စင်ကာပူ အလွဲများဆိုခေါင်းစဉ်က တပ်လိုက်ပေမယ့်
ကျွန်တော်တစ်ယောက်ထဲ လွဲတာတွေတော့ မဟုတ်ဘူး။
ကျွန်တော်တို့ သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက် လွဲကြ၊ နောက်ကြတာလေးတွေ အမှတ်တရ
အဖြစ်ရေးလိုက်တာပါ။
မှန်မချနဲ့
ကိုယ့်လူ အတူတူပဲ
ဒါက ကျွန်တော့် သူငယ်ချင်းရဲ့ ဖြစ်ပုံလေး။ သူက မြန်မာပြည်ကနေ စင်ကာပူကို ပထမဆုံးလာတာပေါ့လေ။ ကျွန်တော်တို့ကလည်း ထုံးစံအတိုင်း သူငယ်ချင်းလာလည်ပြီဆိုရင်
အားတဲ့လူက သွားပြီးကြိုကြတယ်။ သူလည်း စင်ကာပူရောက်ရော
ထုံးစံအတိုင်း ပတ်စ်စပို့ပြ ဗီဇာပြ၊ အိတ်တွေဘာတွေ ဆွဲပြီး ကျွန်တော့် သူငယ်ချင်းလည်း
ခပ်တည်တည်နဲ့ ထွက်လာတာပေါ့။ မှတ်မိသေးတယ် အဲ့ဒီနေ့က
မိုးလေးက ခပ်ဖွဲဖွဲရွာနေတာကိုး။ ကျွန်တော်တို့ကလည်း
သူငယ်ချင်းအတွက် ဖုန်းဆင်းမ်ကဒ်တစ်ကဒ်ရယ်၊ နိုင်ငံခြားခေါ်ဖို့ ဖုန်းကဒ်ရယ် ယူသွားတာပေါ့လေ။ ဒီလိုနဲ့ လေဆိပ်ကအထွက် တက်စီ ပေါ်တက် ကျွန်တော်တို့နဲ့
အတူတူ အိမ်ကို သွားကြတာပေါ့။ တက်စီကလည်း အဲကွန်းလေး
အေးနေအောင်ဖွင့်ပြီး မောင်းသပေါ့ဗျာ။ လမ်းရောက်တော့
သူငယ်ချင်းက သူရောက်ကြောင်းကို သူ့အိမ်ကို လှမ်းပြီး ဖုန်းခေါ်ပါတယ်။ အဲ့ဒီမှာ ဒီဟာသလေးက စတာ။
“အဖေ ကျွန်တော်ရောက်ပြီဗျ”….
“အင်း အားလုံး အဆင်ပြေတယ် အဖေ…..” “ဟဲလို
ဟဲလို…. အဖေ သိပ်မကြားရဘူး……..” ဆိုပြီးတော့
ကျွန်တော့ သူငယ်ချင်းက မှန်ကိုချ ခေါင်းကို မှန်အပြင်နည်းနည်းထုတ်ပြီး ပြောသဗျ။
တက်စီ ဆရာကလည်း
မှန်ကို ပြန်တင်ပြီး ဆက်မောင်းတယ်။ ကျွန်တော်တို့ကတော့
ပြုံးစိပြုံးစိ။
သူငယ်ချင်းကလည်း
မရဘူး စိတ်ကြီးတယ်၊ ဖုန်းလိုင်း သိပ်မကြားရတိုင်း
မှန်ချည်းဘဲ ပြန်ပြန်ချပြီး ခေါင်းထုတ်ထုတ်ပြောသကိုး…. ကြာလာတော့ တက်စီဆရာလည်း တင်းလာတယ်ထင်ပါ့….
“ဒီမှာကိုယ့်လူ
ဒီနိုင်ငံမှာ ဖုန်းလိုင်းက နေရာတကာမိတယ်၊ မှန်ချပြီးပြောစရာမလိုဘူး….” ဆိုလေတော့မှ သူလည်း သတိရသွားတော့တယ်.. ဟုတ်သား ဟိုဘက်က
လိုင်းမကောင်းတာထင်ပ၊ သူ့ဖုန်းသူပြန်ကြည့်တော့ လိုင်းမိ၊ မမိပြထားတဲ့ တိုင်လေးက အပြည့်..
အဲ့သလို။
နို့… ဟိုမှာက
အသားကျနေပြီပဲဟာကို လိုင်းက ဟိုနေရာမိတစ်ချက်၊ ဒီနေရာမိတစ်ချက်ဆိုတော့ သူလည်း အကျင့်ပါသွားတာ။ ခုတော့ သူလည်း နောက်ဆို မှန်ချချပြီးတော့ ဖုန်းမပြောတော့ဘူး။
နှစ်ခုပေါင်းတော့
၄၀၀
စင်ကာပူဟာ စည်းကမ်းကြီးတယ်လို့ နာမည်ကြီးပါတယ်။ ပန်းခြံတို့၊ ရှော့ပင်းမောတို့၊ စသောက်ဆိုင်တို့၊
ဘူတာရုံ၊ ဘက်စ်ကားဂိတ် စတဲ့ စတဲ့ လူအများ သွားလာတဲ့ နေရာတွေမှာ သတ်မှတ်ထားတဲ့ နေရာမှာသာ
ဆေးလိပ်သောက်ရသလို၊ အမှိုက်ကိုလည်း ပစ်ချင်သလို ပစ်လို့ မရပါဘူး။ နောက်တစ်ခုက စင်ကာပူမှာ အစစ အရာရာ ဈေးကြီးပါတယ်။ ဆေးလိပ် ဆိုလည်း ဈေးက မနည်းလေးကြီးသဗျ။ နောက်တစ်ခုက
စင်ကာပူရဲ့ ဆေးလိပ်တိုင်းမှာ SDPC လို့တဲ့ စာတမ်းလေး အမြဲတမ်းပါသဗျ။ ဒီဆေးလိပ်ဟာ စင်ကာပူနိုင်ငံတွင်း ဖြန့်ချီတဲ့ဆေးလိပ်ပါ။ ဒီဆေးလိပ်ကိုပဲ သောက်လို့ရပါတယ်။ တစ်ခြားနိုင်ငံက ယူလာတဲ့ ဆေးလိပ်ကို သောက်လို့မရဘူး။ မိရင် ဒဏ်ဆောင်ရတယ်။ အဲ့ဒီမှာတင်စတာ။ ကျွန်တော့်သူငယ်ချင်းက ပန်းခြံထဲက ဆေးလိပ်သောက်လို့ရတဲ့
နေရာမှာ ဆေးလိပ်ထိုင်သောက်နေတာ။ ဖြစ်ချင်တော့
မြန်မာပြည်ကအပြန် ယူလာတဲ့ လန်ဒန်ဆေးလိပ်ကလေးကို ဖွာလို့။ ဖွာလို့ကောင်းတုန်းရှိသေးတယ် အရပ်ဝတ်ဝတ်ထားတဲ့ ရဲကရောက်လာပြီး
“ညီလေး မင်းဆေးလိပ်ကလေး
ခဏကြည့်ပါရစေ” ဆိုပြီး ကြည့်တော့သကိုး….
ကြည့်လေတော့
SDPC ဆိုတဲ့ စာတမ်းမှ မပါလေတော့ ကဲ ကိုယ့်လူ တရားမ၀င်တယ်ဆေးလိပ်သောက်တယ်ဆိုပြီး ၂၀၀
ဒဏ်ရိုက်ပါလေရော။ သူငယ်ချင်းလည်း ကြောင်တောင်တောင်ဖြစ်သွားပြီး
ဗျာ…ဆိုပြီး ဆေးလိပ်ကို လွင့်ပစ်လိုက်ပါတယ်။
အဲ့ဒီမှာတင်
ဟိုရဲက “ဟင်… တရားမ၀င်တဲ့ ဆေးလိပ်လည်း သောက်သေး၊ ပြီးတော့ လွှတ်ပစ်တယ် ဒါက နောက်တစ်မှု့
စုစုပေါင်း ဒေါ်လာ ၄၀၀ ဆောင်စေ…” ဆိုပြီး ကဒ်ကို သိမ်းသွားပါတော့တယ်။
သူငယ်ချင်းလည်း
ငိုမယ့်မယ့်နဲ့ ၄၀၀ တော့ အိတ်ထဲမပါကြောင်း၊ လက်လွတ်စပယ် ပစ်လိုက်တာမဟုတ်ပဲ ရဲကြီးရဲ့
မျက်နှာမြင်လိုက်ရလို့ ရှော့ရိုက်သွားတာဖြစ်ကြောင်း ပလွတ်ပလွတ်နဲ့ တစ်လမ်းလုံး ပြောတော့တာပဲ။
သို့ပေမယ့်လည်း
၄၀၀ မတတ်နိုင်ပါက ၅၀ စီနဲ့ ၈ လခွဲဆောင်စေဆိုပြီး အမိန့်ချကာ ကဒ်ပြန်ပေးလိုက်ပါသတဲ့။ သူလည်း ရှုံ့မယ့် ရှုံ့မယ့်နဲ့ အိမ်ပြန်လာရရော ဆိုပါစို့လေ။
ကိုနောင်ရိုးနဲ့
တွေ့ဆုံခြင်း
စင်ကာပူရောက်ရင် အကျပ်ခံရတာက ကျွန်တော်တို့
သူငယ်ချင်းတွေရဲ့ ဓလေ့လိုဖြစ်နေပြီ။ ကျွန်တော့်တုန်းကလည်း
ထိုနည်းလည်းကောင်း။ ကျွန်တော့က စင်ကာပူရောက်တာ
သူငယ်ချင်းတွေထက် ၇ လလောက်နောက်ကျတယ်ထင်ပ။
လာတော့ သူငယ်ချင်းတွေက အစစအရာရာ ကူညီပေးပါတယ်။ အလုပ်ကဖြင့် ဘယ်လို ဘယ်ချမ်းသာ ရှိတတ်တယ်၊ လျှောက်လို့ရတဲ့ နေရာတွေကဖြင့် ဟိုလိုဒီလို၊ စသည်ဖြင့်
နည်းပေးလမ်းပြလုပ်ကြတယ်ပေါ့လေ။ သို့ပေမယ့်
အကျပ်ကတော့ အမြဲတမ်းခံရတယ်။ အကျပ်ခံရပုံလေးက
ဒီလိုခင်ဗျ။ ကျွန်တော် အလုပ်ရတော့၊ အင်း မှတ်မိတယ်
စနေနေ့ ကျွန်တော်ရုံး နေ့တစ်ဝက်တက်နေတုန်း ၁၁ နာရီလောက် ဖုန်းဝင်လာတယ်။ ကျွန်တော်ကမေးတော့ သူ့နာမည်က ကိုနောင်ရိုးပါတဲ့။
ကျွန်တော် အမေက ပစ္စည်းတွေထည့်ပေးလိုက်လို့
လာယူပါပေါ့လေ။ ကျွန်တော်လည်း ဒီအသံကို မကြားဖူး၊
နည်းနည်းပါးပါး သေချာအောင်မေးကြည့်တော့လည်း ဟိုငနဲက ကျွန်တော့် အမေအကြောင်း ဘယ်မှတွေ့လို့
ဘယ်လိုယူလာတာ ဘာညာ တော်တော်လေး စုံစုံစိစိ ပြန်ဖြေနိုင်သဗျ။ ဒီလိုနဲ့ ဟိုရောက်တော့ ကိုနောင်ရိုးတော့မတွေ့ဘူး
သူငယ်ချင်း အုပ်စုနဲ့ သွားတိုးလေသကိုး။
ဟေ့ကောင်
လာကွာ ထမင်းတွေဘာတွေစား စသည်ဖြင့် စကားတစ်ပြောပြောပေါ့။ ကျွန်တော်ကတော့ လည်တစ်ဆန့်ဆန့်… ဟ မင်းဘာစောင့်နေတာတုန်းဆိုတော့
ကျွန်တော်က … အာ ငါ ကိုနောင်ရိုးဆိုတဲ့ လူကိုစောင့်နေတာ။ သြော်.. ဟုတ်လား ဒါဆို ဖုန်းဆက်လေကွာဆိုတော့၊ ကျွန်တော်က
ဖုန်းထုတ်ဆက်၊ ဆက်တော့ လည်း ဟိုက သြော်.. ညီလေး အေး အေး အစ်ကို ဈေးဝယ်စရာလေးရှိနေလို့
လာမယ် လာမယ် ခဏလေးစောင့်။ ဒီလိုနဲ့ ထမင်းသာ
စားပြီးတယ် ကိုနောင်ရိုးလည်း ရောက်မလာဘူး။
ဘယ်လာမလည်း ဟုတ်မှ မဟုတ်တာကို၊ ဟိုကောင်တွေ
က ပြုံးစိ ပြုံးစိဖြစ်လာတော့မှ အကျပ်ခံရမှန်းသိတော့တယ်။
ဖြစ်ပုံကဒီလိုဗျ။ ကျွန်တော်နဲ့ ဒီကိစ္စလေးမှ ခင်မယ့် သူငယ်ချင်း ပါပု
(ဒီကောင်က စာလေးဘာလေးလည်း ရေးသဗျ) အဲ့ဒီ အကောင်က
ကျွန်တော် ဖုန်းဆက်ခါနီးတိုင်း ထပြီး ထွက်သွားလိုက် အအေးလေးသွားဝယ်လို့ ကျွန်တော်ကို
ဖုန်းပြန်ပြောလိုက်၊ နောက်တစ်ခေါက်ထပ်ဆက်လိုက်
ထထွက်သွားလိုက် အချဉ်ရည်လေး ယူပြီးပြန်လာလိုက် နဲ့ လုပ်နေတာကိုး။ ကျွန်တော်ကလည်း သတိထားမကြည့်လိုက်မိတော့ အကျပ်ကို
ခံလိုက်ရတာပဲ။
ကဒ်ဘယ်နား
တို့ရမှန်းမသိလို့ပါ ဗျာ…..
စင်ကာပူမှာတော့ သွားရေးလာရေး အရမ်းကို အဆင်ပြေလှပါတယ်။ ဘက်စ်ကားတွေ၊ ရထားတွေ နဲ့ သွားချင်တဲ့နေရာကို သက်သက်သာသာသွားနိုင်အောင်
စီစဉ်ပေးထားတယ်။ စပယ်ရာတွေဘာတွေလည်း ရှိတာမဟုတ်ဘူး။ ကဒ်ကို သုံးကြတယ်။ ကဒ်က ဘူတာရုံ၊ ကားတွေဆုံတဲ့ ဂိတ်ခပ်ကြီးကြီးတွေမှာ
ဝယ်လို့ရတယ်။ ပိုက်ဆံကုန်ရင် ထပ်ဖြည့်စီး အဲ့သလိုဆိုတော့
လွယ်သဗျ။ ကားပေါ်တက် ပြီးရင် ez Link ကဒ်ဆိုတဲ့
ကဒ်ကလေးကို သူ့ကဒ်ကပ်လို့ရတဲ့နေရာလေးသွားပြီးတို့ “တီ” ဆိုတဲ့ အသံထွက်လာရင် ပြီးပြီ။ ဆင်းရင်လဲ အဆင်းပေါက်နားမှာ တပ်ထားတဲ့ စက်မှာသွားတို့
“တီ” ဆိုရင် ဆင်း ဒါပဲ။ ဒီတော့ ကျွန်တော့်
သူငယ်ချင်းလည်း ဒါကိုမှတ်ထားတာကိုး။ သို့ပေမယ့်လည်း
စင်ကာပူမှတော့ ရှော့ပင်းမော တစ်ခု နဲ့ နောက်တစ်ခုကို သွားချင်ရင် Shuttle Bus လို့ခေါ်တဲ့
အလကားစီးလို့ရတဲ့ ဘက်စ်ကားတွေကို လမ်းကြောင်းတိုလေးတစ်ခုအနေနဲ့ ၀န်ဆောင်မှု့ပေးထားတဲ့
ဟာမျိုးလည်းရှိတာကိုး။ အဲ့ဒီမှာတင် ရန်ကုန်က
ရောက်လာခါစ သူငယ်ချင်းကို ကျပ်တော့တာပဲ။
Shuttle Bus ပေါ်တက်ခါနီးကြတော့ ဟရောင် ကားပေါ်ရောက်ရင် ကဒ်တို့ဖို့ မမေ့နဲ့နော်။ မဟုတ်လို့ ဖမ်းမိရင် ဒဏ်ငွေ အများကြီး ဆောင်ရတယ်ဘာဖြစ်တယ်
ညာဖြစ်တယ်ပေါ့လေ… ဟိုသကောင့်သားကလည်း ကဒ်ကလေးကိုင်ပြီး Shuttle Bus ကြီးပေါ်တက် အ၀င်ပေါက်ရောက်တော့
ကဒ်တို့စရာ စက်ကို လိုက်ရှာနေတာ တော်တော်ကြာသွားတယ်။ နောက်ကလူတွေကလည်း သူ့ကို ရပ်စောင့်နေရတာပေါ့လေ… ဒရိုင်ဘာလည်း ပထမတော့ အမှု့မဲ့ အမှတ်မဲ့ နောက်ကျတော့မှ
ကိုယ့်လူ ခင်ဗျားဘာလုပ်နေတာလည်း လှမ်းမေးတော့ သူငယ်ချင်းက
“ကျွန်တော်
ကဒ်တို့ဖို့ စက်ရှာနေတာ ဗျ” လို့ လှမ်းပြောသတဲ့။
အဲ့ဒီတော့မှ အကုန်လုံး ပြုံးစိပြုံးစိ။
သူငယ်ချင်းတွေ ကတော့ ၀ါလုံးကွဲရယ်၊
သူကတော့ ဟင် ခွေးကောင်တွေ တာရိုးကသွားပါလား…. ငါ့ကိုဒီလို ကျပ်စရာလား ဘာလားညာလားပေါ့လေ။
မင်းဟာ တရားမ၀င်
နိုင်ငံအတွင်းကို ၀င်လာတယ်၊ ဒဏ်ငွေဆောင်ရမယ်…..
ဒါက ကျွန်တော့် သူငယ်ချင်း သင်္ဘောသား ပထမဆုံးအကြိမ်
စင်ကာပူဆိပ်ကမ်းကပ်တော့ ရှိုးဂျော့ဘ် ရသဗျ။ ဒါနဲ့ သူလည်း လမ်းသလားချင်တယ်ဆိုပြီး ကျွန်တော့်ဆီဖုန်းဆက်တယ်။ ကျွန်တော်လည်း ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို
အဲ့ဒီ သင်္ဘောသားရဲ့ ဖုန်းနံပါတ်ကိုပေး ပြီး ကျပ်ခိုင်းပါတော့တယ်။ ဒါနဲ့ ဟိုကောင် ကမ်းပေါ်ရောက်တော့ ကျွန်တော့သူငယ်ချင်းကလှမ်းခေါ်ပါတယ်။ သူက စင်ကာပူနိုင်ငံ လူဝန်မှု့ကြီးကျပ်ရေးကဆက်တာဖြစ်ကြောင်း၊ အခု မစ္စတာ့ အနေနဲ့ စင်ကာပူနိုင်ငံဘယ်မှာ နေသလည်း ဆိုတာ သိပါရစေ ဘာညာ
စသည်ဖြင့် တစ်ခုပြီး တစ်ခုမေးပါတယ်။ ဟို သင်္ဘောသားခမျာလည်း
အကျပ်ခံနေရလေတော့ တစ်ခုပြီး တစ်ခုပြောပြ။ နောက်တော့
စင်ကာပူမှာ ခြေချရင် အသိမိတ်ဆွေဆိုတာ ရှိရမှာဖြစ်ကြောင်း၊ အခုတော့ မစ္စတာဟာ ဟိုတယ်မှာလည်း
မနေ၊ သွားစရာ သူငယ်ချင်းအိမ်ကိုလည်းမသိဆိုတာ
မင်္သကာစရာ ဖြစ်နေကြောင်း၊ ဒါဟာ စင်ကာပူရဲ့ လုံခြုံရေးအရ
စိုးရိမ်စရာ အခြေအနေဖြစ်နေလို့ မစ္စတာ့ကို ထိန်သိမ်းထားရတော့မှာဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက ရုံးသို့ လာတွေ့စေလိုကြောင်း ပြောပါတော့တယ်။ ဟို သင်္ဘောသားခမျာလည်း ဖမ်းတော့ မဖမ်းပါနဲ့ အော်ဖစ်ဆာကြီးရယ်
ရုံးကိုလာတွေ့ဆိုလည်း တွေ့ပါမယ်ပေါ့လေ။ ဘယ်ကိုလာရမလည်းဆိုတော့
လိပ်စာပေး၊ တက္ကစီနဲ့လာပါဆိုတော့ သင်္ဘောသားက ကပ်စီးကနဲသေး၊ တက္ကစီနဲ့ ဆိုရင်ပိုက်ဆံ ကုန်မှာစိုးလို့
ဘက်စ်ကားတစ်တန်၊ ရထားတစ်တန်နဲ့ လာရောက်လိုပါကြောင်း အသံငယ်ငယ်လေးနဲ့ ပြန်ပြောရှာပါတယ်။ ဒီလိုနဲ့ ဟိုကားကိုစီး၊ ဘယ်နှစ်မှတ်တိုင်ရောက်ရင်ဆင်း၊ ပြီးရင် ဟိုရထားကိုစီး၊ ဘယ်မှာဆင်း၊ ဘယ်ကွေ့၊ ညာကွေ့၊
ဘယ်တိုက်နံပါတ်၊ ဘယ်အလွှာကို လာခဲ့ဆိုပြီး ညွှန်ကြားလေတော့ မောင်မင်းကြီးသား အိမ်တံခါးဝကို
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လေတော့မှ မိုးမွှန်အောင် ဆဲပါတော့တယ်။ ဒီလိုနဲ့ ကျွန်တော်တို့လဲ ပုလင်းလေး ပြလိုက်တော့မှ
စိတ်ဆိုးကပြေသွားတော့တယ်။
AH
ဟီးဟီး... ရီရတယ်... ဒီလိုတွေက ဖြစ်တတ်ပါတယ်
ReplyDeleteကျပ်တာတော်တော်ဝါသနာပါပုံပဲ :P
ကိုယ့်အကြောင်းကိုယ်တော့ လာဖတ်ပြီးသွားပြီး မဟုတ်လား :D
ReplyDeleteချင်ကာပူကြီးကလည်း ရတာနဲ့ ဒဏ်ဆောင်ရတာနဲ့တောင် မကာမိပါလားနော်း))
ReplyDeleteကိုယ်တိုင်သာခံရရင်သာမစားသာမယ်၊ သူများအလွဲတွေတော့ ပြုံးစရာကြီးပဲ
ReplyDeleteလူဆိုးးကိုအားထောင် အကျပ်ခံရရင်တော်တော်တော့ရီရတာဗျ ဟိဟိ
ReplyDeleteThis comment has been removed by the author.
ReplyDeleteကိုမောင်သန့်နဲ့ အကို ကိုမှာပြီးရေးလို့ပြန်ဖျက်ခဲ့တာပါ
ReplyDeleteရယ်သွားတယ် အကိုရေ
လက်တွေ့ကြုံရတဲ့ အလွဲတွေက တကယ် ပြုံးရယ်ချင်စရာနော်..။
ReplyDeleteဖြစ်နေချိန်မှာတော့ အတော် ဦးနှောက်စားတာ..။
ကိုအောင်ထားရေ
ReplyDeleteကြောင်စမင်းရောက်နေပါတယ်ရှင်
ကွန်မက်လာရေးတဲ့သူတွေကိုဒံပေါက်နဲ့ဧည့်ခံတယ်ဆို
ကိုညိမ်းနိုင်ပြောတာပဲ
အဲတာကြောင့်အမြန်လာခဲ့တာ ကုန်ပြီလား
ဟားဟားဟား ---- ရယ်ပြီးပြန်သွားပါတယ်
ဟင်........မိဂျက် တော့ကြပ်ဘီ.....:)
ReplyDeleteဟဟဟ....ကြပ်ရတာပျော်စရာကောင်းသလောက်၊အကြပ်ခံရရင်တော့ ချွေး
ပါပြန်ရတယ်ဗျိုး...။ကျွန်တော်ရောက်စတုန်းကလည်း ကြပ်ကြသလားမမေးနဲ့၊
ခက်တာက ကိုယ်ပြန်ကြပ်ရမယ့်သူမရှိတာပဲ....:)))။
ဂျက်တော့ စင်္ကာပူအလွဲများနည်းတူ အလွဲနဲ့ကြုံပြန်ပြီထင်ပါ့း))
ReplyDeleteအခုတစ်လော ပျော်စရာအလွဲများတော်တော် ဖတ်နေရသလိုပဲနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်