သုဘရာဇာ ဆိုလို့ အထင်မသေးလိုက်ပါနဲ့။ တရုတ်နိုင်ငံက ဒီအလုပ်ကြော်ငြာမှာတော့ ဒီလို သုဘရာဇာ
ရာထူးမျိုးရဖို့ သိပ်မလွယ်လှပါဘူး။ အမှန်ကတော့
အသုဘတွေမှာ သေဆုံးသူတွေရဲ့ မိသားစုအတွက် အလုပ်လုပ်ပေးရမှာပါတဲ့။ အလုပ်ခေါ်ပုံလေးကိုကြည့် - လျှောက်ထားလိုသူဟာ အမျိုးသမီးဖြစ်ရမယ်၊
အရပ်ရှည်ရမယ်၊ အသက် ၂၅ နှစ်အောက်။ ဒါတင်လားဆိုတော့
မဟုတ်ဘူး၊ နောက်ပြီးတော့ ဘွဲ့ရပညာတတ်ဖြစ်ရမယ်၊
တရုတ်လို (Mandrain) လို မွှတ်နေအောင်ပြောတတ်ရပါမယ်တဲ့။ ဒါဆိုရင်တော့ သင်္ချိုင်းမှာ အလုပ်ရပါပြီ။ ဒီအတွက် တစ်နှစ်ကို လစာ ယွမ် ၁ သိန်း (အမေရိကန်ဒေါ်လာ
၁၅၈၈၆ ဒေါ်လာ) ရမှာပါ။ မြန်မာငွေနဲ့ဆိုရင်တော့
တစ်လကို ၁၀ သိန်းကျော် ၀င်ငွေရှိမှာပါ။ ဒီအပြင်
အခန်းကောင်းကောင်းလည်း ပေးဦးပါမတဲ့။ အိမ်မှာလည်း
စာတွေဘာတွေ ကျက်နိုင်သလို နိုင်ငံခြားကိုလည်း စာသင်ချင်ရင် အခွင့်အလမ်းရှိပါသေးသတဲ့။
အဲ့ဒီကြော်ငြာမှာတော့ အလုပ်ဝင်ခွင့်ရတဲ့
သူတွေဟာ အင်တာဗျူးမဖြေခင် ၁၀ ရက်ကြာ သင်တန်းတက်ရမယ်လို့ ဆိုထားပါတယ်။ ကဲ ဘယ်သူများ စိတ်ဝင်စားပါသလဲ ?
Source :
(Link)
ဟိ ၀င်ငွေတော့ ကောင်းသားနော်
ReplyDeleteအဲဒီ အလုပ်ကိုစိတ်ဝင်စားမိပါရဲ့နော်
ReplyDeleteအသက်က အန်တီဖြစ်နေလို့ပေါ့
နို့မို့ရင်ဦးအောင် သွားလိုက်ဦးမယ်
ခင်မင်တဲ့ sis jasmine
ဘဝပဲပြောင်း သွားလျှောက်ရတော့မလိုလိုး)း)
ReplyDeleteနာ တရုတ်စာ သွားသင်လိုက်ဦးမယ်.. :P
ReplyDeleteအလုပ်သဘောအရတွေးကြည့်လိုက်ရင်
ReplyDeleteတစ်နေ့တစ်နေ့ လူသေတွေမြင်နေရတော့ တရားရှုမှတ်နေမိပြီး
နိဗ္ဗာန်ရောက်တာမြန်နိုင်တယ် မောင်အောင်ထွဋ်ရေး)
အသက်က ၂၅နှစ်ဆိုတော့ နှစ်ပြန်တောင်ကျော်နေပြီကွယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မီးကတရဲကြောက်တတ်တယ် မီလုပ်တော့ဖူးးးးးး
ReplyDeleteအမျိုးသမီး သုဘရာဇာဆိုတော့ အမျိုးသား အဘုဘတွေ အတွက်ဖြစ်မယ်ထင်တယ် ကိုအောင်ထွဋ်...အံမယ် သေတာတောင်မှ ရိက္ခာယူချင်သေးသကိုး...ဒါပေမယ့် ဆယ်သိန်းဗျနော မနည်းဘူး....
ReplyDeleteUS $ 15886= myanmar 1000000 kyat ? stupid....
ReplyDelete