ကမ္ဘာကျော် Times Magazine ရဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်စွမ်းရှိသူများ
အယောက် ၁၀၀ ထဲမှာတော့ ဒီနှစ် ၂၀၁၁ အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်တစ်ခုဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်ဟာ နာမည် အစဉ်အလိုက် စီထားတဲ့အထဲမှာ နံပါတ် ၁၈ ရောက်မြောက်အဖြစ်
ပါဝင်လာပါတယ်။ ဒါဟာ ဘားရက်အိုဘားမား၊ ဟီလာရီကလင်တန်၊
မီရှလ် အိုဘားမားတို့ရဲ့ အထက်မှာ ပါဝင်လာတာပါ။
ကမ္ဘာကျော် လူမှု့ရေးကွန်ယက်ကို စတင်တည်ထောင်သူ မက်ဇူကာဘက်ကတော့ အဆင့် ၆ နေရာမှာ
တွေ့ပါတယ်။
ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးထားတာကတော့
အသက် ၆၅နှစ်ရှိပြီဖြစ်တဲ့ အန်တီစုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိအောင် ဆောင်ရွက်နေတဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ရော
၁၉၉၁ ခုနှစ် နိုဘယ်ဆုရှင် တစ်ယောက်အနေနဲ့ပါ အာရှတိုက်ရဲ့
ဟီးရိုး တစ်ယောက်ဖြစ်သလို ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူတွေကို ဇွဲမလျှော့ပဲ အားတက်စေအောင်
လှုံဆော်နိုင်တဲ့ လူတစ်ယောက်လည်း ဖြစ်တယ်လို့ ဖော်ညွှန်းထားပါတယ်။ ဒီအကြောင်းကို ရေးထားသူကတော့ တရုတ်နိုင်ငံသား ၀မ်တန်
ဆိုသူဖြစ်ပါတယ်။ သူ့အဆိုအရတော့ မစ္စတာဝမ်ဟာ
၁၉၈၉ခုနှစ် တရုတ်နိုင်ငံမှာ ဒီမိုကရေစီ အသွင်ပြောင်းလည်းရေးလှုပ်ရှားမှု့ဖြစ်တဲ့ တီယန်နန်မန်
လှုပ်ရှားမှု့မှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းစွာ ဖြင့် လှုပ်ရှားသင့်ကြောင်း တိုက်တွန်းခဲ့ပြီး
နောက်တစ်နှစ်မှာ တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြလှုပ်ရှားတာကို
သူ့အခုအထိ မှတ်မှတ်ရရရှိနေတုန်းပဲလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၇ နှစ်လောက် ကျခံနေရတဲ့
နေအိမ်အကျယ်ချုပ်ကနေပြီး ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။