စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, July 30, 2021

COVID 19 နှင့် စပ်မိစပ်ရာများ


 COVID 19 နဲ့ပါတ်သတ်ပြီးတော့ အမြင်လေးတွေ ပြောချင်ပါတယ်။  လောလောဆယ် ကိုယ်တွေမြန်မာပြည်မှာတော့ အလူးအလဲ ခံစားနေရတော့ ဖတ်ရင်း စာရှည်သွားမယ်ဆိုရင် ခွင့်လွှတ်ပါ။  COIVD-19 ရောဂါကြီးဆိုပြီး အရမ်း ကြေက်စရာမလိုပါဘူး။  ဖြစ်ပွားမှု့ရဲ့ ၈၀% နှုန်းဟာ ပြင်းပြင်းထန်ထန် မဖြစ်ကြပါဘူး (အဲ့ဒီအထဲက ၄၀% နှုန်းလောက်က (asymptomatic) ရောဂါ လက္ခဏာ မပြပဲ ပိုးသယ်ဆောင်နိုင်သူတွေဖြစ်ပြီး)၊ ၂၀% နှုန်းက ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ်။  ၅% နှုန်းကတော့ အလွန်ပြင်းထန်စွာ ခံစားရနိုင်ပြီး ၂.၂% ၀န်းကျင် လောက်ကတော့ သေဆုံးနှုန်းရှိပါတယ်။  ကျွန်တော် COVID 19 ကို အကြောင်းအရာ ခေါင်းစဉ်လေးတွေနဲ့ ခွဲပြီး တင်ပြချင်ပါတယ်။  လက်ရှိလဲ လူတော်တော်များများ ကူးစက် ခံစားနေရတာ၊ သိပြီးတွေလဲ များနေပြီ၊ ခုမှ ဘာထပြီး COVID 19 ကို ရေးတာလဲပြောရင်လဲ ခံရမှာပဲ။  ဒါပေမယ့် လက်ရှိဖြစ်နေတာထက် ဘယ်လောက်အထိ ပေရှည်နိုင်သလဲဆိုတာကိုပါ ပြောချင်လို့ပါ။  အင်တာနက်မှာ ဟိုရှာဒီရှာလို့ ရတဲ့ဟာလေးတွေကို မြန်မာမှု့ပြုလိုက်ပါတယ်။

 

Wednesday, January 20, 2021

မြိတ် ကျွန်းစုသို့တစ်ခေါက်


           ၂၀၂၁ နှစ်သစ်ကူးသွားပြီးတဲ့ အချိန်လေးမှာ မြိတ်မြို့ကို ရောက်နေတယ်။ မြိတ်ကို ဒုတိယအကြိမ်မြောက်ပြန်ရောက်တာပါ။ ပြီးခဲ့တဲ့ ၁၄ နှစ်လောက်က မြိတ်ကို တစ်ခေါက် ကျောင်းက စီစဉ်ပေးတဲ့ လေ့လာရေး အစီအစဉ်နဲ့ တောင်ကြီး သင်္ဘောစီးပြီး တစ်ခေါက်ရောက်ဖြစ်တယ်။  အဲ့ဒီတုန်းက မာလာ မုန်းတိုင်းမိတာလေးတွေ မှတ်မိသေးတယ်။

အခု နှစ်တွေတော်တော်ကြာပြီးတော့မှ ပြန်ရောက်တော့ မြိတ်မြို့လေးက လှတုန်းပါပဲ။  ခေတ်မီလာတယ်၊  Shopping Mall တွေ၊ Fast Food ဆိုင်လေးတွေနဲ့ စည်စည်ကားကား။ မြိတ်ကမ်းနားလမ်းကတော့ အရင်အတိုင်း လှနေတုန်းပဲ။  COVID 19 အချိန်ကြီး ပထမဆုံး လေယာဉ်ပြန်တွေပြန်ဖွင့်တယ်ကြားတော့ မြိတ်ကို သွားဖြစ်လိုက်တာပါ။  အလုပ်ကိစ္စကလည်း ရှိတော့ အဖွဲ့လိုက် Hotel Quarantine 7 ရက်၊ Swab Test ယူ အလုပ်ကိစ္စလေးတွေ ပြီးအောင်မြန်မြန်ဖြတ်၊  ပြီးတော့ ရန်ကုန်မပြန်ခင် မြိတ်ကျွန်းစုဖက်ကို ၁ ညအိပ်ခရီး Speed boat လေးနဲ့ သွားဖြစ်တယ်။  အလုပ်ကိစ္စအတွက် တောက်လျှောက်သုံးဖြစ်တော့ Speed Boat ပိုင်ရှင်နဲ့ ရင်းနှီးပြီး အထူးလျှော့ဈေးနဲ့ သွားဖြစ်ပါတယ်။