စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, October 22, 2025

ကမ္ဘာ့ဖလား ဆုဖလားမှာ ရွှေဘယ်လောက်ပါလဲ


လက်ရှိ FIFA  ကနေကျင်းပပေးနေတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကတော့ ၁၉၃၀ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီးတော့ ဘောလုံးချစ်သူတို့ အသဲစွဲ အားပေးတဲ့ ပွဲဖြစ်သလို ဗိုလ်စွဲတဲ့အသင်းကလည်း ဂုဏ်သိက္ခာ အရ next level ကို ရောက်ရှိစေတာမို့ တစ်ကမ္ဘာလုံးက စိတ်၀င်စားကြတဲ့ ပွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်


ကျွန်တော်တို့ မြင်နေကျ လက်ရှိ ကမ္ဘာ့ဖလား ဆုကြီးကတော့ FIFA ရဲ့ မူရင်း ဆုဖလား မဟုတ်ပါဘူး။  မူရင်း ဆုဖလားကြီးကတော့ ကမ္ဘာ့ ဖလား သုံးထပ်ကွမ်း ချန်ပီယံ ပထမဆုံးဖြစ်လာတဲ့ ဘရာဇီး နိုင်ငံ ဘောလုံးအသင်းကို ၁၉၇၀ မှာအပိုင်ပေးလိုက်ပါပြီ။  FIFA ကို စတင်တည်ထောင်ခဲ့တဲ့ Jules Rimet ကို ဂုဏ်ပြုတဲ့ အနေနဲ့ အရင်ဆုဖလားကို Jules Rimet ဖလားလို့ နာမည်ပေးခဲ့ ပါတယ်။