Me too….
ဂျပန်ဝန်ကြီးချုပ် မိုရီဟာ အမေရိကန် ၀ါရှင်တန်ဒီစီ
ကိုသွားပြီး သမ္မတ အိုဘားမားနဲ့မတွေ့ခင် ရက်အနည်းငယ်အလိုမှာ အခြေခံ အင်္ဂလိပ်စကားပြောသင်သွားပါသတဲ့။
အင်္ဂလိပ်စာနည်းပြကလည်း ဟောဒီလို လမ်းညွှန်လိုက်ပါသတဲ့။
သမ္မတ အိုဘားမားနဲ့
လက်ဆွဲနှုတ်ဆက်ရင် “How are you?” လို့ ပြောလိုက်ပါ။
အဲ့ဒီအချိန်ကျရင်
အိုဘားမားက ၀န်ကြီးချုပ်ကို “I am fine. And you?” လိုပြန်မေးလိမ့်မယ်။
ဝန်ကြီးချုပ်က
“me too” လို့ပြန်ပြောလိုက်။ ကျန်တဲ့အပိုင်းကတော့
စကားပြန်တွေ ဆက်လုပ်သွားလိမ့်မယ်လို့ မှာလိုက်ပါသတဲ့။
သို့ပေမယ့်
အိုဘားမားနဲ့ တစ်ကယ်ဆုံတဲ့အခါကျတော့ ဂျပန်ဝန်ကြီးချုပ်က
“How are
you?” လို့မေးရမယ့်နေရာမှာ “Who are you?” လို့ နှုတ်ဆက်လိုက်မိပါသတဲ့။
အိုဘားမားလည်း
ဟင် ငါလိုလူကိုတောင် ဒင်းက မသိပေဘူးလားလို့ အနည်းငယ်တင်းသွားလေသတဲ့။ သို့ပေမယ့် နိုင်ငံခေါင်းဆောင်ပီပီ ဟာသနှောလို့…
“ကောင်းပြီ။ ကျုပ်က မီရှဲလ် ရဲ့ ခင်ပွန်းပေါ့ ဟား ဟား” ဆိုပြီး
သူ့သမ္မတ ကတော်ကို ညွှန်းလိုက်ပါသတဲ့။
ဂျပန် ၀န်ကြီးချုပ်ကလည်း
သူ့ကို သင်လိုက်တဲ့ အတိုင်း လွှတ်လိုက်ပုံက
“Me
too.. ha ha ha” ပါတဲ့။
တစ်ခန်းလုံး
ပါးစပ်အဟောင်းသားနဲ့ ငြိမ်သွားတာ အတော်ကြာပါတယ်…….