ကွန်ပျူတာ၊ နောက်တော့
အင်တာနက်၊ အီးမေးလ် စတာတွေပေါ်လာတော့ ကမ္ဘာကြီးဟာ သတင်းအချက်အလက် (information) တွေကို
စက္ကန့်နှင့်မခြား အင်တာနက်ကို အသုံးပြုပြီး လွယ်ကူစွာ သိလာနိုင်ပြီး သတင်းအချက်အလက်နဲ့
ပါတ်သက်ရင် ကမ္ဘာ့နေရာဒေသ မရွေးအချိန်နဲ့ တပြေးညီ သိလာနိုင်လို့ ကမ္ဘာ့ကြီးကို ရွာတစ်ရွာလို့
သတ်မှတ်လို့ ရလာနိုင်တဲ့ ခေတ်ကို ကျွန်တော်တို့ ရောက်ရှိလာပါပြီ။
ဒါပေမယ့် ကမ္ဘာပေါ်မှာ
ရှိတဲ့စုစုပေါင်း လူဦးရေ ၇ ဘီလီယံမှာ အင်တာနက် အသုံးပြုနိုင်တဲ့ လူဦးရေ ၂.၂ ဘီလီယံပဲ
ရှိပါသေးတယ်။ ကျန်ရှိနေတဲ့ ၄.၈ ဘီလီယံသော လူဦးရေဟာ
မတိုးတက်တဲ့ ဒေသတွေ၊ အင်တာနက်နှင့် နည်းပညာ မဖွံဖြိုးတဲ့ ဒေသတွေမှာ နေထိုင်ရှင်သန်နေကြပါတယ်။ ဒီအတွက် သူတို့ဟာ သတင်းအချက်အလက်တွေကို လွယ်ကူစွာ
ရရှိနိုင်ဖို့ မလွယ်ကူလှသေးပါဘူး။
Search Engine နဲ့ အောင်မြင်လာတဲ့
ဂူဂဲလ်ကတော့ တစ်မျိုးပြီး တစ်မျိုး ဆန်းသစ်တီထွင်နေပြန်ပါပြီ။ ဟိုအရင် ပိုစ့်မှာ ရေးခဲ့တဲ့ ဂူဂဲလ် မျက်မှန်နဲ့
အင်တာနက် အသုံးပြုလို့ ရအောင်တီထွင်ထားသလို၊ ခုလဲ အင်တာနက်မီးပုံးပျံကို စတင် စမ်းသပ်နေပါပြီ။ အင်တာနက် မီးပုံးပျံဆိုတာက ဟီလီယံ ဓာတ်ငွေ့သုံး မိုးပျံ မီးပုံးတွေဖြစ်ပြီးတော့ အဲ့ဒီဘောလုံးတွေမှာ
နေစွမ်းအင်သုံး ဆိုလာပြားတွေ တပ်ဆင်ထားပါတယ်။
ဒီအတွက် နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးပြုပြီးတော့
မိုးပျံပူပေါင်းမှာ တပ်ဆင်ထားတဲ့ internet circuit boardတွေ၊ ရေဒီယိုတွေနဲ့ အင်တင်နာတွေကို
အမြဲတမ်း လျှပ်စစ်ရရှိစေမှာဖြစ်ပါတယ်။