စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Sunday, April 29, 2012
လမ်းခွဲရက်သူမို့ သွားတွေအကုန်နှုတ်ပစ်လိုက်သည့် သွားဆရာဝန်မလေး
          လူတစ်ချို့ကျတော့ အချစ်ကြီးရင်တော့ အမျက်ကြီးတတ်တာလေမို့ ထားသွားရက်တဲ့ ချစ်သူကို အမုန်းမပြေ လက်စားချေချင်ကြတာ ဆန္ဒန်ဆင်မင်း ၀တ္တုထဲက စူဋ္ဌသုဘဒ္ဒါလိုပေါ့လေ။  ဟောဒီမှာတော့ ထူးထူးခြားခြား သွားဆရာဝန်မလေးက သူ့ကို ပစ်သွားတဲ့ ချစ်သူကို လက်စားချေတဲ့ အနေနဲ့ ကျွမ်းကျင်ရာ လိမ်မာရာဆိုသလို သူကျွမ်းကျင်တဲ့ သွားပညာနဲ့ အံပုံတပ်ကာ တစ်သက်လုံး နေလေရော့ဟယ်ဆိုပြီး သွားတွေ တစ်ချောင်းမကျန် နှုတ်ပစ်လိုက်ပါသတဲ့။
          ပိုလန်နိုင်ငံသူ အသက် ၃၄ နှစ်ရှိတဲ့ အန်နာ မက်ကိုဝခ် ဟာ သူ့ချစ်သူ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ မာရက် အိုဇူစကီးကို သူမကိုထားရစ် နောက်တစ်ယောက်နဲ့ ချစ်လို့ လမ်းခွဲပြီး နောက်တစ်နေ့မှာပဲ ချစ်သူကို မေ့ဆေးပေးကာ သွားတွေ တစ်ချောင်းမကျန် နှုတ်ပြီး လှလှပပလက်စား ချေလိုက်လို့ ထောင်ဒဏ်ခံရတော့မှာဖြစ်ပါသတဲ့။  သွားတွေနှုတ်လဲပြီးရော ခေါင်းကို ပတ်တီးဖွေးနေအောင်စီးလို့ ပါးစပ်ပါ ဟမရအောင် ပတ်တီးဆို့လို့ ထားရစ်ပါတယ်။  အိုဇူစကီးကတော့ “ကျွန်တော်နိုးလာတော့ တစ်ခုခုမှားနေတယ်ဆိုတာသိလိုက်တယ်။  ကျွန်တော့ပါးစပ်ထဲမှာ သွားတွေမရှိတော့ဘူး၊  ခေါင်းတစ်ခုလုံးကိုလဲ ပတ်တီးတွေနဲ့ စီးထားတာခံရတယ်” လို့ ဆိုပါတယ်။
Saturday, April 28, 2012
စားကြဦးမလား ဆူရှီ စစ်သင်္ဘောများ
          ဆူရှီ…. ဆူရှီ…. ဆူရှီ…..  ရွှေပြည်ကြီးကို ဆောင်းဦးရွက်ကြွေချစ်သက်သေ လိုမျိုး ရုပ်ရှင်ကားတွေ ထုတ်လွှင်ပြသလေတော့ အိမ်ရှင်မတွေရဲ့ သဲခြေကြိုက်တွေ ဖြစ်ကုန်တော့တာကိုး။  ကျန်တာတွေခေါက်ထား ကိုးရီးယားကားလာလို့ကတော့ အိမ်ဦးနတ် ဗိုက်ဟောင်းလောင်းပဲဖြစ်ဖြစ်၊ ရပ်ကွက်ထဲမီးပဲ လောင်လောင် ည ၈နာရီကျော်မှ ကျန်တာလာပြော၊ ခုတော့ လက်ကိုင်ပ၀ါလေးကိုင်လို့ မျက်ရည်စမ်းစမ်းနဲ့ ဗီဒီယိုကားတို့ နုသမျှ ကိုယ်တွေက ခံရရှာတော့တာ။  ဟင် ဟိုအကောင်က မိုက်ရိုင်းလိုက်တာ… ငါ့ မင်းသားလေးကိုများ ထိုးရက်လိုက်တာ၊ ဟင် ဟိုကောင်မက အရှက်မရှိ ဖြတ်ခုတ်သေးတယ်… မင်းသမီးလေးခမျာ သနားစရာနဲ့ တစ်ကားနဲ့ တစ်ကား မရိုး၊ မရိုးနိုင် ဇတ်စုံခင်းတော့ သကိုး။  ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲ….ကိုးရီးယား၊ ဂျပန် တို့ရဲ့ ယဉ်ကျေးမှု့တွေ ပျံနှံလာပြီး ရွှေမြို့တော်ကြီးတွေမှာ ကိုးရီးယားဆိုင်၊ ဂျပန်ဆိုင်တွေ ဟိုမှာ တစ်ဆိုင်၊ ဒီမှာ တစ်ဆိုင်နဲ့ တွင်တွင်ကျယ်ကျယ်ဖြစ်လာကြသလို၊ ကိုရီးယား ဖက်ရှင်လိုလို ဟာတွေလဲ လူငယ်တွေကြား ရေပန်းစားလို့ ဆံပင်တွေလဲ အနက်ရောင်ကနေ ရောင်စုံတွေဖြစ်၊ အ၀တ်အစား ၀တ်ဆင်မှု့ဟန်ပန်တွေလဲ ပြောင်းကုန်ကြပါပြီ။
          ကဲ ဟောဒီမှာတော့ ဂျပန်တွေကတော့ ပုံမှန် ဆူရှီလိပ်တွေနဲ့ မတူတမူထူးခြားတဲ့ စစ်သင်္ဘော ဆူရှီပါတဲ့။  ဆူရှီချစ်သူတွေကတော့ ဂန်ကန်မာကိ လို့ခေါ်တဲ့ စစ်သင်္ဘောပုံစံ ဆူရှီများကို ပုံမှန်ဆူရှီလိပ်တွေထက် အမြင်ဆန်းပြီး စစ်သင်္ဘောပုံစံအသွင် ပြုလုပ်စားသုံးနိုင်ကြပါပြီ။  ဒီ စစ်သင်္ဘောဆူရှီကိုတော့ မာယုကာ နာကာမူရာ က ဖန်တီးလိုက်တာပါ။  “ပထမတော့ ကျွန်မဟာ စစ်သင်္ဘောတွေကို စိတ်ဝင်စားပါတယ်။  နောက်ပြီးတော့ လူတွေဘာဖြစ်လို့ အစားအစာတွေကို ဒီလို စစ်သင်္ဘောပုံစံတွေ မလုပ်ကြသလဲလို့ စဉ်းစားမိရင်းကနေ စစ်သင်္ဘောဆူရှီကို ဖန်တီးလိုက်တာပါလို့” ဆိုပါသတဲ့။
Thursday, April 26, 2012
ဆိုင်နာမည် လှလှလေးများ
               အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် စီမံခန့်ခွဲမှု့ ကျွမ်းကျင်နေရုံနဲ့ မပြီးသေးပါဘူး။  သင့် လုပ်ငန်းအောင်မြင်ဖို့ အဓိက ကျတဲ့ အချက်ကတော့ ဆိုင်နာမည်ပဲဖြစ်ပါတယ်။  ဆိုင်နာမည်ဆိုတာက ပထမဆုံး impression ပါ။  လူတစ်ယောက် သင့်ဆိုင်ရှေ့က ဖြတ်သွားတာနဲ့ ပထမဆုံး လှမ်းကြည့်လိုက်တာက ဆိုင်နာမည်ပါ။  ဒီတော့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ရာ ဆိုင်နာမည် ရွေးချယ်တတ်ဖို့လဲလိုပါတယ်။  ဟောဒီအောက်က ဓာတ်ပုံများမှာတော့ ဆိုင်နာမည်လေးတွေကတော့ အများနဲ့ မတူတမူထူးဆန်းလို့ လူကြီးမင်း ဆိုင်ဖွင့်မယ်ဆိုရင် အိုင်ဒီယာလေးများ ရစေရန် အလို့ငှာ ဖော်ပြလိုက်ပါကြောင်း
မှတ်ချက်။  ။ (ဘာသာမပြန်ရဲလို့ ကွကိုယ်ပြန်ယူတော်မူကြပါကုန်......:P )
မိတ်ကပ် အစွမ်း အံမခန်း
             လှ တစ်မျက်နှာ ယဉ်တစ်ကိုယ်မို့ မြင်မြင်ချင်း ချစ်မိသွားပါတယ် ဆိုသူများ အနည်းငယ်တော့ သတိထားဖို့ လိုလိမ့်မယ်နော်....။  တစ်ချို့ကြတော့လဲ ချောလွန်းလို့ လှလွန်းပါတယ်ဆိုပြီး လက်ထပ်ပြီးတော့မှ အိမ်ထောင်ကျကာမှ မပြင်မဆင်နေကြတဲ့ အိမ်သူသက်ထားကို အငြိုအငြင်တွေပွားလို့ ခြေထောက်ဗွေပေါက်ကာ အသစ်၊ အသစ်ရှာတတ်ကြလေသမို့ အရွေးမမှားစရာ တစ်သက်တာမှာ အိုအောင်မင်းအောင် သစ္စာရှိလို့ ချစ်မြတ်နိုးကြစေသောဝ်။  မည်သို့ပင်ဆိုစေ မိတ်ကပ်အစွမ်းကတော့ အံမခန်းပါပဲဗျာ။
Wednesday, April 25, 2012
တောင်ကိုရီယားက အကျဉ်းထောင်စောင့် စက်ရုပ်
          ငယ်ငယ်တုန်းက ကလေးတွေ အသဲစွဲ အာနိုးမင်းသားကြီးရဲ့ တာမီနေတာ စက်ရုပ်ကားကို ကြည့်ဖူးကြမှာပါ။  ခုတော့ တောင်ကိုရီးယားနိုင်ငံမှာ အကျဉ်းထောင်စောင့်မယ့် စက်ရုပ်တွေကို တီထွင်လိုက်ပါပြီတဲ့။  ဒီစက်ရုပ်မှာ 3D ကင်မရာတွေ တပ်ဆင်ထားပြီးတော့ လူသားတွေရဲ့ အပြုအမူ ခံစားမှု့တွေကို နားလည်နိုင်စေမယ့် အထူး ဆော့ဖ်ဝဲ ထည့်သွင်းထားတယ်လို့ဆိုပါတယ်။  ဒါကြောင့် အပြုအမူ မူမမှန်တဲ့ အကျဉ်းသားတွေကို တွေ့ရင် ထိုအကျဉ်းသား မဟုတ်တာ မလုပ်ခင်အချိန်မှာပဲ စက်ရုပ်ထိန်းတဲ့လူထံ ထောင်စောင့် စက်ရုပ်က သတင်းပို့မှာ ဖြစ်ပါသတဲ့။ 
          စက်ရုပ်ဖြစ်လေတော့ လူတွေလို ညောင်းတာတွေဘာတွေ မရှိပဲ တက်တက်ကြွကြွနဲ့ တစ်နေ့လုံး အကျဉ်းသားတွေကို လှည့်ပတ်စောင့်ကြည်နေနိုင်မှာပါ။  ဒါပေမယ့် စက်ရုပ်ထိန်းတဲ့လူ အိပ်ငိုက်နေရင်တော့ မပြောတတ်ဖူးပေါ့လေ။  ဒီစက်ရုပ်ကိုတော့ wi-fi နဲ့ စက်ရုပ်မောင်းတဲ့လူက အခန်းထဲကနေ ထိန်းကျောင်းနိုင်တယ်လို့ ဆိုထားပါသတဲ့။ 
Source : (Link)
ကိုယ့်ရည်းစားကို တောဝက်နဲ့ မှားပြီး သေနတ်နဲ့ ပစ်လိုက်တဲ့ ငနဲ
          ဟိုရက်ကပဲ Punk စတိုင်လ် ဆံပင်ထောင် အနီဆိုးလို့ငှက်နဲ့မှားပြီး သေနတ်ပစ်ခံလိုက်ရတဲ့ မမ အကြောင်း တင်ခဲ့သေးတယ်။  ဒီနေ့ ကိုယ့်ရည်းစားကို တောဝက်နဲ့မှားပြီး သေနတ်နဲ့ ပစ်လိုက်တဲ့ ငနဲအကြောင်း ဖတ်မိပြန်တယ်။
          စတီဗန် အီဂန်ဆိုတဲ့ အသက် ၅၂ နှစ်ရှိတဲ့ လူက အမဲလိုက်နေတုန်းမှာ သူ့ရည်းစားဖြစ်သူ အသက် ၅၂ နှစ်ရှိတဲ့ လီဆာ ဆင်မွန်ကို တောဝက်နဲ့မှားပြီး ဒသမ ၃၀ ကယ်လီဘရာ ရိုင်ဖယ်နဲ့ ပစ်လိုက်တာပါ။  ဖြစ်ပုံက အီဂန်တစ်ယောက် သူ့ရည်းစား အမဲလိုက်တဲထဲကနေထွက်သွားတာကို သတိမထားမိပဲ တောထဲမှာ အသံကြားလို့ လှမ်းပစ်လိုက်ပြီးတော့မှ အသံကြားလို့ သွားကြည့်တော့ သူ့ရည်းစားဖြစ်နေတာပါတဲ့။  သေနတ်ဒဏ်ရာ ခြေထောက်မှ ရသွားတဲ့ ရည်းစားဖြစ်သူကို အီဂန်က Halifax Medical Centre ကိုပို့ဆောင်ခဲ့ပါသတဲ့။  သြော်… ရည်းစားဖြစ်သူကိုမှ တောဝက်နဲ့ မှားတယ်လို့ ဆိုလေတော့ ဒါ အကြံအစည် တစ်ခုခုတော့ ရှိရမယ်..
Source : (Link)
Tuesday, April 24, 2012
ဇစ်
          ဇစ်ဆိုတာက အင်္ကျီတွေက ဇစ်၊ ဘောင်းဘီတွေက ဇစ်၊ လွယ်အိတ်တွေက ဇစ်။  ဒီဇစ်တွေပေါ်လာတော့ လူတွေ အဖွင့်အပိတ်အတွက် အတော်လေးကို အဆင်ပြေလာကြတယ်။  ဒီနေ့ ဂူဂဲလ်ကို ဖွင့်လိုက်တော့ ထူးထူးခြားခြား ဇစ်ပုံကြီး ပေါ်လာတော့ ထုံးစံအတိုင်း ၀ီကီပီဒီယားကနေ ဇစ်ရဲ့ သိမိုင်းကြောင်းကို လှန်လှော ရှာမိပါတယ်။ (Chrome Browser ဆိုရင်တော့ ဇစ်ကို ဆွဲချလို့ရပါတယ်၊  မြေခွေးမှာတော့ ရမရ မသေချာပါ)
          ဇစ်မပေါ်ခင်ကတော့ ကြယ်သီးတွေသုံးကြမှာပေါ့။  နောက်ပိုင်း ဇစ်ပေါ်လာတော့ (Levis 501 ကိုတော့ ချန်ထားပေါ့လေ) အ၀တ်အစားတွေမှာ ဇစ်တွေကို တွင်တွင်ကျယ်ကျယ်အသုံးချလာကြပါတယ်။  ဇစ် သမိုင်းကိုကြည့်လိုက်တော့ ဇစ်ရဲ့ ပထမ မျိုးဆက် သဘောတရားကို ၁၉၅၁ ခုနှစ်မှာ Elias Howe ဆိုတဲ့ စက်ချုပ်စက် ကိုတီထွင်သူက တီထွင်ပါသတဲ့။  အဲ့ဒီတုန်းကတော့ အလိုအလျှောက် စဉ်ဆက်မပြတ် အ၀တ်အထည်များကို ပိတ်သော အရာလို့ ခေါ်ကြပါတယ်။  ဒါပေမယ့် သူ့စက်ချုပ်စက်က အောင်မြင်လေတော့ အဆိုပါ ဇစ် ကို ဈေးကွက်မဖြန့်ခဲ့ပါဘူးတဲ့။
Monday, April 23, 2012
Punk စတိုင်လ် ဆံပင်ထောင် အနီဆိုးလို့ ငှက်နဲ့မှားပြီး သေနတ်ပစ်ခံလိုက်ရတဲ့ မမ
          ကော်လိုရာဒိုက အသက် ၂၃ နှစ်ရှိတဲ့ မချောတစ်ယောက်ကတော့ ပန့်ကေ ညှပ်ပြီး (Mohawk) ဆံပင်အနီဆိုးထားတာကို ငှက်ထင်လို့ ခေါင်းကို သေနတ်နဲ့ အပစ်ခံရပါသတဲ့။  ပစ်တဲ့သူကတော့ သူ့ကြောင်တွေကို အမြဲတမ်းလာနှောက်ယှက်နေတဲ့ အမွေးနီငှက်ကို ပစ်ဖို့ထွက်လာရင်း တောင်စောင်းပေါ်မှာ ထိုမမရဲ့ ဆံကေသာနီနီ အလှကို ငှက်နဲ့မှားပြီး သူ့ရဲ့ ဒသမ ၂၂ ကယ်လီဘရာ ရိုင်ဖယ်နဲ့ဆော်လိုက်မိတယ်လို့ ဆိုနေပါတယ်။   ရော့ခ်ဝဲကတော့ ပေ ၉၀ အကွာကနေ ဒီ အနီရောင် ထောင်ထောင်၊ ထောင်ထောင်ကို ငှက်အမှတ်နဲ့ ပစ်ပြီးတော့မှ မိန်းမအော်ငြီးသံကြားလို့ မှားပစ်မိမှန်းသိပါသတဲ့။  အသက် ၄၂ နှစ်ရှိတဲ့ ငှက်ပစ်ကောင်းသူ ဒါရေး ရော့ခ်ဝဲလ်ကိုတော့ လျှော်ကြေး ငွေ ဒေါ်လာ ၁သောင်း ပေးဆောင်စေပြီးတော့ သေနတ်ကိုင်ခွင့် ပိတ်လိုက်ပါသတဲ့။   ဒီအပြင် သူ့အပြုအမူကိုလဲ ၅ နှစ် စောင့်ကြည်မှာဖြစ်တယ်လို့ ဆိုပါတယ်။  အဆိုပါ ဆံနီ မမ ကတော့ ခေါင်းကို သေနတ်နဲ့ အပစ်ခံရပေမယ့် မသေခဲ့ဘူးတဲ့။
Source : (Link)
Sunday, April 22, 2012
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၇
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၂
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၃
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၎
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၅
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၆
အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏ 
အင်္ကျီတစ်ထည် ၉၇ ကျပ်။  အဖေ့ဆီက ၅၀ ချေး၊ အမေ့ဆီက ၅၀ချေး။  ပြန်အမ်းငွေ ၃ ကျပ်။  
အဖေ့ကို ၁ ကျပ်ပေး၊ အမေ့ကို ၁ ကျပ်ပေး၊ လက်ထဲမှာ ၁ ကျပ်ကျန်။
အမေ့ကို ပေးရန် ၄၉ ကျပ်၊ အဖေ့ကို ပေးရန် ၄၉ ကျပ်၊  လက်ထဲမှာက တစ်ကျပ်။  အားလုံးပေါင်းရင် ၉၉ ကျပ်။
ကဲ ပြော ၁ ကျပ်ပျောက်နေပြီ................  အဲ့ဒါရှင်းပြ။
Difference between Men vs Women
ကမ္ဘာပေါ်မှာ မိန်းမနဲ့ ယောက်ျားဟာ အာဒမ်နဲ့ ဧ၀တို့ကနေ စတင်ဆင်းသက်လာတယ်ဆိုဆို၊ ဒါဝင်ရဲ့ မျောက်ကဆင်းသက်လာတဲ့ သီအိုရီပဲ လက်ခံ လက်ခံ အဓိက ဖြစ်တည်မှု့ကတော့ ယောက်ျားနဲ့ မိန်းမ နှစ်မျိုး ရှိနေတာပါပဲ။  ဒီနှစ်မျိုးကလဲ ပုံစံမတူ တမူကွဲလွဲလို့ ပေါင်းဆုံကြရတာပါ။       မည်သို့ပင်ဆိုစေကာမူ မိန်းမနှင့် ယောက်ျား ဘယ်လိုကွာသလဲဆိုတာကတော့ ဟောဒီ အောက်က ဗီဒီယိုလေးတွေကို ရှု့စားတော်မူကြပါ။
     ယောက်ျားလေးနှင့် မိန်းကလေးများ အိမ်သာတက်လျှင် ဒီလိုကွာပါသတဲ့....
အဓိကသည်သာ အဓိကဆိုသလို ဟောဒီ တန်းနစ်လောက ယောက်ျားလေးနှင့် မိန်းကလေး များလဲ ဒီလိုကွာပါသတဲ့
Saturday, April 21, 2012
မဲတူ - ၂
မဲတူနှင့် လမ်းလျှောက်ထွက်ခြင်း
          ဒီဇင်ဘာလို လမျိုးကြတော့ ကျွန်တော့်တို့ အိမ်ဘေးက သွားဆရာဝန်က ခလေးချစ်တတ်တယ်။  ဆရာ့ရဲ့ သားရယ်၊ သမီးရယ်၊ ကျွန်တော်တို့ ရပ်ကွက်ထဲက ကလေးတစ်သိုက်ရယ်ကို ဆရာက ဦးဆောင်ပြီးတော့ ပုသိမ်တက္ကသိုလ်ချောင်းသာလမ်းဆုံ အ၀ိုင်းအထိ ပုံမှန်လမ်းလျှောက်တတ်တယ်။  တစ်ခါတစ်လေများကြတော့လည်း မြို့အ၀င် လေယာဉ်ကွင်းနားအထိ လျှောက်တတ်သလို ဒီထက်ပိုလျှောက်ချင်လဲ လမ်းလျှောက်တဲ့ ရက်တွေရှိတာကိုး။  ပြန်လာရင်တော့ ဆရာကိုယ်တိုင် ကလေးတွေကို လက်ဖက်ရည်နဲ့ မုန့်နဲ့ အိမ်မှာ ကျွေး။  ကလေးတွေအကြိုက်ပေါ့။  ဒီလို လမျိုးဆိုရင်တော့ မဲတူတို့အကြိုက် ကလေးတစ်သိုက်နဲ့ ဒီကောင်ပါလိုက်တော့တာ။  လမ်းလျှောက်ထွက်လို့ လိုက်ရင် ခွေးတွေက သူတို့ အကျင့်အတိုင်း လမ်းတစ်လျှောက် ဟိုနားနဲနဲ ဒီနားနဲနဲနဲ့ ခြေထောက်လေးကားပြီးတော့ သေးပေါက်သကိုး။  လမ်းမှတ်တယ်ထင်ပ။  အိမ်ကထွက်ခါစကတော့ ဒီကောင်က ရှေ့ သုံး လေး လံလောက်ကို မော့တော့ မော့တော့နဲ့သွား သေးလေးပေါက်လိုက်၊ အမြီးလေးနှံလိုက် သခင်တွေဆီ ပြန်ပြေးလာလိုက်နဲ့။  ဒီလိုနဲ့ တော်တော်လေးလဲ သွားရော ပေါက်စရာ သေးက မရှိတော့ပြီ။ 
          လမ်းမှတ်စရာ ရှုးရှုးမရှိတော့ မဲတူတို့ ဘာလုပ်သည်ထင်သနည်း။  အီးပါသည်။  အီးကို လမ်းဘေးတစ်လျှောက် နဲနဲစီ ပါသွားသည်။  ထိုနောက် သုံး၊ လေး လံလောက် ရှေ့ကပြေးပြန်သည်။  ကြာလာတော့ ဒီကောင်လဲ မှတ်စရာကုန်သွားသည်။  ဘာလုပ်လို့လုပ်ရမှန်းမသိတော့ချေ။  သူ့နောက်ဆုံးအမှတ်အသားလေးကိုကြည့်လိုက်၊ လမ်းဆက်လျှောက်သွားသော ကျွန်တော်တို့ကို ကြည့်လိုက် ဘာလုပ်ရမှန်း မဝေခွဲတတ်တော့ချေ။  နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်သည်၊ သခင်နားက မခွာတော့။  “ဟေ့ကောင် မဲတူ သွားဦးလေ ခပ်ဝေးဝေးကို” ဆိုရင်လဲ မသွားရဲတော့ သခင်တွေနားမှာသာ ကပ်ပြီးတော့ ပြူကြောင်ကြောင်နှင့် တစ်လမ်းလုံးလိုက်တော့သည်။  အပြန်လမ်းတစ်လျှောက်လုံးလဲ သူ့အမှတ်အသားနေရာ ပြန်မရောက်ခင်အထိ သခင်တွေနားမှ တစ်ဖွားမခွာ လိုက်တော့၏။
          ညနေ အမေဆေးခန်းသွားထိုင်ချိန်ရောက်လျှင်လည်း ဒီကောင်လိုက်တတ်သည်။  တစ်ခါတစ်လေ ဆေးခန်းမှာနေပြီး အမေနှင့်အတူ ပြန်လာတတ်သည်။  ဆေးခန်းက နီးနီးနားနားမဟုတ်၊ ပုသိမ်မြို့ ကမ်းနား ပတ်လမ်းနားတွင်ဖြစ်သည်။  သွားလေရာလမ်းတစ်လျှောက် ရပ်ကွက်ပေါင်းစုံက ခွေးများနှင့်ရန်ဖြစ်သည်။  ရန်ဖြစ်လို့ ပြေးလိုက်၊ လိုက် လိုက်နှင့် တစ်လမ်းလုံး ကျွက်ကျွက်ကိုညံ။  နောက်တော့ ဘယ်ရပ်ကွက်က ခွေးမှ ဒီကောင့်ကို အဖက်လုပ်ပြီး ရန်မဖြစ်တော့။ မောရုံသာ အဖတ်တင်သည်။  ဒီကောင်ကတော့ တစ်မြို့လုံး သွားချင်တဲ့နေရာ လျှောက်သွားသည်။
Friday, April 20, 2012
မဲတူ - ၁
          မဲတူဆိုလျှင် တစ်ရက်ကွက်လုံး အော်ကြောလန်သည်။  ကျွန်တော်တို့ ရက်ကွက်တင်မဟုတ် အနီးအနားရပ်ကွက်ကပါ အော်ကြောလန်သည်။  အော်ကြောလန်ဆို မဲတူကလည်း အတော့်ကို ဆိုးသည်။  မဲတူ သေသွားတော့ ကျွန်တော်လည်း အတော်လေး အထီးကျန်ဆန်သွားသည်။  မသေခင်အထိ ကျွန်တော့်အပေါ် အတော်လေး အနွံတာခဲ့သည်။  မဲတူကို လွမ်းလာသောကြောင့် ဒီပိုစ့်လေးကို ရေးဖြစ်လိုက်သည်။
မဲတူ၏ ရာဇ၀င်
          မဲတူအကြောင်းမပြောခင် သူ့မိသားစုရာဇ၀င်လေးကို ရှင်းပြချင်သည်။  အဲ့ဒီတုန်းက ကျွန်တော် ၆ တန်း ကျောင်းသားလောက်ဖြစ်ဦးမည်ထင်သည်။  အိမ်မှာ ခွေးမကြီးတစ်ကောင် အမြဲတမ်းအစာလာတောင်းတတ်သည်။  ကျွန်တော်က သနားပြီးတော့ ထမင်းချချကြွေးဖြစ်သည်။  ထိုအချိန်မှစပြီးတော့ ခွေးမကြီးလည်း အိမ်ကမခွာတော့။  အိမ်မှာကပ်နေရင်း ထိုခွေးမကြီးမှ သားပေါက်သည်။  အမတစ်ကောင်သာကျန်သည်။  ထို့ကြောင့် ခွေးမကြီးနာမည်က “အမေမ” ဖြစ်ပြီး သူကမွေးသော သမီးနာမည်ကတော့ “သမီးမ” ဟုကျွန်တော်က နာမည်ပေးလိုက်သည်။ 
          နောက်နှစ်ကြတော့ အမေမက ခွေး ၆ကောင်ပေါက်သည်။  သမီးမက ခွေး ၆ ကောင်ပေါက်သည်။  ထိုအထဲတွင် မဲတူက အမေမ ကပေါက်သော ခွေးဖြစ်သည်။  ခွေးကလေးတွေထဲမှာ တစ်ကိုယ်လုံးမဲပြီးတော့ မွေးကထဲက အကောင်အကြီးကြီးဖြစ်သည်။  ထိုသို့နှင့် အိမ်တွင် ခွေး ၁၄ ကောင်ဖြစ်သွားသည်။ ထိုအချိန်မှစ၍ ကျွန်တော်လည်း ခွေးများနှင့် အလုပ်ရှုပ်တော့သည်။  ကျောင်းကပြန်လာရင် လွယ်အိတ်ကိုချ ခြံထဲကိုပြေး ခွေးပေါက် ၁၂ ကောင်ကို ရေတွက်၊ ပြီးလျှင် အမေမ ကလေးတွေကို သမီးမကို နို့တိုက်ခိုင်း။  သမီးမ ကလေးတွေကို အမေမကို နို့တိုက်ခိုင်း ခွေးနေရာချထားရေးလုပ်သည်။  ခွေးဆိုလို့ မျိုးကောင်းရိုးကောင်းလို့တော့ မထင်ပါနဲ့ ခွေးလေ ခွေးလွင့်များသာ။  ဤသည်မှာ မဲတူ၏ မိသားစု ရာဇ၀င်ဖြစ်သည်။  သူ့အဘိုးအဘွားများကိုတော့ ကျွန်တော်မသိ။  သူ့ အဖေဘယ်ခွေးလဲဆိုတာလည်း ကျွန်တော်မသိ။  ကျွန်တော်သိသည်မှာ သူ့အမေသည် Single Mother ဖြစ်သည်။ 
လျှက်ကြဦးမလား နံရံကပ် ကွတ်ကီများ
          ဒါကတော့ Mischief PR နဲ့ McVite တို့ ပူးပေါင်းတီထွင်လိုက်တဲ့ လျှက်ချင်စရာ နံရံကပ် ကွတ်ကီများဖြစ်ပါသတဲ့။  ကျွန်တော်တို့ ကလေးဘ၀က ချိုချဉ်လေးတွေကို လျှက်ချင်ကြသလိုမျိုး ဒီလို နံရံကပ်ကွတ်ကီတွေကို လျှာနဲ့ လျှက်လို့ရအောင် နံရံကပ် ကွတ်ကီများအဖြစ်တီထွင်လိုက်ပါသတဲ့။  ဒီနံရံကပ်ကွတ်ကီတွေကိုတော့ လန်ဒန်မြို့က Engine လို့ခေါ်တဲ့ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုရဲ့ ဓာတ်လှေကားထဲမှာ အလှဆင်ထားပါသတဲ့။
          ကွတ်ကီးပေါင်း ၁၃၂၅ ခုကပ်ထားတဲ့ ဒီနံရံက ကွတ်ကီးတွေကို ဓာတ်လှေကားစီးရင်း လျှက်လိုက်ရင် ကောင်းကင်ဘုံရောက်သွားသလို ခံစားရမှာ ဖြစ်ပါသတဲ့။
Thursday, April 19, 2012
2012 တိုင်းမ် မဂ္ဂဇင်း ကျော်စွာ ၁၀၀ ထဲက ဦးသိန်းစိန်
          မနေ့ကတော့ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကနေပြီး ၂၀၁၂ ခုနှစ်အတွက် ကျော်စွာ ၁၀၀ စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။  ကမ္ဘာအရပ်ရပ်က ကျော်ကြားသူတွေ၊ ဖျော်ဖြေသူတွေ၊ ကမ္ဘာကို စိန်ခေါ်ကြသူတွေထဲက လက်ရွေးစင် အယောက် ၁၀၀ကို ရွေးချယ်ထားတာပါ။  မနှစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၁ ကျော်စွာ၁၀၀ ထဲမှာ ပါဝင်ခဲ့ပါတယ်။  ဒီနှစ်မှာတော့ မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်ကတော့ နံပါတ် ၆၇ နေရာမှာ ပါဝင်လာပါတယ်။
          အမေရိကန်သမ္မတ ဘားရက် အိုဘားမားကတော့ နံပါတ်စဉ် ၆၁ ယောက်မြောက်နေရာမှာ ပါဝင်ပြီးတော့၊ ဟီလာရီ ကလင်တန်ကတော့ နံပါတ်စဉ် ၈၈ ယောက်မြောက်ဖြစ်ပါတယ်။  ဘာစီလိုနာနဲ့ အာဂျင်တီးနား လက်ရွေးစင်ကစားသမား လီယွန်နယ် မက်စီကတော့ နံပါတ်စဉ် ၈၆ ယောက်မြောက်မှာ ပါဝင်လာပါတယ်။  နံပါတ်တစ်ကတော့ ယခုနှစ်ပိုင်းမှာ တရှိန်ထိုး နာမည်ကြီးလာတဲ့ ဘက်စကက်ဘော ကစားသမား ဂျရမီ လင်းဖြစ်ပါတယ်။
        ကဲ ၂၀၁၂ ကျော်စွာ ၁၀၀ ထဲမှာ ဖော်ပြထားတဲ့ ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်အကြောင်းလေးကို တစ်စေ့တစ်စောင်း ကြည့်လိုက်ကြရအောင်။
          "ဦးသိန်းစိန်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဗိသုကာ တစ်ယောက်ဖြစ်ပါတယ်။  သူဟာ သမ္မတအဖြစ် တစ်နှစ်ကျော်ကျော်သာ တာဝန်ယူခဲ့သေးပေမယ့် အခြားသော ကမ္ဘာအရပ်ရပ်က နိုင်ငံတွေလိုမဟုတ်ပဲ မြန်မာနိုင်ငံကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်ကို တင်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ အံသြစရာအကောင်းဆုံး ထိန်းကျောင်းပေးနိုင်တဲ့ အနုပညာတစ်ခုလည်း ဖြစ်ပါတယ်။  ဦးသိန်းစိန်ဟာ လက်ရှိ မြန်မာနိုင်ငံကို လွှမ်းမိုးထားတဲ့ ဗိုလ်ချုပ် အဟောင်းတွေ၊ စစ်ချုပ်တွေ၊ ထိပ်တန်း စီးပွားရေးသမားတွေနဲ့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ မြန်မာနိုင်ငံရဲ့ အင်အားအကြီးဆုံး အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အပါအ၀င် အခြားသော အတိုက်အခံပါတီများ ကိုပါ စုစည်းပြီးတော့ နုနယ်ပျိုမြစ်ပြီး လှုပ်ရှားတက်ကြွနေတဲ့ လူထု တစ်ရပ်လုံးကို ထိန်းကျောင်းခဲ့ရပါတယ်။
          အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဦးသိန်းစိန်ဟာ ဒီမိုကရေစီ အစိုးရသစ်ဖြစ်ပေါ်လာအောင်၊ ချွတ်ခြုံကျနေတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည်တည့်မတ်လာအောင် နဲ့ ဒါဇင်ပေါင်းများလှစွာသော တိုင်းရင်းသားလူမျိုးစုတွေကြားမှာ သွေးစည်းညီညွှတ်မှု့၊ ပြန်လည်သင့်မြတ်မှု့၊ ပေါင်းစည်းမှု့ရအောင် နိုင်ငံတစ်ကာက မြန်မာနိုင်ငံကို ၀ိုင်းဝန်းပိတ်ဆို့ထားတဲ့ကြားကနေ ဒီ ပဏာမ အလုပ် ၃ခုကို ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။
          သူ့ရဲ့ ခုလိုကြိုးစားတဲ့ ရလဒ် အောင်မြင်မလား မအောင်မြင်မလားဆိုတာကတော့ လူဦးရေ ၅၅ သန်းရှိတဲ့ မြန်မာနိုင်ငံအတွက်သာမက အာရှတိုက်အတွက်ပါ အရေးပါပါတယ်။
          မြန်မာနိုင်ငံဟာ ၂၁ ရာစုရဲ့ နာဖျားမှု့ကနေ နလံထခါစပဲရှိပါသေးတယ်။  တကယ်လို့သာ ဦးသိန်းစိန်ရဲ့ ကြိုစားမှု့ရလဒ်တွေ အကောင်အထည်ပေါ်လာမယ်ဆိုရင်တော့ ဒါဟာ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ ပြယုဒ်တစ်ခု ဖြစ်လာပါလိမ့်မယ်။"
             Since he took office a little more than a year ago, the President of Burma, U Thein Sein, has proved himself the architect of one of the most unlikely democratic transitions anywhere in the world.
              It's been an amazing balancing act. He's had to keep on board the ex-generals who still dominate government, as well as army chiefs, top businessmen, the opposition parties — including the largest, led by Nobel laureate Daw Aung San Suu Kyi — and a young and dynamic civil society.
        U Thein Sein, 67, is trying to perform a triple act of moving toward democratic government, overhauling one of the world's most backward economies and negotiating an end to over a dozen long-standing ethnic conflicts, all while the country remains under punishing sanctions.
              And whether or not he succeeds will be important not just for Burma's 55 million people but for all of Asia.
          Burma was until just recently a byword for almost every early 21st century ill. But if U Thein Sein gets his way, it may soon become a model for peaceful democratic change.
Source : (Link 1, Link 2)
Wednesday, April 18, 2012
နာမည်ပြောင်းဖို့ စီစဉ်နေတဲ့ သြစတြီးယား က F***ing ရွာကလေး
          သြစတြီးယား နိုင်ငံမှာတော့ လူဦးရေ ၁၀၄ ယောက်ရှိတဲ့ ရွာကလေးရဲ့ နာမည်ကတော့ ထူးထူးခြားခြား F***ing ပါတဲ့။  ခုတော့ ဒီရွာသားတွေဟာ သူတို့ရွာကလေးရဲ့ နာမည်ကို ပြောင်းဖို့ တိုင်ပင်နေကြပါတယ်။  သြစတြီးယားနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အေးချမ်းတဲ့ရွာကလေးဟာ သူတို့ရဲ့ ရွာနာမည်ဟာ ဘာကိုဆိုလိုတယ်ဆိုတာကို ဒုတိယ ကမ္ဘာစစ် အမေရိကန် စစ်သည်တွေ ရောက်မလာခင်အထိ မသိရှိခဲ့ကြပါဘူး။  နောက်ပိုင်းမှာတော့ ဒီရွာကလေးရဲ့ နာမည် F***ing ဆိုတဲ့ ဆိုင်းဘုတ်တွေ ခိုးယူခံရတယ်လို့ဆိုပါတယ်။  ရွာခံ အဒေါ်ကြီးတစ်ယောက်ဆိုရင် သူ့ဆိုင်းဘုတ် နောက်မှာ g တစ်လုံး အပိုထည့်ပြီးတော့ သူခိုးတွေ မခိုးယူအောင် စာလုံးပေါင်းပြင်ထားရတယ်လို့ ဆိုပါတယ်။ 
          “အခုတော့ ရွာသားတွေဟာ ရွာနာမည် စာလုံးပေါင်းကို ပြင်ဖို့တိုင်ပင်နေကြပါပြီ။  ဒါပေမယ့် ပထမဆုံး အရေးကြီးတာက ရွာသားတွေ တစ်ကယ်ပဲ ရွာနာမည်စာလုံးပေါင်းကို ပြောင်းချင်လား မပြောင်းချင်ဘူးလား ဆိုတာပါပဲ” လို့ ရွာသူကြီး Franz Meindl က ရုပ်သံထုတ်လွှင့်မှု့အစီအစဉ်မှာပြောသွားပါတယ်။  ဒီလို ရယ်စရာဖြစ်နေတဲ့ ၁၆ ရာစုနှစ်က စာလုံးပေါင်းနဲ့ ရွာနာမည်ကို ရွာသားတွေဟာ “ck” ဆိုတဲ့ စာလုံးပေါင်းနေရာမှာ g ဒါမှမဟုတ် gg ဆိုပြီး စာလုံးပေါင်းပြင်ဖို့ တိုင်ပင်နေကြတယ်လို့ဆိုပါတယ်။  ကျွမ်းကျင်သူများကတော့ ဒီရွာလေးရဲ့နာမည်ဟာ “Focko” ဆိုတဲ့ ၆ ရာစုနှစ်လောက်တုန်းက ဗာဗေးရီးယန်း စံနမူနာ ယူထိုက်တဲ့ လူတစ်ယောက်ရဲ့ နာမည်ကနေ ဆင်းသက်လာတဲ့လို့ဆိုပါတယ်။ ဒါပေမယ့် F***ing ဆိုတဲ့ နာမည်ကတော့ ၁၈ ရာစုနှစ်ကမှ ပြောင်းလဲသွားတယ်လို့ ဆိုပါသတဲ့။
Source : (Link)
Photo   : ALAMY
Monday, April 16, 2012
စွန့်စွန့်စားစား ဗီယက်နမ်က ရဲသား
          ဗီယက်နမ်က ဒုရဲအုပ် ငုယင် မန်ဖန်း တစ်ယောက်ကတော့ စွန့်စွန့်စားစား လို့ပဲ ပြောရမလား ဒီနေ့ တွတ်ပီ ကံမကောင်းပါလားလို့ပဲ ပြောရမလိုပါပဲ။  အဆိုပါရဲသားဟာ ခရီးသည် ၃၉ ယောက်စီးနင်းလို့ရတဲ့ ဘက်စ်ကားတစ်စီးရဲ့ ဒရိုင်ဘာကို စာရွက်စာတမ်းတွေ စစ်ဆေးဖို့ ရပ်ခိုင်းခဲ့ပါတယ်။  ဒါပေမယ့် ဒရိုင်ဘာက စာရွက်စာတမ်းတွေလည်း မပေး၊ ကားကိုလဲ ရပ်မပေးပဲ မောင်းပြေးတဲ့ အခါမှာတော့ ကိုရွှေရဲတစ်ယောက် ကားရှေ့က ဘန်ဘာပေါ် ခြေထောက်တင်၊ ၀ိုက်ပါကို လက်ကကိုင်လို့ ဒရိုင်ဘာမောင်းသမျှ ခရီးတစ်လျှောက် ကားယားကြီးကို ပါသွားတာပါ။  ဒရိုင်ဘာကလည်း တစ်နာရီကို ကီလို ၅၀ လောက်အထိရောက်အောင် မောင်းခဲ့တယ်လို့ဆိုပါတယ်။  ကိုရွှေရဲခမျာမှာတော့ “ရဲကို ခေါ်ပေးကြပါ” လို့ အော်ရင်းတန်းလန်းနဲ့ ဘက်စ်ကားသွားလေရာ ကားယားကြီး ပါသွားရှာပါသတဲ့။
          ဒရိုင်ဘာ ဖောင်ဟွန်ဖျောင်းကိုတော့ ရဲတွေရော၊ ပြည်သူတွေရောပါ ၀ိုင်းပြီး ကားရပ်ခိုင်းကာ ကားပေါ်က ဆွဲချခဲ့ရတယ်လို့ဆိုပါတယ်။  ဒီလိုမောင်းပြေးတဲ့အတွက် ဒရိုင်ဘာကတော့ ၃ နှစ် အများဆုံး ထောင်ဒဏ်ခံရဖွယ်ရှိပါတယ်။  ယခင်ကလည်း ဒီဒရိုင်ဘာဟာ ကားတိုက်မှု့အတွက် ထောင် ၄ နှစ်ကျဖူးပြီး ၂၀၁၀ခုနှစ်ကမှ လွတ်လာခဲ့တယ်လို့ဆိုပါတယ်။  သြော်... ရဲကလည်း ရဲ တက်စရာရှားလို့ ကားရှေ့ကိုမှ သွားတက်၊ ဒရိုင်ဘာကလည်း ဒရိုင်ဘာ။  အောက်က YouTube မှာတော့ ကိုရွှေရဲရဲ့ အဖြစ်သနစ်ကို ရှု့စားနိုင်ပါတယ်။
Source : (Link)
Friday, April 13, 2012
Anno 2070
          ခုရက်ပိုင်း ဆော့ဖြစ်နေတာကတော့ Anno 2070 ဆိုတဲ့ ဂိမ်းပါ။  ဖြေးဖြေးလေးနဲ့ အကြာကြီး ဆော့လို့ရလို့ ကြိုက်ပါတယ်။  Age of Empire၊ General၊ Red Alert လိုမျိုး စစ်တိုက်တာမျိုးနဲ့ Sim City လို မြို့တည်ဆောက်တာမျိုး ပေါင်းစပ်ထားလို့ ဆော့လို့ တော်တော်ကောင်းပါတယ်။  အချိန်ယူပြီးတော့ မြို့တွေကို ၁ လ လောက် တည်လို့ရတော့ မငြီးငွေ့မခြင်း Game က မပြီးပါဘူး။ 
          Mission တွေလည်း ရှိသလို Continuous ဆော့ချင်ရင်လည်း ဆော့လို့ရပါတယ်။  တစ်ခုရှိတာကတော့ ဒီဂိမ်းက Ubisoft က လိုင်စင်ထုတ်ထားတဲ့အတွက် online ဖြစ်နေတော့မှ ဆော့ရတာ ပိုအဆင်ပြေပါတယ်။  မဟုတ်ရင် ဂိမ်းထဲက Feature တွေ အပြည့်သုံးလို့ မရပါဘူး။  အွန်လိုင်း အဖွဲ့လိုက်လည်း ဆော့လို့ရတဲ့ Feature ပါဝင်ပါတယ်။
          ဂိမ်းအစပျိုးပုံကတော့ သက္ကရာဇ် ၂၀၇၀ ခုနှစ် ကို အခြေခံထားပါတယ်။  အဲ့ဒီအချိန်မှာ ကမ္ဘာကြီး ပူနွေးလာမှု့ကြောင့် အာတိတ်ဒေသက ရေခဲတွေ အရေပျော်ကုန်ပြီးတော့ ပင်လယ်ရေမျက်နှာပြင် အလွန်အမင်း မြင့်တက်လာပါတယ်။  ဒီအတွက် ကမ္ဘာ့တိုက်ကြီးတွေက ကုန်းမြေတွေဟာ အရည်ပျော်ကုန်ပြီးတော့ တောင်ထိပ်တွေလောက်ပဲ ရေပေါ်မှာ ကျန်ပါတော့တယ်။  ဒီအချိန်မှာတော့ လူသားတွေဟာ သူတို့ရဲ့ နည်းပညာတွေနဲ့ ကျန်ရှိနေတဲ့ ကုန်းမြေတွေပေါ်မှာ အသက်ဆက်ဖို့ ကြိုးစားရပါတော့တယ်။  ဒါကတော့ Anno 2070 ရဲ့ အစဖြစ်ပါတယ်။
Monday, April 9, 2012
iPhone နဲ့ iPad ကို ၀ယ်ဖို့ ကျောက်ကပ်ရောင်းတဲ့ လူငယ်လေး
          ပြီးခဲ့တဲ့ နှစ် ဧပြီလတုန်းက တရုတ်ပြည် အဆင်းရဲဆုံးပြည်နယ် အန်းဟွေးက အသက် ၁၇ အရွယ် လူငယ်လေး ၀မ်ဟာ အိုင်ဖုန်းနဲ့ အိုင်ပတ်ကို ၀ယ်ဖို့ သူ့ရဲ့ ကျောက်ကပ် တစ်ခုကို ထုတ်ရောင်းခဲ့တာ မှတ်မိကြမှာပါ။  အဲ့ဒီနောက်ပိုင်းမှာတော့သူဟာ ကျောက်ကပ် ရောဂါကို ခံစားခဲ့ရပါတယ်။  သူ့ ကျောက်ကပ်ကို ရောင်းခဲ့တဲ့အတွက် ယွမ်ငွေ ၂ သောင်း ၂ထောင်သာရရှိခဲ့ပါတယ်။  တစ်ကယ်တော့ ဒီကျောက်ကပ်ကို အရောင်းအ၀ယ်လုပ်တဲ့လူတွေဟာ ယွမ်ငွေ ၂ သိန်း ၂ သောင်း (အမေရိကန်ဒေါ်လာ ၃သောင်းခွဲလောက်) ရရှိခဲ့တယ်လို့ ရှင်ဟွာ သတင်းဋ္ဌာနက ဆိုပါတယ်။  ၀မ်ကို ၂သောင်း ၂ထောင်သာပေးပြီးတော့ ကျန်တဲ့ ငွေတွေကို ခွဲစိတ်ဆရာဝန်၊ ခွဲစိတ်ဖို့ ကူညီပေးတဲ့ ဆေးဝန်ထမ်းတွေနဲ့ ခွဲဝေယူခဲ့ကြပါသတဲ့။
          ပြီးခဲတဲ့ သောကြာနေ့ကတော့ ရှင်ဟွာ သတင်းဋ္ဌာနက အဆိုပါ ကျောက်ကပ် အစားထိုးကုသဖို့ အရောင်းအ၀ယ်လုပ်၊ ခွဲစိတ်ကုသပေးခဲ့တဲ့ လူ ၅ ယောက်ကို တရားစွဲတော့မယ်လို့ သတင်းထုတ်ပြန်လိုက်ပါသတဲ့။  လူနာမည်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။  Apple ရဲ့ အသုံးအဆောင်ပစ္စည်းတွေဟာ တရုတ်နိုင်ငံမှာတော့ အလွန်ကို ခေတ်စားနေတာဖြစ်ပြီး တော်တော်များများကလည်း သူတို့ရဲ့ ၀င်ငွေနဲ့ ဒီလို အသုံးအဆောင်ပစ္စည်းတွေကို  မ၀ယ်နိုင်ကြရှာပါဘူး။ iPhone ဆိုရင် ယွမ်ငွေ ၃၉၈၈ လောက် အနည်းဆုံး ပေါက်ဈေးရှိပြီးတော့ iPad ဆိုရင်လဲ ယွမ်ငွေ ၂၉၈၈ လောက်ပေါက်ဈေးရှိနေတာမို့ ၀င်ငွေနဲပါးတဲ့ လူငယ်တွေအတွက်ကတော့ ဒီလို ပစ္စည်းမျိုးကို ရရှိဖို့ အိပ်မက်မက်နေရသလိုပါပဲ။ 
          တရုတ်နိုင်ငံဟာ လူအင်္ဂါအစိတ်အပိုင်းတွေ ကုန်ကူးမှု့ကို ၂၀၀၇ ခုနှစ်ကထဲက တားမြစ်ခဲ့တာဖြစ်ပါတယ်။  ကျွန်တော်တို့ ရွှေပြည်ကြီးက ကိုကိုများ၊ မမများလည်း အထူးသတိချပ်ဖို့ လိုပါတယ်။  နောက်ဆုံးပေါ်ပစ္စည်းဆိုတာ အမြင်ဆန်းလို့၊ နည်းပညာ အသစ်တွေပါဝင်ပေမယ့် ဒီလိုပစ္စည်းတွေ သုံးစွဲနိုင်ယုံနဲ့ ဘ၀ တစ်ဆင့်မြင့်သွားတာတော့ မဟုတ်ပါဘူး။  ကိုယ်ရဲ့ ၀င်ငွေနဲ့ ကိုယ်အတိုင်းအတာကို လေ့လာပြီးတော့မှသာ ခေတ်ပေါ်ပစ္စည်းတွေ ၀ယ်ယူကြပါလို့တိုက်တွန်းပါရစေ။  မဟုတ်ရင်တော့ ကိုယ်တိုင် ခေတ်ရဲ့ သားကောင်တွေဖြစ်သွားပြီး ဘ၀ကြွေနွမ်းသွားနိုင်ပါတယ်။  ယောင်္ကျားလေးတွေလဲ ဒီလိုပစ္စည်းတွေရဲ့ သားကောင်ဖြစ်သွားနိုင်သလို၊ မိန်ကလေးတွေရင်လဲ သူတို့ရဲ့ ဘ၀ တစ်ဆစ်ချိုးဖို့ အလွန်လွယ်ကူလှပါတယ်။  စပွန်ဆာ ယဉ်ကျေးမှု့ထွန်းကာလာတာနဲ့အတူ မိန်းကလေးငယ်လေးတွေဟာလဲ နောက်ဆုံးပေါ် ပစ္စည်း အသစ်အဆန်းတွေ သုံးစွဲလိုစိတ်နဲ့ စပွန်ဆာတွေရဲ့ သားကောင် ဖြစ်မှန်းမသိ ဖြစ်ဖြစ်လာနေကြပါတယ်။  အဓိကကတော့ ကိုယ့်ရဲ့ ပညာအရည်အချင်း၊ ကိုယ့်အစွမ်းအစနဲ့ ၀င်ငွေရှာဖွေပြီး ကိုယ့်အကျင့်စာရိတ္တကို စောင့်ထိန်းစေလိုလှပါတယ်။
Source : (Link)
Sunday, April 8, 2012
ရိုက်ကြမယ်ဟေ့ ကောင်းကောင်း(ဓာတ်ပုံ) - ၂
ဓာတ်ပုံပညာဟာ အနုပညာတစ်မျိုးဆိုရင်.. ဓာတ်ပုံ ပညာရှင် ဓာတ်ပုံဆရာတွေဟာလည်း အနုပညာ ဖန်တီးသူတွေပါ။  အနုပညာမြောက်လှတဲ့ ဓာတ်ပုံလေးတွေ ရရှိဖို့ ဓာတ်ပုံဆရာတွေ ဘယ်လိုကြိုးစားပြီး ရိုက်ယူကြတယ်ဆိုတာကတော့ အောက်မှာ ရှု့စားတော်မူကြပါ.....
ချိန်တော့ ချိန်တာပဲ... 
အပြင်းစားရိုက်ချက်... 
Saturday, April 7, 2012
ရိုက်ကြမယ်ဟေ့ ကောင်းကောင်း(ဓာတ်ပုံ) - ၁
ဓာတ်ပုံပညာဟာ အနုပညာတစ်မျိုးဆိုရင်.. ဓာတ်ပုံ ပညာရှင် ဓာတ်ပုံဆရာတွေဟာလည်း အနုပညာ ဖန်တီးသူတွေပါ။  အနုပညာမြောက်လှတဲ့ ဓာတ်ပုံလေးတွေ ရရှိဖို့ ဓာတ်ပုံဆရာတွေ ဘယ်လိုကြိုးစားပြီး ရိုက်ယူကြတယ်ဆိုတာကတော့ အောက်မှာ ရှု့စားတော်မူကြပါ.....
ဝါသနာကို အရင်းခံ အသက်ကိုစွန့်ကာ......
ဟောဒီလို ပုံမျိုးရအောင် ရိုက်သဗျ....
ထူးထူးခြားခြား ဖိလစ်ပိုင်က Good Friday ပွဲတော်
          ဖိလစ်ပိုင်နိုင်ငံမှာတော့ ယေရှု့ကိုယ်တော်ရဲ့ လူသားတို့အတွက် အပြစ်ခံယူခြင်း အထိမ်းအမှတ်အဖြစ် Good Friday မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပနေကြ ပွဲတော်ကို ဆင်နွှဲကြပါတယ်။  ဒါကတော့ ယေရှု့ကိုယ်တော်ရဲ့ လူသားတို့အပေါ် အနစ်နာခံ ကယ်တင်မှု့ကို ဖော်ပြတဲ့အနေနဲ့ မိမိကိုယ်ကို ကားစင်တက်ပြီး သံများ ရိုက်သွင်းခံခြင်းပဲ ဖြစ်ပါတယ်။
 ကက်သလစ် ဘုရားရှိခိုးကျောင်းဝန်းအတွင်း ဖိလိပိုင် အမျိုးသားတစ်ဦး ခြေ၊လက်များကို သံရိုက်သွင်း ခံနေပုံ
Friday, April 6, 2012
စမ်းကြဦးမလား ဓားမ ကုထုံး
          "တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း" ဆိုသလိုပဲ နိုင်ငံတွေမှာလည်း ကျန်းမာရေးနဲ့ ပတ်သတ်ပြီးတော့ ကုထုံး အမျိုးမျိုးရှိကြပါတယ်။  ထိုင်ဝမ်နိုင်ငံက ကုထုံးကတော့ အများနဲ့မတူ တမူထူးတဲ့ ဓားမကုထုံးပါတဲ့။  ဓားမ ကုထုံးက လွယ်ပါတယ် ဆရာဝန်က လူနာကို ဓားမ တစ်ချောင်း ဒါမှမဟုတ် တစ်ခါတစ်လေ ၂ ချောင်းသုံးပြီးတော့ လူနာကို ဓားသွား ထက်ထက်နဲ့ ခြစ်ခြင်းပဲ ဖြစ်ပါသတဲ့။  ဒါဟာ အရေပြား နဲ့ ကြွက်သားတွေကို  ဖြေလျှော့စေပြီးတော့ ကျန်းမာရေးကောင်းစေပါသတဲ့။  ရှင်ချူးက မြို့တော်ဝန်တောင် ရွေးကောက်ပွဲနီးတုန်းက ဖိအားတွေများလို့ အဆိုပါ ဓားမ ကုထုံး ခံယူဖူးပါသတဲ့။  သူ့အဆိုအရတော့ အတော် ကောင်းတယ်ဆိုပဲ။  ကျွန်တော်တို့ဆီမှာတော့ ကမာခြစ်တာလား ဘာလား ခေါ်ကြတယ် ထင်ပါတယ်၊ ဇွန်းတို့ ကျားဘမ်းဘူး အခွံတို့နဲ့ ကျောကို ခြစ်တာမျိုး ထင်ပါတယ်။ 
          ဒီကုထုံးကုသချိန်ဟာ ၁၀ မိနစ်ကျမြင့်ပြီး ကျသင့်ငွေ  ၃.၃ ဒေါ်လာ လောက်ရှိတယ်လို့ဆိုပါတယ်။  ကုထုံးကောင်းမကောင်းတော့မသိဘူး၊ ကျွန်တော်ဆိုရင်တော့ မျက်နှာနားမှာ ဓားမတွေ ၀ဲနေလို့ အသဲယားလိုက်မယ့်ဖြစ်ခြင်း။  ဒါ့ကြောင့်လည်း အကြောတွေ ပြေသွားတယ်လို့ ဆိုကြတယ် ထင်ပ။
Source : (Link)
Thursday, April 5, 2012
ဟောဒီမှာ တရုတ်ပြည်က စူပါဟီးရိုး မယ်
          Marvel ကာတွန်းကားတွေထဲမှာ Wolver Ring၊ Iron Man၊ Super Man စတဲ့ စူပါဟီးရိုးတွေဟာ ကလေးတွေရဲ့ ဇာတ်လိုက်ကျော်ကြီးတွေပေါ့။  စူပါဟီးရိုးတွေ အပြင်မှာ တကယ်ရှိပါသလား?  စွမ်းအားရှင် (မြန်မာပြည်မှ စွမ်းအားရှင်များကို မဆိုလို) ကြီးတွေမှာ သူတို့ရဲ့ သက်ဆိုင်ရာစွမ်းအား၊ ပါဝါတွေတဲ့ အကူအညီလိုနေတဲ့ လူတွေကို အကူအညီတွေ ပေးကြပါတယ်။  ဟောဒီမှာတော့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က စူပါဟီးရိုး မိန်းကလေးပါတဲ့။  သူ့မရဲ့ နာမည်ကိုတော့ ကျိကျင်း မိန်းကလေး (သို့မဟုတ်) Chinese Redbud Women လို့ သူ့မဟာသူမ နာမည်ပေးထားပါသတဲ့။
          အဆိုပါ စူပါဟီးရိုးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ခရစ်စမတ် မတိုင်ခင်တုန်းက ဘေဂျင်း ဘူတာရုံမှာ နေရာစမရှိတဲ့ အသက်အရွယ်ကြီးရင့်နေသူတွေကို အ၀တ်အထည်တွေ၊ ငွေကြေးတွေ ထောက်ပံပေးပါသတဲ့။  သို့ပေမယ့် ခမျာလေးမှာတော့ သူများတွေကိုသာ အ၀တ်ထူထူတွေပေးတယ်၊ သူကိုယ်တိုင်တော့ ချမ်းချမ်းစီးစီး ဒီဇင်ဘာလမှာ အ၀တ်အစား လုံးလုံးခြုံခြုံ မ၀တ်နိုင်ရှာပါဘူး။  လှလည်း လှချင်တယ်နဲ့ တူပါတယ်။  ဘာစွမ်းအားတွေရှိလဲတော့ ဘာမှ ပြောမထားလို့ ဘာမှ မသိပါဘူး။
Jade Buddha Temple သို့ တစ်ခေါက်
           ပြီးခဲ့တဲ့ တင်္နလာနေ့က ရှန်ဟိုင်း Jade Buddha Temple ကို သွားဖြစ်သည်။  အလုပ်က တစ်ပတ်လုံး မနားရသည်မှာ ဘယ်နှစ်ပတ်ရှိနေပြီမသိ။  ဒီရက်ပိုင်း ဘလော့ဂ်ဖက်ကို သိပ်မလှည့်ဖြစ်။  အလုပ် တော်တော်ရှုပ်နေသည်။ ပရောဂျက် အစပိုင်းဆိုတော့ ဖိဖိစီးစီ လုပ်နိုင်မှ နောက်ပိုင်းတွင် ပြသနာနည်းနိုင်သည်။  မဟုတ်လျှင် နောက်ပိုင်း လိုက်ရှင်းရသည်က ပိုပင်ပန်းသည်။  သင်္ဘောကျင်းကလည်း ကြီးသောကြောင့် block တွေကို အခု ၂၀ လောက် တစ်ပြိုင်ထဲ စနေသည်။   ဒီဇိုင်းပုံတွေက အချောသေချာ မသပ်သေး။  အောက်က ဆောက်တဲ့လူတွေက ဆောက်နေကြသည်။  ပြင်စရာတွေ တစ်ထွေးကြီး။  တင်္နလာနေ့ကတော့ မသွားလျှင် မရောက်ဖြစ်တော့မှာဖြစ်သောကြောင့် သွားဖြစ်သည်။
          Jade Buddha Temple မှာ အထင်ကရ ကျောက်စိမ်း ဗုဒ္ဓဆင်းတုတော် ၂ ဆူရှိသည်။  မြန်မာနိုင်ငံမှ တင်သွင်းထားခြင်းဖြစ်သောကြောင့် မြန်မာ့လက်ရာ ဖူးတွေ့ရသည်။  တစ်ဆူမှာ တင်ပြင်ခွေ ဆင်းတုဖြစ်ပြီး ကျောက်စိမ်းအသားကို ဆင်းတုတော်ထုလုပ်ပူဇော်ထားခြင်းဖြစ်ပြီး ၁၈၈၂ သီပေါမင်း ပါတော်မမူခင်ကထဲက ရှန်ဟိုင်းသို့ တင်ပို့ထားခြင်းဖြစ်သည်။  ၁.၉၅ မီတာမြင့်ပြီး ၃ တန်လေးသည်။  ထူးထူးခြားခြား ထိုဆင်းတုတော်ကို ဓာတ်ပုံ ရိုက်ခွင့်မပေးခြေ။ ထို့ကြောင့် ဓာတ်ပုံသာ ၀ယ်ယူပူဇော်ရသည်။  ကျန်သော နေရာတွေကိုတော့ လွတ်လွတ်လပ်လပ် ဓာတ်ပုံရိုက်လို့ရသည်။  နောက်ထပ် ကျောက်စိမ်းဆင်းတုတော် တစ်ဆူမှာ လျှောင်းတော်မူ ဖြစ်ပြီး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပုံကို သရုပ်ဖော်ထားသည်။  ကျန်သော ဆင်းတုများမှာ မဟာရာဃဟန်များ ပြည့်နှက်နေသောကြောင့် သိပ်နားမလည်လှချေ။  ၀င်ကြေး တစ်ယောက် ယွမ် ၃၀ ဖြစ်သည်။
Wednesday, April 4, 2012
မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားငွေ လဲလှယ်နှုန်းများ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ တရားဝင် ၀ဘ်ဆိုဒ် www.cmb.gov.mm ကတော့ လွှင့်တင်နေပြီဖြစ်ပါတယ်။  နေ့စဉ် နိုင်ငံခြားငွေ တရားဝင်လဲလှယ်နှုန်းထားများကိုလည်း သွားရောက်ကြည့်ရှုနိုင်ပြီ ဖြစ်ပါကြောင်း.....
Tuesday, April 3, 2012
Statement By The White House Press Secretary On The Elections In Burma
The White House, Office of the Press Secretary
April 02, 2012
We congratulate the people of Burma on their participation in the electoral process, and Aung San Suu Kyi and the National League for Democracy on their strong showing in the polls. This election is an important step in Burma’s democratic transformation, and we hope it is an indication that the Government of Burma intends to continue along the path of greater openness, transparency, and reform.
ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ တစ်လျှောက်လုံးမှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ မြန်မာနိုင်ငံသား အားလုံးကို ဂုဏ်ယူမိပါတယ်။  ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း သူတို့ရဲ့ အင်အားပြသနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါသည်။  ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ကူးပြောင်းမှု့အတွက် အရေးပါတဲ့ အဆင့်တစ်ခုဖြစ်ပြီးတော့ ဒီရွေးကောက်ပွဲဟာ  မြန်မာနိုင်ငံတော် အစိုးရအနေနှင့်လည်း ပိုမိုပြီးတော့ ကြီးမားတဲ့ တံခါးဖွင့်မှု့တွေ၊ ပွင့်လင်းမြင်သာမှု့တွေ နှင့် ပြောင်းလဲမှု့ လမ်းကြောင်းတွေအတွက် ဖော်ညွှန်းမှု့ တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ မျှော်လင့်မိပါသည်။
Source : (Link)
၂၀၁၂ ဧပြီလ ၂ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် အမည်စာရင်းများ
၁၃၇၃ခုနှစ် တန်ခူးလဆန်း ၁၁ရက် (၂၀၁၂ ဧပြီလ ၂ရက်) MRTV သတင်းမှ - ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကြေငြာချက်အမှတ် ၁၇/၂၀၁၂၊ ၁၈/၂၀၁၂နှင့် ၁၉/၂၀၁၂ တို့အား ထုတ်ပြန်ကြေငြာခြင်း။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေငြာချက်အမှတ် ၁၇/၂၀၁၂ ကို ၁၃၇၃ခုနှစ် တန်ခူးလဆန်း ၁၁ရက် (၂၀၁၂ ဧပြီလ ၂ရက်) ဒီကနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါတယ်။   
    အဲဒီကြေငြာချက်အပြည့်အစုံမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေငြာခြင်း။  ၂၀၁၂ ဧပြီလ ၁ရက်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် ရွေးကောက်တင်မြှောက်ခံရသူများဖြစ်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတို့က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ၄၉ (ခ)နှင့် အညီ  ထုတ်ပြန်ကြေငြာချက်များအရ ယင်းပုဂ္ဂိုလ်များသည် ၄င်းတို့နှင့် ယှဉ်တွဲပါ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ  ဖြစ်ကြောင်း ကြေညာလိုက်သည်။ 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စာရင်း
        နေပြည်တော်
၁။ ဒေါ်စန္ဒာမင်း - မှတ်ပုံတင်အမှတ် ၁၂/ဘဟန(နိုင်) ၀၈၂၅၅၆
    ဇမ္ဗူသီရိမဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
၂။ ဦးနိုင်ငံလင်း - မှတ်ပုံတင်အမှတ် ၁၂/ဥကမ(နိုင်) ၁၇၆၃၈၉
    ဒက္ခိဏသီရိ မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
၃။ ဦးဖြိုးဇေယာသော် (ခ) ဇေယျာသော် - မှတ်ပုံတင်အမှတ် ၁၂/လကန(နိုင်) ၀၁၇၁၄၂
    ပုပ္ဗသီရိ မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
၎။ ဦးမင်းသူ - မှတ်ပုံတင်အမှတ် ၉/မကန(နိုင်) ၀၇၉၇၇၂
    ဥတ္တရသီရိ မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
စစ်ကိုင်းတိုင်းဒေသကြီး
၅။ ဦးခင်မောင်သိန်း - မှတ်ပုံတင်အမှတ် - ၅/စကန(နိုင်) ၀၇၃၇၇၂
    စစ်ကိုင်းမဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
၆။ ဒေါ်ခင်စန်းလှိုင် - မှတ်ပုံတင်အမှတ် - ၅/၀လန(နိုင်) ၀၇၈၄၆၁
    ပုလဲမဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်
တနင်္သာရီ တိုင်းဒေသကြီး
၇။ ဦးအောင်စိုး - မှတ်ပုံတင်အမှတ် ၆/သရခ(နိုင်) ၀၀၅၀၆၉
    လောင်းလုံ မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ပဲခူးတိုင်း ဒေသကြီး
၈။ ဦးအောင်စိုးမြင့် - မှတ်ပုံတင်အမှတ် ၇/တငန(နိုင်) ၀၀၉၅၁၅
    တောင်ငူမဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
၉။ ဦးစိန်ထွန်း - မှတ်ပုံတင်အမှတ် ၉/၀တန(နိုင်) ၀၈၁၀၇၄
    ထန်းတပင် မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
၁၀။ ဦးကျော်မင်း - မှတ်ပုံတင်အမှတ် ၇/လပတ(နိုင်) ၀၂၆၆၀၇
      လက်ပံတန်း မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
၁၁။ ဦးမြင့်ဦး - မှတ်ပုံတင်အမှတ် ၇/ကနပ(နိုင်) ၀၅၁၁၂၃
      သနပ်ပင် မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
မကွေးတိုင်း ဒေသကြီး
၁၂။ ဦးပိုက်ကို - မှတ်ပုံတင်အမှတ် ၈/ပခက(နိုင်) ၀၁၇၁၁၁
      ပခုက္ကူ မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
၁၃။ ဒေါက်တာ အောင်မိုးညို - မှတ်ပုံတင်အမှတ် ၈/ပဖန(နိုင်) ၀၀၄၅၇၃
      ပွင့်ဖြူမဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
၁၄။ ဦးမြင့်သိန်း - မှတ်ပုံတင်အမှတ် ၈/ခမန(နိုင်) ၀၀၅၆၃၇
                 မကွေး မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၁၅။ ဦးမြင့်အောင် - မှတ်ပုံတင်အမှတ် ၈/မမန(နိုင်) ၀၁၃၁၄၆
                မြိုင်မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၁၆။ ဦးတိုးရွှေ  (ခ) ဦးတင်ဋ္ဌေးအောင်- မှတ်ပုံတင်အမှတ် ၈/ရစက(နိုင်) ၀၀၅၂၄၉
                ရေစကြို မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
        မန္တလေး တိုင်းဒေသကြီး
          ၁၇။ ဒေါ်ခင်သန္တာ - မှတ်ပုံတင်အမှတ် ၉/တတဥ(နိုင်) ၀၇၅၃၅၈
                တံတားဦး မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၁၈။ ဒေါက်တာ ဇော်မြင့်မောင် - မှတ်ပုံတင်အမှတ် ၉/အမရ(နိုင်) ၀၅၉၄၉၀
                ကျောက်ပန်းတောင်း မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၁၉။ ဦးပေါခင် - မှတ်ပုံတင်အမှတ် ၉/မခန(နိုင်) ၀၂၅၀၆၃
                နွားထိုးကြီး မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၂၀။ ဦးအုန်းကြိုင် - မှတ်ပုံတင်အမှတ် ၁၂/တဂက(နိုင်) ၀၁၂၄၅၃
                မဟာအောင်မြေ မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၂၁။ ဦးဝင်းထိန် - မှတ်ပုံတင်အမှတ် ၁၂/အစန(နိုင်) ၁၆၈၉၆၃
                မိတ္ထီလာ မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၂၂။ ဦးကျော်သီဟ - မှတ်ပုံတင်အမှတ် ၉/မမန(နိုင်) ၀၇၇၉၉၃
                ပြင်ဦးလွင် မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
        မွန်ပြည်နယ်
          ၂၃။ ဒေါ်ခင်ဋ္ဌေးကြွယ် - မှတ်ပုံတင်အမှတ် ၁၀/ခစန(နိုင်) ၀၁၅၃၃၉
                မော်လမြိုင် မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
        ရန်ကုန်တိုင်း ဒေသကြီး
          ၂၄။ ဒေါ်အောင်ဆန်းစုကြည် - မှတ်ပုံတင်အမှတ် CE-၀၇၃၉၆၆
                ကော့မှူး မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၂၅။ ဒေါ်ဖြူဖြူသင်း - မှတ်ပုံတင်အမှတ် ၁၂/ဥကတ(နိုင်) ၁၀၈၈၅၀
                မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၂၆။  ဒေါက်တာ မေ၀င်းမြင့် - မှတ်ပုံတင်အမှတ် ၁၂/မရက(နိုင်) ၀၁၀၂၇၅
                 မရမ်းကုန်း မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၂၇။ ဦးဖြိုးမင်းသိန်း - မှတ်ပုံတင်အမှတ် ၁၂/ဒကတ(နိုင်) ၀၅၈၅၇၈
                 လှည်းကူး မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၂၈။ ဒေါက်တာမျိုးအောင် - မှတ်ပုံတင်အမှတ် ၁၂/ဒဂမ(နိုင်) ၀၀၈၆၂၀
                ဒဂုံမြို့သစ် ဆိပ်ကမ်း မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၂၉။ ဒေါ်စုစုလွင် - မှတ်ပုံတင်အမှတ် ၁၂/ဘဟန(နိုင်) ၀၅၅၀၉၄
                သုံးခွမြို့နယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
        ရှမ်းပြည်နယ်
          ၃၀။ ဒေါက်တာ ဒေါ်သန်းငွေ - မှတ်ပုံတင်အမှတ် ၁၃/တကန(နိုင်) ၀၁၀၅၂၉
                ကလော မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
        ဧရာဝတီတိုင်း ဒေသကြီး
          ၃၁။ ဦးဝင်းမြင့် - မှတ်ပုံတင်အမှတ် ၁၄/ဓနဖ(နိုင်) ၀၀၆၃၄၈
                ပုသိမ်မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၃၂။ ဦးစိန်ဝင်း - မှတ်ပုံတင်အမှတ် ၁၃/နသန(နိုင်) ၀၀၂၂၆၄
                မအူပင် မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
          ၃၃။ ဦးမန်းဂျော်နီ - မှတ်ပုံတင်အမှတ် ၁၄/ကပန(နိုင်) ၀၀၉၀၆၈
      မြောင်းမြ မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
၃၄။ ဦးကျော်မြင့် - မှတ်ပုံတင်အမှတ် ၁၄/ဇလန(နိုင်) ၀၃၁၂၄၄
      မြန်အောင် မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
၃၅။ ဒေါ်မြင့်မြင့်စန်း - မှတ်ပုံတင်အမှတ် ၁၂/လမတ(နိုင်) ၀၁၂၂၁၂
ကြေညာချက်အမှတ် ၁၈/၂၀၁၂ - ၁၃၇၃ခုနှစ် တန်ခူးလဆန်း ၁၁ရက် (၂၀၁၂ ဧပြီလ ၂ရက်)ထုတ်ပြန်ချက်အရ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း
ပဲခူးတိုင်း ဒေသကြီး
၁။ ဦးမင်းဦး - မှတ်ပုံတင်အမှတ် ၇/ဖမန(နိုင်) ၀၂၃၆၈၂
    အမှတ်(၇) မဲဆန္ဒနယ် -  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
မကွေးတိုင်း ဒေသကြီး
၂။ ဦးအောင်ကြည်ညွှန့် - မှတ်ပုံတင်အမှတ် ၁၀/ခစန(နိုင်) ၀၀၃၁၁၆
    အမှတ် (၄) မဲဆန္ဒနယ် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဧရာဝတီတိုင်း ဒေသကြီး
၃။ ဦးသိမ်းဆွေ - မှတ်ပုံတင်အမှတ် ၁၄/ဖပန(နိုင်) ၀၀၃၇၆၁
    အမှတ် ၁၀ မဲဆန္ဒနယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ကြေညာချက်အမှတ် ၁၉/၂၀၁၂ - ၁၃၇၃ခုနှစ် တန်ခူးလဆန်း ၁၁ရက် (၂၀၁၂ ဧပြီလ ၂ရက်)ထုတ်ပြန်ချက်အရ
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စာလှယ် အမည်စာရင်း
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အမည်စားရင်း
ပဲခူးတိုင်း ဒေသကြီး
၁။ ဦးမျိုးခိုင် - မှတ်ပုံတင်အမှတ် ၇/က၀န(နိုင်) ၀၀၀၄၉၅
    က၀မဲဆန္ဒနယ် အမှတ်(၂)  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဧရာဝတီတိုင်း ဒေသကြီး
၂။ ဒေါက်တာ လှမြတ်သွေး - မှတ်ပုံတင်အမှတ် ၁၂/ကတတ(နိုင်) ၀၁၄၅၁၇
    ရေကြည်မဲဆန္ဒနယ် အမှတ် (၂) - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
Note : ကိုအောင်(ပျူနိုင်ငံ) ဆီကနေ ဒီဗီဒီယို လင့်လေးရတဲ့အတွက် ကိုအောင့်ကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။  အထက်ပါ အမည်စာရင်းများဟာ MRTV မှ ကြော်ညာချက်များကို ပြန်လည် ရေးသားထားပါသောကြောင့် စာလုံးပေါင်း အလွဲအမှားများရှိပါက သည်းခံကြ ခင်ဗျာ။
ကဲ ကျန်သော ၅ နေရာအတွက် ဆက်လက် စောင့်မျှော်ကြပါစို့လားဗျာ......