ဖိလစ်ပိုင်နိုင်ငံ၊
ဇမ်ဘိုအမ်ဂါ မြို့လေးက ဒီခွေးမလေး အကြောင်းဖတ်မိရင်း ဒီပိုစ့်လေးကို ရေးဖြစ်သည်။  ခွေးတွေ အကြောင်းရေးတာလဲ အတော်များပြီ။  ဒါပေမယ့် သခင်အပေါ် သစ္စာရှိတဲ့ ခွေးတွေ အကြောင်း
ဖတ်မိတိုင်း ပိုစ့်ရေးဖြစ်သည်။  ဒီခွေးမလေးကတော့
ခွေးသူရဲကောင်းမလေးလို့ ပြောရမလို။  ဒီခွေးလေးက
သူ့သခင်ရဲ့ ကလေးနှစ်ယောက်ကို အသက်နှင့်လဲပြီး ကယ်လိုက်ခြင်းဖြစ်သည်။  အရှိန်မြှင့်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တစ်စီးက
ကလေးနှစ်ယောက်ဆီကို ဦးတည်လာနေတုန်း ခွေးမလေးက ဆိုင်ကယ်နှင့် ကလေးနှစ်ယောက်ကြားထဲကို
ဝင်ခံပြီးတော့ ကလေးနှစ်ဦးရဲ့ အသက်ကို ကယ်လိုက်ခြင်းဖြစ်သည်။  ဒီအတွက်ခွေးမလေးရဲ့ အပေါ်မေးရိုးနဲ့ နှာခေါင်းပျက်စီးသွားသည်။  သူတို့မြို့က တိရိစ္ဆာန်ကုဆရာဝန်က ခွေးမလေးကို ကုမရသည့်အဆုံး
ဆေးထိုးပြီးတော့ သတ်ဖို့ အကြံပေးသည်။  ဒါပေမယ့်
သစ္စာရှိတဲ့ ခွေးမလေးကို ကြင်နာတတ်တဲ့ မိသားစုက ဆက်လက်ပြုစုပေးသည်။  ဒီလိုနဲ့ ဒီသတင်းပျံနှံသွားတော့ အရပ်ရပ်အရွာရွာက
ခွေးမလေးကို သနားတဲ့ လူတွေ ပေါင်းစုပြီး ဒီခွေးမလေးကို ခွဲစိတ်ကုသဖို့ ငွေစုကောက်ကြသည်။  စုစုပေါင်း ဒေါ်လာ ၂ သောင်းကျော်ရသည်။  ခုတော့ ကံကောင်းတဲ့ ခွေးမလေးဟာ ဒေးဗစ်မှာ ရှိတဲ့
ကာလီဖိုးနီယား တက္ကသိုလ်မှာ ကုသမှု့ခံယူဖို့ အသင့်ဖြစ်နေပါပြီ။ 
စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Friday, November 30, 2012
Friday, November 16, 2012
ကြောင်လူသား
          ကြောင်လူသားကြီး ဒန်းနစ် အက်ဗ်နာကတော့ ပြီးခဲ့တဲ့
၅ ရက် နိုဝင်ဘာလ သူ့အသက် ၅၄နှစ်မှာ လောကကြီးကို ကျောခိုင်းသွားပါပြီ။  သူဟာ ကမ္ဘာ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲ ခွဲစိတ်မှု့အခံယူဆုံး
လူသားအဖြစ်တော့ စံချိန်တင်သွားပါတယ်။  အမေရိကန်နိုင်ငံ
နီဗားဒါးပြည်နယ်က တိုနိုပါမှာ နေတဲ့ ဒီကြောင်လူသားဟာ ပရိုဂရမ်မာ တစ်ယောက်ဖြစ်ပြီးတော့
သူ့ဘ၀မှာ ခုလိုမျိုး ခွဲစိတ်မှု့တွေအတွက် ငွေကြေးဘယ်လောက်သုံးခဲ့မှန်းတောင် မမှတ်မိခဲ့ပါဘူး။
          သူဟာ ရှေးခေတ် မြောက်အမေရိက ဟူရွန်းလူမျိုးတွေရဲ့
ယုံကြည့်ချက်အတိုင်း သူ့ရဲ့တစ်ကိုယ်လုံးကို ကျားတစ်ကောင်အဖြစ်အသွင်ပြောင်းမယ် ဆိုတဲ့
ခံယူချက်နဲ့ ခွဲစိတ်မှု့ပေါင်းများစွာကို ပြုလုပ်ခဲ့ပါတယ်။
Thursday, November 15, 2012
စေတစ်လုံး ဆိတ်
          အန္ဒိယနိုင်ငံ ပါရန်ဒူရိုင်က  အီရော့ဒ်ဆိုတဲ့ဒေသမှာတော့ မျက်စေ့တစ်လုံးသာပါတဲ့
ဆိတ်မလေးကို မွေးဖွားခဲ့ပါသတဲ့။  ကန်ဒေဆာမိ
လို့ခေါ်တဲ့ ဆိတ်မွေးခြံပိုင်ရှင်ကတော့ သူ ဆိတ်မွေးလာတဲ့ ၁၀ နှစ်သက်တမ်းမှာတော့ ဒါဟာ
ပထမဆုံး မြင်ဖူးခြင်းပါတဲ့။ 
          ဒီ ဆိတ်မလေးဟာ နှုတ်ခမ်းနှစ်ခုကွဲနေပြီးတော့
မျက်လုံးဟာ နှစ်လုံး ပါရှိရမည့် အစား ဦးခေါင်းအလည်တည့်တည့်မှာ တစ်လုံးထဲပါဝင်လာခြင်းဖြစ်ပါတယ်။  ခုတော့ ဆာမိရဲ့ ခြံထဲမှာ ထူးထူးဆန်းဆန်း မျက်စေ့တစ်လုံးထဲပါတဲ့
ဆိတ်ကို လာကြည့်ကြတဲ့လူတွေနဲ့ စည်ကားနေပါသတဲ့။ 
ဒါဟာ မျိုးရိုးဗီဇ မူမမှန်မှု့ကြောင့် ဖြစ်ပြီးတော့ ဆိတ်ရဲ့ ခရိုမိုဆုမ်းပြောင်းလဲမှု့မှာ
မူမှန်ဖြစ်ခြင်းကြောင့် ဖြစ်တယ်လို့လဲဆိုပါတယ်။  
Source : (Link)
Tuesday, November 6, 2012
မကြာခင်လာတော့မယ့် စင်ကာပူရဲ့ Water Taxi
          စင်ကာပူမှာတော့ မြေပေါ်မှာ တက္ကစီကား၊ MRT
ရထား တင်မကတော့ပါဘူး... ခုဆိုရင် ရေပေါ်မှာပါဆွဲတော့မယ့် Water Taxi ကို စတင်ဖို့ စင်ကာပူရဲ့
Urban Redevelopment Authority (URA) က ၂၀၁၃ ဇန်န၀ါရီလမှာ စတင်ပြေးဆွဲဖို့ စီစဉ်နေပါပြီတဲ့။  URA ရဲ့ မြေယာစီမံခန့်ခွဲရေးက လက်ထောက် ဒါရိုက်တာ
မက်ခ်ဂိုအဆိုအရတော့ ဒီ မြစ်ထဲသွား တက္ကစီတွေပေါ်လာရင်တော့ “နေ့စဉ် ရုံးသွား၊ ရုံးပြန်၊
နေ့လည်စာထွက်စား အားလုံးအတွက် အသုံးပြုလို့ရမှာပါ။  နောက်ပြီးတော့ ဒီ စင်ကာပူ မြစ်တစ်ကြောဆွဲမယ့် တက္ကစီဟာလဲ
အကျိုးအမြတ်ရမှာပါ” လို့ ဆိုသွားပါတယ်။
          စင်ကာပူမှာလဲ လူဦးရေဟာ ၅ သန်းကျော်သွားပြီဖြစ်တဲ့အတွက်
ပို့ဆောင်ရေးမှာလဲ အတော့်ကို ကျပ်လာပါပြီ။ 
ပြီးခဲ့တဲ့လတုန်းကလဲ စင်ကာပူရဲ့ မြေအောက်ရထားစနစ်ဟာ နှစ်ပေါင်း ၂၄ နှစ်အတွင်းမှာ
ဆိုးဆိုးရွားရွားကို ဓာတ်အားပြတ်တောက်မှု့တွေ ဖြစ်ပေါ်ခဲ့ပါတယ်။  အသစ်ဆွဲထားတဲ့ ရထားလိုင်းအသစ်တွေကလည်း ၂၀၁၇ ခုနှစ်မတိုင်ခင်အထိ
ပြီးစီးဖို့မရှိပါဘူး။  ဒီတော့ Water Taxi ပို့ဆောင်ရေးစနစ်ဟာ
 စင်ကာပူမြို့လယ်၊ မြို့တွင်းပို့ဆောင်ရေးအတွက်
အသက်ရှုချောင်စရာ တစ်ခုဖြစ်လာနိုင်ပါတယ်။
          ပုံမှန် ခရီးလမ်းကြောင်းအတွက်ကတော့ Water
Taxi တွေစီးရင် စင်ကာပူ ၃ ဒေါ်လာထက် မပိုဘူးလို့ ဆိုပါတယ်။  ဒါမှမဟုတ် ပိုမြန်တဲ့ အထူး တက္ကစီကို စီးချင်ရင်တော့
စင်ကာပူ ၄ ဒေါ်လာလောက် ကျသင့်မယ်လို့ ဆိုပါတယ်။ 
          ခုလောလောဆယ်မှာတော့ အပန်းဖြေ၊ ရှု့ခင်းကြည့်
လောက်ပဲ ပြေးဆွဲနေတဲ့ Duck & Hippo နဲ့ Singapore River Cruise ကုမ္ပဏီတွေဟာ နောက်နှစ်လောက်ဆိုရင်တော့
နေ့စဉ် ရုံးသွား၊ ရုံးပြန် အသုံးပြုနိုင်တဲ့ Water Taxi တွေအဖြစ်ပြောင်းလဲလာနိုင်စရာရှိပါတယ်။  သြော်… သူတို့နိုင်ငံများတော့လဲ မရှိမယ့် ရှိမယ့်
အရင်းအမြစ်လေးတွေထဲက ဖြစ်ညှစ်ပြီးတော့ ၀င်ငွေများရှာနိုင်ပါပေ့။  
Source : (Link)
Photo  : (Link)
Thursday, November 1, 2012
လိမ္မော်ခြံ
          ဆောင်းဦးသည် ကုန်တော့မည်။  တဖြည်းဖြည်းနှင့် အေးလာပြီ…. အခန်းထဲက ဆောင်းတွင်းဝတ်
အနွေးထည်တွေ ထည့်ထားသော အိတ်ကိုဖွင့်ရပြီ။ 
ရှန်ဟိုင်းရဲ့ ဆောင်းသည် လာတော့မည်ဖြစ်သည်။  ဆောင်းဦးမှာ ရွက်ကြွေမကြွေတော့ မသိ။  လိမ္မော်ပင်တွေကတော့ လိမ္မော်သီးတွေ ပြွတ်လို့ ခဲလို့။  လိမ္မော်ရာသီတော့ ရောက်ပြီဖြစ်သည်။  လိမ္မောသီးတွေ လှိုင်လှိုင်ပေါပြီ။  ဒီနေ့ သင်္ဘောကျင်းထဲမှာ အလုပ်လုပ်ရင်း လိမ္မောသီး
သွားခူးရအောင် ဆိုပြီး ကျင်းထဲက QC ကောင်လေးတွေ ပြောလို့ လိမ္မော်ခြံထဲ ပါသွားသည်။  များလိုက်သည့် လိမ္မော်ပင်တွေ….. ရှု့မဆုံးနိုင်အောင်ပင်ဖြစ်သည်။
          လိမ္မော်ပင်လေးတွေက လူတစ်ရပ်ကျော်ကျော်ရယ်…
ဒါပေမယ့် တစ်ချို့အပင်တွေဆို နှစ် ၃၀ ကျော်ပြီတဲ့… တစ်ခြံလုံး လိမ္မော်ရနံလေးတွေ လှိုင်နေသည်။  လိမ္မော်သီးတွေ ကိုယ်တိုင်ခူးလို့ရသည်။  လိမ္မော်ခင်းထဲ လျှောက်သွားရင် ကြိုက်တဲ့ လိမ္မော်သီးတွေ
ခူးစားလိုက် တောင်းထဲထည့်လိုက်…
Subscribe to:
Comments (Atom)

 
 


