စင်ကာပူ အလွဲများလို့ ခေါင်းစဉ်တပ်လိုက်ပေမယ့်
ကျွန်တော်တစ်ယောက်ထဲ လွဲတာတွေတော့ မဟုတ်ဘူး။ 
ကျွန်တော်တို့ သူငယ်ချင်းတွေ တစ်ယောက် တစ်ပေါက်လွဲကြတာလေးတွေ အမှတ်တရ အဖြစ်ရေးလိုက်တာပါ။
နောက်တစ်ဗူး
          စင်္ကပူကို ပထမဆုံးလာတော့ လေယာဉ်က SilkAir…  ထုံးစံအတိုင်း စတိုင်ဘောင်းဘီလေးနဲ့၊ ရှပ်အင်္ကျီလေးနဲ့၊  Suit case လေးနဲ့ မယောင်မလည၊် အူတူတူနဲ့ ပထမဆုံး
လေယာဉ်ပျံစီးဖူးတဲ့ အခေါက်ပေါ့။  လေယာဉ်ကြီးကလည်း
အကြီးကြီး။  လူတွေကလည်း အများကြီး။  Flight Attendance လေးတွေကလည်း ဖော်ဖော်ရွေရွေ၊
ဘာတောင်းသောက်သောက်တိုက်သဗျား။  ဘီယာ တစ်ဘူး၊
ဟောကုန်သွား ဟိုအပေါ်လေးနားက ခလုပ်လေးနှိပ်လာ ခဏဆို လေယာဉ်မယ် ရောက်လာ၊ ဟော… နောက်တစ်ဘူး။  တယ်နိပ်သကိုး။ ဘီယာတွေ တ၀ကြီး သောက်လို့ရမှန်း အဲ့ဒီကျမှ
သိတော့တယ်။  ဘေးနားကလူ ဘီယာသောက်၊ လူခေါ်တာတွေ့တော့
ကိုလည်း ခေါ်တာပဲ။  သူသောက်သလို ဘီယာလိုက်သောက်တာပဲ။  ဒီလိုနဲ့ ထမင်းစားချိန်ရောက်လာပါလေရော ဆိုပါတော့။  ထမင်းစားချိန် လေယာဉ်ပေါ်မှာ ကျွေးတာက ပါးစပ်ထဲ တယ်ခါးတွင်းတွေ့သိကိုး။  တစ်ဗူးက ခဏလေးပြောင်သွားရော။  ဘယ်ရမလဲ ခပ်တည်တည်နဲ့ Flight Attendance ကိုခေါ်
ထမင်းနောက်တစ်ဗူး ထပ်တောင်းတာပေါ့။  အဲ့ဒီမှာတင်
ပြသနာက စတော့တာ။  ထမင်းက တစ်ဗူးသာရကြောင်း လေယာဉ်မယ်ကပြောပါတယ်။  ဘေးနားကလူတွေကတော့ ပြုံးစိစိ။  ကျွန်တော်သာ မျက်နှာကြီးနီလို့။
ကာရာအိုကေ
          စင်ကာပူအရင်ရုံးမှာတုန်းက တစ်ခါတစ်လေ(ခဏ
ခဏပေါ့လေ) ရုံးနောက်ကျပါတယ်။  ရုံးနောက်ကျရင်တော့
တက္ကစီနဲ့ ပြေးရသကိုး။  အဲ့.. ထူးထူးဆန်းဆန်းအဲ့ဒီနေ့က
စီးမိတာက တက္ကစီအနက်ရောင်ကြီး။  လွဲတယ်တော့ မဟုတ်ဘူး။  ထူးထူးခြားခြား အဲ့ဒီ တက္ကစီမှာက ကာရာအိုကေ စက်နဲ့၊
LCD တီဗီနဲ့၊  တစ်ကားလုံး စပီကာ အပြည်ဗျ။  တက္ကစီ ဒရိုင်ဘာကလည်း ကိုမိုက်ခဲ။  ကားပေါ်ရောက်ထဲက စင်ကာပူတစ်ခွင်မှာ သူ့လိုကားမျိုး
တစ်စီးထဲသာရှိကြောင်း၊ ကားပေါ်မှာတင် ကာရာအိုကေဆိုနိုင်ကြောင်း ဘာညာနဲ့ ပြောတော့တာပဲ။  ဒါမျိုး ဆိုဘယ်ရလိမ့်မလဲ ကားပေါ်မှာ ဒရိုင်ဘာနဲ့
နှစ်ယောက်သား မိုက်ကိုင်ပြီး ဟဲကြတာပဲ။  ဒရိုင်ဘာကလည်း
မခေဘူး၊  အင်္ဂလိပ်၊ စပိန် သီချင်းတော်တော်များများကို
ရသဗျ။  ထိုင်းသီချင်းတောင် ဆိုလိုက်သေး။  ပြီးတော့လည်း မေးလိုက်သေးတယ် မြန်မာလို ဆိုတတ်ချင်တယ်တဲ့။  မြန်မာ အခွေတွေ ဘယ်မှာဝယ်ရမလဲ ဆိုပြီးတော့။  ကျွန်တော်လည်း ပန်နီစူးလား ပလာဇာကို ညွှန်းလိုက်သေးတယ်။  အဲ့ဒီနေ့က ရုံးကို တော်တော်နောက်ကြမှရောက်ဖြစ်တယ်။  မိုက်ခဲ သီချင်းဆိုရင်း တက္ကစီကို ပတ်မောင်းခိုင်းနေတာ။  
ရပြီ သွားတော့
          တစ်နေ့တော့ ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့
ပန်နီစူးလားမှာဆုံတော့ ကျွန်တော့်သူငယ်ချင်းက ရွှေပြည်ကြီးကရောက်လာတဲ့ သူ့သူငယ်ချင်း
အသစ်တွေကို ပန်နီစူးလားကို မ လာသကိုး။ 
City Hall MRT မှာက လုံခြုံရေး ကင်မရာတွေနဲ့ရိုက်ပြီး ဘူတာရုံအထွက်မှာ တီဗီမော်နီတာတွေနဲ့
လူအ၀င်အထွက်တေကို ပြထားတာ။  အဲ့ဒီမှာတင် ဟိုကောင်
ကျပ်တာကို တွေ့ရတော့တာပဲ။  သူ့သူငယ်ချင်းတွေကို
တီဗီရှေ့မှာ တန်းစီခိုင်းထားတယ်။  ဟိုကောင်တွေကလည်း
မော်နီတာကြီးကို မော့ကြည့်မော့ကြည့်နဲ့။ ခဏနေတော့
“ဟရောင် ဟိုမှာ
ငါ့ပုံ ပါလာပြီ”
“အေးဟုတ်လား…
အဲ့ဒါဆိုသွားတော့ ရပြီ၊ နောက်တစ်ယောက်”
နောက်တစ်ယောက်လည်း
တီဗီကြီးရှေ့မှာ မတ်တပ်ရပ်ပြီး တီဗီပေါ်မှာ သူ့ပုံပေါ်တဲ့အထိ စောင့်နေပြန်ရော
“ဟရောင် ငါ့ပုံပေါ်လာပြီ”
အေး အေး သွားတော့
ရပြီ နောက်တစ်ယောက်။
          ဘာလုပ်နေလည်း မေးကြည့်တော့ ဒီကောင်တွေကို
ကျပ်ထားတာ။  စင်ကာပူမှာက လုံခြုံရေးကို အရမ်းတင်းကျပ်ထားတာ။  အထူးသဖြင့် City Hall MRT မှာဆိုရင် မျက်နှာတွေကို
သေချာအောင် မှတ်တမ်းတင်ထားတာ။  အဲ့ဒီတော့ ဘူတာရုံကမထွက်ခင်
တီဗီရှေ့မှာ တန်းစီရတယ်။  တီဗီမှာ ကိုယ့်မျက်နှာ
ပေါ်လာတော့မှ ထွက်လို့ရတယ်ဆိုပြီး ကျပ်ထားလေတော့ ဟိုကောင်တွေ ခမျာ တီဗီရှေ့မှာ တမော့မော့နဲ့
သူတို့ မျက်နှာပေါ်လာတော့မှပဲ ပန်နီစူးလား ပလာဇာကို သွားကြရတော့တယ်။
ပြတာပဲလေ
          ဒါကလည်း နောက်တစ်မျိုး။ စင်ကာပူရောက်လာတဲ့
သူငယ်ချင်းကို သူငယ်ချင်းကပြောပါတယ်။  ဘက်စကားစီးရင်
ကဒ်ကို ပြပြီးတော့မှ စီးရတယ်။  ဟိုကောင်ကလည်း
မှတ်ထားတယ်။  နောက်တစ်နေ့ ဘစ်စကားစီးတော့ သူ့
EZ Link ကဒ်ကို ထုတ်ပြီး ဒရိုင်ဘာရှေ့သွားပြပါတယ်။  ဒရိုင်ဘာလည်း ကြောင်သွားတယ်… ဘာတုန်းဟပေါ့လေ။  သူငယ်ချင်းကလည်း ငါလည်း မသိဘူးလေ ပြဆိုလို့ ပြတာပဲ
ဟာကို။
 
 
ငါတစ်ခုသတိရမိတယ်။ တစ်နေ့ ငါတို့တွေ ပုလင်းထောင်ကြတုန်းပေါ့ တုတ်ကြီးက အခန်းထဲမှာ chating ထိုင်ကောင်းနေတာ လုံးဝခေါ်မရဘူး။ ဒါနဲ့ ကိုဝင်းထွေးကြီးက အိုင်တီပညာရှင်ဆိုတော့ တစ်အိမ်လုံးက ကျန်တဲ့ကွန်ပျူတာတွေလာစေ၊ တုတ်ကြီး ကွန်ပျုတာက ကွန်နက်ရှင် တစ်ခုထဲကို ကွက်ပြီး လိုင်းဖြတ်လိုက်တယ်။ ဒီတော့မှ တုတ်ကြီးလည်း လိုင်းကျသွားတယ်ဆိုပြီး ငါတို့နဲ့လာသောက်တော့တယ်။ ပြီးတော့ ကျန်တဲ့လူတွေက အွန်လိုင်းသုံးနေတာ တွေ့တော့ သူမကျေနပ်ဘူး။ ဘာလို့ ငါ့တစ်ခုထဲ ကွန်မရသလဲပေါ့။ တွေးရင်းနဲ့ အိပ်လိုက်ရတဲ့အထိပါပဲ။ နောက်နေ့ ကိုဝင်းထွေးကြီးက ရုံးမသွားခင် ပြန်ဖွင့်ပေးလိုက်တယ်။ တုတ်ကြီးတို့ လွဲချက်ပေါ့ကွာ။ သတိရလို့ ပြန်ဆွဲထုတ်မိသော အပိုင်းအစ တစ်ခုပါ။
ReplyDeleteဖတ်လို့ ကောင်းတယ်ဗျိုးး။ နောက် အပိုင်းလေးတွေ ဆက်ပါဦး။ ရေးစရာအကြောင်းအရာ တွေ အများကြီး ရှိလိမ့်မယ်လို့ ထင်သဗျာ။
ReplyDeleteဟားဟားး)း) ဧည့်စာရင်းတိုင်ရတယ်တို့ မနက်ပဲပြုတ်သည်ထစောင့်တာတို့ကော မကြပ်ဖူးလား တချို့ကလေးတွေ တော်တော်အနောက်ခံရတယ်း)း) ဂလိုအလွဲလေးတွေရှိတယ်ဗျာ့း)း)
ReplyDeleteမှန်တံခါးတဖက်လပ်ဝင်ထွက်သွားလာနေတာကို တဖက်ပိတ်ထားတဲ့မှန်ချပ်ဝင်တိုးတာမျိုး
ရယ်ရတယ်း)း)
သူ့အလွှဲလေးတွေက ရယ်ရတယ် ရှိရင်ထပ်တင်ပါဦးနော်
ReplyDeleteအလွဲတွေကြားက အလွဲများပေါ့...
ReplyDeleteထပ်ရေးပါဦး..
ုအိုင်ဆေး မောင်အွတ်ထောင်။
ReplyDeleteအလွဲတွေချည်း လုပ်နေပြီး နတ်ကတော် ပါပုကို ဘာဖြစ်လို့ အတည်မယူ မပြီးမပြတ်ဘဲ ချန်ထားခဲ့ရသတုန်း။း)
ဟားးးးးးးးးးးးး ။
ReplyDeleteပို့စ် ပိုဖတ်ပြီး ရယ်လို့မ၀သေးခင်
သူကြီးမင်းရဲ့ ကွန့်မန့်ကိုမြင်တော့ အူနာအောင်ကို ရယ်လိုက်ရတယ်ဗျာ။
လွဲလွဲလေးလေး ရယ်ရတယ်..နောက်ထပ် ဆက်ပါဦးဂျ..
ReplyDeleteစောစောစီးစီး ဖတ်ရတာ စိတ်ချမ်းသာချက်....း)
ReplyDelete;)... ကိုအောင်ထွဋ်တို့ ချွန်တွန်းလုပ်တာ အတော်ဆိုး..း)
ReplyDeleteခင်မင်လျက်
နေ၀သန်
ဟား ဟား နာ့ညီ တုတ်ကြီးကို ၄၆၅ ကကျပ်လိုက်တာပေါ့
ReplyDeletemakes me smile...
ReplyDeletepifpif
plifffffffffffffffff chii bu be`
ReplyDeleteအလွဲလေးတွေ ကို အားပေးသွားပါတယ်နော်..။
ReplyDelete