သြော်.. ဘာလိုလိုနဲ့ အောက်တိုဘာလတောင် ကုန်ရောပေါ့။ ပြီးခဲ့တဲ့ တစ်ပတ်က စင်ကျားပေါ ခဏ ပြန်သည်။ ဘာရယ်မဟုတ်… အလုပ်ထဲမှ လွတ်ရာကျွတ်ရာကို ပြေးခြင်းဖြစ်သည်။ အခွန်ကိစ္စတွေ ရှင်းသည်။ ကျန်တဲ့ရက်နားသည်။ နားတော့ ဘယ်မှ လျှောက်မသွားဖြစ်။ ချယ်ရီမြေတစ်ခေါက်ရောက်သည်။ ကျန်တဲ့ ရက်တွေကတော့ အိမ်မှာပဲ ကပ်နေဖြစ်သည်။ ကပ်နေဖြစ်ဆို အိမ်က သူငယ်ချင်းတွေက PS3 ၀ယ်ထားတော့
ဘောလုံး လှိမ့်ကန်နေခြင်းသာဖြစ်သည်။ ကန်သည့်ပွဲတိုင်းက
ရှုံးသည်။ PS2 နှင့် အတော်ကွာသည်။
သွားရည်ကျနေသော ပန်းသီးရဲ့ ရက်တီးနား ရုပ်ထွက်နှင့်
မက်ဘွတ်ကြီးကို သွားငမ်းသည်။ အို… ပါးပါးလေးပါလား….
ဟာ… ရုပ်ထွက်ကောင်းလိုက်တာ… လိုချင်လိုက်တာ… လိုချင်လိုက်တာ… ရှု့မငြီးက ပါမစ်ပိတ်ထားတော့
တံထွေးမြိုချပြီး ပြန်လာရသည်။ စိတ်ကတော့ မလျှော့ချင်….
တစ်ခုခုတော့ ၀ယ်ရမှဖြစ်မည်။ ဒီတော့ ပန်းသီးရဲ့
အသစ်ထွက်တဲ့ နားကျပ်တစ်ခုနဲ့ Airport Express သာဝယ်ပြီးပြန်လာသည်။ နားကျပ်က နားထဲထိုးထည့်လို့ကောင်းတာကလွဲပြီးတော့ ထူးထူးခြားခြားတော့ ဘာမှမဟုတ်။ ဒီအသံက ဒီအသံသာဖြစ်သည်။ Dr. Dre ကမှ ပိုကောင်းသေးသည်။ Airport Express နဲ့ဆိုရင်တော့ Wifi နဲ့ ဆောင်းဘောက်တွဲပြီး
သီချင်းဖွင့်လို့ရမည်။ ဒီလိုနဲ့ ရှန်ဟိုင်းပြန်ဖို့ ချန်ဂီ လေဆိပ်ရောက်တော့ 32G iPod သွားတွေ့သည်။
Duty Free ဆိုတော့ ၃၇၀ လောက်ပဲပေးရသည်။
တန်သည်… ၀ယ်သည်။ ရှု့မငြီး က ဒါကို ၀ယ်မှန်းမသိချေ။ သို့ပေမယ့် နားကျပ်တစ်ခုကတော့ ပိုနေပြီ။
ဒီလိုနှင့် တရုတ်ပြန်ရောက်လာသည်။ မက်ဘွတ်ကြီးကတော့ လိုချင်တုန်း….။ အို.. ဘာဖြစ်ဖြစ်ပေါ့လေ.. စိတ်ထိန်း စိတ်ထိန်း။ စိတ်ထိန်းလို့မရတော့ ခုသုံးနေတဲ့ ကွန်ပျူတာကို
OS X Mountain Lion ပုံစံအတုကို ဟောဒီကနေ 32bit အတွက်ရွေး၊ ဒေါင်းပြီးတော့ သွင်းပစ်လိုက်သည်။ ပေါ်လာတာလေးတွေက ဟို ရက်တီးနားရုပ်ထွက်ဟာကြီးနဲ့
ဆင်တင်တင်ဆိုတော့ ဘာပဲဖြစ်ဖြစ် နေသာထိုင်သာ အတော်ရှိသွားသည်။