စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, March 23, 2012

“လ” ဘယ်က စဖြစ်ပေါ်လာတယ်?


          လသာတဲ့ ညတွေဆို ကျွန်တော်တို့ ငယ်ငယ်တုန်းက ပြည့်ပြည့်ဝန်းဝန်း လမင်းကြီးကို ငေးမောကြည့်ရှု့ဖူးကြပါတယ်။  ဖိုးလမင်းကြီးရဲ့ “ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်တဲ့ အဖိုးအို” ပုံပြင်လေးကိုလည်း နားထောင်ဖူးကြမှာပါ။   လမင်းကြီးကိုကြည့်ပြီးတော့ ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်း တောင်းဖူးကြမှာပါ။  ဆိုလိုတာက လ ဆိုတာက ကမ္ဘာကြီးနဲ့ ခွဲမရတဲ့ ကမ္ဘာရဲ့ အရံဂြိုလ်တစ်လုံးပါ။  ဒီလို လမင်းကြီး ဘယ်လို ဖြစ်ပေါ်လာပါသလဲ?  ဒါဟာ ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာကထည်းက ရှေးလူတွေ သိချင်ခဲ့တဲ့ အဖြေတစ်ခုပါ။  လနဲ့ ပါတ်သတ်ပြီးတော့ ရှေးခေတ်လူတွေဟာ ပြက္ခဒိန်တွေ၊ ဘာသာစကားတွေ၊ အနုပညာတွေ၊ ဒဏ္ဍာရီပုံပြင်တွေ အများအပြား ဖန်တီးခဲ့ ရှိခဲ့ကြပါတယ်။  ဒီတော့ လ နဲ့ပါတ်သတ်ပြီး စိတ်ဝင်စားစရာတွေ အများကြီးတည်ရှိခဲ့ပါတယ်။  ဒီအထဲမှာတော့ လ ဘယ်ကနေ စပြီးဖြစ်ပေါ်လာတယ်ဆိုတာက ပိုပြီးစိတ်ဝင်စားစရာကောင်းလှပါတယ်။

ကမ္ဘာမြေမြင်မှ မြင်ရသော လမျက်နှာပြင် (near side)

ကမ္ဘာမြေမြင်၏ ဆန့်ကျင်ဘက်ခြမ်းမှ မြင်ရသော လမျက်နှာပြင် (far side) 


          ကျွန်တော်တို့ လမင်းကြီးကို သတိထားပြီး ကြည့်မိပါသလား?  လကို ကမ္ဘာမြေပြင်ကနေ ကြည့်ရင် အမြဲတမ်း မျက်နှာပြင် တစ်ခုကိုပဲ မြင်နေရမှာပါ။  ဘာဖြစ်လို့လဲဆိုတော့ လဟာ သူ့ဝန်ရိုးပေါ်မှာ လှည့်ပတ်နေပြီး တစ်ချိန်ထဲမှာ ကမ္ဘာကိုလည်း လှည့်ပတ်နေပါတယ်။  ဒီအတွက် ကမ္ဘာကနေကြည့်လိုက်ရင် လရဲ့ မျက်နှာပြင် တစ်ဘက်ထဲကိုပဲ အမြဲတမ်းမြင်နေရမှာပါ။  ဒါကို SYNCHRONOUS ROTATION လို့ ခေါ်ပါတယ်။  ကျွန်တော်တို့ အခုမြင်နေရတဲ့ လမင်းကြီးဟာ ကမ္ဘာမြေကနေ ကီလိုမီတာပေါင်း ၃၅၆၄၀၀ အနီးဆုံး ကနေ အဝေးဆုံး ကီလိုမီတာ ၄၀၆၇၀၀ ကြားမှာ ဘဲဥပုံစံလှည့်ပတ်နေတာပါ။  ဒီလို အမြဲတမ်းလှည့်ပတ်နေမှာလားဆိုတော့ မဟုတ်ပါဘူး… လဟာ ကမ္ဘာနဲ့ တစ်နှစ်ကို ၃.၈ စင်တီမီတာ ဝေးဝေးသွားတယ်လို့ဆိုပါတယ်။  ဒီ သီအိုရီသာမှန်ခဲ့တယ်ဆိုရင်တော့ နောင်နှစ် သန်း ထောင်ချီကြာရင် လဟာ ကမ္ဘာကို ခွဲခွာသွားမှာ ဖြစ်ပါတယ်။ 
 
   ကမ္ဘာကို လပေါ်မှ ရိုက်ကူးထားသော ဓာတ်ပုံ

       လဟာ ကျွန်တော်တို့ နေအဖွဲ့အစည်းရဲ့ ဂြိုလ်ကို လှည့်ပတ်နေတဲ့ အရံဂြိုလ်တွေထဲမှာတော့ အကြီးဆုံး ဖြစ်ပြီးတော့ ကမ္ဘာမြေရဲ့ ၄ ပုံ ၁ ပုံ အရွယ်အစားရှိပါတယ်။  နောက်ပြီးတော့ ကမ္ဘာ့အလေးချိန်ရဲ့ ၈၁ ပုံ ၁ ပုံ အလေးချိန်ရှိပါတယ်။  ဒါဟာ ကမ္ဘာထက် ပိုမိုပေါ့ပါးပါတယ်။  နောက်ပြီးတော့ ဂျူပီတာကိုလှည့်ပတ်နေတဲ့ Io အရံဂြိုလ်ပြီးရင်တော့ နေအဖွဲ့အစည်းထဲမှာ ဒုတိယမြောက် အမှောင်ဆုံး ဂြိုလ်ရံတစ်ခုလည်း ဖြစ်ပါတယ်။ 
          လဖြစ်ပေါ်လာပုံကတော့ သိပ္ပံပညာရှင်တွေ နည်းလမ်းပေါင်းများစွာကြံဆ စဉ်းစားခဲ့ကြပါတယ်။  ဂြိုလ်တစ်ခုဟာ ကမ္ဘာနဲ့ နီးကပ်နေတုန်း ကမ္ဘာ့ဆွဲအားကြောင့် လ ဖြစ်ပေါ်လာတယ်လို့လဲ ဆိုကြပါတယ်။  ဒါပေမယ့် အဖြစ်နိုင်ဆုံး လက်ခံကြတဲ့ သီအိုရီကတော့ Giant Impact Hypothesis လို့ခေါ်ပါတယ်။  ဒါကတော့ လ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံ သို့မဟုတ် ၄.၅ ဘီလီယံအချိန်ကာလမှာ ဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။  အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးလည်း စတင်ဖြစ်ပေါ်ခါစ အချိန်လို့ဆိုပါတယ်။  အဲ့ဒီအချိန်မှာ အင်္ဂါဂြိုလ်အရွယ်အစားလောက်ရှိတဲ့ (တစ်ချို့ကတော့ သီရာ Theia) လို့ခေါ်တဲ့ ဂြိုလ်ကြီးတစ်ခုက ၀င်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။  ဒီလိုတိုက်တဲ့ အချိန်မှာ အရှိန်သိပ်မမြန်ပဲ ကမ္ဘာရဲ့ အစိတ်အပိုင်း တစ်စိတ်တစ်ဒေသကို တိုက်လိုက်တယ်လို့ ဆိုပါတယ်။  ဒီလို တိုက်မိတဲ့အခါမှာတော့ ဂြိုလ်နှစ်ခုရဲ့ အစိတ်စိတ်အမွှာမွှာကွဲသွားတဲ့ အစိတ်အပိုင်းတွေ (အထူးသဖြင့် သီရာဂြိုလ်ရဲ့ အစိတ်အပိုင်းတွေ)ဟာ အာကာသထဲကို လွင့်စင်ထွက်သွားပြီးတော့ အဆိုပါ အစိတ်အပိုင်းတွေဟာ အချင်းချင်း ဆွဲငင်အားကြောင့် ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ပေါင်းဆုံသွားပြီးတော့ ကျွန်တော်တို့ လက်ရှိကမ္ဘာဂြိုလ်ရဲ့ ဆွဲငင်အားကြောင့် လ ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။  ဒါ့ကြောင့် ပစိဖိတ်သမုဒ္ဒရာဟာ နက်ရှိုင်းတဲ့ ရေပြင်ကြီး ဖြစ်ပေါ်လာရတယ်လို့ ကောက်ချက်ချတဲ့ လူတွေလည်း ရှိပါတယ်။  တွေ့ရှိကြတယ်လို့ဆိုပါတယ်။  ဒီလို တိုက်ခိုက်မှု့ကြောင့် ကမ္ဘာ ၀န်ရိုးဟာလည်း ၂၃ ၂ပိုင်း၁ပိုင်း ဒီဂရီ တိမ်းစောင်းသွားပြီး ရာသီဥတုတွေ ဖြစ်ပေါ်လာရပါတယ်တဲ့။ 


 သီရာ(Thia) လို့ခေါ်တဲ့ အင်္ဂါဂြိုလ် အရွယ်အစားလောက်ရှိတဲ့ြ့ဂိုလ်တစ်မှ ကမ္ဘာကို ၀င်တိုက်စဉ်

ဂြိုလ်နှစ်ခု တိုက်ခိုက်မှု့ကြောင့် ပေါက်ကွဲမှု့ ဖြစ်ပွားပုံ
 
ပေါက်ကွဲမှု့မှ အပိုင်းအစများ အာကာသသို့ ပေါက်ကွဲလွင့်စင်ပြီး အချင်းချင်း ဆွဲငင်ကာ လဖြစ်ပေါ်လာမှု့

ဒါကတော့ YouTube လဖြစ်ပေါ်လာပုံ ဗီဒီယိုပါ


နာဆာက လပေါ်ကို အာကာသယဉ်မှူးတွေ လွှတ်တင်နိုင်တဲ့ အချိန်မှာတော့ လပေါ်ကနေ ကျောက်တုံးတွေ ကမ္ဘာမြေပေါ်ကို ယူဆောင်လာပြီးတော့ ဓာတ်ခွဲစမ်းသတ်ကြပါတယ်။  ဒီအထဲမှာ ကောက်ချက်ချလို့ရတာကတော့ အချို့သော လပေါ်က ဒြပ်ထုတွေရဲ့ ဖွဲ့စည်းပုံဟာ ကမ္ဘာပေါ်မှာရှိတဲ့ သတ္တုတွေရဲ့ ဖွဲ့စည်းပုံနဲ့ ဆင်တူတယ်လို့ တွေ့ရှိရပါတယ်။ နောက်တစ်ချက်ကတော့ တစ်ကယ်လို့သာ လဟာ ကမ္ဘာကို ၀င်တိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်ခဲ့တယ်ဆိုရင် လမှာလည်း ရေရှိနိုင်တယ်ဆိုတဲ့ အချက်ပါ။  ဒါကိုလည်း ခုနောက်ပိုင်းမှာ စမ်းသပ်တွေ့ရှိကြပါတယ်။
ဒီလိုမျိုး ကမ္ဘာနဲ့ တိုက်ပြီးတဲ့နောက်မှာ ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ကျောက်သားတွေဟာ ကနဦးမှာ အရည်ပျော်နေပြီးတော့ လေးလံတဲ့ အစိတ်အပိုင်းတွေဟာ အတွင်းပိုင်းကို ပျော်ဝင်သွားပြီးတော့ ပေါ့ပါးတဲ့ ကျောက်သားတွေကတော့ မျက်နှာပြင်အထက်ပိုင်းကို ရောက်ရှိလာကာ အေးခဲသွားတယ်လို့ ယူဆကြပါတယ်။  နောက်ပိုင်းမှာတော့ ရာစုနှစ် ထောင်ပေါင်းများစွာ ကမ္ဘာမြေပြင်နည်းတူ လဟာလည်း အာသာသမှ အပိုင်းအစတွေ ကျရောက်လာမှု့ကြောင့် မျက်နှာပြင်မှာ ချိုင့်ဝှမ်းတွေ ဖြစ်ပေါ်လာပါတယ်။  ကျွန်တော်တို့ လူသားတွေဟာ ဆက်လက်ပြီးတော့ လကမ္ဘာကို စူးစမ်းလေ့လာမှု့တွေ ပြုလုပ်နေကြဦးမှာပါ။  
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ သီအိုရီတစ်ခုကတော့ ကနဦးမှာ အဆိုပါဂြိုလ်ခြင်းတိုက်ခိုက်မှု့ကြောင့် ပဲထွက်လွင့်စင်ပြီး ပြန်လည်စုပေါင်းသွားကြတဲ့ အခါမှာ ယခုမြင်နေရတဲ့ လအပြင် အခြားသော လနှင့် အလားသဏ္ဍာန်တူတဲ့ ပိုပြီးတော့ သေးငယ်တဲ့ ဂြိုလ်တစ်ခု လည်း ဖြစ်ပေါ်ခဲ့တယ်ဆိုတာပါ။  အဆိုပါ ဂြိုလ်ငယ်နှင့် ယခုမြင်တွေ့နေရတဲ့ လတို့ဟာလည်း ထပ်မံပြီးတော့ တိုက်မိကြတယ်လို့ ယူဆကြသူတွေလည်း ရှိပါတယ်။  ဒါကြောင့် လဟာ ကမ္ဘာမြေဘက်ကနေမြင်ရတဲ့ မြင်ကွင်းနဲ့ ကမ္ဘာမြေ အပြင်ဘက်ကကြည့်လိုက်ရင် မြင်ရတဲ့မြင်ကွင်း နှစ်ခုဟာ မြေမျက်နှာသွင်ပြင် မတူပဲ ခြားနားနေတယ်လို့ ဆိုပါတယ်။  ကမ္ဘာမြေ ဘယ်က စတင်ပြီး ဖြစ်ပေါ်လာတယ်ဆိုတဲ့အချက်ကို လကမ္ဘာကို စမ်းသပ်မှု့တွေက အများကြီး အထောက်အကူပြုနေဦးမှာပါ။  


Reference :Wikipedia.
Photos     : From YouTube

2 comments:

  1. ဗဟုသုတရပါတယ်.. ကိုအောင်ထွဋ်ရေ.... ကျေးဇူးပါ..း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  2. ကျေးဇူးပါဗျာ... တကယ်ကို ဗဟုသုတရပါတယ်......

    ReplyDelete