တစ်ခုခုရှာချင်ရင် အသုံးများတာကတော့ ဂူဂဲလ်။ ဂူဂဲလ်မှာ ဂူဂဲလ်ရဲ့ ထူးခြားချက်လေးတွေလဲရှိတယ်…. စကားလုံးလေးရိုက်ထည့်ပြီး ရှာနေရမယ့်တူတူ ဂူဂဲလ်ရဲ့
စာမျက်နှာပေါ်မှာ အပျင်းပြေ ဆော့ကြည့်လို့လဲရပါတယ်။
ပထမတစ်ခုက
do a barrel roll
အဲဒီစာလုံးလေးကို
ဂူဂဲလ်ထဲမှာ ရိုက်ကြည့်လိုက်ပါ…
နောက်တစ်ခုက
askew
သူ့ကိုလဲ အဲ့ဒီလိုပဲ ဂူဂဲလ်ထဲမှာ ရိုက်ကြည့်လိုက်ပါ…
နောက်တစ်ခုက
equation.. ဂူဂဲလ် ဂဏန်းပေါင်းစက်ကနေတွက်ပေးတာ
ဟောဒီ
equation လေးကို ကော်ပီကူးပြီးတော့ ရိုက်ကြည့်လိုက်.. sqrt(cos(x))*cos(300x)+sqrt(abs(x))-0.7)*(4-x*x)^0.01,
sqrt(6-x^2), -sqrt(6-x^2) from -4.5 to 4.5
ပေါ်လာတာလေးကို
ကိုယ့်ကောင်မလေးကို ပြလိုက်ပေါ့..
နောက်တစ်ခုကတော့
zerg rush ပါ.
ဒါကို ဂူဂဲလ်ထဲကို ရိုက်လိုက်တာနဲ့ စာလုံးတွေကို
သုညတွေက လိုက်စားလိမ့်မယ်… အဲ့ဒီသုညတွေကို နိုင်အောင်သာ Mouse နဲ့ လိုက်ပြီးတော့ ကလစ်ပေတော့….
နောက်ပြီးတော့
ဂူဂဲလ် က ကြောင်တောင်တောင် သင်္ချာအဖြေတွေကိုလဲ ပေးတတ်ပါသေးတယ်
ဥပမာ - loneliness
number ဆိုတာကို ရိုက်ကြည့်လိုက်
-
နောက်ပြီး
once in a blue moon ဆိုတာမျိုးကို ရိုက်ကြည့်လိုက်… အဖြေအဆန်းတွေ ထွက်လာလိမ့်မယ်။
အားလုံးထဲမှာ askew, equation & zerg rush တွေကို ကြိုက်တယ်။ နောက်လည်း တင်ပေးပါအုံး။ ကျေးဇူးပါ :)
ReplyDeleteone more.. tilt
ReplyDeleteကွန်နက်ရှင်မကောင်းသေးလို့ စမ်းသပ်ဖို့ နောက်တစ်ခါ ပြန်လာပါမယ်.. :)
ReplyDeleteကိုအွတ်ထောင်ပဲ ရှာရှာပေါက်ပေါက်၊ပေါက်ပေါက်ရှာရှာ လေးတွေ တွေ့တတ်ပါ့...၊အားလုံးကို သဘောကျသွားတယ်....၊သုညတွေက သတ်လို့မနိုင်ဘူးဗျိုး.. :)
ReplyDeleteI really like zerg rush. :) Thanks.
ReplyDeleteတော်တော်လဲ ရှာဖွေတတ်တဲ့ မောင်အွတ်ထောင်။
ReplyDeleteအားလုံး စမ်းကြည့်လိုက်တယ်။ ဗိုင်းရပ်အကိုက်ခံရသလို ပုံစံမျိုးတွေပါလား မောင်အွတ်ထောင်။
အားရင် စမ်းဦးမယ်...
ReplyDelete