, June 8, 2012

ညီကြစို့ရဲ့... တွဲလက်တွေ


ထမင်းရေ ချောင်းစီး မောင်းတီးလှုမကွဲ့
ဖြူတဲ့ သဒ္ဒါ၊ တို့မြန်မာတို့
သည်မြေပေါ်မွေး၊ သည်ရေသောက်လို့
တွဲလက်တွေမြဲ ဆောက်ခဲ့ကြသည်
တို့တိုင်းပြည်။

စိတ်ရင်းမမှန်၊ စိတ်ယုတ်ကြံလို့
ဘင်္ဂါလီ ခေါ်၊ ခေါ်တောတသိုက်
တို့မြေကိုနင်း၊ တို့ရေကိုသောက်
တို့သွေးကိုပါဖောက်လို့ တို့တွေကို ချေတော်တင်တော့မည်
တို့တိုင်းပြည်။

မျိုးမမှန် အသီး၊ လောင်းရိပ်မှီလို့
ဒေါ်လာကိုစား၊ ကုလားဖြူကိုဘုရားထူးလို့
ဟစ်အော်ကြသည် သမိုင်းကိုလှန်
ရိုဟင်ဂျာကိုမှ သွေးနှောချင်ကြသတဲ့၊ ရာဇ၀င်ရိုင်းလှသည်
တို့တိုင်းပြည်။

ဖြူလှ သဒ္ဒါ၊ လူမျိုးမခွဲ ဘာသာကွဲလဲ
ပေးသည်အလှူ၊ ထားသည်နေရပ်
သားရေပေါ်အိပ်၊ သားရေနားစား ထိုခွေးများက
တို့လည်ကိုနင်း စစ်တလင်းဖြစ်ကာနေရော့မည်
တို့တိုင်းပြည်

တို့မြေကိုကျူး၊ တို့သွေးကိုဖောက်
ခေတ်သစ် ကျွန်ဇာတ်၊ သွင်းတော့မည်ဟန် သူတို့ကြံ
လည်စင်းခံရင်ဖြင့် သမိုင်းမှာပါ အမည်းစက်တွင်ပေလိမ့်မပေါ့
နိုးထကြလော့ အိုအဆွေတို့၊ ငါ့တို့ပြည်သည်
တို့တိုင်းပြည်

ဒါတို့တိုင်းပြည်၊ တို့တိုင်းပြည်မို့
ထလော့ မြန်မာ၊ အို….မြန်မာတို့
တို့ တိုင်းပြည် ထည်ထည်ဝင့်အောင်
တွဲလက်မြဲညီ၊ တို့စုစည်းရင်ဖြင့်
ဘယ်ရန်တွေမမှု့ပါဘူး၊ အောင်ပန်းတွေဆွတ်ကာလှမ်းမယ်
ဇွဲမလျှော့ ကြစတမ်း။

ဖယောင်းတိုင်ထွန်းစရာမလိုတော့တဲ့ တစ်ကိုယ်ရေသုံး နေရောင်ခြည်စွမ်းအင် လျှပ်စစ်

          ရွှေပြည်ကြီးမှာတော့ လျှပ်စစ်ဓာတ်အားတွေ ပိုလျှံလွန်းလို့ လူတိုင်း ဖယောင်းတိုင်လေးတွေနဲ့ နေသားကိုကျလို့။  ကဲ.. ဟောဒီမှာတော့ ဖယောင်းတိုင်မလိုတော့ဘူး၊  တစ်ကိုယ်ရေသုံး နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်ပေးမယ့် စက်ပါတဲ့။  တီထွင်လိုက်တဲ့လူတွေကတော့ ထုံးစံအတိုင်း ဂျပန်တွေပဲဖြစ်ပါတယ်။  တိုင်ယို ကိုဂျို ကုမ္ပဏီက ထုတ်လိုက်တဲ့ တစ်ကိုယ်ရေသုံး နေရောင်ခြည်စွမ်းအင် လျှပ်စစ်ထုတ်ပေးနိုင်တဲ့ စက်ကလေးကတော့ ဘယ်ကိုသွားသွား ပေါ့ပါးလွယ်ကူစွာ သယ်သွားလို့ရပါသတဲ့။  အဆိုပါ နေရောင်ခြည်စွမ်းအင်နှင့် ဘက်ထရီပေါင်စပ်ထားတဲ့ စက်ကလေးကိုတော့ WINGSOL MSR-110B လို့ နာမည်ပေးထားပါတယ်။  ဒီစက်ကလေးမှာတော့ အပိုင်း ၂ ခုပါပါတယ်။  ပထမတစ်ခုက နေရောင်ခြည်ကနေ လျှပ်စစ်စွမ်းအင် ပြောင်းပေးမယ့် လိပ်သိမ်းနိုင်တဲ့ ဆိုလာပြားဖြစ်ပါတယ်။  နောက်တစ်ခုကတော့ ဘက်ထရီပါ။
          ဘက်ထရီနဲ့ ဆိုလာပြားနဲ့က တစ်ခုချင်းစီဆိုတော့ ဘက်ထရီကို အိမ်ထဲမှာ ထားထား၊ အိမ်ပြင်မှာထားထား အားသွင်းရလွယ်ကူပါတယ်တဲ့။  ဘက်ထရီကတော့ နီကယ် ဟိုက်ဒရိုဂျင် ဘက်ထရီဖြစ်ပါတယ်။  နေရောင်ခြည်ကိုသုံးပြီးတော့ ၈ နာရီအားသွင်းရမှာဖြစ်ပါတယ်။  အားပြည့်သွားရင်တော့ LED မီးသီးတွေကို ၆ နာရီကနေ ရ နာရီအထိသုံးနိုင်ပြီး ကွန်ပျူတာဆိုရင်တော့ ၂ နာရီကနေ  ၃ နာရီ အထိ သုံးနိုင်ပါသတဲ့။  ဆိုလာပြားနဲ့ ဘက်ထရီနဲ့ ပေါင်းမှ ၃၂ ပေါင်သာလေးပါသတဲ့။
          ဒါပေမယ့် လောလောဆယ် အချိန်အထိကတော့ ဈေးက မသေးဘူး ခင်ဗျ ဒေါ်လာ ၇၆၀၀ ကျော်လောက်ရှိတော့ တစ်ခုကို ၇ သိန်းဝန်းကျင်လောက်ရှိပါတယ်။  ဒါပေမယ့် တရုတ်ပြည်ရောက်သွားရင်တော့ ဈေးပေါပေါနဲ့ ထွက်လာချင် လာမှာပေါ့လေ။  ဒီတော့ ကျွန်တော်တို့တွေလည်း ဖယောင်းတိုင်အစား ဒါလေးတွေသာ ဆောင်ထားကြရင်ဖြင့် တိုင်းပြည်တစ်ဝှမ်း ကိုယ်ပိုင်လျှပ်စစ်အစွမ်းနဲ့ ထိန်ထိန်းလင်းတော့မယ် ထင်ပါရဲ့။

Thursday, June 7, 2012

သတိ ၀သောသူများကို မီးမရှို့ရ.. လောင်တတ်သည်


          သြစတြီးယားမှာတော့ ထူးထူးဆန်းဆန်း မီးလောင်မှု့ ဖြစ်သွားပါတယ်။  ဖြစ်တဲ့နေရာကလည်း မီးသင်္ဂြိုလ်တဲ့ စက်ရုံမှာပါတဲ့။  ဖြစ်ပုံကတော့ ပေါင် ၄၄၀ ရှိတဲ့ အ၀လွန်အမျိုးသမီး တစ်ယောက်ရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုလ်ရင်းနဲ့ မီးသင်္ဂြိုလ်စက်ရဲ့ Filter ကို ပိတ်မိစေကာ အပူချိန် ၃၀၀ ဒီဂရီ စဲလ်စီအက်စ်လောက်အထိ ရောက်လာပါသတဲ့။  နောက်တော့ မီးခိုးတွေအူထွက်လာပြီး မီးသတ်သမားတွေဟာ ခက်ခက်ခဲခဲ ၀င်ရောက်ပြီး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။  အင်္ဂလန်တို့၊ ဆွီဒင်တို့မှာတော့ အ၀လွန်သူတို့အတွက် သီးသန့် မီးသင်္ဂြိုလ်စက်တွေ ရှိတယ်လို့ဆိုပါတယ်။  တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို သြစတြီးယားမှာလည်း ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း။  ဟိုတစ်လောကလည်း သြစတြီးယားက နာမည်ပြောင်းဖို့ စီစဉ်နေတဲ့ ရွာအကြောင်းလေး ပိုစ့်တင်ခဲ့ပါသေးတယ်။  အင်း… မြန်မာနိုင်ငံမှာတော့ အရမ်းဝတဲ့လူတွေ (၀အောင် စားနိုင်သောက်နိုင်တဲ့လူတွေ၊ အချို့ အချို့ကလွဲလို့ပေါ့လေ) အရမ်းမများသေးတာကြောင့်ပဲ မင်းကြီးများကို ကျေးဇူးတင်ရမလိုလို ဖြစ်နေပြီ။  မဟုတ်ရင် မီးသင်္ဂြိုလ်စက်တွေလည်း ဆိုဒ်ကြီး ရဦးမယ်ထင်ပ။  

Wednesday, June 6, 2012

ကျွန်တော်နှင့် စင်ကာပူ အလွဲများ ၂


          စင်ကာပူ အလွဲများလို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် ကျွန်တော်တစ်ယောက်ထဲ လွဲတာတွေတော့ မဟုတ်ဘူး။  ကျွန်တော်တို့ သူငယ်ချင်းတွေ တစ်ယောက် တစ်ပေါက်လွဲကြတာလေးတွေ အမှတ်တရ အဖြစ်ရေးလိုက်တာပါ။

နောက်တစ်ဗူး
          စင်္ကပူကို ပထမဆုံးလာတော့ လေယာဉ်က SilkAir…  ထုံးစံအတိုင်း စတိုင်ဘောင်းဘီလေးနဲ့၊ ရှပ်အင်္ကျီလေးနဲ့၊  Suit case လေးနဲ့ မယောင်မလည၊် အူတူတူနဲ့ ပထမဆုံး လေယာဉ်ပျံစီးဖူးတဲ့ အခေါက်ပေါ့။  လေယာဉ်ကြီးကလည်း အကြီးကြီး။  လူတွေကလည်း အများကြီး။  Flight Attendance လေးတွေကလည်း ဖော်ဖော်ရွေရွေ၊ ဘာတောင်းသောက်သောက်တိုက်သဗျား။  ဘီယာ တစ်ဘူး၊ ဟောကုန်သွား ဟိုအပေါ်လေးနားက ခလုပ်လေးနှိပ်လာ ခဏဆို လေယာဉ်မယ် ရောက်လာ၊ ဟော… နောက်တစ်ဘူး။  တယ်နိပ်သကိုး။ ဘီယာတွေ တ၀ကြီး သောက်လို့ရမှန်း အဲ့ဒီကျမှ သိတော့တယ်။  ဘေးနားကလူ ဘီယာသောက်၊ လူခေါ်တာတွေ့တော့ ကိုလည်း ခေါ်တာပဲ။  သူသောက်သလို ဘီယာလိုက်သောက်တာပဲ။  ဒီလိုနဲ့ ထမင်းစားချိန်ရောက်လာပါလေရော ဆိုပါတော့။  ထမင်းစားချိန် လေယာဉ်ပေါ်မှာ ကျွေးတာက ပါးစပ်ထဲ တယ်ခါးတွင်းတွေ့သိကိုး။  တစ်ဗူးက ခဏလေးပြောင်သွားရော။  ဘယ်ရမလဲ ခပ်တည်တည်နဲ့ Flight Attendance ကိုခေါ် ထမင်းနောက်တစ်ဗူး ထပ်တောင်းတာပေါ့။  အဲ့ဒီမှာတင် ပြသနာက စတော့တာ။  ထမင်းက တစ်ဗူးသာရကြောင်း လေယာဉ်မယ်ကပြောပါတယ်။  ဘေးနားကလူတွေကတော့ ပြုံးစိစိ။  ကျွန်တော်သာ မျက်နှာကြီးနီလို့။

ကာရာအိုကေ
          စင်ကာပူအရင်ရုံးမှာတုန်းက တစ်ခါတစ်လေ(ခဏ ခဏပေါ့လေ) ရုံးနောက်ကျပါတယ်။  ရုံးနောက်ကျရင်တော့ တက္ကစီနဲ့ ပြေးရသကိုး။  အဲ့.. ထူးထူးဆန်းဆန်းအဲ့ဒီနေ့က စီးမိတာက တက္ကစီအနက်ရောင်ကြီး။  လွဲတယ်တော့ မဟုတ်ဘူး။  ထူးထူးခြားခြား အဲ့ဒီ တက္ကစီမှာက ကာရာအိုကေ စက်နဲ့၊ LCD တီဗီနဲ့၊  တစ်ကားလုံး စပီကာ အပြည်ဗျ။  တက္ကစီ ဒရိုင်ဘာကလည်း ကိုမိုက်ခဲ။  ကားပေါ်ရောက်ထဲက စင်ကာပူတစ်ခွင်မှာ သူ့လိုကားမျိုး တစ်စီးထဲသာရှိကြောင်း၊ ကားပေါ်မှာတင် ကာရာအိုကေဆိုနိုင်ကြောင်း ဘာညာနဲ့ ပြောတော့တာပဲ။  ဒါမျိုး ဆိုဘယ်ရလိမ့်မလဲ ကားပေါ်မှာ ဒရိုင်ဘာနဲ့ နှစ်ယောက်သား မိုက်ကိုင်ပြီး ဟဲကြတာပဲ။  ဒရိုင်ဘာကလည်း မခေဘူး၊  အင်္ဂလိပ်၊ စပိန် သီချင်းတော်တော်များများကို ရသဗျ။  ထိုင်းသီချင်းတောင် ဆိုလိုက်သေး။  ပြီးတော့လည်း မေးလိုက်သေးတယ် မြန်မာလို ဆိုတတ်ချင်တယ်တဲ့။  မြန်မာ အခွေတွေ ဘယ်မှာဝယ်ရမလဲ ဆိုပြီးတော့။  ကျွန်တော်လည်း ပန်နီစူးလား ပလာဇာကို ညွှန်းလိုက်သေးတယ်။  အဲ့ဒီနေ့က ရုံးကို တော်တော်နောက်ကြမှရောက်ဖြစ်တယ်။  မိုက်ခဲ သီချင်းဆိုရင်း တက္ကစီကို ပတ်မောင်းခိုင်းနေတာ။ 

Tuesday, June 5, 2012

ယူရို ပိုက်ဆံပေါ်မှ ပြည်တန်ဆာပုံများ


          ယူရိုငွေကြေးကို သေချာကြည့်ဖူးပါသလား?  ယူရိုငွေကြေးရဲ့ အချို့သော ဥပမာ ၅၀တန်၊ ၁၀ တန်နဲ့ ၅ယူရိုတန် ငွေကြေးတွေမှာ ပြည့်တန်ဆာ ပုံထည့်သွင်းထားပါတယ်။  ဒီလို ပိုက်ဆံတွေကိုတော့ ၂၀၀၂ ခုနှစ် စတင်ထုတ်ဝေကထည်းက ပါဝင်ခဲ့ပါတယ်။  ရည်ရွယ်ချက်ကတော့ ယူကရိန်းနိုင်ငံကနေ ယိုစိမ့်စီးဝင်လာတဲ့ တရားမ၀င် အမျိုးသမီး ပြည်တန်ဆာ များကို လျှော့ပါးစေဖို့ ဖြစ်ပါသတဲ့။  ယူကရိန်းနိုင်ငံမှာတော့ လိင်ကုန်ကူးမှု့ဟာ အလွန်ဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။  ၁၉၉၁ ကနေ၂၀၀၇ အထိ ယူကရိန်း မိန်းကလေးငယ်ပေါင်း ၁သိန်း ၁သောင်း ၇ ကျော်ဟာ ပြည်တန်ဆာလုပ်ဖို့ အတင်းအကျပ်စေခိုင်းခြင်းခံခဲ့ရပြီး ဒါဟာ အခြားသော အရှေ့ဥရောပနိုင်ငံတွေထက် အရည်အတွက်များပါတယ်။

Monday, June 4, 2012

သွားကြဦးမလား ဘူဂေးရီယားရဲ့ နှင်းဆီပွဲတော်


          ဘူဂေးရီးယားနိုင်ငံ ကာဇန်လခ်မြို့ကလေးဟာ နှင်းဆီတွေကြောင့် နာမည်ကြီးပါတယ်။  ဒီမြိုကလေးမှာ နာမည်ကြီးတာကတော့ နှင်းဆီတောင်ကုန်းလေးလို့ခေါ်တဲ့ Rose Valley ပါ။  ဒီတောင်ကုန်းလေးပေါ်ကို သင်သွားလိုက်ရင် နှင်းဆီစိုက်ခင်းတွေနဲ့ မွှေးမြမြနှင်းဆီရနံလေးတွေက သင့်ကို လွှမ်းခြုံထားမှာ ဖြစ်ပါတယ်။  ဘူဂေးရီးယားက နှင်းဆီတွေဟာ ရနံမွှေးပျံလှတာမို့ နိုင်ငံတကာက ရေမွှေးထုတ်လုပ်သူတွေက ၀ယ်ယူကြပါတယ်။  တကမ္ဘာလုံးမှာတော့ ဘူဂေးရီယားနိုင်ငံဟာ နှင်းဆီတင်ပို့မှု့အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီးတော့ အဆိုပါ ကာဇန်လခ်မြို့ကလေးကတော့ နှင်းဆီစိုက်ပျိုးထုတ်လုပ်မှု့အများဆုံးပါတဲ့။
          ဒီမြို့လေးရဲ့ ထူးထူးခြားခြားပွဲတော်ကတော့ နှင်းဆီပွဲတော်ဖြစ်ပါတယ်။  ဇွန်လရဲ့ ပထမပတ်ဆိုရင်တော့ နှင်းဆီတွေလှိုင်လှိုင်ပွင့်ပါပြီ။  ဒီအချိန်မှာတော့ အရောင်စုံ၊ ရနံစုံလှတဲ့ နှင်းဆီပန်းတွေကို သင်တစ်နေ့၊ တစ်မျိုး မရိုးရအောင်ကို တွေ့ရမှာပါ။  နှင်းဆီပွဲတော်ကလေးမှာ အထူးခြားဆုံးကတော့ နှင်းဆီဘုရင်မကို ရွေချယ်တာပါ။  သူတို့ မြို့ကလေးရဲ့ အချောဆုံးသော မိန်းကလေးကို နှင်းဆီသခင်မ အဖြစ်တင်မြှောက်ကြတာပါပဲ။
          ၁၉၀၃ ခုနှစ်ထဲက စခဲ့တဲ့ ဒီ နှင်းဆီပွဲတော်လေးဟာ ခုဆိုရင် နှစ်ပေါင်း ၁၁၀ ရှိပါပြီ။  နှစ်စဉ်နှစ်တိုင်း နှင်းဆီပွဲတော်ရက်ဆိုရင် တစ်ကမ္ဘာလုံးက အလည်အပတ်လာရောက်ကြတဲ့လူတွေနဲ့ စဉ်ကားလေ့ရှိပါသတဲ့။  ကဲ.. နှင်းဆီပွဲတော်လေးကို ဓာတ်ပုံထဲကတစ်ဆင့် သွားကြရအောင်လား…..

Sunday, June 3, 2012

မိုင်ပေါင်း ၁၁၀၀ ကျော်ကို စက်ဘီးသမားတွေနဲ့အတူ လိုက်ပြေးတဲ့ ခွေးကလေး

          တရုတ်နိုင်ငံမှာတော့ ခွေးကလေး တစ်ကောင်ဟာ စက်ဘီးသမားတွေနဲ့အတူ မိုင်ပေါင်း ၁၁၀၀ ကျော်၊ ပေပေါင်း ၁သောင်း၃ထောင်ကျော်မြင့်တဲ့ တောင်ပေါင်း အနည်းဆုံး ၁၂ တောင်ကို ကျော်ဖြတ်ပြီး ပြေးနိုင်လို့ နာမည်ကြီးနေပါတယ်။  ဒီ ပိုင်ရှင်မရှိတဲ့ ခွေးကလေးဟာ စက်ဘီးသမားတွေရဲ့ အစီအစဉ်ဖြစ်တဲ့ တရုတ်နိုင်ငံတောင်ပိုင်း စီချွမ်နယ်ကနေ တိဘက်ရဲ့ လာဆာကို ၂၄ရက်နဲ့ စက်ဘီးနင်းမယ့် အစီအစဉ်မှာ စက်ဘီးသမားတွေနောက်ကနေ တစ်ကောက်ကောက် လိုက်ခဲ့တာ ဖြစ်ပါတယ်။
          “ပထမတော့ ကျွန်တော်တို့ဟာ သူ့ကို အိမ်ပြန်ခေါ်ပြီး မွေးဖို့ အစီအစဉ်မရှိဘူး၊ ဒါပေမယ့် ဒီခွေးကလေးရဲ့ ခံနိုင်ရည်ကို တွေ့ရတော့ ကျွန်တော်တို့ အရမ်းကို အံသြသွားခဲ့ရတယ်။  ဒီခွေးကလေးဟာ စီချွန်နယ် ချန်ဒူးမြိုကနေ လိတန်မြို့အထိ (၂.၆မိုင် အမြင့်ရှိတဲ့ မြို့ကလေး) ကျွန်တော်တို့ အဖွဲ့နဲ့ အတူ တောက်လျှောက်လိုက်လာခဲ့ပါ။  နောက်ပိုင်းမှာတော့ ကျွန်တော်တို့ သူ့အတွက် ခြင်းကလေးတစ်ခုလုပ်ပေးမယ်လို့ တောင်ပေါ်ကပြန်ဆင်းလာတော့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်” လို့ တရုတ်ဗဟို ရုပ်မြင်သံကြားဋ္ဌာနကို အသက်၂၂နှစ်ရှိ စက်ဘီးစီးအဖွဲ့က ကောလိပ်ကျောင်းသား ရှောင်ရောင်က ပြောသွားပါတယ်။
          ဒီခွေးကလေးလိုက်လာပုံကတော့ ရှောင်ရောင်က ကြက်ပေါင်တစ်ခုကို ခွေးကလေးကို ကျွေးရာကနေပြီးတော့ ခွေးကလေးဟာ ဒီလို ခရီးရှည်စက်ဘီးစီးအဖွဲ့နဲ့အတူ လိုက်ပါလာတာဖြစ်ပါတယ်။  ခုတော့ သူတို့အဖွဲ့ဟာ ခွေးကလေးကို ရှောင်စာ လို့ နာမည်ပေးထားပါသတဲ့။  ရှောင်ဆိုတာကတော့ အသေးလေးလို့ အဓိပ္ပာယ်ရပြီး စာ ဆိုတာကတော့ သူတို့ရဲ့ ခရီးစဉ်အဆုံးသတ်မယ့်မြို့နာမည်ရဲ့ နောက်ဆုံး စာလုံးကို ယူထားတာပါတဲ့။ 

Saturday, June 2, 2012

ကျွန်တော်နှင့် ဒေါ်ဇာဖြူ


          ­­ဒေါ်ဇာဖြူတို့က ပင်လယ်ပိုင်းက။  ပွင့်ကောင်း ငံပြာရည်တို့နဲ့ တစ်ရွာထဲသားတွေ။ ပွင့်ကောင်း ငံပြာရည်ဆိုတာက အခု ရွှေပုဇွန် ကိတ်နှင့် အအေးဆိုပြီး နာမည်ကြီးလာတဲ့ ဦးပွင့်ကောင်း။  ဆိုလိုချင်တာက ငံပြာရည်ကောင်းတယ်ဆိုတာကိုပါ။  ဒေါ်ဇာဖြူက သူတို့နယ်က ငံပြာရည်ကို ယူပြီး ပုသိမ်မှာရောင်းတာ။  ရောင်းတယ်ဆိုတာက သူများတွေလို ပုလင်းတွေဘာတွေသွပ်ပြီး စီးပွားဖြစ် ရောင်းတာမဟုတ်ဘူး။  လက်လီရောင်းတာ။  သူတို့အိမ်မှာက ငံပြာရည်ကို စဥ့်အိုးကြီးတွေနဲ့ လှောင်ထားတာ။  ရပ်ကွက်ထဲက ၀ယ်ချင်တဲ့သူတွေက ပုလင်းလေးတွေနဲ့လာ ဒေါ်ဇာဖြူက ခွက်နဲ့ချိန် ပုလင်းထဲထည့် ၁၀ ဖိုး၊ ၂၀ ဖိုး စသည်ဖြင့် လာဝယ်ကြတာများတယ်။
          တစ်ခြား ဘာစီးပွားရေးရှိလည်းဆိုတော့ သူတို့အိမ်မှာ ကျောင်းသူလေး တစ်ယောက်နှစ်ယောက် တင်ထားမယ်။  အိမ်ရှေ့မှာတော့ ဆေးခန်းလေးတစ်ခုကို ငှားထားတယ်။  အဲ့ဒီဆေးခန်းမှာ ကျွန်တော့် အမေက ဆေးခန်းထိုင်တယ်။  ဒီတော့ ကျွန်တော်လည်း အမေ့ဆေးခန်းကို ငယ်ငယ်တုန်းက လိုက်သွားပြီး ဆော့လေ့ရှိတယ်။  အဲ့ဒီမှာတင် ဒေါ်ဇာဖြူရယ်၊ သူ့သမီးရယ် သူ့သမီး တူမနှစ်ယောက်ရယ်နဲ့ အသိဖြစ်တယ် ဆိုပါတော့။  ဒေါ်ဇာဖြူက အဲ့ဒီအချိန် အသက် ၆၅၊ ၇၀ လောက်ရှိပြီထင်ပ။  ဖွားဇာဖြူလို့ ခေါ်ကြတာပေါ့လေ။  ကျွန်တော်ကတော့ လူကြီးတွေခေါ်တဲ့ ဒေါ်ဇာဖြူကို နှုတ်ကျိုးနေတော့ ဒေါ်ဇာဖြူလို့ပဲခေါ်တယ်။ ဖြူဖြူဖွေးဖွေးနဲ့ အမြဲတမ်း သနပ်ခါးလေး တဖွေးဖွေးပေါ့။
          အဲ့ဒီအိမ်လေးကလည်း အဆန်းသား။  ထူးထူးဆန်းဆန်းတွေကြုံရတာလည်း အဲ့ဒီအိမ်မှာပဲ။  အရင်တစ်ခေါက်တုန်းက ကျွန်တော်နှင့် ဥစ္စာစောင့် တစ်ကယ်ရှိတာလား ဆိုပြီး ပိုစ့်တင်ဖူးပါတယ်။  အဲ့ဒီ အဖြစ်အပျက်ကလေးကလည်း အဲ့ဒီအိမ်မှာပဲဖြစ်တာပဲ။  ဒေါ်ဇာဖြူ့သမီးရဲ့ တူမအကြီးက သိုက်ကလာတာလို့ဆိုတယ်။  နောက်သိုက်က မောင်နှမတွေ ၀င်ပူး၊ သိုက်ကြောတွေဘာတွေဖြတ် အဲ့ဒီလို ထူးထူးဆန်းဆန်းတွေ။  နောက်ပိုင်း ဖြစ်ရပ်တွေကတော့ အဲ့ဒီပိုစ့်မှာ ရေးထားလို့ ဖတ်ချင်ရင် အဲ့ဒီကိုသွားဖတ်ကြပါ။  အဲ.. အခုတော့ ဒေါ်ဇာဖြူ့အကြောင်းဆက်လိုက်ဦးမယ်။

Friday, June 1, 2012

ဟာသတိုလေးများ - ၇


ရုပ်ပျိုကိုယ်နုဆေး
          ကိုဘမောင်တို့ မိသားစု မြို့ပေါ်သို့ အလည်လာကြသည်။  ရှော့ပင်းမောကြီးထဲမှာ ရှိသောဆိုင်တိုင်း၊ ဆိုင်တိုင်း ကိုဘမောင်တို့ အတွက် အထူးအဆန်းပင်ဖြစ်သည်။  ကိုဘမောင် မိန်းမကတော့ အ၀တ်အထည်တန်းမှာ ရွေးနေသည်မှာ မပြီးတော့။  သားအဖ နှစ်ယောက် ဟိုဟိုဒီဒီလျှောက်ကြည့်ကြသည်။  ဓာတ်လှေကားကြီးကို သွားတွေ့သည်။
“ဖေဖေ… အဲ့ဒါဘာကြီးတုန်းဟင်….”
“အဖေလည်း တစ်သက်မှာ တစ်ခါမှ မမြင်ဖူးသေးဘူး သားရဲ့”
ထိုစဉ် အသက် ၄၀ ကျော် မိန်းမ ၀၀ ဖိုင့်ဖိုင့်ကြီးတစ်ယောက် ဓာတ်လှေကား ခလုပ်ကိုနှိပ်သည်။  ဓာတ်လှေခါး တံခါး ပွင့်လာသည်။  ထိုမိန်းမကြီး ဓာတ်လှေကားထဲသို့ ၀င်သွားသည်။  ဓာတ်လှေကား တံခါးပိတ်သွားသည်။  ထိုမိန်းမကြီး အပေါ်ထပ်သို့ တပ်သွားသည်။  ကိုဘမောင်တို့ သားအဖ မျက်တောင်မခတ်ကြည့်နေကြသည်။
          ခဏနေသော်… ဓာတ်လှေခါး တံခါး ပြန်ပွင့်လာသည်။  အသက် ၂၄ နှစ်အရွယ် ကောင်မချောချောလေး တစ်ယောက် ဓာတ်လှေကားထဲမှ ထွက်လာသည်။  ကိုဘမောင်တို့ သားအဖ အံအားသင့်သွားသည်။
“ဟ  နိပ်ဟာ.. ဟေ့သားရေ… မင်းအမေကို မြန်မြန်သွားခေါ်”